Dhammamyitta

Dhammamyitta ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းပါစေ
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပက်ကမ္ဘာတည်ပါစေ

ဓမ္မမေတ္တာ page မှာ ပို့စ်မတင်ဖြစ်ပေမဲ့ ဆရာတော်ကြီးများ၏ တရားတော်များ SD ကဒ် , USB စတစ်များ ,PTY ရေဒီယို စက်များ09420033...
24/03/2024

ဓမ္မမေတ္တာ page မှာ ပို့စ်မတင်ဖြစ်ပေမဲ့
ဆရာတော်ကြီးများ၏ တရားတော်များ
SD ကဒ် , USB စတစ်များ ,PTY ရေဒီယို စက်များ

09420033785 သို့ဆက်သွယ်
မှာယူပူဇော်နိုင်ပါတယ်ရှင် 🙏

သီတင်းကျွတ်လပြည့်နေ့ဟာ အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး။ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကို ပြီးဆုံး၍ နိဂုံး...
29/10/2023

သီတင်းကျွတ်လပြည့်နေ့ဟာ
အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး။

ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကို ပြီးဆုံး၍ နိဂုံးချုပ်နိုင်ခဲ့တဲ့နေ့..အဘိဓမ္မာ အခါတော်နေ့ဖြစ်တယ်...။

မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓသာသနာတော်မှာ ထူးခြားတဲ့ လပြည့် နေ့တစ်နေ့ ဖြစ်တယ်။

ဒီလပြည့်နေ့မှာ ထူးခြားတဲ့ အကြောင်းတွေများစွာဖြစ်ခဲ့မည် ဖြစ်သော်လည်း မှတ်တမ်းတင်ထားတာလေးကို ဘုန်းကြီးတို့ မှတ်သားကြရမယ်။

အားလုံးသိတဲ့အတိုင်း ဒီကနေ့က အဘိဓမ္မာတရားပွဲကြီးပြီးဆုံးတဲ့နေ့ဖြစ်တယ်။ဒါကြောင့် “အဘိဓမ္မာအခါတော်နေ့” လို့ သတ်မှတ်ကြတယ်။

အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး၊ ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ ဒီကနေ့မှာဘဲ ပြီးဆုံး၍ နိဂုံးချုပ်နိုင်ခဲ့တယ်။

ဗုဒ္ဓမြတ်စွာက တာဝတိံသာနတ်ပြည်တက်ပြီး
အင်မတန်လေးနက်တဲ့ ဓမ္မသဘာဝတွေကို အသေးစိတ် ဟောခဲ့တယ်။

အဘိဓမ္မာ(၇)ကျမ်းကို ချဲ့ဖွင့်ပြီးနတ်တွေနဲ့ ထိုက်တန်အောင် လေးနက်မှုရှိတဲ့အဘိဓမ္မာ တရားတော်ကြီးကို သုံးလပတ်လုံး ဟောကြားခဲ့တယ်ဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအားလုံး သိကြတယ်။

ဒီကနေ့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ တာဝတိံသာနတ်ပြည်မှာ ပြီးဆုံးလို့ နိဂုံးချုပ်တဲ့နေ့လို့ ပြောရမှာဖြစ်တယ်။ဒါလည်း ထူးခြားချက်တစ်ခုလို့ ဆိုရမယ်။ ။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ
ဝါတွင်းသုံးလ ဆွမ်းစားချိန်ကျတိုင်း လူ့ပြည်သို့
ကြွရောက်ပြီး ဆွမ်းဘုန်းပေးတယ်။

နေ့စဉ်လာရောက်တွေ့ဆုံတဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်အား အဘိဓမ္မာရဲ့ အနှစ်ချုပ်တွေကို ဟောကြားပေးခဲ့တယ်။

ရှင်သာရိပုတ္တရာ အရှင်မြတ်ကလည်း ဥာဏ်ပညာ အလွန်ကြီးမားတယ်။

မြတ်စွာဘုရားအကျဉ်းချုပ်ဟောကြားခဲ့တဲ့ အဘိဓမ္မာတရားကိုမိမိရဲ့ ဉာဏ်ဖြင့် စီစဉ်ပြီး တပည့် ရဟန်းငါးရာကိုထပ်ဆင့်ဟောကြားခဲ့တာ။

အဲဒီ အဘိဓမ္မာတရားတွေရဲ့ အဆုံးသတ်နေ့ကလည်း ဒီနေ့ပဲ။

ဆိုလိုတာကအဘိဓမ္မာတရားတော်သည်နတ်ပြည် မှာဟောတဲ့အဘိဓမ္မာတရား။လူ့ပြည်မှာ ရှင်သာရိပုတ္တရာ၊ဟောကြားတဲ့ အဘိဓမ္မာတရားလို့ နှစ်မျိုးရှိတယ်။

အဲဒီ အဘိဓမ္မာဒေသနာ နှစ်ရပ်စလုံးဟာ ဒီကနေ့ မှာတပြိုင်နက် နိဂုံးချုပ်နိုင်ခဲ့တယ်။

စတင်ပြီးဟောတဲ့နေ့ကို “အဘိဓမ္မာအခါတော်
နေ့”လို့ မသတ်မှတ်ဘဲ ပြီးဆုံးတဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ ဘာလို့ သတ်မှတ်ရသလဲဆိုရင်စဟောတဲ့နေ့က အဘိဓမ္မာတရား ပြည့်ပြည့်စုံစုံဟောရခဲ့သေးတာ မဟုတ်သေးဘူး။

အခုလိုနောက်ဆုံး အဘိဓမ္မာ (၇)ကျမ်းဟောလို့ နိဂုံးအုပ်နိုင်တဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ သတ်မှတ်တာက ပိုပြီးသဘာဝကျတယ်။

များသောအားဖြင့် မှတ်တမ်းတွေထဲမှာမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတဲ့အခါမှာရပ်ဆိုင်းခြင်းမရှိဘဲနဲ့ ဟောတယ်။အသံမစဲဟောတယ်ပေါ့လေ။

အဘိဓမ္မာတရားတော်ကိုပဲဟောတယ်လို့ အများက သိနေကြသော်လည်းရံခါရံခါ တရားနာတဲ့ နတ်တွေအတွက် လိုအပ်တဲ့အချက်တွေကို ထည့်သွင်းဟောသွားတာတွေလည်းရှိတယ်ဆိုတာ ပိဋကတ်စာပေ သဲလွန်စအရသိရှိရတယ်။

အဘိဓမ္မာဟောရင်း ဟောပြောသွားတဲ့တရားတွေ ရှိတယ်ဆို တာ လောမသကယဘဒ္ဒေကရတ္တ သုတ္တန်ဆိုတာ ရှိတယ်။

အဲဒီဘဒ္ဒေကရတ္တသုတ်အရ အဘိဓမ္မာတရား ဟောတုန်းက ကိုယ် တိုင် နာခဲ့တဲ့ စန္ဒီနနတ် သားကရှင်လောမသကဂိယနဲ့ တွေ့တဲ့အခါမှာ ဘဒ္ဒေကရတ္တသုတ် အနှစ်ချုပ်ဂါထာကို နာခဲ့ရတဲ့အကြောင်းကိုလျှောက်ထားဖူးတယ်။

အဲဒီသဲလွန်စ စကားအရ သုံးလပတ်လုံး
အဘိဓမ္မတရားဟောတယ်လို့ ယေဘုယျအားဖြင့်
ဆိုနိုင်သော်လည်း နတ်တွေရဲ့ စရိုက်ဝါသနာတွေကိုကြည့်ပြီး တရားထူးတရားမြတ် ရစေဖို့အတွက်သုတ္တန် တရားများကိုလည်း ထည့်သွင်းဟောကြားတယ်လို့ ဒီလိုမှတ်သားသင့်တယ်။

