သဲအင်းဂူတရားရိပ်သာ

သဲအင်းဂူတရားရိပ်သာ For Dhamma Friends, awareness of The Inn Gu Tayar to spread of Universe

ဝိဇ္ဇာ (၃) ပါး မှာ(၁) ပုဗ္ဗေနိဝါသဉာဏ် (၂) ဒိဗ္ဗစက္ခုဉာဏ် (၃) အာသဝက္ခယဉာဏ်တို့ဖြစ်သည်။၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သေ...
23/03/2026

ဝိဇ္ဇာ (၃) ပါး မှာ

(၁) ပုဗ္ဗေနိဝါသဉာဏ် (၂) ဒိဗ္ဗစက္ခုဉာဏ် (၃) အာသဝက္ခယဉာဏ်တို့ဖြစ်သည်။

၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။

၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။

၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။

ဝိဇ္ဇာ (၈) ပါး မှာ

(၁) ဣဒ္ဓိဝိဓဉာဏ်၊(၂)ဒိဗ္ဗသောတဉာဏ်၊(၃) ပရစိတ္တဝိဇာနနဉာဏ်၊(၄) ဝိပဿနာဉာဏ်၊(၅) မနောမယိဒ္ဓိဉာဏ်၊ (၆)ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊(၇) ဒိဗ္ဗစက္ခုဉာဏ်၊(၈) အာသဝက္ခယဉာဏ်တို့ဖြစ်သည်။

၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။

၂။ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။

၃။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။

၄။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။

၅။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။

၆။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။

၇။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။

၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ် တို့ဖြစ်သည်။

28/02/2026
ခုနစ်ဆူနှင့် အရိမေတ္တေယျဘုရားပါ          ဘဒ္ဒကမ္ဘာ၌ ဘုရား ငါးဆူ ဟု ဆိုသော်လည်း အချို့သော စာအုပ်၌ ဝိပဿီ, သိခီဘုရား အပါအဝင...
22/01/2026

ခုနစ်ဆူနှင့် အရိမေတ္တေယျဘုရားပါ
ဘဒ္ဒကမ္ဘာ၌ ဘုရား ငါးဆူ ဟု
ဆိုသော်လည်း အချို့သော စာအုပ်၌
ဝိပဿီ, သိခီဘုရား အပါအဝင်
ခုနစ်ဆူ ဟု ဆိုထားပါသည်။
ဘဒ္ဒကမ္ဘာ၌ ဘုရားမည်မျှ
ပွင့်ပါသနည်း ဘုရား..?.

🙏 (က) ဘဒ္ဒကမ္ဘာ၌
"ဘုရားငါးဆူ " သာ
ပွင့်တော်မူခဲ့ပါသည်။

ဝိပဿီ မြတ်စွာဘုရားနှင့်
သိခီမြတ်စွာဘုရားတို့မှာ
ဤဘဒ္ဒကမ္ဘာ မတိုင်မီက

(၁) ဝိပဿီ မြတ်စွာဘုရားသည်
၉၁ ကမ္ဘာထက် သာရကမ္ဘာ
ပွင့်တော်မူ၍
(၂) သိခီမြတ်စွာဘုရားသည်
၃၁ ကမ္ဘာထက် မဏ္ဍကမ္ဘာ
ပွင့်တော်မူခဲ့သည်။

ဒီဃနိကာယ်၊ မဟာဝဂ္ဂ၊ မဟာပဒါနသုတ် ၄၂ ၌ နိဂုံးအဖြစ်
သုဒ္ဓါဝါသ ခရီးစဉ်ကို ဟောရာ
ထို သုဒ္ဓါဝါသဘုံ များသို့
ဘုရားရှင် ကြွတော်မူစဉ်

ဝိပဿီ စသော ဘုရားခုနစ်ဆူ တို့၏ တပည့်သာဝက ဗြဟ္မာများက
ထိုဘုရားရှင် အသီးသီးတို့၏ အကြောင်းအရာများကို
လျှောက် ထားခဲ့၏။

