CFCPJ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CFCPJ, Evangelical church, 21-2 Jalan PJS 8/17, Petaling Jaya.

Christian Fellowship Centre Petaling Jaya
လူမျိုးပေါင်းစုံ မြန်မာခရစ်ယာန် ဘုရားကျောင်း
THEME 2026: Isaiah 58:14
“Delighting in the Lord through Obedient Living”
“၂၀၂၆ ခုနှစ်သည်
“နာခံမှုဖြင့် ထာဝရဘုရား၌ မွေ့လျော် ဝမ်းမြောက်ရာနှစ်”
ဖြစ်ပါသည်။”

28/08/2026
CFCPJ တစ်နေ့တာ အစာရှောင်ဆုတောင်းခြင်း အစီအစဉ်အဓိက ရည်ရွယ်ချက်“ဘုရားသခင်ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လှည့်ကြပါစို့”Ret...
21/08/2026

CFCPJ တစ်နေ့တာ အစာရှောင်ဆုတောင်းခြင်း အစီအစဉ်
အဓိက ရည်ရွယ်ချက်
“ဘုရားသခင်ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လှည့်ကြပါစို့”
Return to the Lord – Repent, Renew, Restore
အချိန် — နံနက် ၁၀:၀၀ နာရီမှ ည ၁၂:၀၀ နာရီအထိ
အဓိကကျမ်းပိုဒ် — ယောလ ၂:၁၂–၁၇
“သို့ဖြစ်၍ ယခုတိုင်အောင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အစာရှောင်ခြင်း၊ ငိုကြွေးခြင်း၊ မြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။”
အခြားအဓိကကျမ်းပိုဒ်များ
• ဆာလံ ၅၁:၁–၁၂ — အပြစ်ဝန်ခံခြင်းနှင့် သန့်ရှင်းသောနှလုံး
• ၂ ရာဇဝင်ချုပ် ၇:၁၄ — မိမိကိုယ်ကို နှိမ့်ချ၍ ဆုတောင်းခြင်း
• ဆာလံ ၁၃၉:၂၃–၂၄ — မိမိနှလုံးကို စစ်ဆေးခြင်း
• ရောမ ၁၂:၁–၂ — စိတ်နှလုံးနှင့်အသက်တာကို ဘုရားသခင်ထံ ပြောင်းလဲခြင်း
• ဧဖက် ၄:၂၂–၂၄ — လူဟောင်းကိုချွတ်၍ လူသစ်ကိုဝတ်ခြင်း
• ယာကုပ် ၄:၈–၁၀ — ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
• တမန်တော် ၂:၄၂–၄၇ — ပထမအသင်းတော်၏ အသက်တာ


၁။ တစ်နေ့တာ၏ အဓိကရည်ရွယ်ချက်
CFCPJ အစာရှောင်ဆုတောင်းရာနေ့တွင် ကျွန်ုပ်တို့သည်—
1. မိမိတို့၏အပြစ်များကို ရိုးသားစွာ ဝန်ခံရန်
2. မိမိတို့၏အသက်တာကို ဘုရားသခင်ရှေ့တွင် ပြန်လည်စစ်ဆေးရန်
3. မိမိမိသားစုနှင့် အိမ်ထောင်ရေးကို နှုတ်ကပတ်တော်နှင့် ပြန်လည်သုံးသပ်ရန်
4. CFCPJ အသင်းတော်၏ အားနည်းချက်များကို ဝန်ခံရန်
5. ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသောအရာများကို ပြောင်းလဲ၍ နောင်တရရန်
6. အသင်းတော်၏ ဝိညာဉ်ရေးပြန်လည်နိုးကြားမှုအတွက် ဆုတောင်းရန်
7. အမှုတော်ဆောင်များ၊ ခေါင်းဆောင်များနှင့် မျိုးဆက်သစ်များအတွက် ဆုတောင်းရန်
8. CFCPJ ၏ အနာဂတ်အတွက် ဘုရားသခင်၏လမ်းညွှန်မှုကို ရှာဖွေရန်