အဘိဓမ္မာဒေသနာတော်ဆိုတာဟာ ပရမတ္ထ
တရားလေးပါးကို အခြေပြုတယ်။

သို့သော် အခြေပြုတဲ့ ပရမတ္ထတရားလေးပါးကိုပဲ ရှုထောင့်ပေါင်းမြောက်များစွာကနေ ချဲ့ထွင်ပြီးတော့ ဟောတာ။

အားလုံးသိကြတဲ့အတိုင်း အဘိဓမ္မာ (၇)ကျမ်းမှာ
အကျယ်ဆုံးကျမ်းဟာ “အနန္တနယသမန္တ ပဌာန
”လို့ခေါ်တဲ့ ပဋ္ဌာန်းကျမ်းကြီးပေါ့။

မြန်မာပြည်မှာ ပဋ္ဌာန်းစာအုပ်ကို ပေယျာလ
မြှုပ်ပြီး ပုံနှိပ်ထားတာဖြစ်လို့(၅)အုပ်ပဲရှိတာ။

တကယ်ကတော့ ပေယျာလမမြှုပ်ဘဲ မေးခွန်းနဲ့ အဖြေတွေအားလုံး ထုတ်ဖော်ပြီးစာအုပ်အဖြစ် ပုံနှိပ်မယ်ဆိုရင် အခု ရတနဃရဗိမာန်ကြီးပင် စာအုပ်တွေနဲ့ ပြည့်လျှံသွားနိုင်တယ်။

အဲဒီလောက်ထိ ထုထည်ကြီးမားတယ်လို့ မှတ်သားကြရတယ်။

လောကမှာ ရှိသမျှအကြောင်းတရားတွေကို
ပြည့်ပြည့်စုံစုံ ဟောကြားခဲ့တာ ဒီအဘိဓမ္မာပဲ။

အဘိဓမ္မာ ဆိုတာ အဘိဝိသိဌဓမ္မ ထူးခြားတဲ့ဓမ္မတွေပါဝင်တဲ့ ဒေသနာ၊ သို့မဟုတ် အတိရေကဓမ္မ ပိုပြီးပြည့်ပြည့်စုံစုံ ဟောထားတဲ့ ဒေသနာဖြစ်တယ်။

တနည်းအားဖြင့် ပြောရမယ်ဆိုရင် “အဘိ
” ဆိုတာအလွန်လေးနက်တဲ့။ဓမ္မဆိုတာ သဘာဝတရားဓမ္မများလို့ ဆိုလိုတယ်။

သာမန်ပုဂ္ဂိုလ်တွေက“ငါ၊သူတစ်ပါး၊ ယောက်ျား
၊ မိန်းမ”ဆိုတဲ့ လောကဝေါဟာရအရသာ သိနေကြသော်လည်း မြတ်စွာဘုရားက အဘိဓမ္မာတရားတော်ကို သမ္မုတိသစ္စာပိုင်းက စကားလုံးတွေ များများမသုံးဘဲနဲ့ ပရမတ္ထဆိုက်ထိတဲ့ စကားလုံးတွေ သုံးနှုံးဟောပြသွားတာဖြစ်တယ်။

အဘိဓမ္မာတရားတော်ဟာ သုတ္တန်တွေထက် ပိုပြီးလေးနက်တယ်၊ပိုပြီးပြည့်စုံတယ်။

သုတ္တန်ပါဠိဆိုတာ လူတွေရဲ့ စရိုက် ဝါသနာ
အခြေနေကိုကြည့်ပြီး ဆုံးမသွန်သင်ခဲ့တဲ့ တရား
ဒေသနာတော်များ ဖြစ်တယ်။

အဘိဓမ္မာကတော့စရိုက်ဝါသနာများကို ရှုင့်ခြင်းမပြုဘဲ“ဘယ်လိုသဘာဝတရားတွေ အချင်းချင်း အမှီပြုဆက်သွယ်ပြီး ဖြစ်ကြသလဲ”ဆိုတာကို ရှင်းပြတယ်။

သဘာဝတရားသက်သက် အကျယ်ချဲ့ ဟောထားတာဖြစ်လို့အင်မတန်မှ ထူးခြားတဲ့ ဒေသနာတော်တစ်ရပ်လို့ဗုဒ္ဓဘာသာဝင်တွေအားလုံး တညီတည်း လက်ခံထားကြတယ်။

အဲဒီ အဘိဓမ္မာဒေသနာတော်ကို အကျယ်ချဲ့
ပြီး တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား
ဟောတာက တစ်ပွဲ၊ လူ့ပြည်မှာ မြတ်စွာဘုရားဆီကနည်းခံပြီးတော့ ရှင်သာရိပုတ္တရာ ဟောတာက တစ်ပွဲလို့ အဘိဓမ္မာတရားပွဲကြီး နှစ်ပွဲဟာတစ်ပြိုက်နက်ပြီးဆုံးတယ်လို့ ပြောရမယ်။

ဒီကနေ့ လူ့ပြည်ရောက်လာတဲ့ အဘိဓမ္မာတရားတော်ဟာ ရှင်သာရိပုတ္တရာကိုဟောတဲ့ အဘိဓမ္မာတရားလို့ မှတ်ယူရမှာ ဖြစ်တယ်။

“အဘိဓမ်မ ပါစနာမါ နာမ သာရိပုတ်တထရေပ်ပဘ
ဝေါ” အဘိဓမ္မာမှာ အခုလို အစီစဉ်တကျ
“ဝါစနာမဂ္ဂ” ပို့ချတဲ့အစဉ်(သို့မဟုတ်) အဘိဓမ္မာ
လက်ချာဟာ ရှင်သာရိပုတ္တရာ ပေးသွားတဲ့အတိုင်းမှတ်တမ်းတင်ထားတာ ဖြစ်တယ်။

လူသားတွေနဲ့သင့်လျော်ရုံ မကျဉ်းမကျယ် စီစဉ်ထားတဲ့ အဘိဓမ္မာတရား ဖြစ်တယ်။နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာတရားကတော့ ဒီထက်ပိုပြီး ကျယ်ဝန်းတယ်။အဲဒီ အဘိဓမ္မာကို မြတ်စွာဘုရား ပြည့်ပြည့်စုံစုံဟောကြားပြီး ဒီကနေ့ပဲ နိဂုံးချုပ်နိုင်ခဲ့တာပါ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

 #ကပ်ဆိုက်တဲ့ အခါ.......==============(1) ငါးပါးသီလ မြဲခြင်း(2) အသားငါး စားသုံးမှုနည်းခြင်း(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တ...
24/09/2023

#ကပ်ဆိုက်တဲ့ အခါ.......
==============
(1) ငါးပါးသီလ မြဲခြင်း
(2) အသားငါး စားသုံးမှုနည်းခြင်း
(3)ပရိတ်ရွတ်ပုံနေရာ ကျခြင်း တို့ဟာ
ကပ်ဘေးကို အကောင်းဆုံးကာကွယ်ခြင်းပဲတဲ့။

ကပ်ဆိုက်တယ် ဆိုတာ လူသားတွေ လောဘ ,ဒေါသ , မောဟတွေ များလို့သဘာဝတရားကြီးက ရပ်တန့်သွားအောင် ပညာပေးတာ။

ငါးပါးသီလ လုံခြုံအောင် စောင့်ထိန်းခြင်းရဲ့ အကျိုးကို
သိပ္ပံကိရိယာတွေနဲ့တိုင်းလို့မရဘူး။