ထို သုဒ္ဓါဝါသ ခရီးစဉ်ပြ
ဒေသနာတွင် ပါဝင်သိမ်းသွင်းနိုင်ရန်
ထိုဒေသနာနှင့် လျော်ညီစွာ
ဘုရားခုနစ်ဆူတို့၏
ပုဗ္ဗေနိဝါသများကို ဟောတော်မူ၏။ (သပြေကန် ပရိတ်ကြီး
နိဿယသစ် ၅၂၂ )

(ခ) ဂေါတမဗုဒ္ဓသည်
ပညာဓိက (ပညာအလွန်ကဲဆုံး) ဘုရားလောင်းဖြစ်၍
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းသာ ပါရမီဖြည့်ပြီး ဘုရား ဖြစ်ခဲ့သည်။

ထို့ကြောင့် ထိုလေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်း ထက်၌
ပွင့်တော်မူသော
ဒီပင်္ကရာ မြတ်စွာဘုရားထံ၌
နိယတဗျာဒိတ် ခံတော်မူခဲ့ရသည်။

နောင်ပွင့်တော်မူလတ္တံ့သော
အရိမေတ္တေယျ မြတ်စွာဘုရားမှာ
ဝီရိယာဓိက (ဝီရိယလွန်ကဲသော) ဘုရားလောင်းဖြစ်၍
တစ်ဆယ့်ခြောက် သင်္ချေနှင့်
ကမ္ဘာတစ်သိန်း ပါရမီ
ဖြည့်ရမည်ဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့သော
တစ်ဆယ့်ခြောက်သင်္ချေထက်၌
ပွင့်တော်မူသော ဘုရား တစ်ဆူဆူ ထံ၌ ဗျာဒိတ်ခံတော်မူခဲ့မည် ဖြစ်ပါသည်။

ဗုဒ္ဓဝင်တွင် ဂေါတမ ဗုဒ္ဓဆိုင်ရာ၌
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကိုသာ
ပြခဲ့သဖြင့် အရိမေတ္တေယျ ဘုရား ဗျာဒိတ်ခံရာ ကမ္ဘာနှင့်
ဘုရားအမည် စသည်ကို
သိနိုင်ခွင့် မရှိပါ။

ဘာသာရေးပြဿနာများ (၄)
ဘဒ္ဒန္တတိလောကသာရ (ရဝေထွန်း)
::::::::::::::::::::::-------::::::::::::::::::::::::::

" လူအသိနည်းသော မြတ်ဗုဒ္ဓ၏
ဂုဏ်တော် ၁၀၈ပါး "

၁။ အရဟံ - လူမင်း-နတ်မင်း-ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား။

၂။ သမ္မာသမ္ဗုဒ္ဓေါ - သိစရာမှန်သမျှ တရားအလုံးစုံကို ဆရာမကူ
သူမတူအောင် သယမ္ဘူဉာဏ်ဖြင့် သိမြင်တော်မူသော မြတ်စွာဘုရား။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဝိဇ္ဇာသုံးပါး ၊ ဝိဇ္ဇာရှစ်ပါး ၊ စရဏတရား
တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄။ သုဂတော - ကောင်းရာညွှန်ပြ ဟောကြားတော်မူတတ်သော မြတ်စွာဘုရား။

၅။ လောကဝိဒူ - လောကသုံးပါးကို အကြွင်းမဲ့သိမြင်တော်မူသောမြတ်စွာဘုရား။

၆။ အနုတ္တရောပုရိသဒမ္မသာရထိ -
ဆုံးမသင့် ဆုံးမထိုက်သော
သတ္တဝါတို့ကို လိမ္မာယဉ်ကျေးအောင် အတုမရှိ ဆုံးမတော်မူတတ်သောမြတ်စွာဘုရား။

၇။ သတ္ထဒေဝမနုဿာနံ - လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါအားလုံးတို့၏ရှေ့ဆောင်လမ်းပြဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။

၈။ ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၍ သတ္တဝါတို့ကိုလည်းသိမြင်အောင်
ဟောပြနိုင်တော်မူသော မြတ်စွာဘုရား။

