Sian Pi & City Heaven Ministry

Sian Pi & City Heaven Ministry The TRUTH will set you free.

05/06/2026

The year of Jubilee 2026
(ယုဘိလနစ်)

နေစဉ်ခွန်းအား # F - 036

ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင်ပြောဆိုခြင်း တို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မနာလိုခြင်းကိုလည်းကောင်း၊ သင်တို့မှ ပယ်ရှားကြလော့။- အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
ဧဖက် 4:31-32

05/06/2026

The year of Jubilee 2026
(ယုဘိလနစ်)

နေစဉ်ခွန်းအား # F - 035

သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍၊ အသက်အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဖော်သော မယားနှင့်အတူ ပျော်မွေ့လော့။ သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
သုတ္တံ 5:18-19

21/05/2026

The year of Jubilee 2026
(ယုဘိလနစ်)

နေစဉ်ခွန်းအား # F - 034

ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။-

၁ ရှင်ယောဟန် 4:19

21/05/2026

The year of Jubilee 2026
(ယုဘိလနစ်)

နေစဉ်ခွန်းအား # F - 033

စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။

သုတ္တံ 22:4

03/05/2026

The year of Jubilee 2026
(ယုဘိလနစ်)

နေစဉ်ခွန်းအား # F - 032

ထာဝရဘုရားသည် သင့်ကိုစောင့်တော်မူ၏။ ထာဝရဘုရားသည် သင်၏လက်ယာဘက်၌ရှိသော သင်ခိုလှုံရာ အရိပ်ဖြစ်တော်မူ၏။
ထာဝရဘုရားသည် သင်၏ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော်မူလိမ့်မည်။

ဆာလံ 121:5, 8

03/05/2026

The year of Jubilee 2026
(ယုဘိလနစ်)

နေစဉ်ခွန်းအား # F - 031

သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။ အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ ဖြစ်တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ဖြစ်စေ၍၊ ငါ၏မြင့်ရာ အရပ်ပေါ်မှာ ငါ့ကိုနေရာချတော်မူမည်။

ဟဗက္ကုတ် 3:18-19

02/05/2026

The year of Jubilee 2026
(ယုဘိလနစ်)

နေစဉ်ခွန်းအား # F - 030

ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့်မတူ။ ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏။

ဟေရှာယ 55:8-9

02/05/2026

The year of Jubilee 2026
(ယုဘိလနစ်)

နေစဉ်ခွန်းအား # F - 029

ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကိုစွန့်ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီဟု ဆိုလေသော်၊ မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။ ငါသည် ကိုယ်လက်ဝါး၌ သင့်ကိုစာထိုးပြီ။ သင်၏မြို့ရိုးသည် ငါ့ရှေ့မှာအစဉ်ရှိ၏။

ဟေရှာယ 49:14-16

25/04/2026

Obey

Just listen what the Holy Spirit told you and just Obey it something Great will come for you ✝️

Address

3a Lorong Setaka Taman Plan Grove
Klang
41200

Telephone

+601124036592

Website

Alerts

Be the first to know and let us send you an email when Sian Pi & City Heaven Ministry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share