Directions Contact the place of worship

CFCPJ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CFCPJ, Evangelical church, 21-2 Jalan PJS 8/17, Petaling Jaya.

Christian Fellowship Centre Petaling Jaya
လူမျိုးပေါင်းစုံ မြန်မာခရစ်ယာန် ဘုရားကျောင်း
THEME 2026: Isaiah 58:14
“Delighting in the Lord through Obedient Living”
“၂၀၂၆ ခုနှစ်သည်
“နာခံမှုဖြင့် ထာဝရဘုရား၌ မွေ့လျော် ဝမ်းမြောက်ရာနှစ်”
ဖြစ်ပါသည်။”

အောက်တိုဘာလ အစီအစဉ်
01/10/2026

အောက်တိုဘာလ အစီအစဉ်

27 September, 2026
28/09/2026

27 September, 2026

September 1 week
28/09/2026

September 1 week

CFCPJ ၁၉ နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်းအဓိကကျမ်း ဆာလံ ၁၂၅1ထာဝရဘုရားကို ခိုလှုံသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည...
28/09/2026

CFCPJ ၁၉ နှစ်ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း
အဓိကကျမ်း ဆာလံ ၁၂၅

1ထာဝရဘုရားကို ခိုလှုံသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ၏။ 2 တောင်ရိုးတို့သည် ယေရုရှလင်မြို့ကိုဝန်းရံသကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍၊ ကာလအစဉ်မပြတ် ဝန်းရံတော်မူ၏။
3 ဖြောင့်မတ်သောသူတို့သည် ဒုစရိုက်ကို ပြုသောအခွင့် မရှိစေခြင်းငှာ၊ မတရားသောသူတို့၏လှံတံသည် ဖြောင့်မတ်သောသူတို့၏ အမွေခံရာအဖို့အပေါ်မှာ မတည်မနေရ။
4 အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘောဖြောင့်သောသူတို့အား ကျေးဇူးပြုတော်မူပါ။
5 ကောက်သောလမ်းများသို့ လွှဲသွားသောသူတို့ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့် ပြုသောသူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး၌ ငြိမ်ဝပ်ခြင်းရှိပါစေသော။

“ဘုရားသခင်၏ကျေးဇူးတော်၌ တည်ကြည်စွာ ရပ်တည်ခြင်း”

၁၉ နှစ်ကို ပြန်ကြည့်သောအခါ

ချစ်သော CFCPJ မိသားစု၊
ယနေ့ ကျွန်ုပ်တို့သည် အသင်းတော်၏ ၁၉ နှစ်တိုင် ဘုရားသခင်၏ စောင့်ရှာက်မှုကြောင့် ကျေးဇူးတော်ကို ကျင်းပခွင့်ရကြပါသည်။ ၁၉ နှစ်တာ ကာလအတွင်း ရက်ပေါင်းများစွာ၊ လပေါင်းများစွာနှင့် လွန်သွားခြင်း သက်သက် မဟုတ်ပါ။ ၁၉ နှစ်သည် ဘုရားသခင်၏သစ္စာတော်ကို နေ့ရက်တိုင်း၌ ဝန်းရံပေးသည့်ကျေးဇူးတော် ကိုပြန်လည်ရေတွက်ခြင်းဖြစ်သည်။
အသင်းတော်၏သမိုင်းကို ပြန်ကြည့်လျှင် ကျွန်ုပ်တို့လုပ်ခဲ့သောအရာများစွာကို တွေ့ရမည်။
သို့သော် ယနေ့ ကျွန်ုပ်တို့ ပို၍အရေးကြီးသောအရာတစ်ခုကို ကြည့်ရမည်။
“ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ဘာလုပ်ပေးခဲ့သလဲ?”
ကျွန်ုပ်တို့ အားနည်းခဲ့သည့်အချိန်များ ရှိခဲ့သည်။
အခက်အခဲများ နှင့် တွေ့ကြုံခဲ့ရသည်။
မသေချာသောအခြေအနေများ ရှိခဲ့သည်။
လူလည်း များလာခဲ့ကြသည်။
လူများ ထွက်သွားခဲ့ကြသည်။
မျိုးဆက်များ ပြောင်းလဲလာခဲ့ကြသည်။
သို့သော်—
“ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍ ကာလအစဉ်မပြတ် ဝန်းရံတော်မူ၏။”
ဟူသော ဆာလံ ၁၂၅:၂ သည် ကျွန်ုပ်တို့ကို ၁၉ နှစ်တိုင်တိုင် ပို့ဆောင်ပေးသည်။
ဆာလံ ၁၂၅:၁
“ထာဝရဘုရားကို ခိုလှုံသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ၏။”
ဒီအခန်းငယ်ရဲ့ ပထမဆုံးစကားက—
“ထာဝရဘုရားကို ခိုလှုံသောသူတို့” ဖြစ်ပါတယ်။
သူတို့ဟာ—
• မိမိတို့ကိုယ်ကို မခိုလှုံကြဘူး။
• မိမိတို့ရဲ့အင်အားကို မခိုလှုံကြဘူး။
• ငွေကြေးကို မခိုလှုံကြဘူး။
• လူအင်အားကို မခိုလှုံကြဘူး။
• အဖွဲ့အစည်းကို မခိုလှုံကြဘူး။
ဘုရားသခင်ကို ခိုလှုံကြတယ်။
ယနေ့ ကျွန်ုပ်တို့၏ခိုလှုံရာကား မည်သူနည်း?
အသင်းတော်အတွက် အဖြေက—
ယေရှုခရစ်တော်သည် ကျွန်တော်တို့၏ ခိုလုံရာ ဖြစ်သည်။
ယေရှုက—
“ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့ မိမိအသက်ကို ပေး၏။”
— ယောဟန် ၁၀:၁၁ဟု မိန့်တော်မူသည်။
အသင်းတော်၏ လုံခြုံမှုသည် ကျွန်ုပ်တို့၏ခွန်အားပေါ်တွင် အခြေမခံပါ။
အသင်းတော်၏လုံခြုံမှုသည် သိုးထိန်းကောင်းဖြစ်သော ယေရှုခရစ်တော်ပေါ်တွင် အခြေခံသည်။
၁၉ နှစ်အတွင်း CFCPJ ကို ဘယ်သူက ထိန်းသိမ်းခဲ့သလဲ?
လူတွေက ပြောနိုင်ပါတယ်—
“Founder တွေကြောင့်ပါ။”
“Pastors တွေကြောင့်ပါ။”
“Leaders တွေကြောင့်ပါ။”
“Members တွေကြောင့်ပါ။”
ဒါတွေဟာ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။
ဒါပေမယ့် အသင်းတော်ရဲ့အဓိကအဖြေက—
“ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြစ်သည်။”
၁၉ နှစ်အတွင်း လူတွေ ပြောင်းလဲခဲ့ပေမယ့်—
ဘုရားသခင် မပြောင်းလဲခဲ့ပါ။
အခြေအနေတွေ ပြောင်းလဲခဲ့ပေမယ့်—
ဘုရားသခင်၏သစ္စာတော် မပြောင်းလဲခဲ့ပါ။

ဘုရားသခင်သည် အသင်းတော်ကို ဝန်းရံကာကွယ်တော်မူသည်
“တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံသကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍ ကာလအစဉ်မပြတ် ဝန်းရံတော်မူ၏။” ဆာလံ ၁၂၅:၂