၉။ ဘဂဝါ - ဘုန်းတော်အနန္တနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁ဝ။ ဒဿဗလော - အားတော်ဆယ်တန် တန်ခိုးတော်မာန်ဖြင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁၁။ သဗ္ဗညု - တရားဥဿုံ အလုံးစုံကို ထိုးထွင်းသိမြင်တော်မူသောမြတ်စွာဘုရား။

၁၂။ မုနိန္ဒော - ရဟန်းအပေါင်းတို့၏ ဦးစီးနာယက အစိုးရတော်မူသော မြတ်စွာဘုရား။

၁၃။ ဒွိပဒတ္ထမ - ပြိုင်ဘက်ဂုဏ်ထူး အထူးအားဖြင့် နှစ်ဆူမရှိတော်မူသော မြတ်စွာဘုရား။

၁၄။ စက္ခုမန္တ - စက္ခုဣန္ဒြေ ငါးထေနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။

၁၅။ အဂ္ဂိရဿ - ရောင်ခြည်တော်
တပြောင်ပြောင် တဝင်းဝင်းထွန်းလင်းတောက်ပ တော်မူသောမြတ်စွာဘုရား။

၁၆။ လောကနာထ - လောကသုံးပါးတို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား။

၁၇။ မဟေသီ - သီလက္ခန္ဓစသည့် ကျေးဇူးဂုဏ်အထူးတို့ကို ရှာမှီးတွေ့ရှိတော်မူသော မြတ်စွာဘုရား။

၁၈။ သမန္တစက္ခု - သဗ္ဗညုတဥာဏ် ၊ စက္ခုဉာဏ်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၁၉။ မာရဇိန - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၂ဝ။ ဓမ္မရာဇာတိ - တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရား။

၂၁။ မဟာမုနိ - မုနိတကာတို့ထက်
ကြီးမြတ်တော်မူသော မြတ်စွာဘုရား။

၂၂။ ဒေဝဒေဝေါ - နတ်မျိုးများစွာ
နတ်တကာတို့ထက် မြင့်မြတ် တော်မူသော မြတ်စွာဘုရား။

၂၃။ ဓမ္မဿာမိ - တရားအပေါင်းတို့၏ ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရား။

၂၄။ လောကဂရု - လောကသုံးပါး အလေးထား၍ လေးစားထိုက်သော မြတ်စွာဘုရား။

၂၅။ တထာဂတံ - ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရား။

၂၆။ သယမ္ဘူ - အလုံးစုံသော တရားတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်းသိမြင်တော်မူသောမြတ်စွာဘုရား။

၂၇။ ဝရပညော - မြတ်သောပညာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၂၈။ ယောဇိနော - မာရ်စစ်အင်ကို အောင်မြင်တော်မူသောမြတ်စွာဘုရား။

၂၉။ နရာသဘာ - လူ ၊ နတ် ၊ ဗြဟ္မာတို့ထက် မြင့်မြတ်တော်မူသောမြတ်စွာဘုရား။

၃ဝ။ မုနိသာရ - ရသေ့ ၊ ရဟန်းအပေါင်းတို့ကို အစိုးရတော်မူသောမြတ်စွာဘုရား။

၃၁။ လောကနာယက - လူ ၊ နတ် ၊ ဗြဟ္မာ၊ သတ္တဝါတို့၏ ခရီးလမ်းကို
ညွန်ပြတော်မူသော မြတ်စွာဘုရား။

၃၂။ အမတံ - သေခြင်းကင်းရာ
နိဗ္ဗာန်ချမ်းသာခြင်းကို ရရှိတော်မူသော မြတ်စွာဘုရား။

၃၃။ သန္တံ - ဆိတ်ငြိမ်ခြင်း ၊ ရောင့်ရဲခြင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၃၄။ အသမံ - ပြိုင်ဘက်ကင်းစွာ
ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား။