၂။ နံနက် ၁၀:၀၀ – ၁၁:၀၀
ဘုရားသခင်ထံ ပြန်လာခြင်း
ကျမ်း — ယောလ ၂:၁၂–၁၇
ဆုတောင်းခြင်းအချက်များ
• ဘုရားသခင်ကို ပထမနေရာတွင် မထားမိခဲ့သည့်အရာများကို ဝန်ခံခြင်း
• ဆုတောင်းခြင်း၌ အားနည်းခဲ့ခြင်းကို ဝန်ခံခြင်း
• ကျမ်းစာဖတ်ရှုခြင်းနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လျစ်လျူရှုခဲ့ခြင်း
• ဝိညာဉ်ရေးအရ ပျင်းရိလာခြင်း
• ဘုရားသခင်၏အလိုတော်ထက် မိမိအလိုကို ဦးစားပေးခြင်း
• အပြစ်ကို အပြစ်ဟု မမြင်တော့ခြင်း
• အခြားသူများကို ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း
• ခွင့်မလွှတ်နိုင်ခြင်း
• မာန၊ မနာလိုခြင်း၊ ဒေါသနှင့် အငြိုးထားခြင်း
• ဘုရားသခင်ထံ အပြည့်အဝ ပြန်လည်အပ်နှံခြင်း
ဆုတောင်းချက်
“အို ဘုရားသခင်၊ ကျွန်ုပ်တို့၏အပြင်ပန်းအသက်တာသာမက ကျွန်ုပ်တို့၏နှလုံးသားကိုပါ စစ်ဆေးတော်မူပါ။ မိမိတို့မှားယွင်းနေသောအရာများကို မြင်စေတော်မူပြီး အမှန်တကယ်နောင်တရ၍ ကိုယ်တော်ထံသို့ ပြန်လာနိုင်စေတော်မူပါ။”


၃။ ၁၁:၀၀ – ၁၂:၀၀
မိမိကိုယ်ကို ဝိညာဉ်ရေးရာ စစ်ဆေးခြင်း
ကျမ်း — ဆာလံ ၁၃၉:၂၃–၂၄
“အို ဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိတော်မူပါ...”
မိမိကိုယ်ကို မေးရမည့်မေးခွန်းများ
• ဘုရားသခင်နှင့် ကျွန်ုပ်၏ဆက်ဆံရေး ဘယ်လိုရှိသနည်း?
• ဆုတောင်းခြင်းသည် ကျွန်ုပ်၏နေ့စဉ်အသက်တာတွင် အရေးကြီးသေးသလား?
• ကျမ်းစာကို ဖတ်သော်လည်း လက်တွေ့ကျင့်သုံးပါသလား?
• လူများရှေ့တွင် တစ်မျိုး၊ အိမ်တွင်တစ်မျိုး ဖြစ်နေပါသလား?
• မိမိ၏စကား၊ အတွေးနှင့် အပြုအမူတွင် ဘာများပြောင်းလဲရန်လိုသနည်း?
• မိမိအချိန်ကို ဘယ်နေရာမှာ အများဆုံး အသုံးပြုနေသနည်း?
• ငွေကြေးကို ဘုရားသခင်နှစ်သက်သည့်ပုံစံဖြင့် အသုံးပြုနေပါသလား?
• မိမိ၏ လုပ်ဆောင်ပါဝင်မှုသည် အစေခံခြင်းဖြစ်ပါသလား၊ အာဏာသုံးခြင်းဖြစ်နေပါသလား?
ဆုတောင်းပါ
“သန့်ရှင်းသောဝိညာဉ်တော်၊ ကျွန်ုပ်တို့မမြင်နိုင်သောအပြစ်များကို ဖော်ပြတော်မူပါ။ ပြုပြင်ရန်လိုသောနေရာများကို ပြတော်မူပါ။”