ယေရုရှလင်မြို့ပတ်လည်မှာ တောင်များရှိသည်။ တောင်များသည် မြို့ကို ဝန်းရံထားသည်။
ထိုအရာကို ဆာလံဆရာက— “ဘုရားသခင်သည် မိမိလူတို့ကို ထိုကဲ့သို့ ဝန်းရံတော်မူသည်”
ဟု ပြောသည်။
ဒါဟာ ဘာကိုဆိုလိုသလဲ?
ဘုရားသခင်၏ကာကွယ်မှုသည်—
ရှေ့ကနေသာ မဟုတ်ပါ။
နောက်ကနေသာ မဟုတ်ပါ။
ဘေးတစ်ဖက်တည်းကသာ မဟုတ်ပါ။
ဘက်ပေါင်းစုံမှ ဝန်းရံထားခြင်း ဖြစ်သည်။
“ဝန်းရံခြင်း” သည် အသင်းတော်အတွက် ဘာကိုဆိုလိုသလဲ?
အသင်းတော်တစ်ပါးသည် အပြင်ဘက်မှ အခက်အခဲများကို ရင်ဆိုင်ခဲ့ကြသည်။
ဥပမာ—
• ငွေကြေးအခက်အခဲ
• လူအင်အားအခက်အခဲ
• မျိုးဆက်ကွာဟမှု
• မိသားစုပြဿနာ
• လူငယ်များ၏ပြဿနာ
• ရွှေ့ပြောင်းနေထိုင်သူများ၏အခက်အခဲ
• ယုံကြည်ခြင်းအားနည်းမှု
• ခေါင်းဆောင်မှုပြဿနာ
• အတွင်းပိုင်းမညီညွတ်မှု
• အပြင်ဘက်ဖိအားများ
ဒါပေမယ့် ဘုရားသခင်က—
“ငါသည် မင်းတို့ကို ဝန်းရံထားတယ်” ဟု ပြောနေသည်။

ဘုရားသခင်၏ကာကွယ်မှုကို ဘယ်လိုနားလည်ရမလဲ
ဘုရားသခင်က ကျွန်ုပ်တို့ကို ဝန်းရံတော်မူသည်ဆိုတာ—
အသင်းတော်မှာ ဘယ်တော့မှ ပြဿနာမရှိတော့ဘူး ဟု မဆိုလိုပါ။
ယုံကြည်သူများ ဘယ်တော့မှ ဒုက္ခမရောက်တော့ဘူး ဟုလည်း မဆိုလိုပါ။
အသင်းတော်သည် ဒုက္ခကို ရင်ဆိုင်ကြရသည်။
သို့သော် ကွာခြားချက်က—
ဒုက္ခထဲတွင် ကျွန်ုပ်တို့တစ်ယောက်တည်း မရှိခြင်း ဖြစ်သည်။
ဆာလံ ၂၃:၄ တွင်—
“သေမင်းအရိပ်ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသောကြောင့်…”
ဘုရားသခင်၏ကာကွယ်မှုသည် ပြဿနာမရှိခြင်းထက် ပြဿနာထဲတွင် ဘုရားသခင်နှင့်အတူရှိခြင်း ဖြစ်သည်။

ဘုရားသခင်၏ကာကွယ်မှုသည် အသင်းတော်တစ်ခုလုံးအတွက် ဖြစ်သည်
ဆာလံ ၁၂၅:၂ တွင်—
“မိမိလူတို့” ဟု ဆိုသည်။ ဒါဟာ တစ်ဦးတည်းကိုသာ မဆိုလိုပါ။
God protects His people as a community.
ဒီအချက်က CFCPJ အတွက် အလွန်အရေးကြီးပါတယ်။
အသင်းတော်ဆိုတာ—
အဆောက်အအုံ မဟုတ်ပါ။
အဖွဲ့အစည်းတစ်ခုလည်း မဟုတ်ပါ။
စနစ်လည်း မဟုတ်ပါ။
အစီအစဉ်များ မဟုတ်ပါ။
အသင်းတော်သည် ယေရှုခရစ်တော်၌ စုဝေးနေသော ဘုရားသခင်၏လူများ ဖြစ်သည်။

ယေရှုသည် အသင်းတော်၏ဦးခေါင်းဖြစ်သည်
ဧဖက် ၅:၂၃ - ၂၇
“ခရစ်တော်သည် အသင်းတော်၏ဦးခေါင်းဖြစ်၍ ထိုအသင်းတော်သည် သန့်ရှင်းခြင်း အပြစ်ကင်းခြင်း၊ အညစ်အကြေးကင်းခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့်....ကင်းလွတ်စေရန် ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။”
ထို့ကြောင့် CFCPJ ၏ဦးခေါင်းသည်—
Pastor မဟုတ်ပါ။
Committee မဟုတ်ပါ။
Founder မဟုတ်ပါ။
ဘယ် member တစ်ဦးတစ်ယောက်မှ မဟုတ်ပါ။
CFCPJ ၏အရှင်သခင်နှင့် ဦးခေါင်းသည် ယေရှုခရစ်တော် ဖြစ်ရမည်။
ဒါဟာ ၁၉ နှစ်ပြည့်မှာ ပြန်လည်အတည်ပြုရမယ့် အခြေခံအမှန်တရား ဖြစ်ပါတယ်။

ဘုရားသခင်က အသင်းတော်ကို ကာကွယ်သလို အသင်းသားတစ်ဦးချင်းစီကိုလည်း စောင့်ရှောက်တော်မူသည်
ဆာလံ ၁၂၅:၁—
“ထာဝရဘုရားကို ခိုလှုံသောသူတို့…”
Each member matters to God.
အသင်းတော်ကြီးလာတာထက် ပိုအရေးကြီးတာက—
အသင်းသားတစ်ဦးချင်းစီသည် ခရစ်တော်၌ တည်ကြည်လာခြင်း ဖြစ်သည်။
အသင်းတော်မှာ လူ ၁၅၆ ရှိသော်လည်း တစ်ဦးချင်းစီ ဘုရားနှင့်ဝေးနေမယ်ဆိုရင် အသင်းတော်၏ ကျန်းမာရေးကောင်းတယ်လို့ မပြောနိုင်ပါဘူး။
ထို့ကြောင့် Anniversary မှာ—
“ကျွန်ုပ်တို့ အသင်းတော်ဘယ်လောက်ကြီးလာသလဲ?”
ဆိုခြင်းထက် “ကျွန်ုပ်တို့ အသင်းသားတစ်ဦးချင်းစီ ယေရှုနှင့် ဘယ်လောက်နီးကပ်လာသလဲ?” ဆိုတာကို မေးသင့်ပါတယ်။

အသင်းသားတစ်ဦးချင်းစီသည် “ဇိအုန်တောင်” ကဲ့သို့ တည်ကြည်ရမည်
ဆာလံ ၁၂၅:၁ တွင်—
“မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့…”
ဟု ဆိုသည်။
ခရစ်ယာန်အသက်တာမှာ—
ဒီနေ့ ယုံကြည်၊ နောက်နေ့ သံသယ။
တစ်နေ့ ဆုတောင်း၊ တစ်ပတ်ဆုမတောင်း။
တစ်နေ့ ဘုရားသခင်ကိုချစ်၊ နောက်တစ်နေ့ လောကနောက်ကိုလိုက်။
ဒီလို တည်ကြည်မှုမရှိတဲ့အသက်တာ မဖြစ်သင့်ပါ။
Christians need spiritual stability.
ကျွန်ုပ်တို့၏စိတ်ခံစားချက်သည် အပြောင်းအလဲရှိနိုင်သည်။
အခြေအနေသည် အပြောင်းအလဲရှိနိုင်သည်။
သို့သော်—
ကျွန်ုပ်တို့၏ယုံကြည်ခြင်းအမြစ်သည် ခရစ်တော်၌ နက်ရှိုင်းစွာ အမြစ်တွယ်နေရမည်။