၃၅။ သရဏံ - ကိလေသာတို့မှ
ကင်းဝေးတော်မူသော မြတ်စွာဘုရား။

၃၆။ အဘယံ - ဘေးလွတ်ကင်းရာ သတ္တဝါတို့ကို ပို့ဆောင်ပေးတော်မူသော မြတ်စွာဘုရား။

၃၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရား။

၃၈။ ဓိတိမာ - တည်ကြည်သော
သမာဓိရှိသော မြတ်စွာဘုရား။

၃၉။ အနေဓံ - လောင်မီးတဏှာ
ကင်းရှင်းတော်မူသော မြတ်စွာဘုရား။

၄၀။ ဥပေတပညော - ပညာအဓိကဖြင့် ပြည့်ဝတော်မူသော မြတ်စွာဘုရား။

၄၁။ မဓုရဝရသရော - သာယာသော အသံတော်မြတ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄၂။ နရဒေပဟီတံ - လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါတို့၏ အကျိုးကို ဆောင်တော်မူသော မြတ်စွာဘုရား။

၄၃။ ဒယာလယံ - မဟာဂရုဏာတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၄၄။ ဝိရဇံ - ရာဂကင်းရှင်းတော်မူသော မြတ်စွာဘုရား။

၄၅။ သူမတိ - ကောင်းမြတ်သော
အယူရှိတော်မူသော မြတ်စွာဘုရား။

၄၆။ နရပူစိတံ - လူ နတ် ဗြဟ္မာ
သတ္တဝါတို့ ပူဇော်ထိုက်တော်မူသောမြတ်စွာဘုရား။

၄၇။ ပါရပတ္တံ - နိဗ္ဗာန်ကမ်းတဖက်သို့ တက်လှမ်းရောက်ရှိတော်မူသော မြတ်စွာဘုရား။

၄၈။ တာဏံ - သတ်တဝါတို့ ကိုးကွယ်ရာ အစစ်ဖြစ်တော်မူသော မြတ်စွာဘုရား။

၄၉။ လေဏံ - သတ္တဝါတို့မှီခိုရာ ဖြစ်တော်မူသော မြတ်စွာဘုရား။

၅၀။ ဒက္ခိဏေယျံ - မြတ်သောအလှူကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။

၅၁။ ဒိဝါဏရ - နေမင်းကဲ့သို့ ထွန်းလင်းသော အရောင်ရှိတော်မူသော မြတ်စွာဘုရား။

၅၂။ အဘင်္ဂ - မာရ်စစ်သည်တို့ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

၅၃။ ဂေါတမ - ဘဒ္ဒကမ္ဘာ ဘဂဝါဟု
နာမတစ်ဆူ ထင်ရှားတော်မူသောမြတ်စွာဘုရား။

၅၄။ အာဒိစ္စဗန္တု - နေမင်း၏ အဆွေလည်း ဖြစ်တော်မူသော မြတ်စွာဘုရား။

၅၅။ အစိန္တေယျ - မကြံစည်နိုင်သော ဘုန်းတော် ၊ ကံတော် ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၅၆။ အပ္ပမေယျ - မနှိုင်းယှဉ်နိုင်သော ဘုန်းတော် ၊ ကံတော် ၊ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၅၇။ သေဌော - လောကသုံးပါးထက် မြတ်တော်မူသော မြတ်စွာဘုရား။

၅၈။ စေဌော - လောကသုံးပါးထက် ကြီးတော်မူသော မြတ်စွာဘုရား။

၅၉။ ပရမံ - သတ္တဝါအပေါင်းတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား။

၆ဝ။ အနုတ္တရံ - သာလွန်သူမရှိတော်မူသော မြတ်စွာဘုရား။

၆၁။ တိလောကန္တဂူ - လောကသုံးပါး၏ အဆုံးသို့ ရောက်တော်မူသော မြတ်စွာဘုရား။

၆၂။ အသင်္ချေယျ - မရေတွက်နိုင်သော ဘုန်းတော် ၊ ကံတော် ၊ ဉာဏ်တော်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၆၃။ မဟာကဝိန် - မဟာကဝိ ပညာရှိတော်မူသော မြတ်စွာဘုရား။

၆၄။ အပ္ပဋိပုဂ္ဂလော - လောကတစ်ခွင် နှိုင်းတုမမြင်သော မြတ်စွာဘုရား။

၆၅။ မုနိန္ဒာသီပဝရ - ငါးတန်သော
မုနိတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား ။