၄။ ၁၂:၀၀ – ၁:၀၀
မိမိ အသက်တာအတွက် နောင်တနှင့်ပြောင်းလဲခြင်း
ကျမ်း — ဆာလံ ၅၁:၁–၁၂
ဝန်ခံဆုတောင်းရန်
• မာန
• အတ္တ
• ဒေါသ
• မနာလိုခြင်း
• မကျေနပ်ခြင်း
• ခွင့်မလွှတ်နိုင်ခြင်း
• မုသားပြောခြင်း
• အချိန်ဖြုန်းခြင်း
• ဘုရားသခင်ကို မယုံကြည်ခြင်း
• ငွေကြေးအပေါ် အလွန်အမင်းမှီခိုခြင်း
• လူများ၏ချီးမွမ်းမှုကို ရှာဖွေခြင်း
• လျှို့ဝှက်အပြစ်များ
• ဝိညာဉ်ရေးအေးစက်ခြင်း
ဆုံးဖြတ်ချက်
“ဘုရားသခင်မနှစ်သက်သောအရာတစ်ခုကို သိပြီးနောက် ဆက်ပြီး မလုပ်ဆောင်သင့်ပါ။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ပြောင်းလဲရမည်။”

၅။ ၁:၀၀ – ၂:၀၀
မိသားစုအတွက် ဆုတောင်းခြင်း
ကျမ်း — ယောရှု ၂၄:၁၅
“ငါနှင့်ငါ့အိမ်သူအိမ်သားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြမည်။”
ပြန်လည်သုံးသပ်ရန်
• မိသားစုအတွင်း ဆုတောင်းခြင်းရှိပါသလား?
• မိသားစုဝင်များသည် တစ်ဦးနှင့်တစ်ဦး နားထောင်ပေးကြပါသလား?
• မိဘများသည် သားသမီးများအတွက် ဝိညာဉ်ရေးစံနမူနာကောင်းဖြစ်ပါသလား?
• မိသားစုအတွင်း အငြင်းပွားမှုများကို ဘယ်လိုဖြေရှင်းကြသနည်း?
• ဖုန်း၊ Social Media နှင့် အခြားအရာများကြောင့် မိသားစုအချိန် ပျောက်ဆုံးနေပါသလား?
• ခရစ်တော်သည် မိသားစု၏ဗဟို အဖြစ် ရှိပါသလား?
ဆုတောင်းရန်
• မိသားစုများ စည်းလုံးခြင်း
• မိဘများအတွက် ဉာဏ်ပညာပေးရန်
• သားသမီးများ၏ ဝိညာဉ်ရေး
• မိသားစုအတွင်း ခွင့်လွှတ်ခြင်း
• မိသားစုဝင်များ ဘုရားသခင်ထံ ပြန်လည်နီးကပ်ခြင်း
• မိသားစုတိုင်းတွင် အိမ်ထောင်ဝတ်ပြုခြင်း ပြန်လည်တည်ဆောက်ခြင်း


၆။ ၂:၀၀ – ၃:၀၀ အိမ်ထောင်ရေးအတွက် ဆုတောင်းခြင်း
ကျမ်း — ဧဖက် ၅:၂၁–၃၃. ပြန်လည်သုံးသပ်ရန်
ခင်ပွန်းများ—
• မိမိဇနီးကို ခရစ်တော်က အသင်းတော်ကိုချစ်သကဲ့သို့ ချစ်နေပါသလား?
• အစေခံခြင်းထက် အာဏာသုံးခြင်း ရှိပါသလား?
• ဇနီး၏စကားကို နားထောင်ပါသလား?
ဇနီးများ—
• ခင်ပွန်းကို လေးစားခြင်းရှိပါသလား?
• မိမိခင်ပွန်းအား နာခံခြင်းဖြင့် ပေးဆပ်နေပါသလား?
• ခွင့်လွှတ်ခြင်းနှင့် နားလည်ခြင်းရှိပါသလား?
နှစ်ဦးစလုံး—
• အချင်းချင်း ရိုးသားကြပါသလား?
• မိမိအမှားကို ဝန်ခံနိုင်ပါသလား?
• အတူတကွ ဆုတောင်းကြပါသလား?
• အငြင်းပွားမှုများကို ဘုရားသခင်၏နည်းလမ်းဖြင့် ဖြေရှင်းကြပါသလား?
• အိမ်ထောင်ရေးတွင် ခရစ်တော်သည် အမှန်တကယ်ဗဟိုဖြစ်ပါသလား?
ဆုတောင်းရန်
• အိမ်ထောင်ရေးများ ပြန်လည်ကျန်းမာလာရန်
• ခွင့်လွှတ်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်း
• သစ္စာရှိခြင်း ၊ ရင်းနှီးသော အပြောဆို ဆက်ဆံရေးကောင်းမွန်လာရန်
• သားသမီးများအပေါ် တူညီသောဝိညာဉ်ရေးဦးတည်ချက်
• အိမ်ထောင်သည်များအတွက် ဉာဏ်ပညာ
• အိမ်ထောင်ရေးပြဿနာများရှိသူများအတွက် ဘုရားသခင်၏အနာရောဂါငြိမ်းစေခြင်း
၇။ ၃:၀၀ – ၄:၀၀
မိသားစုနှင့် အိမ်ထောင်ရေးတွင် ပြောင်းလဲရမည့်အရာများ
ကျမ်း — ရောမ ၁၂:၁–၂
မေးခွန်း
“ဘုရားသခင်၊ ကျွန်ုပ်တို့၏အိမ်တွင် ဘာကို ပြောင်းလဲစေလိုသနည်း?”
စာရွက်တစ်ရွက်ပေါ်တွင်—
ရပ်တန့်ရမည့်အရာများ