ကမ္ဘာလောကဓါတ်ကြီးဟာ သတ္တဝါတွေရဲ့ ကံတရားအတိုင်း ဖြစ်တည်နေတာ။

ဘုရားရှင်တွေ မပွင့်တဲ့ အချိန်သာသနာပ ကာလမှာလည်း
လူသားတွေ ငါးပါးသီလ လုံခြုံကြလို့ နတ်ကောင်း နတ်မြတ်တွေ ဝဠာဟာက ဆိုတဲ့ ရာသီဥတုကို စောင့်ကြပ်တဲ့နတ်တွေ
စောင့်ကြပ်ပေးကြတယ်။

အဲဒီ အခါမျိုးမှာ ဥတုမှန်ပြီး တိုင်းသူပြည်သားတွေ
လယ်ယာမြေလုပ်ကိုင်စားသောက်ရတာ ကောင်းမွန်တယ်။

အဲဒီအတွက် အငတ်ဘေး မဆိုက်ဘူး။

လူသားတွေ သီလပျက်ပြီ ဆိုရင် ဝဠာဟာကနတ်တွေဟာ သွားမြဲလမ်းက မသွားပဲ၊တခြားလမ်းက သွားတယ်။

အဲဒီအတွက် ဥတုတွေ ဖေါက်ပြန်တယ်။

လူသားတွေ ဥတုမမှန်တော့ လုပ်ကိုင်စားသောက်ရတာ ခက်ခဲကုန်တယ်။

ပြောချင်တာက ငါးပါးသီလ စောင့်ထိန်းတဲ့ အကျိူးဟာ
နည်းနည်းနောနောမဟုတ်ဘူး။

မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာခံရတယ်။

ဒီသဘောတွေကို ဖန်ဆင်းရှင်က ဖန်ဆင်းလို့
အရာရာဖြစ်တာဆိုတဲ့ သူတွေ ဘယ်လို လက်ခံမလဲ။
ဒါက လွဲချော်မှု နံပါတ်တစ် ပါ ။

နံပါတ်နှစ် အသားငါး စားသုံးမှု နည်းခြင်းဟာ ကပ်ဘေးကို ကာကွယ်စေတယ် ဆိုတာ ဒီနေ့တော်တော်များများ လက်ခံနိုင်မှာ မဟုတ်ဘူး။

ရောဂါပိုး ဆိုတာ ကိုယ်ခံအားကောင်းမှ ခံနိုင်တာ
အသားငါး မစားရင်ကိုယ်ခံအား မကောင်းဘူး လို့
လက်ခံထားသူတွေဟာ ပိုများနေလိမ့်မယ်။

ကိုယ်စောင့်နတ် သာသနာစောင့်နတ်နဲ့ မိမိနဲ့ပဌာန်းဆက်ပါတဲ့ ပုဂ္ဂိုလ်တွေဟာ ပျက်စီးတော့မယ့် အကြောင်းအရာတွေအတွက် ကြိုတင်ပြီး သတိပေးချင်တယ်။

အသားငါး စားထားသူတွေ ဆိုရင်သူတို့ အနားကပ်လို့မ
ရဘူး ။

အသားငါး စားထားသူဟာ အနံ့အသက် မကောင်းဘူး။

အိမ်မက်ပေးဖို့မလွယ်ဘူး နိမိတ်တွေပြဖို့ ခက်ခဲတယ်။

အသားငါး မစားခြင်းရဲ့ နောက်တမျိုး ရလဒ်က တိရစ္ဆာန်တွေအပေါ် မေတ္တာဓါတ် ပိုပြီးသက်ရောက်စေတယ်။

အထူးသဖြင့် တခြားသတ္တဝါတွေရဲ့ အကုသိုလ်ကံတွေကြောင့် ကိုယ်ပါရောပါသွားတတ်တဲ့ သဘောရှိတယ်။

ဒါကို ကိုယ်စောင့်နတ်တွေက သိပြီး သတိပေးချင်တယ်။

ဒါပေမယ့် သူတို့အနားကပ်လို့မရဘူး။

အဲဒီသဘောကြောင့် အသားငါး လျော့ခြင်းဟာ
ကပ်ဘေးကို လျော့ပါးစေတယ်လို့ပြောတာဒါက လွဲချော်မှု နံပါတ် နှစ်။

နံပါတ်သုံးက ပရိတ်ရွတ်ပုံ နေရာကျခြင်း ဆိုတာကတော့
တခြားဘာသာတွေ အတွက် ယုံကြည်မှုမရှိတဲ့ အတွက်
ပရိတ်က အရံအတား မဖြစ်စေဘူး။

ပရိတ်ရွတ်တဲ့ အခါ ဘုရားရှင်ရဲ့ တရားတော်မြတ်ရဲ့ အရှိန်အဝါဟာ ဖြည့်ဆည်းခဲ့တဲ့ ပါရမီတော်ကြောင့်
စင်္ကြာဝဠာတိုက်တစ်သောင်းထိ သြဇာအာဏာ သက်ရောက်တယ်။

ကပ်ဘေးကြောင့် လူတွေ သေကြတယ်။

အဲဒီ သေတဲ့ သူတွေကို ညအခါ ဘီလူး ,မြေဘုတ်,ပြိတ္တာတွေက လုယူစားသောက်ကြတယ်။

ဒါတွေကို ပကတိ မျက်စိနဲ့မမြင်နိုင်ကြတော့ မယုံကြည်ကြဘူး။

ပရိတ်ရွတ်တဲ့ အခါ ပရိတ်ရဲ့ သြဇာ ရွတ်ဖတ်သူရဲ့
သီလ ,သမာဓိ , ပညာကြောင့် ဘီလူးတွေ ပြိတ္တာတွေဟာ
ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။

ကပ်ဘေး ဖြစ်ချိန်မှာ အမနုဿ လို့ခေါ်တဲ့ သူတို့တွေဟာ
လူတွေကို မူးဝေအောင်လုပ်ကြတယ်။

ပူးကပ်ပြီး လူ့လောကကို အနိဋ္ဌာရုံတွေဖြစ်အောင် ကြိုးစားကြတယ်။

ပရိတ်ရွတ်ဖတ်ခြင်းနှင့် ပရိတ်ရေဖျန်းခြင်းကြောင့်
ဘီလူးတွေ ထွက်ပြေးရကြောင်း ဘုရားရှင်လက်ထက်က ကပ်ဘေးမှာဖြစ်ခဲ့ဘူးတာပဲ။

ပရိတ် အစွမ်းထက်ဖို့ အသံထွက် မှန်ရမယ်၊ယုံကြည်ရမယ်၊
ကံကြီးထိုက်သူမဖြစ်စေရ ဆိုတဲ့ အင်္ဂါသုံးချက်နဲ့ ညီရတယ်တဲ့ ။

ဒါ့ကြောင့် လယ်တီဆရာတော်ကြီးက ပရိတ်ရွတ်ပုံနေရာ ကျရမယ်လို့ ပြောခဲ့တာပါ။

ဒီသဘောတွေကတော့ ဗုဒ္ဓဘာသာဝင်တွေပဲ သိတယ်။

သိတာတောင် မယုံကြည်တဲ့သူက များတယ်
ဒါက လွဲချော်မှု နံပါတ် သုံး ပါပဲ။

အခုတော့လက်ဆေးကြ ,အပြင်မထွက်ကြနဲ့ ဆိုတဲ့
မျက်မြင်သဘော ကာကွယ်မှုတွေပဲတစ်ကမ္ဘာလုံး လုပ်နေကြတယ်။

မျက်မြင်သဘောနဲ့လည်း ကာကွယ်ရမယ် မမြင်နိုင်တဲ့ သဘောတွေနဲ့လည်းအခုတင်ပြခဲ့တဲ့အတိုင်း ကာကွယ်ကြမယ် ဆိုရင် မြန်မာပြည်သူတွေ ကပ်ဘေးကနေ ပိုပြီး လွတ်နိုင်ကြပါလိမ့်မယ်။

ဒီသဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေအတွက်
ကပ်ဘေးက လွတ်မြောက်စေနိုင်တဲ့အထူးအခွင့်အရေးဆိုတာ မမေ့ကြပါစေနဲ့ ။