၆၆။ အနန္တဂူ - အ - အဆုံးမရှိသော နိဗ္ဗာန်သို့ ကြွမြန်းတော်မူသော မြတ်စွာဘုရား ။

၆၇။ နရိန္ဒ - လူအပေါင်းတို့ကို
အစိုးရတော်မူသော မြတ်စွာဘုရား ။

၆၈။ ဒေဝိန္ဒ - နတ်အပေါင်းတို့ကို
အစိုးရတော်မူသော် မြတ်စွာဘုရား။

၆၉။ ဗြဟိန္ဒ - ဗြဟ္မာအပေါင်းတို့ကိုအစိုးရတော်မူသော် မြတ်စွာဘုရား။

၇၀။ တိဘဝပါရဂူ - ကာမရူပ -အရူပ ဘဝတို့၏ တစ်ဖက်ကမ်းသို့ တက်လှမ်းရောက်တော်မူသော မြတ်စွာဘုရား ။

၇၁။ လောကဥသျှောင် - သုံးလောက
ထွဋ်ထား အမြတ်ဆုံး ဖြစ်တော မူသောမြတ်စွာဘုရား ။

၇၂။ သစ္စဝါဒီ - မှန်သောအယူရှိတော်မူသော မြတ်စွာဘုရား။

၇၃။ မောဟတမံ - မောဟအမိုက်တိုက်ကို ပယ်ရှင်းတော်မူသော
မြတ်စွာဘုရား ။

၇၄။ ဥာဏလောကံ - ဉာဏ်အလင်းထွန်းပြောင်သော မြတ်စွာဘုရား ။

၇၅။ မဟာဝီရော - ဝီရိယကြီးမားတော်မူသော မြတ်စွာဘုရား။

၇၆။ မဟာဓမ္မံ - ကြီးမြတ်သော
အဘိဉာဉ်နှင့် အရဟတ္တဖိုလ်တည်းဟူသော ဓမ္မဘုန်းတော်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၇၇။ တိလောကဝိဇ္ဇကော - လောကသုံးပါး အားကိုးရာဆေးဆရာ သဖွယ်ဖြစ်တော်မူသော မြတ်စွာဘုရား ။

၇၈။ သတ္တဝါတော - သတ္တဝါအနန္တ၏ ယာဉ်မှူးလည်းဖြစ်တော်မူသော မြတ်စွာဘုရား ။

၇၉။ သဗ္ဗဂုဏာကရော - ခပ်သိမ်းကုန်သော တည်ရာဖြစ်တော်မူသော မြတ်စွာဘုရား ။

၈ဝ။ ပုရိသာဇည - မြတ်သောယောင်္ကျား အာဇာနည်ကြီး ဖြစ်တော်မူသောမြတ်စွာဘုရား

၈၁။ မုနိပုင်္ဂဝေါ - ရဟန်းတကာတို့၏ အရှင်ဖြစ်တော်မူသော
မြတ်စွာဘုရား ။

၈၂။ စိတြဝါစတော - ဆန်းကျယ်သော တရားစကားဟောကြားတော်မူသော မြတ်စွာဘုရား ။

၈၃။ ဘူရိပညော - မြေထုပမာ ခန့်ခိုင်ကြီးမားတော်မူသော မြတ်စွာဘုရား။

၈၄။ သိရိမဟေ - ဘုန်းကျက်သရေ ကြီးမားတော်မူသော မြတ်စွာဘုရား ။

၈၅။ သကျမုနိ - သာကီဝင်မင်းတို့
ထွဋ်ခေါင် ဦးဆောင်နိုင်တော်မူသော မြတ်စွာဘုရား ။

၈၆။ သုသမာဟိတော - ကောင်းစွာတည်ကြည်သော နှလုံးသားရှိ
တော် မူသောမြတ်စွာဘုရား

၈၇။ ခယ - ရာဂ ကိလေသာ ကုန်ရာနိဗ္ဗာန်သို့ ကြွမြန်းတော်မူသော မြတ်စွာဘုရား ။

၈၈။ ဂမ္ဘီရပညော - နက်နဲ ခက်ခဲသော ပညာရှိတော်မူသော မြတ်စွာဘုရား ။

၈၉။ ဝရညူ - မြတ်သောတရားတော်များကို ထိုးထွင်းသိမြင်တော
မူသော မြတ်စွာဘုရား

၉ဝ။ တတ္ထိသာဝရခက္ခဏော - (၃၂)ပါးသော ယောက်ျားမြတ် လက္ခဏာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