စတင်ရမည့်အရာများ



ပြန်လည်တည်ဆောက်ရမည့်အရာများ




၈။ ၄:၀၀ – ၅:၀၀
CFCPJ အသင်းသူ/သား နောင်တနှင့် စစ်ဆေးခြင်း
ကျမ်း — ဗျာဒိတ် ၂:၁–၇
အထူးသဖြင့်—
“သင်သည် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌ အပြစ်တင်စရာရှိ၏။- 5 ထိုကြောင့်၊ သင်သည်မရွေ့လျော့မီ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင်အမြန်လာမည်။”
CFCPJ အနေဖြင့် ပြန်လည်သုံးသပ်ရန်
• ကျွန်ုပ်တို့၏ ပထမဆုံးချစ်ခြင်းမေတ္တာ ပျောက်ဆုံးနေပါသလား?
• ဆုတောင်းခြင်းထက် အစီအစဉ်များကို ပိုမိုယုံကြည်နေပါသလား?
• ဝိညာဉ်ရေးထက် အဆောက်အအုံ၊ ပစ္စည်းနှင့် အောင်မြင်မှုကို ပိုအာရုံစိုက်နေပါသလား?
• အသင်းသားများသည် တစ်ဦးကိုတစ်ဦး ချစ်ကြပါသလား?
• အမှုတော်ဆောင်များသည် အစေခံခေါင်းဆောင်များဖြစ်ကြပါသလား?
• လူသစ်များကို ကောင်းစွာလက်ခံကြပါသလား?
• တပည့်တော်ဖြစ်စေခြင်းကို အလေးထားပါသလား?
• ကလေးများနှင့် လူငယ်များအတွက် လုံလောက်စွာ ရင်းနှီးမြှုပ်နှံနေပါသလား?
• သာသနာပြုခြင်းနှင့် ဧဝံဂေလိတရားကို အလေးထားပါသလား?
• အသင်းတော်အတွင်း မမြင်ရသော ပဋိပက္ခများရှိပါသလား?
ဆုတောင်းချက်
“သခင်ဘုရား၊ CFCPJ အသင်းတော်ကို ကိုယ်တော်၏အသင်းတော်အဖြစ် မြင်နိုင်စေတော်မူပါ။”
၉။ ၅:၀၀ – ၆:၀၀
ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက် ဆုတောင်းခြင်း
ကျမ်း — ၁ တိမောသေ ၃:၁–၁၃
ဆုတောင်းရန်
• Pastor / Family
• Elders / Deacons
• Ministry leaders
• Cell group leaders
• Sunday School teachers
• Worship team
• Youth leaders
• Children ministry
• Mission schoolteachers
• Media/technical team
အထူးဆုတောင်းရန်
1. သန့်ရှင်းသောအသက်တာ
2. မှန်ကန်သောအယူဝါဒ
3. အစေခံစိတ်
4. ဉာဏ်ပညာ
5. ရဲစွမ်းသတ္တိ
6. စည်းလုံးညီညွတ်မှု ရှိရန်