အသင်းတော်ကိုကာကွယ်ပေးခြင်းနှင့် အသင်းသူ၊သားများ၏တာဝန်
ဘုရားသခင်က အသင်းတော်ကို ကာကွယ်ထားသည်။
ဒါပေမယ့် အသင်းသားတွေမှာ တာဝန်မရှိဘူးလို့ မဆိုလိုပါ။
အသင်းသားတစ်ဦးချင်းစီက—
၁။ ခရစ်တော်၌ တည်ရမည်
ယောဟန် ၁၅:၅
“ငါ၌ တည်နေသောသူ… ထိုသူသည် များစွာသောအသီးကို သီးတတ်၏။”
၂။ နှုတ်ကပတ်တော်၌ တည်ရမည်
ကောလောသဲ ၃:၁၆
“ခရစ်တော်၏နှုတ်ကပတ်တော်ကို သင်တို့အထဲ၌ ကြွယ်ဝစွာနေစေကြလော့။”
၃။ ဆုတောင်းခြင်း၌ တည်ရမည်
အသင်းတော်ကို ကာကွယ်ဖို့ အစောင့်အရှောက်တပ်ဖွဲ့ထက် ဆုတောင်းသောအသင်းတော် လိုအပ်သည်။
၄။ တစ်ဦးနှင့်တစ်ဦး ချစ်ရမည်
အသင်းတော်အတွင်း အချင်းချင်း ခွဲခြားခြင်း၊ မုန်းတီးခြင်း၊ နာကျင်စေခြင်းများ ဖြစ်လာလျှင် အသင်းတော်၏သက်သေခံချက် အားနည်းလာသည်။
၅။ အမှန်တရား၌ အသက်ရှင်ရမည်
ဘုရားသခင်က အသင်းတော်ကို ကာကွယ်ပေးထားသော်လည်း အသင်းသားများသည် အပြစ်ကိုလျှို့ဝှက် လုပ်မနေသင့်ပါ။ အပြစ်လုပ်မိရင် ဝန်ခံဖို့၊ နောင်တရဖို့ လိုအပ်ပါသည်။

ဆာလံ ၁၂၅:၃
ဘုရားသခင်သည် မိမိလူတို့ကို မတရားမှု၏အုပ်စိုးမှုအောက်မှာ မထားလိုပါ
“ဖြောင့်မတ်သောသူတို့သည် ဒုစရိုက်ကိုပြုသောအခွင့်မရှိစေခြင်းငှာ၊ မတရားသောသူတို့၏လှံတံသည် ဖြောင့်မတ်သောသူတို့၏အမွေခံရာအပေါ်မှာ မတည်မနေရ။”
“လှံတံ” သည် အာဏာနှင့် အုပ်စိုးမှုကို ဖော်ပြသည်။
ဘုရားသခင်သည် မိမိလူများကို အပြစ်၏အုပ်စိုးမှုအောက်တွင် မနေစေချင်ပါ။
ထို့ကြောင့် CFCPJ အနေဖြင့်—
ဘုရားသခင်က ကာကွယ်တော်မူသည်ဆိုပြီး မိမိတို့၏အသက်တာကို ပေါ့ပေါ့ဆဆ မနေသင့်ပါ။
အပြစ်၏အာဏာကို ငြင်းပယ်ရမည်။
လောက၏အတွေးအခေါ်ကို သတိထားရမည်။
ခရစ်တော်၏ သန့်ရှင်းသော အသက်တာအားဖြင့်ကျွန်တော်တို့လည်း အသက်ရှင်ရမည်။

ဘုရားသခင် ကာကွယ်ပေးသောအသင်းတော်သည် ကောင်းသော အကျင့်ကို လုပ်ဆောင်ရန်ဖြစ်သည်။
ဆာလံ ၁၂၅:၄
“အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘောဖြောင့်သောသူတို့အား ကျေးဇူးပြုတော်မူပါ။”
အသင်းတော်သည် ကာကွယ်ခံရခြင်းကိုသာ ခံယူနေဖို့ မဟုတ်ပါ။
ကောင်းသောအမှုကို အစဥ်လုပ်ဆောင်ရန် ဖြစ်သည်။
CFCPJ သည်—
• မျှော်လင့်ချက်မရှိသူများအတွက် မျှော်လင့်ချက်ဖြစ်ရမည်။
• အထီးကျန်သူများအတွက် မိသားစုဖြစ်ရမည်။
• ခရစ်တော်ကို မသိသေးသူများအတွက် သက်သေခံရမည်။
• လူငယ်များအတွက် ဝိညာဉ်ရေးအိမ်ဖြစ်ရမည်။
• ကလေးများအတွက် ခရစ်တော်ကို သိကျွမ်းစေသောနေရာဖြစ်ရမည်။
• အခက်အခဲရှိသူများအတွက် ကူညီပေးသောအသင်းတော်ဖြစ်ရမည်။
ဘုရားသခင်က ကျွန်ုပ်တို့ကို ကာကွယ်ပေးခြင်းသည်—
ကျွန်ုပ်တို့အတွက်သာ မဟုတ်ပါ။
အခြားသူများကို ကောင်းကျိုးပြုရန်လည်း ဖြစ်သည်။

အသင်းတော်သည် ကောက်သောလမ်းများကို ငြင်းပယ်ရမည်
ဆာလံ ၁၂၅:၅
“ကောက်သောလမ်းများသို့ လွှဲသွားသောသူတို့ကိုကား…”
ဒီမှာ အသင်းတော်အတွက် သတိပေးချက်ရှိပါတယ်။
ဘုရားသခင်၏ကာကွယ်မှုအောက်မှာ ရှိနေတယ်ဆိုပြီး—
ဘယ်လိုပဲ အသက်ရှင်လို့ရတယ် ဆိုတာ မဟုတ်ပါဘူး။
ကျွန်ုပ်တို့သည် ကောက်သောလမ်းများကို ငြင်းပယ်ရမည်။
အသင်းတော်၏အနာဂတ်ကို ထိခိုက်စေနိုင်သော—
• မုသာ
• အတင်းအဖျင်း
• အမုန်းတရား
• ခွဲခြားခြင်း
• မနာလိုခြင်း
• အာဏာလွန်ဆန်ခြင်း
• ငွေကြေးမရိုးသားခြင်း
• လိင်ပိုင်းဆိုင်ရာအပြစ်
• ခွင့်မလွှတ်ခြင်း
• ဝိညာဉ်ရေးမာန
တို့ကို အလေးအနက်ထားရမည်။
အသင်းတော်ကို အပြင်ဘက်အန္တရာယ်ထက် အတွင်းဘက်အပြစ်က ပို၍ အားနည်းစေနိုင်သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် အမြဲတမ်း စစ်ဆေးခြင်းနှင့် အသက်တာ ပြုပြင်ပြောင်းလဲခြင်းကို လက်ခံနိုင်ရမည်။

ယေရှုခရစ်တော်နှင့် အသင်းတော်
CFCPJ ၏ ၁၉ နှစ်ပြည့်မှာ ကျွန်ုပ်တို့ မမေ့သင့်တဲ့ အချက်တစ်ခုရှိပါတယ်။
အသင်းတော်သည် ယေရှုခရစ်တော်အတွက် ဖြစ်သည်။
အသင်းတော်သည် Pastor အတွက် မဟုတ်ပါ။
Member တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါ။
ကျွန်ုပ်တို့၏နာမည်ကြော်ကြားခြင်းအတွက် မဟုတ်ပါ။
ကျွန်ုပ်တို့၏ဂုဏ်အသရေအတွက် မဟုတ်ပါ။
ယေရှုခရစ်တော်၏ဘုန်းတော်အတွက် ဖြစ်သည်။
မဿဲ ၁၆:၁၈ တွင် ယေရှုက—
“ငါသည် ငါ၏အသင်းကို တည်ဆောက်မည်…”
ဟု မိန့်တော်မူသည်။ သတိထားရမည့် အချက်
ယေရှုက—
“သင်တို့သည် ငါ၏အသင်းကို တည်ဆောက်ကြ” ဟု မပြောပါ။
“ငါ၏အသင်းကို ငါတည်ဆောက်မည်” ဟု မိန့်တော်မူသည်။
ဒါကြောင့် CFCPJ ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ—
ယေရှုသည် အရှင်သခင်ဖြစ်ရမည်။

