ဝိနယသင်္ဂဟအဖွဲ့-နေပြည်တော်

  • Home
  • Malaysia
  • Senai
  • ဝိနယသင်္ဂဟအဖွဲ့-နေပြည်တော်

ဝိနယသင်္ဂဟအဖွဲ့-နေပြည်တော် မြတ်ဗုဒ္ဓအလိုတော်ကျ ရဟန်းသံဃာတော်များကို ကိုးကွယ်ဆည်းကပ်တတ်စေရန် ရည်ရွယ်ဖန်တီးထားပါသည်🙏🙏🙏
(1)

25/09/2025
တို့တတွေ ဘယ်ခေတ်ကို ရောက်နေတာလဲ~~~~~~~~~~~~~~~~~~~~~~~~အဓမ္မဟူသည် အကုသိုလ်တရားတည်း၊ ဓမ္မဟူသည် ကုသိုလ်တရားတည်း၊ အဓမ္မကို ...
13/08/2024

တို့တတွေ ဘယ်ခေတ်ကို ရောက်နေတာလဲ
~~~~~~~~~~~~~~~~~~~~~~~~

အဓမ္မဟူသည် အကုသိုလ်တရားတည်း၊

ဓမ္မဟူသည် ကုသိုလ်တရားတည်း၊

အဓမ္မကို ပြုဝံ့သူတွေ နေရာတိုင်း၌ လူတွင်ကျယ်ဖြစ်ခြင်း,
အဓမ္မပြုသူကိုပင် ချီးကျူးခြင်း, ထိုသူတို့မှာစီးပွား ဥစ္စာ တိုးတက်၍ (ရဟန်းဖြစ်လျှင် ဘုန်းကံ ကြီးမား၍)နောက်လိုက်များခြင်း, အဓမ္မပြုဝံ့သည်ကိုပင် အသားယူခြင်းသည်
"အဓမ္မထွန်းကားခြင်း" မည်၏၊

ထိုသို့ အဓမ္မထွန်းကားသော ခေတ်၌ ဓမ္မကို ကျင့်သူ, ဓမ္မအတိုင်း ပစ္စည်းဥစ္စာ ရှာဖွေနေထိုင်သူတို့ ဦးခေါင်းမပြုဝံ့အောင် အောက်ကျ နောက်ကျ ဖြစ်ရခြင်းသည် အဓမ္မက ဓမ္မကို လွှမ်းမိုးရာရောက်၏။

ထိုအခါ အဓမ္မဘက်သားတို့ အားကောင်း၍ ဓမ္မဘက်သားတို့ အားနည်းကြရသည်၊

ထို့အတူပင် ဝိနည်းပညတ်တော်ကို အပိုဟုပင် အထင်ရှိနေသူနှင့် ဝိနည်းတော်အတိုင်း မနေသူတို့ အားကောင်းလာသောအခါ ဝိနည်းတော်အတိုင်း နေသူတို့ အရာရာမှာ အရေးပါ အရာမရောက်ဘဲ အားနည်းကြရသည်၊

ယခု ထိုခေတ်သို့ရောက်လုပြီလော, သို့မဟုတ် ရောက်နေပြီလော။

(မဟာဂန္ဓာရုံဆရာတော် )

(ဘာသာသွေး)

ဗုဒ္ဓလမ်းစဉ်  page မှာ ပဲ တရားတွေ ကို admin များ မှ တင်သွားပေးပါ့မယ် ။ ဒီ page  မှာ တရားတွေ ကို ဆက်တင်လို့ အဆင်မပြေတော့လ...
29/06/2024