၁၀။ ၆:၀၀ – ၇:၀၀
အသင်းတော် စည်းလုံးညီညွတ်မှုအတွက် ဆုတောင်းခြင်း
ကျမ်း — ဆာလံ ၁၃၃:၁
ဆုတောင်းရန်
• အသင်းသားများအကြား ချစ်ခြင်းမေတ္တာရှိရန်
• အုပ်စုခွဲခြင်း မဖြစ်စေရန်
• အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန်
• အချင်းချင်းခွင့်လွှတ်နိုင်ရန်
• မျိုးနွယ်စု၊ အသက်အရွယ်၊ လူမှုရေးနောက်ခံမတူသော်လည်း ခရစ်တော်၌ ညီညွတ်စည်းလုံးမှုရှိရန်
• ခေါင်းဆောင်များအချင်းချင်း စည်းလုံးရန်
• အသင်းတော်၏ရည်မှန်းချက်တစ်ခုအောက်တွင် အတူတကွလုပ်ဆောင်ရန်

၁၁။ ၇:၀၀ – ၈:၀၀
ဝိညာဉ်ရေးပြန်လည်နိုးကြားခြင်း
ကျမ်း — ဟဗက္ကုတ် ၃:၂
“2 အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အို ထာဝရဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင်တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို အောက်မေ့တော်မူပါ။”
ဆုတောင်းရန်
• CFCPJ အသင်းသူ/သားများတွင် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုဝန်ခံရန်
• ဆုတောင်းခြင်း၏ အရှိန်ပြန်လည်တောက်လောင်ရန်
• ဘုရားသခင်၏နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးရန်
• အပြစ်ကို မုန်းတီးရန်
• ဝိညာဉ်ရေးလန်းဆန်းမှုရရှိရန်
• အသင်းသူ၊သားများ၏ ယုံကြည်ခြင်းတိုးပွားရန်
• လူသစ်များ ကယ်တင်ခြင်းရရန်
• လူများသည် ခရစ်တော်နှင့် အမှန်တကယ်ထိတွေ့မှုရှိရန်
၁၂။ ၈:၀၀ – ၉:၀၀
ဧဝံဂေလိနှင့် ဝိညာဉ်များကယ်တင်ခြင်းရရန်
ကျမ်း — မဿဲ ၂၈:၁၈–၂၀
ဆုတောင်းရန်
• CFCPJ အသင်းတော်မှတစ်ဆင့် လူများ ခရစ်တော်ကို သိလာရန်
• မယုံကြည်သူများ သခင်ယေရှုကို သိကျွမ်းမှုရှိရန်အတွက်
• Myanmar migrant community အတွက်
• အိမ်နီးချင်းများအတွက်
• အလုပ်ခွင်ရှိ မယုံကြည်သူများအတွက်
• သူငယ်ချင်းများနှင့် ဆွေမျိုးများအတွက်
• Evangelism ဝေငှခြင်းအတွက် သတ္တိရှိရန်
• အသင်းသူ၊သားတိုင်းသည် ခရစ်တော်၏သက်သေဖြစ်လာရန်
• ယုံကြည်သူ အသစ်များကို တပည့်တော်ဖြစ်စေရန်

၁၃။ ၉:၀၀ – ၁၀:၀၀
ကလေးများ၊ လူငယ်များနှင့် နောက်မျိုးဆက်အတွက်
ကျမ်း — ဆာလံ ၇၈:၄–၇
ဆုတောင်းရန်
• ကလေးများ ဘုရားသခင်ကို သိကျွမ်းရန်
• Sunday School ministry
• CFCPJ Mission School ဆရာ/ဆရာမများ အတွက်
• လူငယ်များ၏ ဝိညာဉ်ရေး
• လူငယ်ခေါင်းဆောင်များအတွက်
• ပညာရေးနှင့် အနာဂတ်မှာ ဘုရားကို ကြောက်ရွံ့သော အသက်တာရှိရန်
• မှားယွင်းသောလောက၏လွှမ်းမိုးမှုများမှ ကာကွယ်ပေးရန်
• လူငယ်များ အမှုတော်ထဲတွင် ဒီထက်ပါဝင်လာရန်
• နောင်လာမည့်ခေါင်းဆောင်များ ပေါ်ထွက်လာရန်
အထူးဆုတောင်းချက်
“သခင်၊ ကျွန်ုပ်တို့၏မျိုးဆက်ထက် ပိုမိုခိုင်မာသော ယုံကြည်ခြင်းရှိသည့် နောက်မျိုးဆက်ကို ပြင်ဆင်ပေးတော်မူပါ။”