CFCPJ ၁၉ နှစ် — ကျေးဇူးတော်ကို ပြန်ကြည့်ခြင်း
ဒီနေ့မှာ “ကျွန်ုပ်တို့ ဘာတွေလုပ်ခဲ့သလဲ?” ဆိုတာထက်—
“ဘုရားသခင် ဘာတွေလုပ်ပေးခဲ့သလဲ?” ဆိုတာကို ပြန်ကြည့်သင့်ပါတယ်။
၁၉ နှစ်အတွင်း—
ဘုရားသခင်က လူများကို ခေါ်တော်မူခဲ့သည်။
ဘုရားသခင်က အသက်တာများကို ပြောင်းလဲခဲ့သည်။
ဘုရားသခင်က မိသားစုများကို ထိန်းသိမ်းခဲ့သည်။
ဘုရားသခင်က ကလေးများနှင့် လူငယ်များကို ပညာပေးခဲ့သည်။
ဘုရားသခင်က ဝိညာဉ်ရေးရာအမှုတော်ကို ဆက်လက်လုပ်ဆောင်စေခဲ့သည်။
ဘုရားသခင်က အခက်အခဲများကြားတွင် အသင်းတော်ကို ထိန်းသိမ်းခဲ့သည်။
ထို့ကြောင့် ယနေ့ကျွန်ုပ်တို့၏စကားသည်—
“အရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏”
ဖြစ်ရမည်။

လာမည့်နှစ်များအတွက် အသင်းတော်၏ ခေါ်တော်မူခြင်း
၁၉ နှစ်ကို ပြီးဆုံးခြင်းအဖြစ် မမြင်သင့်ပါ။ အသစ်တဖန် အစပြုခြင်းအဖြစ် မြင်ရမည်။
20th year and beyond — CFCPJ သည်—
၁။ Christ-centered Church ဖြစ်ရမည်
ခရစ်တော်ကို ဗဟိုထားသောအသင်းတော်ဖြစ်ရမည်။
၂။ Bible-centered Church ဖြစ်ရမည်
နှုတ်ကပတ်တော်ကို အခြေခံသောအသင်းတော်
၃။ Prayer-centered Church ဖြစ်ရမည်
ဆုတောင်းခြင်းကို ဦးစားပေးသောအသင်းတော်
၄။ Disciple-making Church ဖြစ်ရမည်
တပည့်တော်များကို မွေးထုတ်သောအသင်းတော်
၅။ Mission-minded Church ဖြစ်ရမည်
ခရစ်တော်ကို မသိသေးသူများထံ သက်သေခံသောအသင်းတော် ဖြစ်ရမည်
၆။ Loving Church ဖြစ်ရမည်
တစ်ဦးနှင့်တစ်ဦး ချစ်သောအသင်းတော်
၇။ Holy Church ဖြစ်ရမည်
သန့်ရှင်းသောအသက်တာကို ပိုင်ဆိုင်သောအသင်းတော် ဖြစ်ရမည်။

အသင်းသားတစ်ဦးချင်းစီအတွက် Anniversary Challenge
ဒီနေ့ CFCPJ အသင်းဝင်တိုင်း ကိုယ့်ကိုယ်ကို မေးရမည့် အရာက
“လာမယ့်နှစ်မှာ ယေရှုနှင့် ပိုနီးကပ်လာမလား?”
“သမ္မာကျမ်းစာကို ပိုလေ့လာမလား?”
“ဆုတောင်းခြင်းကို ပိုတိုးတက်လာမလား?”
“အသင်းတော်မှာ ပို၍ အစေခံလာမလား?”
“တခြားသူတွေကို ပိုချစ်လာမလား?”
“အပြစ်ကို ပိုမုန်းလာမလား?”
“မယုံကြည်သေးသူများထံ ယေရှုအကြောင်း ပိုပြောမလား?”
၁၉ နှစ်ပြည့် Anniversary သည်— ပွဲကျင်းပရန်အတွက်သာ မဟုတ်ပါ။
အသက်တာပြန်လည်အပ်နှံရန်အတွက် ဖြစ်သည်။

အဓိကမှတ်သားရန် ၄ ချက်
၁။ Jesus is our Foundation
ယေရှုသည် ကျွန်ုပ်တို့၏အခြေခံဖြစ်သည်။
၂။ God is our Protector
ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်သည်။
၃။ Church is our Spiritual Family
အသင်းတော်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာမိသားစု ဖြစ်သည်။
၄။ Every Member has a Mission
အသင်းသားတိုင်းတွင် အစေခံ အမှုတော်ဆောင်ရန် တာဝန်ရှိသည်။

နိဂုံးချုပ်
ချစ်သော CFCPJ မိသားစု၊ ဆာလံ ၁၂၅ က—
“တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံသကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍ ကာလအစဉ်မပြတ် ဝန်းရံတော်မူ၏” ဟု ပြောသည်။
၁၉ နှစ်ကို ပြန်ကြည့်သောအခါ—
ဘုရားသခင်၏လက်တော်ကို မြင်ကြပါစို့။
ပစ္စုပ္ပန်ကို ကြည့်သောအခါ—
ဘုရားသခင်၏ကာကွယ်မှုကို ယုံကြည်ကြပါစို့။
အနာဂတ်ကို ကြည့်သောအခါ—
ဘုရားသခင်၏သစ္စာတော်ကို ယုံကြည်ပြီး ရှေ့ဆက်ကြပါစို့။
CFCPJ သည် လူတစ်ဦးတစ်ယောက်၏အသင်းတော် မဖြစ်ပါစေနှင့်။
ယေရှုခရစ်တော်၏အသင်းတော် ဖြစ်ပါစေ။
အသင်းသားများသည် တစ်ဦးနှင့်တစ်ဦး ခွဲခြားမနေဘဲ—
ခရစ်တော်၌ တစ်ကိုယ်တည်းဖြစ်ကြပါစေ။
အခက်အခဲများလာသောအခါ မကြောက်ကြပါနှင့်။
လူများပြောင်းလဲသောအခါ မတုန်လှုပ်ကြပါနှင့်။
အနာဂတ်မသေချာသောအခါ မစိုးရိမ်ကြပါနှင့်။
အကြောင်းမှာ—
“ထာဝရဘုရားသည် မိမိလူတို့ကို ဝန်းရံတော်မူ၏။”
၁၉ နှစ်အတွင်း ဝန်းရံတော်မူခဲ့သော ဘုရားသခင်သည်—
နောက်ထပ်နှစ်များတွင်လည်း ဝန်းရံတော်မူမည်။
ကျွန်ုပ်တို့၏အလုပ်သည်—
ဘုရားသခင်ကို ယုံကြည်ရန်၊ ခရစ်တော်၌ တည်ရန်၊ အချင်းချင်းချစ်ရန်၊ သန့်ရှင်းစွာအသက်ရှင်ရန်၊ အမှုတော်ဆောင်ရန်နှင့် ခရစ်တော်ကို အခြားသူများထံ သက်သေခံရန် ဖြစ်သည်။

