Jesus’ Little Beloved

Jesus’ Little Beloved Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Jesus’ Little Beloved, Religious organisation, Singapore.

 #ဝိညာဥ်တော်နဲ့အသာလေးကျော်လွှားလိုက်ဘုရားကောင်းကြီးနဲ့သွားတဲ့သူဟာ  ကောင်းကြီးအတွက်လည်းပြင်ရမှာဖြစ်သလို သူတစ်ပါးရဲ့မနာလို...
01/07/2026

#ဝိညာဥ်တော်နဲ့အသာလေးကျော်လွှားလိုက်

ဘုရားကောင်းကြီးနဲ့သွားတဲ့သူဟာ ကောင်းကြီးအတွက်လည်းပြင်ရမှာဖြစ်သလို သူတစ်ပါးရဲ့မနာလိုခြင်းချောက်တွန်းခြင်းတွေကို
နူတ်ကပတ်တော်နဲ့ ဝိညာဥ်တော်နဲ့
ပညာသတိရှိစွာနဲ့ကျော်တက်ရမယ်
ညီအကိုချင်းတောင် ရန်ဘက်ပြုသေးတာကိုမေ့လို့မှမရတာ

ကမ္ဘာဦးကျမ်း 4:4-5
အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဘွားသော သားအချို့နှင့်၊ သိုးဆီဥကိုဆောင်ခဲ့၏။ ထာဝရ ဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏ ပြုတော်မူ၏။

ကာဣနနှင့်သူ၏ ပူဇော်သက္ကာကို ပမာဏ ပြုတော်မမူ၊ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။

#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ


28/06/2026

ဧဝံဂေလိက ဘယ်နေရာမှာပြောရမလဲဆိုရင် သင်ရှိတဲ့နေရာမှာပြောပါ 😇
#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ



ဘုရားအရမ်းသုံးပြုရင် ထင်ပေါ်ကျော်ကြားလာမယ် ................လို့ထင်တာလား ဒါမှမဟုတ် ထင်ပေါ်ကျော်ကြားလာတဲ့အခါ ဘုရားအသုံးပြု...
25/06/2026

ဘုရားအရမ်းသုံးပြုရင် ထင်ပေါ်ကျော်ကြားလာမယ် ................
လို့ထင်တာလား
ဒါမှမဟုတ်
ထင်ပေါ်ကျော်ကြားလာတဲ့အခါ ဘုရားအသုံးပြုမယ်လို့ထင်တာလား .......?

ဘုရားအသုံးပြုခြင်းလိုပြောရင်
အောင်မြင်တဲ့အခါလို့ လူအများက ယူဆကျတယ်
လောကမှာ ပေတံမျိုးစုံရှိပါတယ်

လူတွေကရလဒ်နဲ့ဆုံးဖြတ်ပါတယ်
ဘုရားကတော့ စိတ်နှလုံးသစ္စာရှိခြင်း တိုးပွားခြင်းကြည့်တဲ့ဘုရားဖြစ်တယ်
#မဿဲ 25:14/30
အရှင်ကလည်း၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။

ငွေအခွက် လူသုံးယောက်ရပေမယ့်
သစ္စာရှိခြင်း +တိုးပွားခြင်း = ကြီးသောအမူ့အခွင့်နဲ့ သခင်နဲ့အတူစည်းစိမ်ဝင်ရမယ်
အဲ့တော့ သစ္စာရှိခြင်းလည်းလိုသလို အသက်တာမှာ အရာရာတိုးပွားဖို့လိုပါတယ်
ကိုးကွယ်ခြင်း
သစ္စာရှိခြင်း
စိတ်ရှည်ခြင်း.....
ကျေးဇူးပြုခြင်း....
ချစ်ခြင်း......
သည်းခံခြင်း......
စည်းစိမ်.....
ပညာမှအစ အရာရာမှာတိုးပွားပါ
သမ္မာတရားနဲ့အညီ တိုးပွားဖို့လိုပါတယ်

ဒါကြောင့်လူတွေက အသိမှတ်ပြုတဲ့သူတွေမှ ဘုရားသုံးတာမဟုတ်ဘူး
အားလုံးကိုသုံးပါတယ် သင်ရောက်နေတဲ့နယ်ပယ်မှာ စိတ်တိုစရာ ကို စိတ်ရှည်ပေးလိုက်ခြင်းကလည်း ပြန်မပြောလိုက်ခြင်းတွေကလည်း ရလဒ်ကောင်းတွေဖြစ်စေတာဟာလည်း ဘုရားသုံးခြင်းတစ်မျိုးပါ