၁၄။ ၁၀:၀၀ – ၁၁:၀၀
CFCPJ ၏ အနာဂတ်နှင့် ဘုရားသခင်၏အလိုတော်
ကျမ်း — သုတ္တံ ၃:၅–၆
ဆုတောင်းရန်
• CFCPJ ၏ အနာဂတ်
• Church planting
• Evangelism
• Discipleship
• Leadership development
• Mission
• Children ministry
• Youth ministry
• Family ministry
• Small groups
• Financial needs
• Ministry workers
• သင့်တော်သောနေရာများနှင့် အရင်းအမြစ်များ
• ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသော အစီအစဉ်များကို ဖယ်ရှားရန်
• ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသော တံခါးများဖွင့်ရန်
အဓိကဆုတောင်းချက်
“ကျွန်ုပ်တို့လိုချင်သည့်အသင်းတော်ကို မတည်ဆောက်ဘဲ၊ ဘုရားသခင်တည်ဆောက်လိုသည့်အသင်းတော်ကို တည်ဆောက်နိုင်စေတော်မူပါ။”


၁၅။ ၁၁:၀၀ – ၁၂:၀၀
ပြန်လည်အပ်နှံခြင်းနှင့် ကတိပြုခြင်း
ကျမ်း — ရောမ ၁၂:၁
“သင်တို့၏ကိုယ်ခန္ဓာကို အသက်ရှင်သောယဇ်၊ သန့်ရှင်းသောယဇ်၊ ဘုရားသခင်နှစ်သက်တော်မူသောယဇ်အဖြစ် ဆက်ကပ်ကြလော့။”
တိတ်ဆိတ်စွာ ပြန်လည်စဉ်းစားရန်
၁။ ကိုယ်ပိုင်အသက်တာ
ဘုရားသခင်နှင့် ကျွန်ုပ်၏ဆက်ဆံရေးတွင် ဘာပြောင်းလဲရမည်နည်း?
၂။ မိသားစု
ကျွန်ုပ်၏မိသားစုတွင် ဘာကို ပြန်လည်တည်ဆောက်ရမည်နည်း?
၃။ အိမ်ထောင်ရေး
ကျွန်ုပ်တို့၏အိမ်ထောင်ရေးတွင် ဘာကို ပြောင်းလဲရမည်နည်း?
၄။ အသင်းတော်
CFCPJ တွင် ဘာကို ပြုပြင်ရမည်နည်း?
၅။ အမှုတော်
ဘုရားသခင်က ကျွန်ုပ်အား ဘာလုပ်စေလိုသနည်း။
နောက်ဆုံး ဆုတောင်းခြင်း
“အို ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘ၊
ယနေ့ ဤအစာရှောင်ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့ သွေးဆောင်ခြင်းအတွက် ကျေးဇူးတင်ပါ၏။
ကျွန်ုပ်တို့၏ အပြစ်များ၊ မိသားစုအတွင်းရှိ အားနည်းချက်များ၊ အိမ်ထောင်ရေးအတွင်းရှိ ပြဿနာများနှင့် အသင်းတော်အတွင်းရှိ မှားယွင်းမှုများကို ကိုယ်တော်ရှေ့တွင် ဝန်ခံပါ၏။
ကျွန်ုပ်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေတော်မူပါ။
ကျွန်ုပ်တို့၏အတွေးအခေါ်များကို ပြောင်းလဲစေတော်မူပါ။
ကျွန်ုပ်တို့၏မိသားစုများကို ပြန်လည်တည်ဆောက်ပေးတော်မူပါ။
ကျွန်ုပ်တို့၏အိမ်ထောင်ရေးများကို ခိုင်ခံ့စေတော်မူပါ။
CFCPJ အသင်းတော်ကို သန့်ရှင်းစေတော်မူပါ။
ခေါင်းဆောင်များကို ဉာဏ်ပညာနှင့် ပြည့်စုံစေတော်မူပါ။
အသင်းသူ၊သားများအကြား ချစ်ခြင်းမေတ္တာနှင့် စည်းလုံးညီညွတ်ခြင်းရှိစေတော်မူပါ။
သန့်ရှင်းသောဝိညာဉ်တော်၏ မီးကို ပြန်လည်တောက်လောင်စေတော်မူပါ။
လူများ ကယ်တင်ခြင်းရရှိစေတော်မူပါ။
ကျွန်ုပ်တို့၏ကလေးများနှင့် လူငယ်များကို ကိုယ်တော်အတွက် အသုံးပြုတော်မူပါ။
CFCPJ အသင်းတော်အားဖြင့် ကောင်းကြီးဖြစ်စေတော်မူပါ။
ကျွန်ုပ်တို့၏အလိုထက် ကိုယ်တော်၏အလိုတော်ကို လုပ်ဆောင်နိုင်စေပါ။
ယနေ့ ကျွန်ုပ်တို့အပြစ်ဝန်ခံခဲ့ပြီးသောအရာများကို မနက်ဖြန်တွင် ပြန်လည်မလုပ်မိစေရန် ကွယ်ကာ၍ ကျေးဇူးပြုတော်မူပါ။
ကျွန်ုပ်တို့၏ အသက်တာ၊ မိသားစု၊ အိမ်ထောင်ရေးနှင့် CFCPJ အသင်းတော်ကို ကိုယ်တော်ထံ အပြည့်အဝ ပြန်လည်အပ်နှံပါ၏။
ယေရှုခရစ်၏နာမတော်မြတ်၌ ဆုတောင်းပါ၏။ အာမင်။