Anniversary ဆုတောင်းချက်
အို ကျွန်ုပ်တို့၏အရှင်ယေရှုခရစ်တော်၊
ယနေ့ CFCPJ ၏ ၁၉ နှစ်ပြည့်အထိမ်းအမှတ်အတွက် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏။
၁၉ နှစ်အတွင်း ကျွန်ုပ်တို့ကို မစွန့်ပစ်ဘဲ ဝန်းရံစောင့်ရှောက်တော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ကျွန်ုပ်တို့၏အင်အားကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ကျေးဇူးတော်ကြောင့် အသင်းတော်ဖြစ်လာခဲ့ကြောင်း ဝန်ခံပါ၏။
အရှင်ဘုရား၊ CFCPJ ကို ကိုယ်တော်၏အသင်းတော်အဖြစ် ဆက်လက်အသုံးပြုတော်မူပါ။
ခေါင်းဆောင်များကို ဉာဏ်ပညာပေးပါ။
အသင်းသားများကို ယုံကြည်ခြင်း၌ ခိုင်မာစေပါ။
လူငယ်များကို ကိုယ်တော်၌ အမြစ်တွယ်စေပါ။
ကလေးများကို ကိုယ်တော်၏လမ်း၌ ကြီးပြင်းစေပါ။
မိသားစုများကို စောင့်ရှောက်ပါ။
အခက်အခဲရှိသူများကို ခွန်အားပေးပါ။
အသင်းတော်အတွင်း ချစ်ခြင်း၊ စည်းလုံးခြင်းနှင့် သန့်ရှင်းခြင်းကို ပေးပါ။
ကျွန်ုပ်တို့အား အပြင်ဘက်အန္တရာယ်များမှသာမက အတွင်းဘက်အပြစ်များမှလည်း ကာကွယ်တော်မူပါ။
CFCPJ သည် ခရစ်တော်ကို ဗဟိုပြုသော၊ နှုတ်ကပတ်တော်ကို ကိုင်စွဲသော၊ ဆုတောင်းသော၊ တပည့်တော်မွေးထုတ်သော၊ အလိုတော်ကို ဆောင်သော အသင်းတော် ဖြစ်စေတော်မူပါ။
၁၉ နှစ်ကို ကျေးဇူးတင်ခြင်းဖြင့် ဖြတ်သန်းပြီး နောက်လာမည့်နှစ်များကို ယုံကြည်ခြင်းဖြင့် သခင်ယေရှုထံအပ်နှံပါ၏။
“တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံသကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍ ကာလအစဉ်မပြတ် ဝန်းရံတော်မူ၏။”

ဤကတိတော်အတိုင်း ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူ
ယေရှုခရစ်တော်၏နာမတော်၌ ဆုတောင်းပါ၏။ အာမင်။

28/08/2026
CFCPJ တစ်နေ့တာ အစာရှောင်ဆုတောင်းခြင်း အစီအစဉ်အဓိက ရည်ရွယ်ချက်“ဘုရားသခင်ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လှည့်ကြပါစို့”Ret...
21/08/2026

CFCPJ တစ်နေ့တာ အစာရှောင်ဆုတောင်းခြင်း အစီအစဉ်
အဓိက ရည်ရွယ်ချက်
“ဘုရားသခင်ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လှည့်ကြပါစို့”
Return to the Lord – Repent, Renew, Restore
အချိန် — နံနက် ၁၀:၀၀ နာရီမှ ည ၁၂:၀၀ နာရီအထိ
အဓိကကျမ်းပိုဒ် — ယောလ ၂:၁၂–၁၇
“သို့ဖြစ်၍ ယခုတိုင်အောင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အစာရှောင်ခြင်း၊ ငိုကြွေးခြင်း၊ မြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။”
အခြားအဓိကကျမ်းပိုဒ်များ
• ဆာလံ ၅၁:၁–၁၂ — အပြစ်ဝန်ခံခြင်းနှင့် သန့်ရှင်းသောနှလုံး
• ၂ ရာဇဝင်ချုပ် ၇:၁၄ — မိမိကိုယ်ကို နှိမ့်ချ၍ ဆုတောင်းခြင်း
• ဆာလံ ၁၃၉:၂၃–၂၄ — မိမိနှလုံးကို စစ်ဆေးခြင်း
• ရောမ ၁၂:၁–၂ — စိတ်နှလုံးနှင့်အသက်တာကို ဘုရားသခင်ထံ ပြောင်းလဲခြင်း
• ဧဖက် ၄:၂၂–၂၄ — လူဟောင်းကိုချွတ်၍ လူသစ်ကိုဝတ်ခြင်း
• ယာကုပ် ၄:၈–၁၀ — ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
• တမန်တော် ၂:၄၂–၄၇ — ပထမအသင်းတော်၏ အသက်တာ


၁။ တစ်နေ့တာ၏ အဓိကရည်ရွယ်ချက်
CFCPJ အစာရှောင်ဆုတောင်းရာနေ့တွင် ကျွန်ုပ်တို့သည်—
1. မိမိတို့၏အပြစ်များကို ရိုးသားစွာ ဝန်ခံရန်
2. မိမိတို့၏အသက်တာကို ဘုရားသခင်ရှေ့တွင် ပြန်လည်စစ်ဆေးရန်
3. မိမိမိသားစုနှင့် အိမ်ထောင်ရေးကို နှုတ်ကပတ်တော်နှင့် ပြန်လည်သုံးသပ်ရန်
4. CFCPJ အသင်းတော်၏ အားနည်းချက်များကို ဝန်ခံရန်
5. ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသောအရာများကို ပြောင်းလဲ၍ နောင်တရရန်
6. အသင်းတော်၏ ဝိညာဉ်ရေးပြန်လည်နိုးကြားမှုအတွက် ဆုတောင်းရန်
7. အမှုတော်ဆောင်များ၊ ခေါင်းဆောင်များနှင့် မျိုးဆက်သစ်များအတွက် ဆုတောင်းရန်
8. CFCPJ ၏ အနာဂတ်အတွက် ဘုရားသခင်၏လမ်းညွှန်မှုကို ရှာဖွေရန်


၂။ နံနက် ၁၀:၀၀ – ၁၁:၀၀
ဘုရားသခင်ထံ ပြန်လာခြင်း
ကျမ်း — ယောလ ၂:၁၂–၁၇
ဆုတောင်းခြင်းအချက်များ
• ဘုရားသခင်ကို ပထမနေရာတွင် မထားမိခဲ့သည့်အရာများကို ဝန်ခံခြင်း
• ဆုတောင်းခြင်း၌ အားနည်းခဲ့ခြင်းကို ဝန်ခံခြင်း
• ကျမ်းစာဖတ်ရှုခြင်းနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လျစ်လျူရှုခဲ့ခြင်း
• ဝိညာဉ်ရေးအရ ပျင်းရိလာခြင်း
• ဘုရားသခင်၏အလိုတော်ထက် မိမိအလိုကို ဦးစားပေးခြင်း
• အပြစ်ကို အပြစ်ဟု မမြင်တော့ခြင်း
• အခြားသူများကို ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း
• ခွင့်မလွှတ်နိုင်ခြင်း
• မာန၊ မနာလိုခြင်း၊ ဒေါသနှင့် အငြိုးထားခြင်း
• ဘုရားသခင်ထံ အပြည့်အဝ ပြန်လည်အပ်နှံခြင်း
ဆုတောင်းချက်
“အို ဘုရားသခင်၊ ကျွန်ုပ်တို့၏အပြင်ပန်းအသက်တာသာမက ကျွန်ုပ်တို့၏နှလုံးသားကိုပါ စစ်ဆေးတော်မူပါ။ မိမိတို့မှားယွင်းနေသောအရာများကို မြင်စေတော်မူပြီး အမှန်တကယ်နောင်တရ၍ ကိုယ်တော်ထံသို့ ပြန်လာနိုင်စေတော်မူပါ။”