#ပါမောက္ခချုပ်ဆရာတော်
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော် #တရား #တရားမှတ်စု
Credit to original writer

*ဝါဆိုလပြည့်နေ့*🙏🙏🙏 #ဝါဆိုလပြည့်နေ့၏ထူးခြားချက်များ***🙏🌷🌷    ( ၁ )။ ပဋိသန္ဓေတည်သည့်နေ့၊         မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပ...
31/07/2023

*ဝါဆိုလပြည့်နေ့*🙏🙏🙏
#ဝါဆိုလပြည့်နေ့၏ထူးခြားချက်များ***🙏🌷🌷
( ၁ )။ ပဋိသန္ဓေတည်သည့်နေ့၊
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့၊
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့၊
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့၊
(တစ်နည်း)တရားရတနာစတင်ပေါ်သောနေ့၊
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စတင်ပေါ်သည့်နေ့၊
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့၊
( ၇ ဝါမြောက် )။
--------------------

{ လယ်တီဆရာတော်ကြီး၏ကဗျာများ}မှ
ကူးယူဖော်ပြပါသည်။

*ဓမ္မမိတ်ဆွေ*
••••••••

မင်္ဂလာပါရှင့်🙏🙏🙏ဓမ္မမေတ္တာ မှာ အသစ်ထွက်ရှိသောတရားတော်များ🙏🙌ဆရာတော်ကြီးတစ်ပါးတည်းသီးသန့် သွင်းပီးသား ကဒ် , စတစ် 🙏🙌 ဆရာတေ...
16/07/2023

မင်္ဂလာပါရှင့်🙏🙏🙏

ဓမ္မမေတ္တာ မှာ အသစ်ထွက်ရှိသောတရားတော်များ🙏

🙌ဆရာတော်ကြီးတစ်ပါးတည်းသီးသန့် သွင်းပီးသား ကဒ် , စတစ် 🙏

🙌 ဆရာတော် ၂ပါး, ၃ပါး, ၆ပါး,၉ပါး, ၁၈ပါး,
အစရှိသော တရားတော်များစုစည်းမှု ကဒ် ,စတစ် 🙏

၁။ မိုးကုတ်ဆရာတော်ဘုရားကြီးအရှင်ဝိမလ ထေရုပ္ပတ္တိနှင့် ဈာပနမှတ်တမ်း - ရုပ်ပါ ) (၁၃၀၀)ပုဒ်🙏
၂။ မိုးကုတ်ဆရာတော်ဘုရားကြီးအရှင်ဝိမလ (၉၅၇)ပုဒ်

၃။ မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ
( ၈၀၀)ပုဒ်🙏
၄။ မဟာစည်ဆရာတော်ဘုရားကြီး (၇၆၇)ပုဒ်🙏

၅။ တောင်မြို့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ (တရားအသံ ၁၆၂ ပုဒ် ၊ ဗွီဒီယို ၇ပုဒ် ) (၁၆၂)ပုဒ်🙏

၆။ သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ(၂၆၉)ပုဒ်

၇။ တစ်ဘဝသာသနာကျမ်းပြုဆရာတော် ဦးဃောသိတ အလုပ်ပေး (၂၂၀) ပုဒ်🙏

၈။ ကြာနီကန်ဆရာတော် ဦးဇဋိလ ပရိတ်/ပဋ္ဌာန်း/တရားတော်များ (၉၅) ပုဒ်🙏

၉။ ဖြူးဆရာတော် ဦးနရပတိ တရားတော်များ(၁၀၄)ပုဒ်

၁၀။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၁၉၁) ပုဒ်🙏
၁၁။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၁၈၃) ပုဒ်🙏
၁၂။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၈၈၆)ပုဒ် 🙏
၁၃။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၇၀၀)ပုဒ်🙏
၁၄။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၇၃၄)ပုဒ် 🙏

၁၅။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၂၅၀၀)ပုဒ်🙏
၁၆။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၁၉၇၄)ပုဒ်🙏
၁၇။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၆၇၂)ပုဒ်🙏
၁၈။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၁၁၂၀)ပုဒ်🙏
၁၉။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၉၇၇)ပုဒ်🙏

၂၀။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
(အဘိဓမ္မာ၊ဝိသုဒ္ဓိမဂ်၊ပဋ္ဌာန်း၊ဓမ္မပဒ၊သုတ္တန္တပို့ချချက် စသည်) သင်တန်းပို့ချချက် (၆၁၇)ပုဒ်🙏

၂၁။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
(အထက်ပါပို့ချချက်များအပါအဝင် မဟာသတိပဋ္ဌာန်ပို့ချချက်အပါ) သင်တန်းတရားစုစည်းမှု (၇၇၉)ပုဒ်🙏

၂၂။ ယောဆရာတော်ကြီး အရှင်သီရိန္ဒာဘိဝံသ(၂၄၈)ပုဒ်

၂၃။ ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ တရားတော် (၃၀၉)ပုဒ်🙏

၂၄။ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ တရားတော်များ (၂၅၈)ပုဒ်🙏

၂၅။ မုံလယ်ဆရာတော်ဘုရားကြီး အရှင်သံဝရ(၄၄၇)ပုဒ်

၂၆။ မဟာဗောဓိမြိုင်ဆရာတော်ကြီး တရား(၂၃၉)ပုဒ်🙏

၂၇။ ကျိုက္ကလော့ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသ တရားတော် (၁၉၁၂)ပုဒ်🙏

၂၈။ သဇင်ရေကျော်ဆရာတော် ဦးဉာဏောဘာသ
တရားတော်များ (၄၄၄)ပုဒ်🙏

၂၉။ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ(၆၀၀)ပုဒ်🙏
၃၀။ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ(၅၈၀)ပုဒ်🙏

၃၁။ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ(၆၅၁)ပုဒ် 🙏
၃၂။ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ (၁၂၃၇)ပုဒ်🙏

၃၃။ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ (၁၀၈၁)ပုဒ်🙏
၃၄။ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ (၆၄၀)ပုဒ်🙏

၃၅။ အောင်စင်္ကြာဆရာတော် တရားတော် (၁၄၀)ပုဒ်🙏

၃၆။ အောင်လံဆရာတော် အရှင်စန္ဒိမာ အလုပ်ပေး
(ပုဒ်ရေ ၂၀၀ / ဗီဒီယို(၂၁)ဖိုင်ပါဝင်သည်)

၃၇။ပဲခူးဆယ်မိုင်ကုန်းဒေါက်တာအရှင်ပညိဿရာဘိဝံသ တရားတော် (၅၀၀)ပုဒ်🙏

၃၈။ပဲခူး ချမ်းမြေ့ရိပ်မြိုင်ဆရာတော်အရှင်တေဇောသာရ တရားတော် (၂၅၈) ပုဒ်🙏

၃၉။ သိမ်ဇရပ်ဆရာတော် အရှင်ပညာဝရ (၃၂၀)ပုဒ်🙏

၄၀။ မိုးကုတ် ဓမ္မရံသီဆရာတော် ဦးသုနန္ဒ (၅၀၀)ပုဒ်🙏

၄၁။ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ တရားတော် (၃၂၂)ပုဒ်🙏

၄၂။ ဓမ္မစေတီဆရာတော် ဦးကောသလ္လ (၅၀၅)ပုဒ်🙏

၄၃။ ဓမ္မဓရ ဒေါက်တာ အရှင်ကုမာရ (၃၁၇)ပုဒ်🙏

၄၄။ ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး(၇၀၀)ပုဒ်🙏

၄၅။ ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက (၂၄၆)ပုဒ်🙏

၄၆။မြစင်္ကြာဆရာတော် အရှင်ဣန္ဒကာဘိဝံသ(၃၉၀)ပုဒ်
၄၇။ မြစင်္ကြာဆရာတော် အရှင်ဣန္ဒကာဘိဝံသ (၄၄၇)ပုဒ်

၄၈။ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ (၄၇၃)ပုဒ်🙏

၄၉။ကိုးဘွဲ့ရဆရာတော် ဦးအာစာရာလင်္ကာရ (၂၉၇)ပုဒ်

၅၀။ ဆရာတော် အရှင်ပုညာနန္ဒတရားတော် (၉၇၅)ပုဒ်
၅၁။ မော်ကျွန်းဆရာတော် အရှင်သုစိတ္တ (၇၈၉)ပုဒ်🙏
၅၂။ မေတ္တာရှင် ရွှေပြည်သာ အရှင်ဇဝန (၄၅၃)ပုဒ်🙏
၅၃။ သစ္စာရွှေပြည်ဆရာတော် ဦးဝိလာသဂ္ဂ (၃၈၁)ပုဒ်🙏

၅၄။ ဟဲသိမ်ပတ္တမြားတောင် ဓမ္မရိပ်သာဆရာတော်
ဦးကောဝိဒ တရားတော် (၄၂၀)ပုဒ်🙏

၅၅။ အိပ်ယာထနှိုးဆော်ဆရာတော်
အဂ္ဂမဟာကမ္မဌာနာစရိယ ဦးသုန္ဒရ (၁၁၅)ပုဒ်🙏

၅၆။ မိုးကုတ်ဓမ္မကထိက ဒွိပိဋကဆရာတော်ကြီး
ဦးပဏ္ဍိတ တရားတော် (၄၈၅)ပုဒ်🙏

၅၇။ မေတ္တာအေးဆရာတော် ဦးသုဇာတ(၂၉၆)ပုဒ်🙏

၅၈။ ပတ္တမြားရိပ်သာဆရာတော်
ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ် (၆၄၅)ပုဒ်🙏

၅၉။ ကျောက်ဂူသံရွာဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒသာမိ တရားတော်များ (၆၉၂)ပုဒ်🙏

၆၀။ မိုးကုတ်ဆရာတော်ဦးသုမန (စစ်ကိုင်း)(၅၁၇)ပုဒ်🙏

၆၁။ ပြည်မြို့ ဝိဇ္ဇောဒယ သဲအင်းဆရာတော် ဦးသီရိဓမ္မ တရားတော် (၇၂၀)ပုဒ်🙏

၆၂။ ရွှေမင်းဝံဆရာတော် ဦးသောဘန (၄၃၆)ပုဒ်🙏
၆၃။ အောင်ဆန်းဆရာတော် ဒေါက်တာသဒ္ဓမ္မကိတ္ထိသာရ တရားတော် (၄၃၇)ပုဒ်🙏

၆၄။ မကွေး ဦးဇဋိလ ပဋိစ္စသမုပ္ပါဒ်သင်တန်း တရားတော်များ (Mp3+Mp4)

၆၅။ မိုးကုတ်ဦးဝိသုတ အလုပ်ပေးနှင့် ဟောတရား
(၁၃၁) ပုဒ် 🙏
၆၆။ ဘဒ္ဒန္တဝိသုတ (စာဝါ ) (၂၈၂)ပုဒ်🙏
၆၇။ ဘဒ္ဒန္တဝိသုတ (ယမိုက်-ပဋ္ဌာန်း......) (၁၇၈)ပုဒ် 🙏

၆၈။ ရှမ်းဆရာတော်ကြီးများ ရှမ်းဘာသာစကားဖြင့် ဟောကြားတော်မူသော တရားတော်များ (၄၈၉)ပုဒ်🙏

၆၉။ ပရိတ်+ပဋ္ဌာန်း+ပေါင်းချုပ် (၁+၂+၃+၄) ဆရာတော် (၁၇)ပါးအစုံ
၇၀။ ပရိတ်+ပဋ္ဌာန်း+မေတ္တာပို့နှင့်ဂါထာတော်များ (၁၇၇)ပုဒ်🙏
၇၁။ ဆရာတော်ကြီး ၆ပါး ဟောကြားချီးမြှင့်တော်မူသော ပဋ္ဌာန်းတရားတော် (၁၁၀)ပုဒ်

၇၂။ ပဋ္ဌာန်းပဉာှဝါရပါဠိတော်နှင့်အသံမစဲမဟာပဋ္ဌာန်းငါးကျမ်းပါဠိတော် (၁၇၁)ပုဒ်

၇၃။ ပိဋိကတ်သုံးပုံ ပါဠိ+မြန်မာပြန် (၁၂၃၇)ပုဒ်

၇၄။ ဆရာမကြီး ဒေါ်ခင်လှတင် အဘိဒဓမ္မာသင်တန်း (ပ+ဒု+တ) (၇၂၀)ပုဒ်
၇၅။ ဆရာမကြီး ဒေါ်ခင်လှတင် သင်တန်းစုံ ပို့ချချက် (၃၁၄၀)ပုဒ်
၇၆။ ဆရာမကြီး ဒေါ်ခင်လှတင် ဝိသုဒ္ဓိမဂ် (၁၃၆၈)ပုဒ်

၇၇။ ဆရာကြီးဦးကြည် ဓမ္မာနုပဿနာ (၉၇၃)ပုဒ်

၇၈။ ဒေါက်တာစိုးလွင်(မန္တလေး) နံနက်ခင်း
ဓမ္မအလင်းတန်းများ (၄၀၆)ပုဒ်

၇၉။ နံနက်ခင်းဖွင့်ကြည်နူးသာယာ
ဗုဒ္ဓဓမ္မတေးသံသာများ (၂၂၉)ပုဒ်

၈၀။ ယဉ်ကျေးလိမ္မာကဗျာ ဓမ္မစကူးလ်သီချင်းများ (၂၃၁) ပုဒ်
၈၁။ ယဉ်ကျေးလိမ္မာကဗျာ ဓမ္မစကူးလ်သီချင်း MP4

၈၂။ ကျန်းမာရေးဆိုင်ရာဟောပြောချက်များ(လူစုံ) (၄၅၆)ပုဒ်
၈၃။ ဒေါက်တာခင်နွယ်ဝင်း ကျန်းမာရေးဟောပြောချက်များ

၈၄။ လက်ရွေးစင် စာပေဟောပြောပွဲများစုစည်းမှု (၁၁၂)ပုဒ်

၈၅။ တစ်ခေတ်တစ်ခါက ဇာတ်လမ်းဇာတ်ထုတ်များ (၆၈၉)ပုဒ်

၈၆။ ရှေးသီးချင်းဟောင်း/သီးချင်းသစ် စုစည်းမှု (၁၆၆၆) ပုဒ်

မှတ်ချက် - မိမိနာယူချင်သော တရားတော်များ အညွှန်းထဲမပါဝင်နေပါက စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် 🙏🙏🙏

အသေးစိတ်မေးမြန်းလိုပါက
ဓမ္မမေတ္တာ တရားတော်ပြန့်ပွားရေး

09420033785 , 09785071478 📲
သို့ဆက်သွယ်နိုင်ပါတယ်ရှင့် ။

တိုက် (၉) ဆေးရိုးတန်းလမ်း ကြည့်မြင်တိုင်မြို့နယ်
မှာလဲလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်။

မှတ်ချက် - မေတ္တာရပ်ခံပါရစေ online သီးသန့်ဖြစ်တာကြောင့် လာဝယ်မယ်ဆို ဖုန်းလေးကြိုဆက်ပေးပါရှင့် 🤗

မင်္ဂလာပါ ဓမ္မမိတ်ဆွေများရှင့် 🙇‍♀️ဓမ္မမေတ္တာ မှာ အသစ်ထွက်ရှိသောတရားတော်များ စုစည်းမှု 🙏🙌ဆရာတော်ကြီးတစ်ပါးတည်းသီးသန့် သွ...
13/07/2023