ဘုရားက တော်လို့သုံးတာမဟုတ် ဘုရားကလူတိုင်းကိုသုံးပါတယ်
ကိုယ့်ကို သုံးမှန်းမသိတာတစ်ခုပဲ
ဘုရားသုံးတဲ့သူတွေက
အောင်မြင်ပီးသားပါ ကားတိုင်မှာယေရူ့ပြောတဲ့အမူ့ပီးပီဆိုတဲ့အရာမှာ
လောကကိုအောင်ပီဆိုတဲ့အရာမှာ အကုန်ပါပါတယ်

အောင်မြင်သူစိတ်ဓာတ်နဲ့ ကိုယ်အကျင့်လက္ခဏာတွေ
လွဲနေခြင်းဟာလဲ မအောင်မြင်သူလိုခံစားစေပါတယ်

လင်းယုန်ဟာ ဝေဟင်ကိုခွင်းပီးပျံရတယ်
ကြက်ဖကတော့ မြေပြင်မှာ အစာကောက်တယ်

တကယ်တော့ ဘယ်သူတွေဘာပြောတယ်ထက်
ကိုယ်ဟာဘယ်သူဆိုတာသိဖို့ပါ ဘုရားအသုံးပြုပါတယ်နော်

#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ



သိုးလည်းကျောင်းဖူးတယ် စောင်းတီးဖူးတယ်ခြေင်္သေ့ နဲ့ ယှဥ်ပီးသတ်ဖူးတယ်အထူးတလည် ဘုရားအခွင့်နဲ့ ပရောဖက်ရှမွေလ ဘိသိက်ပေးရတဲ့သူ...
25/06/2026

သိုးလည်းကျောင်းဖူးတယ်
စောင်းတီးဖူးတယ်
ခြေင်္သေ့ နဲ့ ယှဥ်ပီးသတ်ဖူးတယ်
အထူးတလည် ဘုရားအခွင့်နဲ့ ပရောဖက်ရှမွေလ ဘိသိက်ပေးရတဲ့သူ
ချီးမွမ်းရင်နတ်ဆိုးတောင်ထွက်ပြေးတယ်
အထောင်ထောင်ခေတ်မှာ အသောင်းသောင်းချီးမွမ်းခံရတဲ့သူ
အားနေရင် လောက်လွှဲပစ်တတ်တဲ့ သူက
မာန်တက်နေတဲ့ လူထွားကြီး စစ်သူရဲ ဂေါ်လျက်ကို ခေါင်းဖြတ်ဖူးတယ်
အမှားတွေလည်းလုပ်ဖူးတယ် ဒါပေမယ့်ဘုရားထံပြန်လာတဲ့သူ

စစ်မြေပြင်မှာလဲ အလူးအလည်းတိုက်သလို
ဘုရားရဲ့မျက်မှာလည်း အရူးအမူးချီးမွမ်းသူ အဲ့ဒါ ဒါဝိတ်
#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ



ဒုက္ခရောက်ချိန်တုန်းကလို ကိုးကွယ်ပါ ဒုက္ခကိုအောက်မေ့ခိုင်းတာမဟုတ်ပါဘူး အရင်ကသင်ကိုးကွယ်ခဲ့တာတွေကို အောက်မေ့ပီး ယခုပဲ ကို...
24/06/2026

ဒုက္ခရောက်ချိန်တုန်းကလို ကိုးကွယ်ပါ

ဒုက္ခကိုအောက်မေ့ခိုင်းတာမဟုတ်ပါဘူး အရင်ကသင်ကိုးကွယ်ခဲ့တာတွေကို အောက်မေ့ပီး ယခုပဲ ကိုးကွယ်ခြင်းထဲကိုပြန်သွားဖို့ပါ
ငို ခဲ့တာတွေလည်းအောက်မေ့ခိုင်းတာမဟုတ်ဘူး အဲ့ထဲက ဆွဲထူလာပေးတဲ့သခင့်ရဲ့ မစခြင်းတွေကို သင်ဆက်ခံယူပါ

ဆာလံကျမ်း 50:15
အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။

တရားဟောရာကျမ်း 8:11
ယနေ့ ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ ဘုရား သခင် ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိ နှင့်ရှောင်လော့။