၃။ ၁၁:၀၀ – ၁၂:၀၀
မိမိကိုယ်ကို ဝိညာဉ်ရေးရာ စစ်ဆေးခြင်း
ကျမ်း — ဆာလံ ၁၃၉:၂၃–၂၄
“အို ဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိတော်မူပါ...”
မိမိကိုယ်ကို မေးရမည့်မေးခွန်းများ
• ဘုရားသခင်နှင့် ကျွန်ုပ်၏ဆက်ဆံရေး ဘယ်လိုရှိသနည်း?
• ဆုတောင်းခြင်းသည် ကျွန်ုပ်၏နေ့စဉ်အသက်တာတွင် အရေးကြီးသေးသလား?
• ကျမ်းစာကို ဖတ်သော်လည်း လက်တွေ့ကျင့်သုံးပါသလား?
• လူများရှေ့တွင် တစ်မျိုး၊ အိမ်တွင်တစ်မျိုး ဖြစ်နေပါသလား?
• မိမိ၏စကား၊ အတွေးနှင့် အပြုအမူတွင် ဘာများပြောင်းလဲရန်လိုသနည်း?
• မိမိအချိန်ကို ဘယ်နေရာမှာ အများဆုံး အသုံးပြုနေသနည်း?
• ငွေကြေးကို ဘုရားသခင်နှစ်သက်သည့်ပုံစံဖြင့် အသုံးပြုနေပါသလား?
• မိမိ၏ လုပ်ဆောင်ပါဝင်မှုသည် အစေခံခြင်းဖြစ်ပါသလား၊ အာဏာသုံးခြင်းဖြစ်နေပါသလား?
ဆုတောင်းပါ
“သန့်ရှင်းသောဝိညာဉ်တော်၊ ကျွန်ုပ်တို့မမြင်နိုင်သောအပြစ်များကို ဖော်ပြတော်မူပါ။ ပြုပြင်ရန်လိုသောနေရာများကို ပြတော်မူပါ။”

၄။ ၁၂:၀၀ – ၁:၀၀
မိမိ အသက်တာအတွက် နောင်တနှင့်ပြောင်းလဲခြင်း
ကျမ်း — ဆာလံ ၅၁:၁–၁၂
ဝန်ခံဆုတောင်းရန်
• မာန
• အတ္တ
• ဒေါသ
• မနာလိုခြင်း
• မကျေနပ်ခြင်း
• ခွင့်မလွှတ်နိုင်ခြင်း
• မုသားပြောခြင်း
• အချိန်ဖြုန်းခြင်း
• ဘုရားသခင်ကို မယုံကြည်ခြင်း
• ငွေကြေးအပေါ် အလွန်အမင်းမှီခိုခြင်း
• လူများ၏ချီးမွမ်းမှုကို ရှာဖွေခြင်း
• လျှို့ဝှက်အပြစ်များ
• ဝိညာဉ်ရေးအေးစက်ခြင်း
ဆုံးဖြတ်ချက်
“ဘုရားသခင်မနှစ်သက်သောအရာတစ်ခုကို သိပြီးနောက် ဆက်ပြီး မလုပ်ဆောင်သင့်ပါ။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ပြောင်းလဲရမည်။”

၅။ ၁:၀၀ – ၂:၀၀
မိသားစုအတွက် ဆုတောင်းခြင်း
ကျမ်း — ယောရှု ၂၄:၁၅
“ငါနှင့်ငါ့အိမ်သူအိမ်သားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြမည်။”
ပြန်လည်သုံးသပ်ရန်
• မိသားစုအတွင်း ဆုတောင်းခြင်းရှိပါသလား?
• မိသားစုဝင်များသည် တစ်ဦးနှင့်တစ်ဦး နားထောင်ပေးကြပါသလား?
• မိဘများသည် သားသမီးများအတွက် ဝိညာဉ်ရေးစံနမူနာကောင်းဖြစ်ပါသလား?
• မိသားစုအတွင်း အငြင်းပွားမှုများကို ဘယ်လိုဖြေရှင်းကြသနည်း?
• ဖုန်း၊ Social Media နှင့် အခြားအရာများကြောင့် မိသားစုအချိန် ပျောက်ဆုံးနေပါသလား?
• ခရစ်တော်သည် မိသားစု၏ဗဟို အဖြစ် ရှိပါသလား?
ဆုတောင်းရန်
• မိသားစုများ စည်းလုံးခြင်း
• မိဘများအတွက် ဉာဏ်ပညာပေးရန်
• သားသမီးများ၏ ဝိညာဉ်ရေး
• မိသားစုအတွင်း ခွင့်လွှတ်ခြင်း
• မိသားစုဝင်များ ဘုရားသခင်ထံ ပြန်လည်နီးကပ်ခြင်း
• မိသားစုတိုင်းတွင် အိမ်ထောင်ဝတ်ပြုခြင်း ပြန်လည်တည်ဆောက်ခြင်း


၆။ ၂:၀၀ – ၃:၀၀ အိမ်ထောင်ရေးအတွက် ဆုတောင်းခြင်း
ကျမ်း — ဧဖက် ၅:၂၁–၃၃. ပြန်လည်သုံးသပ်ရန်
ခင်ပွန်းများ—
• မိမိဇနီးကို ခရစ်တော်က အသင်းတော်ကိုချစ်သကဲ့သို့ ချစ်နေပါသလား?
• အစေခံခြင်းထက် အာဏာသုံးခြင်း ရှိပါသလား?
• ဇနီး၏စကားကို နားထောင်ပါသလား?
ဇနီးများ—
• ခင်ပွန်းကို လေးစားခြင်းရှိပါသလား?
• မိမိခင်ပွန်းအား နာခံခြင်းဖြင့် ပေးဆပ်နေပါသလား?
• ခွင့်လွှတ်ခြင်းနှင့် နားလည်ခြင်းရှိပါသလား?
နှစ်ဦးစလုံး—
• အချင်းချင်း ရိုးသားကြပါသလား?
• မိမိအမှားကို ဝန်ခံနိုင်ပါသလား?
• အတူတကွ ဆုတောင်းကြပါသလား?
• အငြင်းပွားမှုများကို ဘုရားသခင်၏နည်းလမ်းဖြင့် ဖြေရှင်းကြပါသလား?
• အိမ်ထောင်ရေးတွင် ခရစ်တော်သည် အမှန်တကယ်ဗဟိုဖြစ်ပါသလား?
ဆုတောင်းရန်
• အိမ်ထောင်ရေးများ ပြန်လည်ကျန်းမာလာရန်
• ခွင့်လွှတ်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်း
• သစ္စာရှိခြင်း ၊ ရင်းနှီးသော အပြောဆို ဆက်ဆံရေးကောင်းမွန်လာရန်
• သားသမီးများအပေါ် တူညီသောဝိညာဉ်ရေးဦးတည်ချက်
• အိမ်ထောင်သည်များအတွက် ဉာဏ်ပညာ
• အိမ်ထောင်ရေးပြဿနာများရှိသူများအတွက် ဘုရားသခင်၏အနာရောဂါငြိမ်းစေခြင်း
၇။ ၃:၀၀ – ၄:၀၀
မိသားစုနှင့် အိမ်ထောင်ရေးတွင် ပြောင်းလဲရမည့်အရာများ
ကျမ်း — ရောမ ၁၂:၁–၂
မေးခွန်း
“ဘုရားသခင်၊ ကျွန်ုပ်တို့၏အိမ်တွင် ဘာကို ပြောင်းလဲစေလိုသနည်း?”
စာရွက်တစ်ရွက်ပေါ်တွင်—
ရပ်တန့်ရမည့်အရာများ
•
•
•
စတင်ရမည့်အရာများ
•
•
•
ပြန်လည်တည်ဆောက်ရမည့်အရာများ
•
•
•