၉၁။ ဝိတမိဒ္ဓေါ - ငိုက်မျဉ်းခြင်းကင်းတော်မူသော မြတ်စွာဘုရား ။

၉၂။ နိယျာနိတံ - သံသရာဝဋ်တွင်းမှ လွတ်ကင်းအောင် ထုတ်ဆောင်သော မြတ်စွာဘုရား ။

၉၃။ သုဒေသီတံ - ကောင်းသောတရားကို ဟောကြားတော်မူသော မြတ်စွာဘုရား ။

၉၄။ သကျပုတ္တ - သာကီဝင်နွယ်ဖွား မြတ်သောမင်းသား ဖြစ်တော်မူသော မြတ်စွာဘုရား ။

၉၅။ ဝိတသာရဒါ - ရွံ့ကြောက်ခြင်း ကင်းတော်မူသော မြတ်စွာဘုရား။

၉၆။ အသမသဟ - ပစ္စေကဗုဒ္ဓါတို့
နှင့်တူတော် မူသော မြတ်စွာဘုရား။

၉၇။ မဟိဒ္ဓိကာ - ကြီးမားသော တန်ခိုးတော်ရှိတော်မူသော မြတ်စွာဘုရား။

၉၈။ ဝေသာရဇ္ဇ - ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၉၉။ ပရာယန - သတ္တဝါတို့မှီခိုလဲလျောင်းရာဖြစ်တော်မူသော မြတ်စွာဘုရား ။

၁ဝဝ။ အနန္တဥာဏော - အပိုင်းအခြားမရှိသော ဉာဏ်တော်ရှိတော်မူသော မြတ်စွာဘုရား ။

၁၀၁။ ယီနာဒ - ခြင်္သေ့မင်းကဲ့သို့ အသံဩဇာရှိတော်မူသောမြတ်စွာဘုရား ။

၁ဝ၂။ အပ္ပဋိဝတ္တိ - နှိုင်းယှဉ်အပ်သော ပုဂ္ဂိုလ်မရှိသော မြတ်စွာဘုရား။

၁ဝ၃။ ပုရသတ္တမေ - ယောက်ျားတကာတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား ။

၁ဝ၄။ မဟာယသံ - အခြံအရံပေါများခြင်း ဂုဏ်နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၁ဝ၅။ မတဗ္ဗလော - ကြီးမားသော ခွန်အားနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၁၀၆။ မဟာကာမံ - စိတ်ရှိသမျှလိုသော ဆန္ဒနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

၁၀၇။ မဟာဒီပါ - မှီခိုအားထားရာ
ကျွန်းကြီးသဖွယ် ဖြစ်တော်မူသောမြတ်စွာဘုရား ။

၁ဝ၈။ အနန္တဗောဓိ - အဆုံးအပိုင်းအခြားမရှိသောတရားဉာဏ်တော်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား ။ ။

:::::::::::::🙏🙏🙏::::::::::::::

" ဂုဏ်တော်ရည်မှန်း သက်တော်ထင်ရှား
သဗ္ဗေညုတ မြတ်စွာဘုရားအား
*ဂုဏ်တော် ၁၀၈ ပါးဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားဟု
ရွတ်ဖတ် ပူဇော်၍သော် လည်းကောင်း ဂုဏ်တော်တပါး ပုတီး တလုံးချ၍ သော်လည်းကောင်း မြတ်ဘုရား၏
ဂုဏ်တော် ပူဇော်သူများသည်
အကျိုးအနန္တဖြစ်ထွန်
စေသည်ဖြစ်ပါသည်။ ။

