Holy Cross Church

Directions

Holy Cross Church This page is Holy Cross Church's official page. Please like this page to see HCC's activities, announcements, notifications and reminders.

စော Andrew ဆန်းသစ်သူ (အသက် ၃၁ နှစ်) အတွက်စျာပနဝတ်ပြုခြင်းကို ၃၀-၈-၂၀၂၆ ရက်နေ့ (တနင်္ဂနွေနေ့)၊ မွန်းလွဲ (၁:၀၀) နာရီအချိန်...
30/08/2026

စော Andrew ဆန်းသစ်သူ (အသက် ၃၁ နှစ်) အတွက်စျာပနဝတ်ပြုခြင်းကို ၃၀-၈-၂၀၂၆ ရက်နေ့ (တနင်္ဂနွေနေ့)၊ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် သန့်ရှင်းသောကားတိုင်ဘုရားကျောင်း၊ (၁၀၄) အင်းယားလမ်း၊ ကမာရွတ်၌ ပြုလုပ်မည်ဖြစ်ပြီး Zoom အားဖြင့်လည်း ပါဝင်နိုင်ပါသည်။
Zoom ID - 7711223344
Passcode - 302026

28/08/2026

“ဝမ်းနည်းကြေကွဲခြင်း”

ကျွန်ုပ်တို့ချစ်ခင်ရပါသော စော Andrew ဆန်းသစ်သူ (အသက် ၃၁ နှစ်) သည် ၂၈-၈-၂၀၂၆ ရက်နေ့ (သောကြာနေ့)၊ နံနက် ၇:၀၀ နာရီအချိန်တွင် ခရစ်တော်၌အိပ်ပျော်သွားပါကြောင်း ရပ်နီး၊ ရပ်ဝေးအသင်းသူ၊ အသင်းသားများ၊ ဓမ္မမိတ်ဆွေများအား ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါသည်။

Andrew အတွက်နောက်ဆုံးပြုအပ်သောစျာပနဝတ်ပြုခြင်းကို ၃၀-၈-၂၀၂၆ ရက်နေ့ (တနင်္ဂနွေနေ့)၊ မွန်းလွဲ (၁:၀၀) နာရီအချိန်တွင် သန့်ရှင်းသောကားတိုင်ဘုရားကျောင်း၊ (၁၀၄) အင်းယားလမ်း၊ ကမာရွတ်၌ ပြုလုပ်မည်ဖြစ်ပါကြောင်းအသိပေးဖိတ်ကြားအပ်ပါသည်။

Andrew ၏နာမ်ဝိညာဉ်သည် ဘုရားသခင်ထံအေးချမ်းစွာနားနေပါမည့်အကြောင်းနှင့် ကျန်ရစ်သူမိသားစုများသည်လည်း ဘုရားသခင်ထံမှနှစ်သိမ့်ခြင်းရရှိပါမည့်အကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

ဝမ်းနည်းစွာဖြင့်
သန့်ရှင်းသောကားတိုင်အသင်းတော်မိသားစု

25/08/2026

မဂ်လာကယ်တင်ရှင်
လေးယောက်သံစုံ Holy Cross Mothers' Union

20/08/2026

ဝမ်းနည်းကြေကွဲခြင်း

ညီမငယ် ဆုမွန်၏ ချစ်လှစွာသောခင်ပွန်း၊ သမီးလေး မေရီအေးချမ်းသူ (ဥဥ) ၏ ချစ်လှစွာသော ဖခင်ဖြစ်သူ ကိုအောင်ဇေယျ (အသက် ၄၃ နှစ်) သည် ၁၅-၈-၂၀၂၆ ရက်နေ့ (စနေနေ့)၊ ည ၁၁:၀၀ နာရီအချိန်တွင် (၉၆) ပါးသောရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်းကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။
ကျန်ရစ်သူမိသားစုဝင်များအားလုံး ဘုရားသခင်ထံမှနှစ်သိမ့်ခြင်းရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဝမ်းနည်းစွာဖြင့်
သန့်ရှင်းသောကားတိုင်အသင်းတော်မိသားစု