မင်္ဂလာပါ ဓမ္မမိတ်ဆွေများရှင့် 🙇‍♀️

ဓမ္မမေတ္တာ မှာ အသစ်ထွက်ရှိသောတရားတော်များ စုစည်းမှု 🙏

🙌ဆရာတော်ကြီးတစ်ပါးတည်းသီးသန့် သွင်းပီးသား ကဒ် , စတစ် 🙏
🙌 ဆရာတော် ၂ပါး, ၃ပါး, ၆ပါး,၉ပါး, ၁၈ပါး,
အစရှိသော တရားတော်များစုစည်းမှု ကဒ် ,စတစ် 🙏

ဓမ္မမေတ္တာတွင်ရနိုင်သော ဓမ္မမိတ်ဆွေများ နာယူချင်သော တရားတော်များ ရွေးလို့အဆင်ပြေနိုင်အောင်
ဆရာတော်ကြီးများ တရားတော် စုစည်းမှု ပန်းဖလပ်လေးတင်ပေးလိုက်ပါတယ်ရှင့် 🙏

မှတ်ချက် -- ပန်းဖလပ်တွင်မပါဝင်သော အသစ်ထွက်ရှိထားသော တရားတော်များလဲ ရှိပါတယ်ရှင့် 🙏

အသေးစိတ်မေးမြန်းလိုပါက
📲09420033785 , 09785071478 📲
သို့ဆက်သွယ်နိုင်ပါတယ်ရှင့် 😊

တိုက် (၉) ဆေးရိုးတန်းလမ်း ကြည့်မြင်တိုင်မြို့နယ်
မှာလဲလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်။

မှတ်ချက် - မေတ္တာရပ်ခံပါရစေ online သီးသန့်ဖြစ်တာကြောင့် လာဝယ်မယ်ဆို ဖုန်းလေးကြိုဆက်ပေးပါရှင့် 🤗

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေရှင် 🙏🙏🙏ဓမ္မမေတ္တာတရားတော်ပြန့်ပွားရေးမှ အညွှန်းစာအုပ်နှင့်တကွ mp3  #ရရှိနိုင်သော_ဆရာတေ...
10/07/2023

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေရှင် 🙏🙏🙏
ဓမ္မမေတ္တာတရားတော်ပြန့်ပွားရေးမှ အညွှန်းစာအုပ်နှင့်တကွ mp3 #ရရှိနိုင်သော_ဆရာတော်ကြီးများ 🙏🙏🙏
တစ်ပါးချင်းဆရာတော်ဘုရားကြီးများ၏တရားတော်များစုစည်းမှု နှင့်လူပုဂ္ဂိုလ်ဆိုင်ရာပို့ချချက်၊ ဟောပြောချက်များ🙏🙏🙏

၁။ မိုးကုတ်ဆရာတော်ဘုရားကြီးအရှင်ဝိမလ ထေရုပ္ပတ္တိနှင့် ဈာပနမှတ်တမ်း - ရုပ်ပါ ) (၁၃၀၀)ပုဒ်🙏
၂။ မိုးကုတ်ဆရာတော်ဘုရားကြီးအရှင်ဝိမလ (၉၅၇)ပုဒ်

၃။ မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ
( ၈၀၀)ပုဒ်🙏
၄။ မဟာစည်ဆရာတော်ဘုရားကြီး (၇၆၇)ပုဒ်🙏

၅။ တောင်မြို့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ (တရားအသံ ၁၆၂ ပုဒ် ၊ ဗွီဒီယို ၇ပုဒ် ) (၁၆၂)ပုဒ်🙏

၆။ သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ(၂၆၉)ပုဒ်

၇။ တစ်ဘဝသာသနာကျမ်းပြုဆရာတော် ဦးဃောသိတ အလုပ်ပေး (၂၂၀) ပုဒ်🙏

၈။ ကြာနီကန်ဆရာတော် ဦးဇဋိလ ပရိတ်/ပဋ္ဌာန်း/တရားတော်များ (၉၅) ပုဒ်🙏

၉။ ဖြူးဆရာတော် ဦးနရပတိ တရားတော်များ(၁၀၄)ပုဒ်

၁၀။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၁၉၁) ပုဒ်🙏
၁၁။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၁၈၃) ပုဒ်🙏
၁၂။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၈၈၆)ပုဒ် 🙏
၁၃။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၇၀၀)ပုဒ်🙏
၁၄။ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (၇၃၄)ပုဒ် 🙏

၁၅။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၂၅၀၀)ပုဒ်🙏
၁၆။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၁၉၇၄)ပုဒ်🙏
၁၇။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၆၇၂)ပုဒ်🙏
၁၈။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၁၁၂၀)ပုဒ်🙏
၁၉။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ (၉၇၇)ပုဒ်🙏

၂၀။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
(အဘိဓမ္မာ၊ဝိသုဒ္ဓိမဂ်၊ပဋ္ဌာန်း၊ဓမ္မပဒ၊သုတ္တန္တပို့ချချက် စသည်) သင်တန်းပို့ချချက် (၆၁၇)ပုဒ်🙏

၂၁။ ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
(အထက်ပါပို့ချချက်များအပါအဝင် မဟာသတိပဋ္ဌာန်ပို့ချချက်အပါ) သင်တန်းတရားစုစည်းမှု (၇၇၉)ပုဒ်🙏

၂၂။ ယောဆရာတော်ကြီး အရှင်သီရိန္ဒာဘိဝံသ(၂၄၈)ပုဒ်

၂၃။ ချမ်းမြေ့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ တရားတော် (၃၀၉)ပုဒ်🙏

၂၄။ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ တရားတော်များ (၂၅၈)ပုဒ်🙏

၂၅။ မုံလယ်ဆရာတော်ဘုရားကြီး အရှင်သံဝရ(၄၄၇)ပုဒ်

၂၆။ မဟာဗောဓိမြိုင်ဆရာတော်ကြီး တရား(၂၃၉)ပုဒ်🙏

၂၇။ ကျိုက္ကလော့ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသ တရားတော် (၁၉၁၂)ပုဒ်🙏

၂၈။ သဇင်ရေကျော်ဆရာတော် ဦးဉာဏောဘာသ
တရားတော်များ (၄၄၄)ပုဒ်🙏

၂၉။ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ(၆၀၀)ပုဒ်🙏
၃၀။ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ(၅၈၀)ပုဒ်🙏

၃၁။ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ(၆၅၁)ပုဒ် 🙏
၃၂။ ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ (၁၂၃၇)ပုဒ်🙏

၃၃။ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ (၁၀၈၁)ပုဒ်🙏
၃၄။ ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလ (၆၄၀)ပုဒ်🙏

၃၅။ အောင်စင်္ကြာဆရာတော် တရားတော် (၁၄၀)ပုဒ်🙏

၃၆။ အောင်လံဆရာတော် အရှင်စန္ဒိမာ အလုပ်ပေး
(ပုဒ်ရေ ၂၀၀ / ဗီဒီယို(၂၁)ဖိုင်ပါဝင်သည်)

