Stichting IBEC - The Netherlands

Stichting IBEC - The Netherlands Established in 2015

IBEC ဆရာတော်နှင့်တပည့်ဖြစ်သူအရှင်ဓမ္မာနန္ဒတို့နယ်သာလန်နိုင်ငံသို့ရောက်ရှိ။—————————————————————၂၀၂၆ ခုနှစ်ဩဂုတ်လ(၁၀) ရက်...
11/08/2026

IBEC ဆရာတော်နှင့်တပည့်ဖြစ်သူအရှင်ဓမ္မာနန္ဒတို့နယ်သာလန်နိုင်ငံသို့ရောက်ရှိ။
—————————————————————
၂၀၂၆ ခုနှစ်ဩဂုတ်လ(၁၀) ရက်

IBEC ဆရာတော်သည် ၂၀၂၆ ခုနှစ်ဩဂုတ်လ(၇-၈-၉) ရက်နေ့များတွင် ထိုင်းနိုင်ငံပယထိုင်း(၃) ဆေးရုံ၌ ဆေးဝါးကုသမူခံယူခဲ့ပြီး၂၀၂၆ ခုနှစ်ဩဂုတ်လ(၁၀) ရက်နံနက်တွင် ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ် ထိုင်းလေကြောင်းလိုင်းဖြင့် နယ်သာလန်နိုင်ငံစကစ်ဖူးလေဆိပ်သို့ထွက်ခွါလာကြပေသည်။လေဆိပ်သို့ IBEC နာယကဆရာတော်အရှင်တိလောကသာရ၊ အရှင်ပညာသိပ္ပ၊သားတပည့်ကိုလင်းအောင်+မခိုင်ဇင်၊ ကိုရဲမာန်တို့ကလိုက်ပါပို့ဆောင်ခဲ့ကြလေသည်။
——————————————————————
၂၀၂၆ ခုနှစ်ဩဂုတ်လ(၁၀) ရက်နယ်သာလန်ဒေသစံတော်ချိန်နေ့လည်(၁၂:၃၀) နာရီတွင်ဆိုက်ရောက်လေသည်။ နယ်သာလန်IBEC ကျောင်းထိုင်ဆရာတော်အရှင်သေဌိလ ကပ္ပိယဦးအောင်ဇော် ကပ္ပိယဦးအောင်နေဦး ကပ္ပိယဦးသိန်းဇော်တို့ကကြိုဆိုကြလေသည်။Heiloo မြို့နေကပ္ပိယဦးရန်နိုင်မိသားစုက မော်တော်ယာဉ်ကုသိုလ်ပြုရန်လေဆိပ်သို့လာရောက်ကြိုဆိုလေသည်။
—————————————————————
ယခုအခါ နယ်သာလန် IBEC သာသနာပြုကျောင်းတော်တွင်အမြဲနေရဟန်းတော်သုံးပါးရှိလာပြီဖြစ်လေသည်။ ဗုဒ္ဓဘာသာသာသနာရေးရာကိစ္စပညာရေးရာကိစ္စများဆောင်ရွက်သွားမည်ဖြစ်လေသည်။
IBEC ဆရာတော်နှင့်သံဃာသုံးပါးသည်ဆွီဒင်နိုင်ငံ၌ ကျင်းပမည့် Stockholm World Peace Conference သို့၂၀၂၆ ခုနှစ်ဩဂုတ်လ(၂၁-၂၅) တွင်တက်ရောက်ကြမည်ဖြစ်လေသည်။
—————————————————————

(Collective power of IBEC in the Future  စုစည်းတည်ဆောက်အနာဂတ်ခရီးလျှောက်ဖို့)—————————————————————-စလိုဂမ်(Slogan) ကြွေး...
08/07/2026