မူရင်းအား လေးစားစွာဖြင့်
ဓမ္မတရားတော် ဗုဒ္ဓဘာသာ
ဒေါ်ဝေဝေ ဓမ္မအလှူ

18/01/2026
ခန္တီစေတီတော် ကိုတည်ချင်၊ ဗုဒ္ဓါနုဿတိ ပွါးများချင်သူ၊ပုတီးစိတ်ချင်သူများအတွက် အနည်းဆုံးတနေ့တဆူ တည်ပါ အကျိုးထူးပါမည် 🙏🙏🙏၁...
08/01/2026

ခန္တီစေတီတော် ကိုတည်ချင်၊ ဗုဒ္ဓါနုဿတိ ပွါးများချင်သူ၊ပုတီးစိတ်ချင်သူများအတွက် အနည်းဆုံးတနေ့တဆူ တည်ပါ အကျိုးထူးပါမည် 🙏🙏🙏
၁)ဗုဒ္ဓံသရဏံဂစ္ဆာမိ -၁၀၈လုံး -တပတ်စီ
၂)ဓမ္မံသရဏံဂစ္ဆာမိ
၃)သံဃံသရဏံဂစ္ဆာမိ
၄) အရဟံ
၅)သမ္မာသဗ္ဗုဒ္ဓေါ
၆)ဝိဇ္ဇာစရဏသဗ္မန္ဒေါ
၇)သုဂတော
၈)လောကဝိဒူ
၉)အနုတ္တရောပုရိဿဓမ္မသာရထိ
၁၀)သတ္တာဒေဝမနုဿာနံ
၁၁)ဗုဒ္ဓေါ
၁၂)ဘဂဝါ
၁၃)အနိစ္စ
၁၄)ဒုက္ခ
၁၅)အနတ္တ
၁၆)ပုဗ္ဗေနိဝါသဉာဏ်
၁၇)ဒိဗ္ဗစက္ခုဉာဏ်
၁၈)အာသဝက္ခယဉာဏ်
၁၈ပတ် စိတ်ရပါမယ် စစချင်း ၂ခေါက်စိတ် (၃၆ပတ်)စိတ်ရင်နောက်နေ့မှာ ၂ပတ်ကစရျ်ဆက်တိုက် စိတ်ရပါမယ် ( ကိုယ်စိတ်နိုင်သလောက်ကစရျ် စိတ်နိုင်ပါသည်။

ဝိဇ္ဇာ (၃) ပါး မှာ

(၁) ပုဗ္ဗေနိဝါသဉာဏ် (၂) ဒိဗ္ဗစက္ခုဉာဏ် (၃) အာသဝက္ခယဉာဏ်တို့ဖြစ်သည်။

၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။

၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။

၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။

ဝိဇ္ဇာ (၈) ပါး မှာ

(၁) ဣဒ္ဓိဝိဓဉာဏ်၊(၂)ဒိဗ္ဗသောတဉာဏ်၊(၃) ပရစိတ္တဝိဇာနနဉာဏ်၊(၄) ဝိပဿနာဉာဏ်၊(၅) မနောမယိဒ္ဓိဉာဏ်၊ (၆)ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊(၇) ဒိဗ္ဗစက္ခုဉာဏ်၊(၈) အာသဝက္ခယဉာဏ်တို့ဖြစ်သည်။

၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။

၂။ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။

၃။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။

၄။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။

၅။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။

၆။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။

၇။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။

၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ် တို့ဖြစ်သည်။

စရဏ အကျင့် ၁၅ ပါး မှာ
ရူပါဝစရ စတုက္ကဈာန်လေးပါး,သီလသံဝရတပါး,ဣန္ဒြိယဂုတ္တတပါး,ဘောဇနမတ္တညူတပါး, ဇာဂရိယာနုယောဂ တပါး, သဒ္ဒါ,သီလ,သုတ,စာဂ,ပညာ,ဟီရိ,ဩတ္တပ္ပ တို့ဖြစ်သည်။

Address

Aung Thitsar Street , North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when သဲအင်းဂူတရားရိပ်သာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to သဲအင်းဂူတရားရိပ်သာ:

Share