ဘုရားနဲ့ဝေးနေတယ်ခံစားရတယ်ဆိုရင် ဘုရားအသံကိုမကြားရဘူးဆိုရင် သင်မျက်မှောက်တော်ထဲကအချိန်တွေကိုမြင်ပါ ဝမ်းမြောက်ခြင်းနဲ့စီးထွက်ခဲ့ မျက်ရည်တွေ ချုပ်နှောင်ခြင်းထဲက လွတ်မြောက်လာတဲ့ အသက်တာတွေ မမေ့ပါနဲ့ ကိုးကွယ်ခြင်းထဲကိုပြန်သွားပါ
သင့်ရဲ့အခြေအနေကို သင်အမိန့်ပေးပါ
အနာဂတ်ကို အမိန့်ပေးပါ
ကျေးဇူးတော်နဲ့ဝန်ခံပါ
အရင်တုန်းက ရှိလက်စရှိသည်အတိုင်း ကိုးကွယ်ပါ

(၁ သက်သာလောနိတ် ၅:၁၉)
ဝိညာဉ်တော်၏အရှိန်ကို အငြိမ်းစေကြနှင့် ။
#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ


23/06/2026

ဆာလံ 24:10
ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူ သတည်း။
#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ

နောက်ကျပီး Bus ကားမရှိတဲ့နေ့မှာ....... အဖြစ်ပျက်ကဒီလို .............. ကျန်တာတွေနောက်ကျလို့ရတယ် ဝိညာဥ်ရေးရာ ခြေတစ်လှမ်းနေ...
23/06/2026

နောက်ကျပီး Bus ကားမရှိတဲ့နေ့မှာ....... အဖြစ်ပျက်ကဒီလို ..............
ကျန်တာတွေနောက်ကျလို့ရတယ်
ဝိညာဥ်ရေးရာ ခြေတစ်လှမ်းနောက်ကျရင် ကျန်တာတွေပါဆုံးရူံးတယ်
ဝိညာဥ်အကင်းပါးခြင်းက Professional ဆန်တာနဲ့တူတယ်
လှေသမားက မုန်တိုင်းအကြောင်းကိုနားလည်သလို
ပန်းပဲသမားက ဓားဘယ်လောက်ကောင်းကြောင်းသိသလို
ဒီလိုပါပဲ ဝိညာဥ်ရေးရာ ရင့်ကျက်တဲ့အသက်တာ​က
သာမန့်အဆင်မဟုတ်ပဲ Professional ဆန်လာပါလိမ့်မယ်
ဘယ်အရာကို လိုချင်လဲဆိုတာထက်
ဘယ်အရာကလိုအပ်လဲက ပိုအရေးကြီးတယ်
အရေးကြီးတာတွေ အရေးမကြီးသလိုထားတဲ့အသက်တာ နဲ့
အရေးမကြီးတာတွေကို အရေးကြီးသလိုထားတဲ့အသက်တာကွာမယ်
#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ

MCA DFC Youth service ရောက်တုန်း မိသားစုများနဲ့တဖြတ် Thanks for everything ✝😍God bless you all 😇 #ဘုရားနဲ့ဝေးလို့မဖြစ်တဲ...
19/06/2026

MCA DFC Youth service ရောက်တုန်း မိသားစုများနဲ့တဖြတ်
Thanks for everything ✝😍
God bless you all 😇
#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ



ကိုယ်တော်ရဲ့အချစ်တွေနဲ့ ဒီနှလုံးသားလဲပြိုပီဆိုတဲ့ Tell me jesus ဆိုတဲ့သီချင်းလေး စီဆင်းပုံဖော်  #ဘုရားနဲ့ဝေးလို့မဖြစ်တဲ့...
18/06/2026

ကိုယ်တော်ရဲ့အချစ်တွေနဲ့ ဒီနှလုံးသားလဲပြိုပီဆိုတဲ့
Tell me jesus ဆိုတဲ့သီချင်းလေး စီဆင်းပုံဖော်
#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ




#ကိုယ်တော်စကားပြောပါ
#သခင်စကားပြောပါ

10/06/2026

ဖွင့်ပြခြင်းမရှိတဲ့နယ်ပယ်ဟာ ဘုရားနဲ့အဆက်သွယ်ပျက်နေသလိုပဲ
#ဘုရားနဲ့ဝေးလို့မဖြစ်တဲ့သူ


Address

Singapore

Telephone

+6593926544

Website

Alerts

Be the first to know and let us send you an email when Jesus’ Little Beloved posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Jesus’ Little Beloved:

Shortcuts

Share