(Collective power of IBEC in the Future
စုစည်းတည်ဆောက်အနာဂတ်ခရီးလျှောက်ဖို့)
—————————————————————-
စလိုဂမ်(Slogan) ကြွေးကြော်မူဆိုတာအနာဂတ်ရည်မှန်းချက်ပန်းတိုင်တစ်ခုပါ။ပန်းတိုင်ကိုလျှောက်ဖို့တိကျတဲ့ရည်မှန်းချက်ရည်ရွယ်ချက်၊လုပ်ဆောင်ချက်ရှိရပါတယ်။အတွင်းအားစုစည်းမူလိုအပ်ပါတယ်။
အပြောနဲ့အလုပ်သက်သေပြဖို့လိုအပ်ပါတယ်။
——————————————————————
IBEC ရဲ့ရည်မှန်းချက်ကဘာတွေလဲ?
တိကျသေချာတဲ့ရည်မှန်းချက်ရှိနေပါတယ်။ဘက်စုံလွှမ်းခြုံတဲ့ပညာရေးအဖွဲ့အစည်း ( Academic Institution) တည်ထောင်တာပါ။
အထူးသဖြင့်ဗုဒ္ဓရဲ့ဓမ္မကိုအခြေခံသောလူ့ဘောင်အဖွဲ့အစည်းအတွက် ငြိမ်းချမ်းသာယာသော၊လူသားဆန်သော၊ကိုယ်ချင်းစာတရားပြည့်ဝသော၊ဆင်ခြင်ဉာဏ်တရားရှိသော၊ဆန်းသစ်တည်ထွင်လိုစိတ်ရှိသော၊တစ်ဦးကိုတစ်ဦးလေးစားတန်ဖိုးထားသောလူ့ဘောင်အဖွဲ့အစည်းဖြစ်စေရန်ရည်ရွယ်ပါတယ်။
—————————————————————-
IBEC ကဘာတွေလုပ်နေပါသလဲ?
University of IBEC ဆိုပြီးနှစ်(၂၀) ခရီးမှာစတင်ပြောင်းလဲဖွဲ့စည်းလိုက်ပါပြီ။တက္ကသိုလ်ဆိုတာပညာရပ်မျိုးစုံကိုတစ်နေရာထဲသင်ကြားသင်ယူမူရအောင်ဆောင်ရွက်ပေးရတဲ့ပညာရပ်ဝန်းပါ။ဒါ့ကြောင့်-IBEC မှာ
(က) Buddhist Studies( ပရိယတ္တိ School စာသင်တိုက်၊
(ခ) Monastic School( ဘုန်းတော်ကြီးသင်ပညာရေးကျောင်း)
(ဂ)Language School ( ဘာသာစကားသင်ကြားခြင်း)
(ဃ) ICT School ( နည်းပညာသင်ကြားပေးခြင်း)
(င)Buddhist Studies( Higher Education)
Kyunhla Buddhist University (KBU)
(စ) University of IBEC ( Higher Education)
(ဆ) IBEC SWO , Thailand
(ဇ) Stichting IBEC, The Netherlands
(ည) ဓမ္မဇာလ ပရိယတ္တိ-ခေတ်ပညာယှဉ်တွဲသင်ကြားမူ
(ဋ) IBEC Private High School
(ဌ) စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊နိကာယ်၊ အဘိဓမ္မာစာဖြေဌာန၊
ဆိုတဲ့ပညာရေးအခြေခံလုပ်ငန်းစဉ်
ဆယ့်နှစ်ခုကိုတစ်ပြိုင်ထဲဆောင်ရွက်နေတဲ့ကျောင်းတော်ဖြစ်ပါတယ်။
—————————————————————-
တက္ကသိုလ်ဆိုတာSchool ပေါင်းစုံကိုစုစည်းထားတာဖြစ်တဲ့အတွက် (၂၀၂၆-၂၀၂၇) ပညာသင်နှစ်ကစပြီး
University of IBEC အဖြစ်ချီတက်နေပြီဖြစ်ပါကြောင်း သတင်းစကားပါးအပ်ပါသည်။
—————————————————————

IBEC Sayadaw
8-7-2026

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစ...
07/07/2026

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်
အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨

ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစဉ် အဆင်ပြေချောမွေ့စေရန်အတွက် ခရီးစရိတ်အဖြစ် ဘတ် ငါးရာ(၁၂၀၀ ဘတ်) ကို မတည်ကုသိုလ်ရှင်အဖြစ် သဒ္ဓါကြည်လင်စွာဖြင့် ပံ့ပိုးလှူဒါန်းပေးတော်မူကြပါသော —

🔸ကိုအောင်ပိုင် + မသူဇာ မိသားစု ၅၀၀ ဘတ်
🔸 မခင်ဥသက် ၃၀၀ ဘတ်
🔸 မစိုးသန္တာထွန်း ၂၀၀ ဘတ်
🔸 မသီးခိုင် ၁၀၀ ဘတ်
🔸မနန္ဒာလင်း ၁၀၀ဘတ်

အလှူရှင် မိသားစုအပေါင်းတို့အား အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ တင်ရှိခြင်းဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ 🌟

