Ānanda Buddhist Institute of Netherlands

Ānanda Buddhist Institute of Netherlands Pali language , Buddhist Abhidhamma Philosophy, Engaged Buddhism

သက္ကတသဒ္ဒါသင်တန်းဖွင့်လာတာ တစ်ပတ်လျင် ၂ ရက်နှုန်းနဲ့ မနက်ဖြန်ဆို ရက်ပေါင်း ၁၆ ရက်  ၂ လပြည့်ပါပြီ။ ပထမတော့  သူ့တပည့်ရဟန်း...
21/03/2026

သက္ကတသဒ္ဒါသင်တန်းဖွင့်လာတာ တစ်ပတ်လျင် ၂ ရက်နှုန်းနဲ့ မနက်ဖြန်ဆို ရက်ပေါင်း ၁၆ ရက် ၂ လပြည့်ပါပြီ။ ပထမတော့ သူ့တပည့်ရဟန်းငယ်တွေအတွက် သက္ကတမိတ်ဆက်သဘောဖွင့်ပေးဖို့ မိတ်ဆွေဆရာတော်က တောင်းဆိုလို့ ဘကြီးဇော်က ဘာသာစကားအကြောင်းသိရုံ၊အက္ခရာမြင်ရင် ဖတ်တတ်ရုံဆို (၁)လပဲ တက်ကြပါ။ ဝါကျအခြေခံနားလည်ချင်ရင်တော့ (၆)လဆက်တက်ကြပါ၊ ဟိတောပဒေသလို ပုံပြင်ဝတ္ထုတွေ ဆက်ဖတ်ချင်ရင်တော့ တစ်နှစ်တက်ကြပါဆိုပြီး သင်ပေးခဲ့တာပါ။ ခု (၂)လပြည့်ခါနီးချိန်မှာ မူလတက်ရောက်သူအချို့ (၁)လနဲ့ နားသွားကြပေမယ့် ပုံမှန်ဆက်လက်တက်ရောက်သူတွေသာမက စိတ်ဝင်စားလို့ ကြားဖြတ်ပြီး ဝင်လာသူတွေလည်း ရှိလာတာမို့ ဘကြီးဇော်အနေနဲ့ သက္ကတဗုဒ္ဓဝင်ကျမ်းစာတွေအထိ ဆက်ဖတ်ကြဖို့ စာအုပ်တွေ စုဖြစ်ပါတယ်။ လလိတဝိတ္တာရ၊ ဗုဒ္ဓစရိတ ကျမ်းစာအုပ်(၂)အုပ်နဲ့ သက္ကတဓမ္မစကြာဘာသာပြန်လည်း တွေ့ပါတယ်။ ပါဠိဒီပလိုမာတက်ရောက်ပြီးသူများအနေနဲ့ ခုချိန် တက်ရင်လည်း စာလိုက်မီနိုင်ပါကြောင်း။

အနည်းဆုံး (၆)လတက်ရောက်ကြမည့်သူတွေအတွက် မှတ်တမ်းကျန်အောင် Certificate ပေးဖို့ စီစဥ်ဖြစ်မှာမို့ Links ပေးထားတဲ့ google form လေး ဖြစ်ပေးကြပါ။

https://docs.google.com/forms/d/e/1FAIpQLSfJZuYFVxFV_NvR79d-IX9mpSxNmuhJwcsYkxP92LEnaN7L-g/viewform?fbclid=IwdGRjcAQrXnVleHRuA2FlbQIxMQBzcnRjBmFwcF9pZAo2NjI4NTY4Mzc5AAEeNPa9S5s2sL_mBMyaHYGv5XUhmx9dAmsQqyN5374fWgFfODjOdyvD5koTB94_aem_hhE5W33Fl7DP5eRRyCkB4g

Basic Sanskrit Grammar Course(First Batch)အခြေခံသက္ကတသဒ္ဒါသင်တန်း

Today 15-3-2026
15/03/2026

Today 15-3-2026

သက္ကတသင်တန်း(Videoclips) တွေ စုစည်းပေးလိုက်ပါတယ်။ ဖြည်းဖြည်းချင်းသင်တာမို့ မနေ့ကမှ ဝင်တက်သူတွေလည်း အမီလိုက်နိုင်ပါတယ်။ Y...
09/03/2026

