Lurimanghai113

Lurimanghai113 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lurimanghai113, Religious organisation, sentosa, Kuala Lumpur.

23/12/2022

ယူကရိန်းစစ်ပွဲ အဆုံးသတ်လိုကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြောဆို

မော်စကို၊ ဒီဇင်ဘာ-၂၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုကြောင်း ရုရှားသမ္မတ ပူတင်က ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် သံတမန်နည်းလမ်းအရ ဖြေရှင်းနည်းတွေ မဖြစ်မနေပါ၀င်လိမ့်မယ်လို့ ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်ခံတွေ့ဆုံပြီး ယူကရိန်းကို ဆက်လက်ထောက်ပံ့သွားမယ်လို့ အမေရိကန်က ကတိပြုပြီးတရက်အကြာမှာ ယူကရိန်းစစ်ပွဲအဆုံးသတ်လိုကြောင်း ပူတင်က မှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

မိမိတို့ရဲ့ ရည်မှန်းချက်ဟာ စစ်ရေးပဋိပက္ခကို ကျယ်ပြန့်အောင်လုပ်ဖို့မဟုတ်ဘဲ ဆန့်ကျင်ဘက်အားဖြင့် အဆုံးသတ်ဖို့ဖြစ်ပြီး ဒါကိုအဆုံးသတ်ဖို့ ကြိုးစားသွားမယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ပူတင်ဟာ စစ်ပွဲကို အဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ ဆန္ဒရှိကြောင်း လုံး၀မပြသခဲ့ဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။

သမ္မတဂျိုးဘိုင်ဒင်အနေနဲ့ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားကြောင်း၊ သို့သော် ပူတင်အနေနဲ့ စေ့စပ်ညှိနှိုင်းရေးကို အလေးအနက်ထားကြောင်း ပြသဖို့လိုအပ်ပြီး ယူကရိန်းနဲ့အမေရိကန်မဟာမိတ်တွေ တိုင်ပင်ဆွေးနွေးပြီးနောက်မှသာ ဆွေးနွေးမယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

Ref: Reuters
Photo:Reuters
#မော်စကို

Web Link - https://voiceofmyanmarnews.com/news/2022/12/23/ယူကရိန်းစစ်ပွဲ-အဆုံးသတ်/

07/08/2020
27/06/2019
2019
26/01/2019

2019

အမှတ်​တရ​လေးပုံ
11/12/2017

အမှတ်​တရ​လေးပုံ

Hnilh dam lung la kan suem nih tihNgai dam lung la ni kan ling nih
03/08/2017

Hnilh dam lung la kan suem nih tih
Ngai dam lung la ni kan ling nih

Address

Sentosa
Kuala Lumpur

Telephone

+601116342171

Website

Alerts

Be the first to know and let us send you an email when Lurimanghai113 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share