🌟 ဆုတောင်းမေတ္တာပို့သခြင်း 🌟

ယခုကဲ့သို့ သာသနာပြုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် စေတနာအပြည့်ဖြင့် မတည်ပံ့ပိုးပေးတော်မူကြသော ကုသိုလ်ရှင် မိသားစုအပေါင်းတို့သည် —

🔹 စီးပွားဥစ္စာ ရတနာများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေ။

🔹 ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံကြပါစေ။

🔹 အသက်ရှည်၊ ဆင်းလှ၊ ချမ်းသာ၊ ဉာဏ်ပညာ၊ ဗလ ငါးတန်သော ကောင်းကျိုးချမ်းသာများနှင့် ပြည့်စုံပြီး သာသနာပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးနိုင်ကြပါစေ။

🙏 သာဓု... သာဓု... သာဓု... 🙏

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစ...
02/07/2026

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်
အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨
ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစဉ် အဆင်ပြေချောမွေ့စေရန်အတွက် ဘတ် ငါးရား (၅၀၀)ကုသိုလ်ရှင်အဖြစ် သဒ္ဓါကြည်လင်စွာဖြင့် ပံ့ပိုးလှူဒါန်းပေးတော်မူကြပါသော —

🔸 မောင်ဇော်ဇော်ထွန်း + မမေဇင်
သားမောင်ဥက္ကာဇော်
မိသားစု

🔸 မောင်စိုးဖြိုးလွင် + မလေပြေ

🎪 Stichting IBEC - The Netherlands 🇳🇱
📍 Address: De Hofstee 14, 1852 GT Heiloo, Netherlands.
🏛️ Category: Buddhist Temple
⏰ Opening Hours: Always Open

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစ...
02/07/2026

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်
အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨

ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစဉ် အဆင်ပြေချောမွေ့စေရန်အတွက် ခရီးစရိတ်အဖြစ် ဘတ် နှစ်ထောင်(၂၀၀၀ ဘတ်) ကို မတည်ကုသိုလ်ရှင်အဖြစ် သဒ္ဓါကြည်လင်စွာဖြင့် ပံ့ပိုးလှူဒါန်းပေးတော်မူကြပါသော —

🔸 IBEC SWO လူမှုညီရေးအသင်းဥက္ကဌဦးသန့်ညွန့်

အလှူရှင် မိသားစုအပေါင်းတို့အား အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ တင်ရှိခြင်းဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ 🌟

🌟 ဆုတောင်းမေတ္တာပို့သခြင်း 🌟

ယခုကဲ့သို့ သာသနာပြုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် စေတနာအပြည့်ဖြင့် မတည်ပံ့ပိုးပေးတော်မူကြသော ကုသိုလ်ရှင် မိသားစုအပေါင်းတို့သည် —

🔹 စီးပွားဥစ္စာ ရတနာများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေ။

🔹 ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံကြပါစေ။

🔹 အသက်ရှည်၊ ဆင်းလှ၊ ချမ်းသာ၊ ဉာဏ်ပညာ၊ ဗလ ငါးတန်သော ကောင်းကျိုးချမ်းသာများနှင့် ပြည့်စုံပြီး သာသနာပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးနိုင်ကြပါစေ။

🙏 သာဓု... သာဓု... သာဓု... 🙏

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစ...
02/07/2026

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်
အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨

ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစဉ် အဆင်ပြေချောမွေ့စေရန်အတွက် ခရီးစရိတ်အဖြစ် ဘတ် ငါးရာ(၅၀၀ ဘတ်) ကို မတည်ကုသိုလ်ရှင်အဖြစ် သဒ္ဓါကြည်လင်စွာဖြင့် ပံ့ပိုးလှူဒါန်းပေးတော်မူကြပါသော —

🔸 မခင်စန်းရီ မိသားစု
🔸 ကိုရန်ကန် + မအေးအေးအောင် မိသားစု
🔸 မဖြူသန္တာ မိသားစု

အလှူရှင် မိသားစုအပေါင်းတို့အား အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ တင်ရှိခြင်းဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ 🌟

🌟 ဆုတောင်းမေတ္တာပို့သခြင်း 🌟

ယခုကဲ့သို့ သာသနာပြုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် စေတနာအပြည့်ဖြင့် မတည်ပံ့ပိုးပေးတော်မူကြသော ကုသိုလ်ရှင် မိသားစုအပေါင်းတို့သည် —