သက္ကတသင်တန်း(Videoclips) တွေ စုစည်းပေးလိုက်ပါတယ်။ ဖြည်းဖြည်းချင်းသင်တာမို့ မနေ့ကမှ ဝင်တက်သူတွေလည်း အမီလိုက်နိုင်ပါတယ်။ YouTube ကို Subscribe လုပ်ပေးထားကြပါ။

Share your videos with friends, family, and the world

ဒီနေ့ Day (12) ပုံမှန်အချိန် စပါမယ်။ တက်ရောက်နေသူတွေဘက်တော့ မသိပါဘူး သင်ပေးသူဘက်ကတော့ တဖြည်းဖြည်းနဲ့ သက္ကတနဲ့ပါဠိစကားလုံ...
08/03/2026

ဒီနေ့ Day (12) ပုံမှန်အချိန် စပါမယ်။
တက်ရောက်နေသူတွေဘက်တော့ မသိပါဘူး သင်ပေးသူဘက်ကတော့ တဖြည်းဖြည်းနဲ့ သက္ကတနဲ့ပါဠိစကားလုံးတွေ ဘာသာဗေဒနည်းနဲ့ နှိုင်းယှဉ်လေ့လာရင်း တနေ့တနေ့ စိတ်ကူးသစ်တွေနဲ့ ဉာဏ်ကွန့်မြူးရတာ ပျော်လာပါတယ်။ သင်ရိုးရေးဆွဲတဲ့ ကျမ်းဆရာတွေကလည်း သင်လို့သင်မှန်းမသိ ရှေးဟောင်းဂန္ထဝင်ဘာသာစကားမုခ်ဦးထဲ ဆွဲခေါ်သွားတာ ပညာသားပါတယ်။ ရိုမန်ပါဠိသဒ္ဒါတက်နေသူတွေရော ရိုးရာသမားတွေရော သက္ကတသဒ္ဒါအခြေခံကို အလွယ်သိနိုင်တဲ့နည်းတွေပါပဲ။ ပါဠိ အင်္ဂလိပ်ဝါကျတွေနဲ့ တွဲဖက်လေ့လာကြရတာမို့ ဘာသာစကားသိုက်လို့တောင် ပြောနိုင်ပါတယ်။

Hla Aung Zaw

 #အဘိဓမ္မာ_အင်္ဂလိပ်ဘာသာ_သင်တန်း၂၀၂၆ ဧပြီလအကုန်တွင် ယခင်ပို့ချလက်စ အဘိဓမ္မာ(အင်္ဂလိပ်ဘာသာ)သင်တန်း ပြန်လည်ဖွင့်လှစ်မည်။ အ...
05/03/2026

#အဘိဓမ္မာ_အင်္ဂလိပ်ဘာသာ_သင်တန်း

၂၀၂၆ ဧပြီလအကုန်တွင် ယခင်ပို့ချလက်စ အဘိဓမ္မာ(အင်္ဂလိပ်ဘာသာ)သင်တန်း ပြန်လည်ဖွင့်လှစ်မည်။
အမေရိကန်ဆရာတော်ကြီးဘိက္ခုဗောဓိစီစဉ်တည်းဖြတ်ထုတ်ဝေသည့် အဘိဓမ္မတ္ထသင်္ဂဟကျမ်းမူရင်းနှင့်အဖွင့်ဋီကာကျမ်းစုစည်းရာ A Comprehensive manual of Abhidhamma စာအုပ်ကို လက်ကိုင်ထား၍ ကျမ်းဦးအစမှ အသစ်ပြန်လည်သင်ကြားပို့ချပေးမည်။ သငိတန်းထိရောက်မှုရှိစေရန် တက်ရောက်လိုသူများ အင်္ဂလိပ်စာအရည်အချင်းစစ်အင်တာဗျူးဖြေရမည်။ တက်ရောက်ရန် အရည်အချင်းပြည့်မီပါက ရိုမန်ပါဠိအက္ခရာအရေးအဖတ်သင်တန်းအခြေခံ ၂ ရက်တက်ရောက်ကြရပါမည်။