၈။ ၄:၀၀ – ၅:၀၀
CFCPJ အသင်းသူ/သား နောင်တနှင့် စစ်ဆေးခြင်း
ကျမ်း — ဗျာဒိတ် ၂:၁–၇
အထူးသဖြင့်—
“သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။- 5 ထိုကြောင့်၊ သင်သည်မရွေ့လျော့မီ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင်အမြန်လာမည်။”
CFCPJ အနေဖြင့် ပြန်လည်သုံးသပ်ရန်
• ကျွန်ုပ်တို့၏ ပထမဆုံးချစ်ခြင်းမေတ္တာ ပျောက်ဆုံးနေပါသလား?
• ဆုတောင်းခြင်းထက် အစီအစဉ်များကို ပိုမိုယုံကြည်နေပါသလား?
• ဝိညာဉ်ရေးထက် အဆောက်အအုံ၊ ပစ္စည်းနှင့် အောင်မြင်မှုကို ပိုအာရုံစိုက်နေပါသလား?
• အသင်းသားများသည် တစ်ဦးကိုတစ်ဦး ချစ်ကြပါသလား?
• အမှုတော်ဆောင်များသည် အစေခံခေါင်းဆောင်များဖြစ်ကြပါသလား?
• လူသစ်များကို ကောင်းစွာလက်ခံကြပါသလား?
• တပည့်တော်ဖြစ်စေခြင်းကို အလေးထားပါသလား?
• ကလေးများနှင့် လူငယ်များအတွက် လုံလောက်စွာ ရင်းနှီးမြှုပ်နှံနေပါသလား?
• သာသနာပြုခြင်းနှင့် ဧဝံဂေလိတရားကို အလေးထားပါသလား?
• အသင်းတော်အတွင်း မမြင်ရသော ပဋိပက္ခများရှိပါသလား?
ဆုတောင်းချက်
“သခင်ဘုရား၊ CFCPJ အသင်းတော်ကို ကိုယ်တော်၏အသင်းတော်အဖြစ် မြင်နိုင်စေတော်မူပါ။”
၉။ ၅:၀၀ – ၆:၀၀
ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက် ဆုတောင်းခြင်း
ကျမ်း — ၁ တိမောသေ ၃:၁–၁၃
ဆုတောင်းရန်
• Pastor / Family
• Elders / Deacons
• Ministry leaders
• Cell group leaders
• Sunday School teachers
• Worship team
• Youth leaders
• Children ministry
• Mission schoolteachers
• Media/technical team
အထူးဆုတောင်းရန်
1. သန့်ရှင်းသောအသက်တာ
2. မှန်ကန်သောအယူဝါဒ
3. အစေခံစိတ်
4. ဉာဏ်ပညာ
5. ရဲစွမ်းသတ္တိ
6. စည်းလုံးညီညွတ်မှု ရှိရန်


၁၀။ ၆:၀၀ – ၇:၀၀
အသင်းတော် စည်းလုံးညီညွတ်မှုအတွက် ဆုတောင်းခြင်း
ကျမ်း — ဆာလံ ၁၃၃:၁
ဆုတောင်းရန်
• အသင်းသားများအကြား ချစ်ခြင်းမေတ္တာရှိရန်
• အုပ်စုခွဲခြင်း မဖြစ်စေရန်
• အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန်
• အချင်းချင်းခွင့်လွှတ်နိုင်ရန်
• မျိုးနွယ်စု၊ အသက်အရွယ်၊ လူမှုရေးနောက်ခံမတူသော်လည်း ခရစ်တော်၌ ညီညွတ်စည်းလုံးမှုရှိရန်
• ခေါင်းဆောင်များအချင်းချင်း စည်းလုံးရန်
• အသင်းတော်၏ရည်မှန်းချက်တစ်ခုအောက်တွင် အတူတကွလုပ်ဆောင်ရန်

၁၁။ ၇:၀၀ – ၈:၀၀
ဝိညာဉ်ရေးပြန်လည်နိုးကြားခြင်း
ကျမ်း — ဟဗက္ကုတ် ၃:၂
“2 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အို ထာဝရဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင်တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။”
ဆုတောင်းရန်
• CFCPJ အသင်းသူ/သားများတွင် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုဝန်ခံရန်
• ဆုတောင်းခြင်း၏ အရှိန်ပြန်လည်တောက်လောင်ရန်
• ဘုရားသခင်၏နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးရန်
• အပြစ်ကို မုန်းတီးရန်
• ဝိညာဉ်ရေးလန်းဆန်းမှုရရှိရန်
• အသင်းသူ၊သားများ၏ ယုံကြည်ခြင်းတိုးပွားရန်
• လူသစ်များ ကယ်တင်ခြင်းရရန်
• လူများသည် ခရစ်တော်နှင့် အမှန်တကယ်ထိတွေ့မှုရှိရန်
၁၂။ ၈:၀၀ – ၉:၀၀
ဧဝံဂေလိနှင့် ဝိညာဉ်များကယ်တင်ခြင်းရရန်
ကျမ်း — မဿဲ ၂၈:၁၈–၂၀
ဆုတောင်းရန်
• CFCPJ အသင်းတော်မှတစ်ဆင့် လူများ ခရစ်တော်ကို သိလာရန်
• မယုံကြည်သူများ သခင်ယေရှုကို သိကျွမ်းမှုရှိရန်အတွက်
• Myanmar migrant community အတွက်
• အိမ်နီးချင်းများအတွက်
• အလုပ်ခွင်ရှိ မယုံကြည်သူများအတွက်
• သူငယ်ချင်းများနှင့် ဆွေမျိုးများအတွက်
• Evangelism ဝေငှခြင်းအတွက် သတ္တိရှိရန်
• အသင်းသူ၊သားတိုင်းသည် ခရစ်တော်၏သက်သေဖြစ်လာရန်
• ယုံကြည်သူ အသစ်များကို တပည့်တော်ဖြစ်စေရန်

၁၃။ ၉:၀၀ – ၁၀:၀၀
ကလေးများ၊ လူငယ်များနှင့် နောက်မျိုးဆက်အတွက်
ကျမ်း — ဆာလံ ၇၈:၄–၇
ဆုတောင်းရန်
• ကလေးများ ဘုရားသခင်ကို သိကျွမ်းရန်
• Sunday School ministry
• CFCPJ Mission School ဆရာ/ဆရာမများ အတွက်
• လူငယ်များ၏ ဝိညာဉ်ရေး
• လူငယ်ခေါင်းဆောင်များအတွက်
• ပညာရေးနှင့် အနာဂတ်မှာ ဘုရားကို ကြောက်ရွံ့သော အသက်တာရှိရန်
• မှားယွင်းသောလောက၏လွှမ်းမိုးမှုများမှ ကာကွယ်ပေးရန်
• လူငယ်များ အမှုတော်ထဲတွင် ဒီထက်ပါဝင်လာရန်
• နောင်လာမည့်ခေါင်းဆောင်များ ပေါ်ထွက်လာရန်
အထူးဆုတောင်းချက်
“သခင်၊ ကျွန်ုပ်တို့၏မျိုးဆက်ထက် ပိုမိုခိုင်မာသော ယုံကြည်ခြင်းရှိသည့် နောက်မျိုးဆက်ကို ပြင်ဆင်ပေးတော်မူပါ။”