ဗုဒ္ဓလမ်းစဉ် page မှာ ပဲ တရားတွေ ကို admin များ မှ တင်သွားပေးပါ့မယ် ။ ဒီ page မှာ တရားတွေ ကို ဆက်တင်လို့ အဆင်မပြေတော့လို့ပါ ။ Admin များမှ တရားတော် များကို သေချာလေး ပြန်တင်ပေးသွားပါ့မယ်။

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေမက လင်းစေသော် ။

17/06/2024
15/06/2024
11/06/2024

သလုံးမြင်းခေါင်းဖြင့် ဒါယိကာ ၊ဒါယိကာမတို့ စေခိုင်းတာကို လုပ်ခြင်း

အမျိုးသမီးတို့ သိထားစရာ ရဟန်းဝိနည်း အပိုင်း ( ၂ )ယောက်ျားအဖော်မရှိဘဲ အမျိုးသမီးချည်းသက်သက် (ပါဠိဘာသာဖြင့်) တရားမနာအပ်ဘုရ...
11/06/2024

အမျိုးသမီးတို့ သိထားစရာ ရဟန်းဝိနည်း အပိုင်း ( ၂ )
ယောက်ျားအဖော်မရှိဘဲ အမျိုးသမီးချည်းသက်သက် (ပါဠိဘာသာဖြင့်) တရားမနာအပ်
ဘုရားလက်ထက် အိမ်များကို ဝင်ထွက်သွားလာနေသော ရဟန်းတစ်ပါးရှိ၏၊ ထိုရဟန်းကား အခြားသူ မဟုတ်။ နာမည်ကျော် အရှင် ဥဒါယီပင်ဖြစ်သည်။
တစ်နေ့သောအခါ အရှင်ဥဒါယီသည် အိမ်တစ်အိမ်သို့ အလည်ကြွ၏။ ထိုအချိန်တွင် အိမ်ရှင်အမျိုးသမီးကြီးက အိမ်တံခါးဝတွင် ထိုင်နေ၍ ချွေးမဖြစ်သူ အမျိုးသမီးငယ်က အခန်းတံခါးဝတွင် အသီးသီး ထိုင်နေကြ၏။
အရှင်ဥဒါယီက အိမ်ရှင်အမျိုးသမီးကြီး၏ နားအနီးသို့ကပ်၍ ချွေးမ မကြားမိအောင် တရားစကား ပြော၏၊ တိုးတိုးပြောနေသည်ကို မြင်သောအခါ ချွေးမစိတ်ထဲတွင် ...“ဒီဘုန်းကြီး ငါ့ယောက္ခမရဲ့ လင်ငယ်လေလား။ ဒါမှမဟုတ် ကာမဂုဏ်နဲ့စပ်တဲ့ စကားတွေ ပြောနေတာလား” ဟူ၍ တွေးနေမိ၏။ယောက္ခမကို တရားဟောပြီးနောက် အခန်းတံခါးဝသို့ သွား၍ ချွေးမကိုလည်း နား၏အနီးသို့ ကပ်လျက် တရားစကားပြောပြန်၏။တိုးတိုးပြောနေသည်ကို မြင်ရသော ယောက္ခမစိတ်တွင်လည်း ...
“ဒီဘုန်းကြီးက ချွေးမရဲ့ လင်ငယ်လေလား။ ဒါမှမဟုတ် ကာမဂုဏ်နဲ့စပ်တဲ့ စကားတွေ ပြောနေတာလား” ဟူ၍ တွေးနေမိ၏။ဘုန်းကြီးက နှစ်ယောက်လုံး တရားဟောပြီး ပြန်ကြွသွားသည့်အခါ ယောက္ခမနှင့် ချွေးမ အချင်းချင်း မေးမြန်းကြ၏။ ထိုအခါမှ တရားစကားကို ဟောပြောခြင်းသာ ဖြစ်ကြောင်း သိကြတော့၏။“တရားစကားပြောတာပဲ ပွင့်ပွင့်လင်းလင်းဟောသင့်ပါလျက် ဘာကြောင့် နားအနီးသို့ ကပ်လျက် တိုးတိုးပြောရလေသနည်း” ဟု ကဲ့ရဲ့ ပြောဆိုကြရာ ထိုစကားသည် ဘုရားရှင်ထံသို့ရောက်၍ “အမျိုးသမီးကို (ပါဠိဘာသာဖြင့် ) တရားမဟောရ” ဟူ၏ ဝိနည်းပညတ်တော်မူရ၏။ ထို့သို့ ဝိနည်းပညတ်ပြီးနောက် အမျိုးသမီးများက ရဟန်းတို့ကိုတွေ့မြင်ရသောအခါ တရားဟောရန် လျှောက်ထားကြရာ အမျိုးသမီးတို့အားတရားဟောကြားရန် မအပ်ကြောင်း ပြောဆိုကာ ရဟန်းတို့သည် တရားမဟောဘဲ ထွက်သွားကြကုန်၏။အမျိုးသမီးများက တရားမဟောသည့်အတွက် ရဟန်းတို့ကို အပြစ်တင်သည့်အတွက် မြတ်စွာဘုရားက မူလစည်းကမ်းကို အနည်းငယ်ဖြည့်စွက်လိုက်၏။“အမျိုးသမီးအား ခြောက်ခွန်းထက် ပို၍ တရားမဟောရ” ဟူ၍။ထို့ကြောင့် ရဟန်းတို့သည် အမျိုးသမီးအား ပါဠိဘာသာဖြင့် ခြောက်ခွန်းထက် ပို၍ တရားမဟောအပ်။ အခြားဘာသာစကားဖြင့် ဟောလျှင်ကား အပြစ်မရှိကြောင်း အဋ္ဌကထာဆရာဆို၏။အမျိုးသမီးချည်းသက်သက် မဟုတ်ဘဲ ယောက်ျားသား (လူဖြစ်စေ၊ရဟန်းသာမဏေဖြစ်စေ) ရှိနေလျှင်ကား အကန့်အသတ်မရှိ ဟောနိုင်၏။သို့ဖြစ်၍ အမျိုးသမီးတို့သည် အမျိုးသမီးချည်းသက်သက် ပါဠိဘာသာဖြင့်တရားနာယူခြင်း၊ ပါဠိဘာသာဖြင့် စာသင်ခြင်းတို့ မပြုအပ် ရှောင်ကြဉ်သင့်လှပေ၏။
ဆရာတော်အရှင်အဘယာလင်္ကာရ
(မဟာဝိဟာရဝါသီ)
မှတ်ချက်။ ။ဆရာတော်အရှင်အဘယာလင်္ကာရ ရေးသားတော်မူသော သာသနာပြုရန်လမ်းကြောင်းမှန်စာအုပ်မှ ကောက်နှုတ်ပူဇော်ခြင်းဖြစ်ပါသည်

10/06/2024

ဘယ်လိုမတူညီတဲ့ အချက်တွေကြောင့် မြန်မာပြည်မှာ ဂိုဏ်း (၉)ဂိုဏ်း ကွဲသွားကြသလဲ ။

အကြွေးရှိသူ ရဟန်းခံပေးကောင်းပါသလား?~~~~~~~~~~~~~~~~~~~~~~~~"အကြွေးရှိသူကို ရဟန်းမခံပေးရ" ဟူ၍ မဟာဝါပါဠိတော်၊ ၁၀၁ တွင် မြတ...
10/06/2024

အကြွေးရှိသူ ရဟန်းခံပေးကောင်းပါသလား?
~~~~~~~~~~~~~~~~~~~~~~~~