CFCPJ အတွက် အဓိကမှတ်သားရမည့် အချက် ၅ ချက်
၁။ REPENT — နောင်တရခြင်း
မိမိတို့မှားယွင်းနေသောအရာများကို ဝန်ခံကြစို့။
၂။ RETURN — ပြန်လာခြင်း
ဘုရားသခင်ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာကြစို့။
၃။ RENEW — အသစ်ပြုပြင်ခြင်း
စိတ်နှင့်အသက်တာကို နှုတ်ကပတ်တော်အားဖြင့် ပြန်လည်အသစ်ပြုကြစို့။
၄. RESTORE — ပြန်လည်တည်ဆောက်ခြင်း
မိသားစု၊ အိမ်ထောင်ရေးနှင့် အသင်းတော်ကို ပြန်လည်တည်ဆောက်ကြစို့။
၅. RECOMMIT — ပြန်လည်အပ်နှံခြင်း
CFCPJ နှင့် မိမိတို့၏အသက်တာအားလုံးကို ခရစ်တော်ထံ ပြန်လည်အပ်နှံကြစို့။
CFCPJ အစာရှောင်ခြင်း၏ နောက်ဆုံး ကြွေးကြော်ချက်
1. ဘုရားသခင်ထံ စိတ်နှလုံး အကြွင်းမဲ့ပြန်လာမည်။
2. မိမိတို့ကိုယ်ကို ပြောင်းလဲမည်။
3. မိသားစုကို ပြန်လည်တည်ဆောက်မည်။
4. အသင်းတော်ကို ပြန်လည်နိုးကြားစေမည်။
5. လူမျိုးအပေါင်းထံ ခရစ်တော်၏ ဧဝံဂေလိသတင်း ဝေငှရမည်။

9-8-2026 CFCPJ ACTIVITIES
19/08/2026

9-8-2026 CFCPJ ACTIVITIES

15/08/2026

CFC YOUTH NIGHT 2026

2-8-2026. Activities
10/08/2026

2-8-2026. Activities

CFCPJ  26-7-2026 မှတ်တမ်း
01/08/2026

CFCPJ 26-7-2026 မှတ်တမ်း

19-7-2026 Photos
26/07/2026

19-7-2026 Photos

25/07/2026

စနေည လူငယ် ဝတ်ပြုကိုးကွယ်ခြင်း

19/07/2026

Sunday Service

Address

21-2 Jalan PJS 8/17
Petaling Jaya
46150

Opening Hours

Saturday 10:00 - 15:00
Sunday 09:00 - 23:45

Website

Alerts

Be the first to know and let us send you an email when CFCPJ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to CFCPJ:

Shortcuts

Share