ဝမ်းနည်းကြေကွဲခြင်းအန်တီ Marjorie လှဝင်းကြည် နှင့် (ဦး Winston Vardon) တို့၏သား၊ မဂျက်ကလင်းမီမီဝင်းနှင့် မဂျနီဖာသင်းသန္တ...
20/08/2026

ဝမ်းနည်းကြေကွဲခြင်း

အန်တီ Marjorie လှဝင်းကြည် နှင့် (ဦး Winston Vardon) တို့၏သား၊ မဂျက်ကလင်းမီမီဝင်းနှင့် မဂျနီဖာသင်းသန္တာဝင်း၏အစ်ကိုဖြစ်သူ ကို Kevin ကျော်ဝင်း (၅၉) နှစ် သည် ၂၀-၈-၂၀၂၆ ရက်နေ့ (ကြာသပတေးနေ့)၊ နေ့လည် (၁)နာရီတွင် ခရစ်တော်၌ အိပ်ပျော်ပါကြောင်း ရပ်နီး၊ ရပ်ဝေး အသင်းသူ၊ အသင်းသားများအား ညိုးငယ်စွာဖြင့် အသိပေးအပ်ပါသည်။
မိသားစုနှစ်သိမ့်ခြင်းဝတ်အား ၂၁-၈-၂၀၂၆ (သောကြာနေ့) ညနေ ၅ နာရီတွင် Holy Cross Church၊ ၁၀၄ အင်းယားလမ်း၊ ကမာရွတ်၌ ပြုလုပ်မည်ဖြစ်ပါသည်။
စျာပနဝတ်ပြုခြင်းအစီအစဉ်ကို ၂၂-၈-၂၀၂၆ (စနေနေ့) နံနက် ၉:၀၀ နာရီအချိန်၌ Holy Cross Church တွင်ပြုလုပ်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ကို Kelvin ၏ နာမ်ဝိညာဉ်သည် ဘုရားသခင်၏ရင်ခွင်တော်၌ အေးချမ်းစွာနားနေပါမည့်အကြောင်းနှင့် ကျန်ရစ်သူမိသားစုများအနေဖြင့်လည်း ဘုရားသခင်ထံမှ နှစ်သိမ့်ခြင်းရရှိပါမည့်အကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

ဝမ်းနည်းစွာဖြင့်
သန့်ရှင်းသောကားတိုင်အသင်းတော်မိသားစု

သန့်ရှင်းသောကားတိုင် အသင်းတော်မိသားစုများ၏ ရှေ့ဦးပြုစုခြင်း အခြေခံ ၂ရက်တာသင်တန်း (၃၁ ဇူလိုင်-၁ သြဂုတ် ၂၀၂၆)Training by: ...
02/08/2026

သန့်ရှင်းသောကားတိုင် အသင်းတော်မိသားစုများ၏ ရှေ့ဦးပြုစုခြင်း အခြေခံ ၂ရက်တာသင်တန်း (၃၁ ဇူလိုင်-၁ သြဂုတ် ၂၀၂၆)
Training by: ဦးမိုးခိုင်စိုး Training Officer at MRCS
မြန်မာနိုင်ငံကြက်ခြေနီအသင်း

ကျွန်ပ်တို့ချစ်ခင်ရပါသော မိခင်ကြီး အန်တီ ဒေါ် Esther အုန်းကျင် (အသက် ၈၇ နှစ်) သည် ၂၈ ရက် မေလ ၂၀၂၆ နံနက် (၁၁:၅၀) အချိန်တွ...
28/05/2026