🔹 စီးပွားဥစ္စာ ရတနာများ ဒီရေအလား တိုးတက်အောင်မြင်ကြပါစေ။

🔹 ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံကြပါစေ။

🔹 အသက်ရှည်၊ ဆင်းလှ၊ ချမ်းသာ၊ ဉာဏ်ပညာ၊ ဗလ ငါးတန်သော ကောင်းကျိုးချမ်းသာများနှင့် ပြည့်စုံပြီး သာသနာပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးနိုင်ကြပါစေ။

🙏 သာဓု... သာဓု... သာဓု... 🙏

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစဉ် အ...
02/07/2026

✨ 🙏 ဥရောပခရီးစဉ်အတွက် မတည်အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ 🙏 ✨

ဥရောပ (နယ်သာလန်နိုင်ငံ) သို့ ကြွရောက်မည့် သာသနာပြုခရီးစဉ် အဆင်ပြေချောမွေ့စေရန်အတွက် ခရီးစရိတ်အဖြစ် ဘတ် ၁၀,၀၀၀ (တစ်သောင်း) တိတိကို မတည်ကုသိုလ်ရှင်အဖြစ် သဒ္ဓါကြည်လင်စွာဖြင့် ပံ့ပိုးလှူဒါန်းပေးတော်မူပါသော —

နဂါးပတ်ကျောင်းဆရာတော် ဦးသာသန (ဓမ္မာစရိယ၊ BA, MA Thesis) အား အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ တင်ရှိခြင်းဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ 🌟

🌟 ဆုတောင်းမေတ္တာပို့သခြင်း 🌟

ယခုကဲ့သို့ သာသနာပြုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် စေတနာအပြည့်ဖြင့် မတည်ပံ့ပိုးပေးတော်မူသော ဆရာတော်ဘုရားသည် —

🔹 သက်တော်ရာကျော် ရှည်သရွေ့ ကျန်းမာရွှင်လန်းစွာဖြင့် သာသနာပြုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်တော်မူနိုင်ပါစေ။

🔹 ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံတော်မူပါစေ။

🔹 ဆရာတော်ဘုရား၏ လှူဒါန်းမှုကုသိုလ်အစုစုကြောင့် သာသနာပြုခရီးစဉ် အောင်မြင်စွာ ပြီးမြောက်နိုင်ပါတော့မည်။

🙏 သာဓု... သာဓု... သာဓု... 🙏

IBEC ဆရာတော်သတင်း။IBEC ဆရာတော်၏ပြည်ပသာသနာပြုခရီးစတင်....IBEC ဆရာတော်သည် ပြည်တွင်းပဋိပက္ခကာလဖြစ်သည့် (2021-2026) နှစ်များ...
23/02/2026