"အကြွေးရှိသူကို ရဟန်းမခံပေးရ" ဟူ၍ မဟာဝါပါဠိတော်၊ ၁၀၁ တွင် မြတ်စွာဘုရား မိန့်တော်မူထား၏။

အကြွေးရှိသူ ရဟန်းခံပေးလျှင် ရဟန်းဖြစ်ပါ၏၊ သို့သော် ရဟန်းခံပေးသော သံဃာများ အာပတ်သင့်၏။

အကြွေးရှိသူ ဟု ဆိုရာ၌ မိဘဘိုးဘွားများ ယူထားသော အကြွေး၊ ကိုယ်တိုင် ယူထားသော အကြွေး၊ မိမိကို အပေါင်ထား၍ ယူထားသော အကြွေး ဟူ၍ သုံးမျိုးလုံးကိုပင် ဆိုလို၏။

အကယ်၍ မိဘဆွေမျိုးတို့ကဖြစ်စေ အခြားတစ်ဦးဦးက ဖြစ်စေ ထိုအကြွေးတို့ကို " တာဝန်ယူပါသည်၊ စိတ်ချလက်ချ ရဟန်းဝတ်ပါ" ဟု ဆိုလျှင် ရဟန်းဝတ်နိုင်ပါသည်။

အကယ်၍ ထိုရဟန်းလောင်းသည် အလွန်သဒ္ဓါတရားကောင်း၍ သာသနာအတွက် အလွန်အကျိုးများမည့်သူ ဖြစ်နေလျှင် ဆရာတော်က မိမိ၏ ဒကာဒကာမများကို " ဤသူသည် သာသနာအတွက် အကျိုးများမည့်သူ၊ အကြွေးရှိ၍ ရဟန်းမဝတ်နိုင် ဖြစ်နေသည်" ဟု ပြောပြနိုင်သည်။

အကယ်၍ မည်သူတစ်ဦးတစ်ယောက်မျှ တာဝန်ယူမည့်သူမရှိလျှင် ဆရာတော်ကိုယ်တိုင်ပင် ကပ္ပိယထံအပ်နှံထားသော ဝတ္ထုငွေဖြင့် အကြွေးဆပ်ပေး၍ ရဟန်းဝတ်ပေးနိုင်ပါသည်။

သတိထားစရာကား "ရဟန်းဝတ်ပြီးမှ အကြွေးဆပ်မည်" ဟု ကြံ၍ ရဟန်းမဝတ်ပေးရခြင်းပင်။

အကယ်၍ အကြွေးရှိနေသူကို ရဟန်းဝတ်ပေးပြီးနောက် အကြွေးမဆပ်ဘဲ ထွက်ပြေးသွားလျှင် ရဟန်းခံပေးသော ဆရာတော်က တာဝန်ယူရမည် ဖြစ်သည်။ ဆရာတော်က အကြွေးမဆပ်ပေးလျှင် ပါရာဇိကပင် ကျနိုင်လေသည်။

အကြွေးရှိသူ ဟု မသိဘဲ ရဟန်းခံပေးမိလျှင်ကား ဆရာတော်နှင့် မသက်ဆိုင်ပါ။ ဆရာတော် အကြွေးဆပ်ပေးရန် မလိုပါ။

ရဟန်းဖြစ်ပြီးမှ မိဘများက အကြွေးယူထားလျှင် ထိုရဟန်းသည် သီလကို ချစ်မြတ်နိုး၍ ငွေအလှူမခံသော ရဟန်းဖြစ်သည်ဆိုပါက သံဃိကဝတ္ထုငွေမှ သံဃာကို ခွင့်ပန်၍ အကြွေးဆပ်နိုင်ပါသည်။

အကြွေးအလွန်များလွန်းနေလျှင်လည်း အခြားသီတင်းသုံးဖော်ရဟန်းများက ဆွမ်းခံကျင့်ဝတ်ဖြင့် ကူညီ၍ အကြွေးဆပ်ပေးနိုင်ပါသည်။

ကျမ်းကိုး။

၁။ ဝိနည်းမဟာဝါပါဠိတော်၊ ၁၀၁
၂။ ပါစိတျာဒိအဋ္ဌကထာ၊ ၂၈၁
၃။ စူဠဝဂ္ဂါဒိအဋ္ဌကထာ၊ ၂၅၃
၄။ ဝိမတိဋီကာ၊ ၂၊ ၃၁၈

Address

Jalan Cyber 13
Senai
81400

Alerts

Be the first to know and let us send you an email when ဝိနယသင်္ဂဟအဖွဲ့-နေပြည်တော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ဝိနယသင်္ဂဟအဖွဲ့-နေပြည်တော်:

Share