၁၄။ ၁၀:၀၀ – ၁၁:၀၀
CFCPJ ၏ အနာဂတ်နှင့် ဘုရားသခင်၏အလိုတော်
ကျမ်း — သုတ္တံ ၃:၅–၆
ဆုတောင်းရန်
• CFCPJ ၏ အနာဂတ်
• Church planting
• Evangelism
• Discipleship
• Leadership development
• Mission
• Children ministry
• Youth ministry
• Family ministry
• Small groups
• Financial needs
• Ministry workers
• သင့်တော်သောနေရာများနှင့် အရင်းအမြစ်များ
• ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသော အစီအစဉ်များကို ဖယ်ရှားရန်
• ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသော တံခါးများဖွင့်ရန်
အဓိကဆုတောင်းချက်
“ကျွန်ုပ်တို့လိုချင်သည့်အသင်းတော်ကို မတည်ဆောက်ဘဲ၊ ဘုရားသခင်တည်ဆောက်လိုသည့်အသင်းတော်ကို တည်ဆောက်နိုင်စေတော်မူပါ။”


၁၅။ ၁၁:၀၀ – ၁၂:၀၀
ပြန်လည်အပ်နှံခြင်းနှင့် ကတိပြုခြင်း
ကျမ်း — ရောမ ၁၂:၁
“သင်တို့၏ကိုယ်ခန္ဓာကို အသက်ရှင်သောယဇ်၊ သန့်ရှင်းသောယဇ်၊ ဘုရားသခင်နှစ်သက်တော်မူသောယဇ်အဖြစ် ဆက်ကပ်ကြလော့။”
တိတ်ဆိတ်စွာ ပြန်လည်စဉ်းစားရန်
၁။ ကိုယ်ပိုင်အသက်တာ
ဘုရားသခင်နှင့် ကျွန်ုပ်၏ဆက်ဆံရေးတွင် ဘာပြောင်းလဲရမည်နည်း?
၂။ မိသားစု
ကျွန်ုပ်၏မိသားစုတွင် ဘာကို ပြန်လည်တည်ဆောက်ရမည်နည်း?
၃။ အိမ်ထောင်ရေး
ကျွန်ုပ်တို့၏အိမ်ထောင်ရေးတွင် ဘာကို ပြောင်းလဲရမည်နည်း?
၄။ အသင်းတော်
CFCPJ တွင် ဘာကို ပြုပြင်ရမည်နည်း?
၅။ အမှုတော်
ဘုရားသခင်က ကျွန်ုပ်အား ဘာလုပ်စေလိုသနည်း။
နောက်ဆုံး ဆုတောင်းခြင်း
“အို ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘ၊
ယနေ့ ဤအစာရှောင်ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့ သွေးဆောင်ခြင်းအတွက် ကျေးဇူးတင်ပါ၏။
ကျွန်ုပ်တို့၏ အပြစ်များ၊ မိသားစုအတွင်းရှိ အားနည်းချက်များ၊ အိမ်ထောင်ရေးအတွင်းရှိ ပြဿနာများနှင့် အသင်းတော်အတွင်းရှိ မှားယွင်းမှုများကို ကိုယ်တော်ရှေ့တွင် ဝန်ခံပါ၏။
ကျွန်ုပ်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေတော်မူပါ။
ကျွန်ုပ်တို့၏အတွေးအခေါ်များကို ပြောင်းလဲစေတော်မူပါ။
ကျွန်ုပ်တို့၏မိသားစုများကို ပြန်လည်တည်ဆောက်ပေးတော်မူပါ။
ကျွန်ုပ်တို့၏အိမ်ထောင်ရေးများကို ခိုင်ခံ့စေတော်မူပါ။
CFCPJ အသင်းတော်ကို သန့်ရှင်းစေတော်မူပါ။
ခေါင်းဆောင်များကို ဉာဏ်ပညာနှင့် ပြည့်စုံစေတော်မူပါ။
အသင်းသူ၊သားများအကြား ချစ်ခြင်းမေတ္တာနှင့် စည်းလုံးညီညွတ်ခြင်းရှိစေတော်မူပါ။
သန့်ရှင်းသောဝိညာဉ်တော်၏ မီးကို ပြန်လည်တောက်လောင်စေတော်မူပါ။
လူများ ကယ်တင်ခြင်းရရှိစေတော်မူပါ။
ကျွန်ုပ်တို့၏ကလေးများနှင့် လူငယ်များကို ကိုယ်တော်အတွက် အသုံးပြုတော်မူပါ။
CFCPJ အသင်းတော်အားဖြင့် ကောင်းကြီးဖြစ်စေတော်မူပါ။
ကျွန်ုပ်တို့၏အလိုထက် ကိုယ်တော်၏အလိုတော်ကို လုပ်ဆောင်နိုင်စေပါ။
ယနေ့ ကျွန်ုပ်တို့အပြစ်ဝန်ခံခဲ့ပြီးသောအရာများကို မနက်ဖြန်တွင် ပြန်လည်မလုပ်မိစေရန် ကွယ်ကာ၍ ကျေးဇူးပြုတော်မူပါ။
ကျွန်ုပ်တို့၏ အသက်တာ၊ မိသားစု၊ အိမ်ထောင်ရေးနှင့် CFCPJ အသင်းတော်ကို ကိုယ်တော်ထံ အပြည့်အဝ ပြန်လည်အပ်နှံပါ၏။
ယေရှုခရစ်၏နာမတော်မြတ်၌ ဆုတောင်းပါ၏။ အာမင်။


CFCPJ အတွက် အဓိကမှတ်သားရမည့် အချက် ၅ ချက်
၁။ REPENT — နောင်တရခြင်း
မိမိတို့မှားယွင်းနေသောအရာများကို ဝန်ခံကြစို့။
၂။ RETURN — ပြန်လာခြင်း
ဘုရားသခင်ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာကြစို့။
၃။ RENEW — အသစ်ပြုပြင်ခြင်း
စိတ်နှင့်အသက်တာကို နှုတ်ကပတ်တော်အားဖြင့် ပြန်လည်အသစ်ပြုကြစို့။
၄. RESTORE — ပြန်လည်တည်ဆောက်ခြင်း
မိသားစု၊ အိမ်ထောင်ရေးနှင့် အသင်းတော်ကို ပြန်လည်တည်ဆောက်ကြစို့။
၅. RECOMMIT — ပြန်လည်အပ်နှံခြင်း
CFCPJ နှင့် မိမိတို့၏အသက်တာအားလုံးကို ခရစ်တော်ထံ ပြန်လည်အပ်နှံကြစို့။
CFCPJ အစာရှောင်ခြင်း၏ နောက်ဆုံး ကြွေးကြော်ချက်
1. ဘုရားသခင်ထံ စိတ်နှလုံး အကြွင်းမဲ့ပြန်လာမည်။
2. မိမိတို့ကိုယ်ကို ပြောင်းလဲမည်။
3. မိသားစုကို ပြန်လည်တည်ဆောက်မည်။
4. အသင်းတော်ကို ပြန်လည်နိုးကြားစေမည်။
5. လူမျိုးအပေါင်းထံ ခရစ်တော်၏ ဧဝံဂေလိသတင်း ဝေငှရမည်။

9-8-2026 CFCPJ ACTIVITIES
19/08/2026

9-8-2026 CFCPJ ACTIVITIES

15/08/2026

CFC YOUTH NIGHT 2026

2-8-2026. Activities
10/08/2026

2-8-2026. Activities

CFCPJ  26-7-2026 မှတ်တမ်း
01/08/2026

CFCPJ 26-7-2026 မှတ်တမ်း

Address

21-2 Jalan PJS 8/17
Petaling Jaya
46150

Opening Hours

Saturday 10:00 - 15:00
Sunday 09:00 - 23:45

Website

Alerts

Be the first to know and let us send you an email when CFCPJ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to CFCPJ:

Shortcuts

Share