IBEC ဆရာတော်သတင်း။
IBEC ဆရာတော်၏ပြည်ပသာသနာပြုခရီးစတင်....
IBEC ဆရာတော်သည် ပြည်တွင်းပဋိပက္ခကာလဖြစ်သည့် (2021-2026) နှစ်များတွင် အမေရိကနှင့်ဥရောပတွင် အေးချမ်းစွာနေထိုင်ခွင့်ရှိသော်လည်းမြန်မာပြည်ကိုစွန့်ခွါမသွားပဲ ပြည်သူလူထု၏သောကအပူကို ဓမ္မတရားဖြင့်လည်းကောင်း ထောက်ပံ့ကူညီရေးဖြင့်လည်းကောင်း လူငယ်တို့အနာဂတ်မပျောက်စေရန် ကြောက်ခေတ်ကိုမှောက်ပစ်ဖို့လူတိုင်းပညာသင်ရမည်ဟူ၍လည်းကောင်း ပြည်သူနှင့်အတူခါးစီးခံကာ မြန်မာနိုင်ငံအတွက်ဘက်လိုက်မူမပါပဲလက်တွေ့ကြသောစောင့်ရှောက်ကူညီမူများဆောင်ရွက်ပေးခဲ့လေသည်။
ပညာရေးကဏ္ဍအဖြစ် စစ်ကိုင်းတစ်မြို့နယ်လုံး၏အစိုးရဓမ္မာစရိယပထမပြန်စာမေးပွဲသံဃာငါးထောင်ခန့်ဖြေဆိုနိုင်ရန်လည်း (2020) ကိုဗစ်ကာလမှ(2025) သဘာဝဘေးအန္တရာယ်ငလျှင်ကာလအထိစီစဉ်ဆောက်ရွက်ပေးခဲ့လေသည်။
ယခုအခါ ပရိယတ္တိစာသင်တိုက်ကို ငယ်လတ်ကြီးဓမ္မာစရိယတန်းအထိလည်းကောင်း ဘုန်းတော်ကြီးသင်ပညာရေးကို ကေဂျီမှရှစ်တန်းအထိအခမဲ့ပညာရေးကိုလည်းကောင်း အထက်တန်းကျောင်းကို မူ/လယ်/ထက်အထိလည်းကောင်းဆောင်ရွက်ပေးနေသလို အိုင်ဘီအီးစီတက္ကသိုလ်ပညာရေးကို ဘာသာစကားနည်းပညာ ဘီအေ အမ်အေ ပီအိပ်ဒီ(ပါရဂူ) တန်းအထိ ဖွင့်လှစ်ပို့ချပေးနေလေသည်။
ပြည်တွင်း/ပြည်ပ အနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ၊အာစီယမ်အပါအဝင် ဥရောပ ကိုရီးယား ဂျပန်အစရှိသောနိုင်ငံများသို့အကြိမ်ပေါင်းများစွာ ဗုဒ္ဓသာသနာအတွက်လည်းကောင်း လူသားချင်းဆိုင်ရာအကူအညီပေးရေးအတွက်လည်းကောင်း ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အစိုးရ တပ်မတော် တော်လှန်ရေးဟူသောအဖွဲ့အစည်းများသို့ဘက်လိုက်ခြင်းမရှိပဲ ပကတိမြေပြင်အခြေအနေများကိုနိုင်ငံတကာသို့စဉ်ဆက်မပြတ်ရှင်းလင်းပြောပြဆောင်ရွက်ပေးခဲ့ပါသည်။
ယနေ့ ဒေသစံတော်ချိန်နေ့လည်(3:00) နာရီအချိန်တွင် မြန်မာနိုင်ငံမှဥရောပတိုက်နယ်သာလန်IBEC ကျောင်းတော်သို့စတင်ထွက်ခွါသွားပြီဖြစ်ပါသည်။
နယ်သာလန်IBEC ကျောင်းတော်ကို(2015)ခုနှစ်တွင်စတင်ခဲ့ရာ လောကဓံလှိုင်း၏ရိုက်ခတ်ချက် မလိုသူတို့၏စွပ်စွဲချက်များကိုခွန်းတုံ့မပြန်ပဲ ဆယ်နှစ်ကျော်ကြံ့ကြံ့ခံကာဆောင်ရွက်ပေးနေပါသည်။
နိုင်ငံတော်ပုန်ကန်မူအဖွဲ့အစည်းများနှင့်ဝေးဝေးရှောင်ကာ ဓမ္မအလိုကျဆောင်ရွက်လျှက်ရှိသလို သက်ဆိုင်ရာနိုင်ငံ၏တည်ဆဲဥပဒေကိုလေးစားကာဆောင်ရွက်လျှက်ရှိပါသည်။ IBEC နယ်သာလန်ကျောင်းတော်အနေဖြင့်မည်သည့်နိုင်ငံရေးခိုလှုံခွင့်မျှလျှောက်ထားခြင်းမရှိသလို မည်သည့်ဆန္ဒပြပွဲတွင်လည်းမပါဝင်ပါ။
ယခုခရီးစဉ်သည် နယ်သာလန်IBEC ကျောင်းတော်အတွက်ဥပဒေရေးရာများဆောင်ရွက်စရာရှိသဖြင့်နယ်သာလန်အစိုးရတည်ဆဲဥပဒေအတိုင်းအဖွဲ့အစည်းဆက်လက်ရှင်သန်စေရန် ဥပဒေပညာရှင်များဖြင့်တွေ့ဆုံဆွေးနွေးခြင်း ရှေ့နေများဖြင့်ဆွေးနွေးခြင်း အသင်းအဖွဲ့လုပ်ထုံးလုပ်နည်းများစနစ်တကျဖြစ်စေရန်အတွက် လောကဓမ္မဥပဒေနှစ်ဖြာနှင့်အညီသာသနာပြုနိုင်ရန်သာသနာပြုခရီးကြွရောက်ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။
#ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
#စစ်ကိုင်းတောင်ရိုး #စစ်ကိုင်း

Adres

De Hofstee 14 . GT Heiloo
Heiloo
1852

Meldingen

Wees de eerste die het weet en laat ons u een e-mail sturen wanneer Stichting IBEC - The Netherlands nieuws en promoties plaatst. Uw e-mailadres wordt niet voor andere doeleinden gebruikt en u kunt zich op elk gewenst moment afmelden.

Contact De Plaats Van Aanbidding

Stuur een bericht naar Stichting IBEC - The Netherlands:

Snelkoppelingen

Delen