၃၇။ပဲခူးဆယ်မိုင်ကုန်းဒေါက်တာအရှင်ပညိဿရာဘိဝံသ တရားတော် (၅၀၀)ပုဒ်🙏

၃၈။ပဲခူး ချမ်းမြေ့ရိပ်မြိုင်ဆရာတော်အရှင်တေဇောသာရ တရားတော် (၂၅၈) ပုဒ်🙏

၃၉။ သိမ်ဇရပ်ဆရာတော် အရှင်ပညာဝရ (၃၂၀)ပုဒ်🙏

၄၀။ မိုးကုတ် ဓမ္မရံသီဆရာတော် ဦးသုနန္ဒ (၅၀၀)ပုဒ်🙏

၄၁။ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ တရားတော် (၃၂၂)ပုဒ်🙏

၄၂။ ဓမ္မစေတီဆရာတော် ဦးကောသလ္လ (၅၀၅)ပုဒ်🙏

၄၃။ ဓမ္မဓရ ဒေါက်တာ အရှင်ကုမာရ (၃၁၇)ပုဒ်🙏

၄၄။ ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး(၇၀၀)ပုဒ်🙏

၄၅။ ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက (၂၄၆)ပုဒ်🙏

၄၆။မြစင်္ကြာဆရာတော် အရှင်ဣန္ဒကာဘိဝံသ(၃၉၀)ပုဒ်
၄၇။ မြစင်္ကြာဆရာတော် အရှင်ဣန္ဒကာဘိဝံသ (၄၄၇)ပုဒ်

၄၈။ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ (၄၇၃)ပုဒ်🙏

၄၉။ကိုးဘွဲ့ရဆရာတော် ဦးအာစာရာလင်္ကာရ (၂၉၇)ပုဒ်

၅၀။ ဆရာတော် အရှင်ပုညာနန္ဒတရားတော် (၉၇၅)ပုဒ်
၅၁။ မော်ကျွန်းဆရာတော် အရှင်သုစိတ္တ (၇၈၉)ပုဒ်🙏
၅၂။ မေတ္တာရှင် ရွှေပြည်သာ အရှင်ဇဝန (၄၅၃)ပုဒ်🙏
၅၃။ သစ္စာရွှေပြည်ဆရာတော် ဦးဝိလာသဂ္ဂ (၃၈၁)ပုဒ်🙏

၅၄။ ဟဲသိမ်ပတ္တမြားတောင် ဓမ္မရိပ်သာဆရာတော်
ဦးကောဝိဒ တရားတော် (၄၂၀)ပုဒ်🙏

၅၅။ အိပ်ယာထနှိုးဆော်ဆရာတော်
အဂ္ဂမဟာကမ္မဌာနာစရိယ ဦးသုန္ဒရ (၁၁၅)ပုဒ်🙏

၅၆။ မိုးကုတ်ဓမ္မကထိက ဒွိပိဋကဆရာတော်ကြီး
ဦးပဏ္ဍိတ တရားတော် (၄၈၅)ပုဒ်🙏

၅၇။ မေတ္တာအေးဆရာတော် ဦးသုဇာတ(၂၉၆)ပုဒ်🙏

၅၈။ ပတ္တမြားရိပ်သာဆရာတော်
ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ် (၆၄၅)ပုဒ်🙏

၅၉။ ကျောက်ဂူသံရွာဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒသာမိ တရားတော်များ (၆၉၂)ပုဒ်🙏

၆၀။ မိုးကုတ်ဆရာတော်ဦးသုမန (စစ်ကိုင်း)(၅၁၇)ပုဒ်🙏

၆၁။ ပြည်မြို့ ဝိဇ္ဇောဒယ သဲအင်းဆရာတော် ဦးသီရိဓမ္မ တရားတော် (၇၂၀)ပုဒ်🙏

၆၂။ ရွှေမင်းဝံဆရာတော် ဦးသောဘန (၄၃၆)ပုဒ်🙏
၆၃။ အောင်ဆန်းဆရာတော် ဒေါက်တာသဒ္ဓမ္မကိတ္ထိသာရ တရားတော် (၄၃၇)ပုဒ်🙏

၆၄။ မကွေး ဦးဇဋိလ ပဋိစ္စသမုပ္ပါဒ်သင်တန်း တရားတော်များ (Mp3+Mp4)

၆၅။ မိုးကုတ်ဦးဝိသုတ အလုပ်ပေးနှင့် ဟောတရား
(၁၃၁) ပုဒ် 🙏
၆၆။ ဘဒ္ဒန္တဝိသုတ (စာဝါ ) (၂၈၂)ပုဒ်🙏
၆၇။ ဘဒ္ဒန္တဝိသုတ (ယမိုက်-ပဋ္ဌာန်း......) (၁၇၈)ပုဒ် 🙏

၆၈။ ရှမ်းဆရာတော်ကြီးများ ရှမ်းဘာသာစကားဖြင့် ဟောကြားတော်မူသော တရားတော်များ (၄၈၉)ပုဒ်🙏

၆၉။ ပရိတ်+ပဋ္ဌာန်း+ပေါင်းချုပ် (၁+၂+၃+၄) ဆရာတော် (၁၇)ပါးအစုံ
၇၀။ ပရိတ်+ပဋ္ဌာန်း+မေတ္တာပို့နှင့်ဂါထာတော်များ (၁၇၇)ပုဒ်🙏
၇၁။ ဆရာတော်ကြီး ၆ပါး ဟောကြားချီးမြှင့်တော်မူသော ပဋ္ဌာန်းတရားတော် (၁၁၀)ပုဒ်🙏 (ဗန်းမော်ဆရာတော်၊
ပါချုပ်ဆရာတော် ၊ တောင်မြို့ဆရာတော်၊
ဓမ္မရံသီဆရာတော် ၊ ဆရာတော်အရှင်ဆေကိန္ဒ၊
ဆရာတော်ဦးသုမင်္ဂလ)🙏

၇၂။ ပဋ္ဌာန်းပဉာှဝါရပါဠိတော်နှင့်အသံမစဲမဟာပဋ္ဌာန်းငါးကျမ်းပါဠိတော် (၁၇၁)ပုဒ်🙏

၇၃။ ပိဋိကတ်သုံးပုံ ပါဠိ+မြန်မာပြန် (၁၂၃၇)ပုဒ်🙏

၇၄။ ဆရာမကြီး ဒေါ်ခင်လှတင် အဘိဒဓမ္မာသင်တန်း (ပ+ဒု+တ) (၇၂၀)ပုဒ်🙏
၇၅။ ဆရာမကြီး ဒေါ်ခင်လှတင် သင်တန်းစုံ ပို့ချချက် (၃၁၄၀)ပုဒ်🙏
၇၆။ ဆရာမကြီး ဒေါ်ခင်လှတင် ဝိသုဒ္ဓိမဂ် (၁၃၆၈)ပုဒ်🙏

၇၇။ ဆရာကြီးဦးကြည် ဓမ္မာနုပဿနာ (၉၇၃)ပုဒ်🙏

၇၈။ ဒေါက်တာစိုးလွင်(မန္တလေး) နံနက်ခင်း
ဓမ္မအလင်းတန်းများ (၄၀၆)ပုဒ်🙏

၇၉။ နံနက်ခင်းဖွင့်ကြည်နူးသာယာ
ဗုဒ္ဓဓမ္မတေးသံသာများ (၂၂၉)ပုဒ်🙏

၈၀။ ယဉ်ကျေးလိမ္မာကဗျာ ဓမ္မစကူးလ်သီချင်းများ (၂၃၁) ပုဒ်
၈၁။ ယဉ်ကျေးလိမ္မာကဗျာ ဓမ္မစကူးလ်သီချင်း MP4

၈၂။ ကျန်းမာရေးဆိုင်ရာဟောပြောချက်များ(လူစုံ) (၄၅၆)ပုဒ်
၈၃။ ဒေါက်တာခင်နွယ်ဝင်း ကျန်းမာရေးဟောပြောချက်များ

၈၄။ လက်ရွေးစင် စာပေဟောပြောပွဲများစုစည်းမှု (၁၁၂)ပုဒ်

၈၅။ တစ်ခေတ်တစ်ခါက ဇာတ်လမ်းဇာတ်ထုတ်များ (၆၈၉)ပုဒ်

၈၆။ ရှေးသီးချင်းဟောင်း/သီးချင်းသစ် စုစည်းမှု (၁၆၆၆) ပုဒ်

မှတ်ချက် - မိမိနာယူချင်သော တရားတော်များ အညွှန်းထဲမပါဝင်နေပါက စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် 🙏🙏🙏