ရိုးရာစာကျက်စာဖြေလိုသူများ တက်ဖို့ မလိုအပ်ပါ။ အသုံးချဓမ္မနဲ့ လောကအကျိုးပြုဒေသနာ(Applied Dhamma and engaged Buddhism)ဘက်ကို ဦးတည်သွားပါမည်။သင်တန်းရက် ထပ်မံကြေညာပါမည်။

#ဒေါက်တာလှအောင်ဇော်(နယ်သာလန်)

Hla Aung Zaw
Dhamma Ganga

သက္ကတသင်တာ တစ်လပြည့်ပြီ။ သင်တန်းဖွင့်စမှာ ပြောဖြစ်တာက ပါဠိနဲ့ သက္ကတလို ဘာသာတရားအကြောင်းပြုလေ့လာကြတဲ့ဘာသာစကားတွေက နေ့စဉ်လ...
20/02/2026

သက္ကတသင်တာ တစ်လပြည့်ပြီ။
သင်တန်းဖွင့်စမှာ ပြောဖြစ်တာက ပါဠိနဲ့ သက္ကတလို ဘာသာတရားအကြောင်းပြုလေ့လာကြတဲ့ဘာသာစကားတွေက နေ့စဉ်လူမှူစီးပွါးအတွက် တိုက်ရိုက်အသုံးချဖို့ သင်ယူကြမှာမဟုတ်တဲ့အတွက် အက္ခရာအရေးအသားရေးတတ်ဖတ်တတ်ရုံအခြေခံသိဖို့ဆို တစ်လဆို ကျောင်းဆင်းနိုင်ပြီ။ သဒ္ဒါအခြေခံဆက်သိချင်သေးတယ်ဆိုရင် အချိန်ရမယ့်သူတွေအတွက် နောက်ထပ် (၆)လ တက်နိုင်တယ်။ဟိတောပဒေသလို ကြားဖူးနားပုံပြင်တွေ ဖတ်ဖို့အထိ ရည်ရွယ်သေးရင် တစ်နှစ်လောက်တော့ အနည်းဆုံး အချိန်ပေးရမယ်။ဒါပေမယ့် တစ်ပတ်မှ ၂ နာရီဆိုတော့ မသေချာဘူး။
တက်ရောက်သူ ၂၀ မှာ ၆ ယောက်ကျန်ပါတယ်။ ဒီသင်တန်းတွေဆိုတာ ကိုယ့်ဘာသာရွေးချယ်တဲ့ဝါသနာလိုက်စားမှူပါပဲ။ စာချုပ်မရှိ၊ဒီပလိုမာလက်မှတ်မရှိပါ။

ဒါပေမယ့် မနှစ်က ပို့ချလက်စ အမေရိကန်ဆရာတော်ကြီး ဘိက္ခုဗောဓိရဲ့
ကျမ်းကို လက်ကိုင်ပြုသင်တဲ့
အဘိဓမ္မာ(အင်္ဂလိပ်)သင်တန်း ပြန်ပို့ချပေးဖို့ တောင်းဆိုလာကြတာရှိပါတယ်။
သင်တန်းထိရောက်အောင် အင်္ဂလိပ်စာလူတွေ့စစ်ပါမယ်။ ဝင်ခွင်အောင်မှ တက်ခွင့်ပေးပါမယ်။ ရိုးရာကျက်ဖြေလိုသူများ တက်ဖို့ မလိုအပ်ပါ။ အသုံးချဓမ္မနဲ့ လောကအကျိုးပြုဒေသနာ(Applied Dhamma and engaged Buddhism)ဘက်ကို သွားပါမယ်။

ရဟန်းလူထွက်နှစ်ဦး၏ အပတ်စဉ်စကားဝိုင်း
25/01/2026

ရဟန်းလူထွက်နှစ်ဦး၏ အပတ်စဉ်စကားဝိုင်း

29/06/2025

Adres

Emmeloord

Openingstijden

Zaterdag 09:00 - 17:00
Zondag 09:00 - 17:00

Meldingen

Wees de eerste die het weet en laat ons u een e-mail sturen wanneer Ānanda Buddhist Institute of Netherlands nieuws en promoties plaatst. Uw e-mailadres wordt niet voor andere doeleinden gebruikt en u kunt zich op elk gewenst moment afmelden.

Delen