ကျွန်ပ်တို့ချစ်ခင်ရပါသော မိခင်ကြီး အန်တီ ဒေါ် Esther အုန်းကျင် (အသက် ၈၇ နှစ်) သည် ၂၈ ရက် မေလ ၂၀၂၆ နံနက် (၁၁:၅၀) အချိန်တွင် နေအိမ်၌ ခရစ်တော်၌အိပ်ပျော်သွားပါသည်။
🙏မိသားစု နှစ်သိမ့်ဆုတောင်းခြင်းဝတ်အား ၂၉ ရက် မေလ ၂၀၂၆ (သောကြာနေ့) ညနေ (၄) နာရီတွင် အမှတ် ၅/၁/၁၇၀ စကားဝါ(၃)လမ်း၊ ရွှေပြည်သာနေအိမ်၌ ပြုလုပ်ပါမည်။
(သန့်ရှင်းသောကားတိုင်ဘုရားကျောင်းမှ ညနေ (၃) နာရီ ဘုရားကျောင်းကားဖြင့်လိုက်ပါနိုင်ကြပါသည်။)
🙏အန်တီ ဒေါ် Esther အုန်းကျင်၏ ကျန်ရစ်သောခန္ဓာအတွက် စျာပနဝတ်ပြုကိုးကွယ်ခြင်းအား ၃၀ ရက် မေလ ၂၀၂၆ (စနေနေ့) မနက် (၉) နာရီတွင် ခရစ်တော်ဘုရင်မင်းဘွဲ့နာမခံဘုရားကျောင်း (အင်းစိန်) တွင်ပြုလုပ်ပြီး ကျူချောင်သုသာန် (ရွှေပြည်သာ)သို့ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
🙏 အန်တီ ဒေါ် Esther အုန်းကျင် အောက်မေ့ဘွယ်ဝတ်ပြုခြင်းအား ၃၁ ရက် မေလ ၂၀၂၆ (တနဂ်နွေနေ့) တွင် ခရစ်တော်ဘုရင်မင်းဘွဲ့နာမခံဘုရားကျောင်း (အင်းစိန်) တွင်ပြုလုပ်ပါမည်။

28/05/2026

သန့်ရှင်းသောကားတိုင်အသင်းတော်၏ အသင်းသူတစ်ဦးဖြစ်သော ကျွန်တော်တို့ချစ်ခင်ရပါသော မိခင်ကြီး အန်တီဒေါ်အုန်းကျင်သည် ယနေ့ မွန်းလွဲ ၁၂နာရီခန့်တွင် ခရစ်တော်၌အိပ်ပျော်သွားကြောင်းညှိုးငယ်စွာဖြင့် မိသားစုကိုယ်စားအသိပေးအပ်ပါသည်။ ကျန်ရစ်သူ ဖခင်ကြီး ဦးစီအောင်လွင်နှင့် မိသားစုဝင်များအပေါ် ခရစ်တော်​၏ငြိမ်သက်ခြင်းရရှိပါစေကြောင်းဆုတောင်းပါသည်။

အန်တီဒေါ်အုန်းကျင်၏ဝိညာဉ်သည် ဘုရားသခင့်အိမ်တော်တွင်ငြိမ်သက်စွာနားနေခွင့်ရရှိပါစေ။

မိသားစုနှစ်သိမ့်ခြင်းနှင့် စျာပန ဝတ်ပြုခြင်းအစီအစဥ်များအား ထပ်မံကြေငြာပေးသွားပါမည်။

သန့်ရှင်းသောကားတိုင် မိခင်များမှဦးဆောင်၍ ပုသိမ်သာသနာပိုင်နယ် ရှင်မိ​က္ခေလအသင်းတော် (ညောင်ငူ)၌ ၂၃-၂၄ မေလ ၂၀၂၆ (၂)ရက်တာ ခ...
24/05/2026

သန့်ရှင်းသောကားတိုင် မိခင်များမှဦးဆောင်၍ ပုသိမ်သာသနာပိုင်နယ် ရှင်မိ​က္ခေလအသင်းတော် (ညောင်ငူ)၌ ၂၃-၂၄ မေလ ၂၀၂၆ (၂)ရက်တာ ခွန်အားပေး မိဿဟာယဖွဲ့ သွားရောက်ခဲ့ကြပါသည်။

သန့်ရှင်းသောကားတိုင် ဓမ္မပညာကလေးများ၏ တစ်နေ့တာလေ့လာရေးအစီအစဥ် @ ဟေရမုန် Urban Organic Farm (၁၆ မေလ ၂၀၂၆)
17/05/2026

သန့်ရှင်းသောကားတိုင် ဓမ္မပညာကလေးများ၏ တစ်နေ့တာလေ့လာရေးအစီအစဥ် @ ဟေရမုန် Urban Organic Farm (၁၆ မေလ ၂၀၂၆)

Address

104 Inya Road
Yangon

Website

Alerts

Be the first to know and let us send you an email when Holy Cross Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share