ရန်ကုန်မြို့အတွင်းမှ မှာယူပါက
အချိန် (၁)ရက် မှ (၂)ရက်အတွင်းပို့ပေးပါတယ်။
နီးပါက နေ့ချင်းလည်း ပို့ပေးပါတယ်။🚗🚘🚙

ငွေကြိုလွှဲစရာမလိုပါ🚫။
ပစ္စည်းလာပို့မှသာ ငွေရှင်းပေးရမှာဖြစ်ပါတယ်။☺️💰

ကျန်မြို့နယ်များအတွက် ပို့ဆောင်ခကို
မြို့နယ်အလိုက် သတ်မှတ်ထားပါတယ်ရှင့်

နယ်မြို့များအတွက် ပစ္စည်းပို့ရာတွင်
ဆိုင်ကနေ ပို့ပေးရမယ့်ကားဂိတ်အထိ
ဓမ္မမေတ္တာ မိသားစုမှ ကုသိုလ်ပြုပို့ပေးပါတယ်နော်

🔶🔸🔸🔸🔸🔸🔸🔸🔸

ကားဂိတ်မှ ပစ္စည်းပို့ခကိုတော့
တစ်ဘက်က ကျသင့်မှာဖြစ်ပါတယ်
(တစ်ချို့ဂိတ်က ဒီဘက်ကရှင်းရသလို
တစ်ချို့ဂိတ်က ပစ္စည်းရွေးမှ ရှင်းရပါသည်)
****************************************
#နယ်မြို့များအတွက်တော့

KBZ (သို့) CB (သိုု့) AYA ဘဏ် သို့မဟုတ်
and money ကနေ ငွေကြိုလွှဲစနစ်

တချို့မြို့နယ်များအတွက် ပစ္စည်းရောက်ငွေချေစနစ်
တို့ဖြင့် ကားဂိတ်ကနေ (၃)ရက်အတွင်း
အရောက်ပို့ဆောင်ပေးပါတယ်။😊

အကြောင်းကြောင်းကြောင့် ပျက်စီးခဲ့မှုများရှိပါက
အပြည့်၀ တာဝန်ယူပြီး 📻အသစ်တစ်လုံး
ပြန်လဲပေးသွားပါမယ်ရှင့် ✔️💯☺️

#အရေအတွက် များများမှာယူပါက
သတ်မှတ်စျေးနှုန်းထက်
ကုသိုလ်ပြုလျှော့ပေးပါတယ်ရှင့် 🙏🏻🙏🏻🙏🏻
______________________

ဆက်သွယ်မှာယူမယ်ဆိုလျှင်တော့

“ဓမ္မမေတ္တာ“ ဗုဒ္ဓတရာတော်များပြန့်ပွါးရေးမိသားစု
ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြို့

📲- 09420033785;, 09785071478 📲
_______________________________________
ဓမ္မမိတ်ဆွေများအားလုံး စီးပွါးကျက်သရေများ
ဒီရေအလား တိုးတက်စည်ပင်ကြလျှက်
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
သာသနာပြုနိုုင်ကြပါစေရှင်🙏🙏🙏

10/07/2023

တရားစတစ် ကဒ်များ မှာယူထားသောဓမ္မမိတ်ဆွေများ 🙏
09445555146 သို့လိပ်စာ ဖုန်းလေးပြန်ဆက်သွယ်ပေးပါရှင့်🙏
09420033785 ဖုန်း error ဖြစ်သွားလို့ မှတ်ထားသမျှ ပျက်သွားလို့ပါရှင့် 🙏

မင်္ဂလာပါရှင့်🙏🙏🙏ဓမ္မမေတ္တာ မှာ အသစ်ထွက်ရှိသောတရားတော်များ စုစည်းမှု 🙏🙌ဆရာတော်ကြီးတစ်ပါးတည်းသီးသန့် သွင်းပီးသား ကဒ် , စတ...
08/06/2023

မင်္ဂလာပါရှင့်🙏🙏🙏

ဓမ္မမေတ္တာ မှာ အသစ်ထွက်ရှိသောတရားတော်များ စုစည်းမှု 🙏

🙌ဆရာတော်ကြီးတစ်ပါးတည်းသီးသန့် သွင်းပီးသား ကဒ် , စတစ် 🙏
🙌 ဆရာတော် ၂ပါး, ၃ပါး, ၆ပါး,၉ပါး, ၁၈ပါး,အစရှိသော တရားတော်များစုစည်းမှု ကဒ် ,စတစ် 🙏

ဓမ္မမေတ္တာတရားတော် ပြန့်ပွားရေးမှ မှာယူပူဇော်နိုင်ပါပြီရှင့် 🙏🙏🙏

အသေးစိတ်မေးမြန်းလိုပါက
ဓမ္မမေတ္တာ တရားတော်ပြန့်ပွားရေး

09420033785 , 09785071478 📲
သို့ဆက်သွယ်နိုင်ပါတယ်ရှင့် ။

တိုက် (၉) ဆေးရိုးတန်းလမ်း ကြည့်မြင်တိုင်မြို့နယ်
မှာလဲလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်။

မှတ်ချက် - မေတ္တာရပ်ခံပါရစေ online သီးသန့်ဖြစ်တာကြောင့် လာဝယ်မယ်ဆို ဖုန်းလေးကြိုဆက်ပေးပါရှင့် 🤗

မင်္ဂလာပါရှင့်🙏ဓမ္မမေတ္တာ မှာ အသစ်ထွက်ရှိသောတရားတော်များ စုစည်းမှု 🙏မှာယူပူဇော်လို့ရပါပီရှင့် 🙏ဓမ္မမေတ္တာ09420033785 , 0...
13/03/2023

မင်္ဂလာပါရှင့်🙏

ဓမ္မမေတ္တာ မှာ အသစ်ထွက်ရှိသောတရားတော်များ စုစည်းမှု 🙏
မှာယူပူဇော်လို့ရပါပီရှင့် 🙏

ဓမ္မမေတ္တာ
09420033785 , 09445555146
ဓမ္မမေတ္တာ
09420033785
တိုက် (၉) ဆေးရိုးတန်းလမ်း ကြည့်မြင်တိုင်မြို့နယ်
မှာလဲလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်။

မှတ်ချက် - မေတ္တာရပ်ခံပါရစေ online သီးသန့်ဖြစ်တာကြောင့် လာဝယ်မယ်ဆို ဖုန်းလေးကြိုဆက်ပေးပါရှင့် 🤗
တိုက် (၉) ဆေးရိုးတန်းလမ်း ကြည့်မြင်တိုင်မြို့နယ်
မှာလဲလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်။

မှတ်ချက် - မေတ္တာရပ်ခံပါရစေ online သီးသန့်ဖြစ်တာကြောင့် လာဝယ်မယ်ဆို ဖုန်းလေးကြိုဆက်ပေးပါရှင့် 🤗

မင်္ဂလာပါရှင့် 🙏PTY-3 Radio 📻ပစ္စည်းပြတ်လတ်တာ (၁)နှစ်ကျော်ကြာပြီဖြစ်တဲ့ PTY-3 Radioလေး ပစ္စည်းပြန်လည်ရောက်ရှိလာပါပြီ။တစ်...
13/03/2023

မင်္ဂလာပါရှင့် 🙏

PTY-3 Radio 📻
ပစ္စည်းပြတ်လတ်တာ (၁)နှစ်ကျော်ကြာပြီဖြစ်တဲ့ PTY-3 Radioလေး ပစ္စည်းပြန်လည်ရောက်ရှိလာပါပြီ။
တစ်လုံး (34000) ကျပ် ဖြင့်ဓမ္မမေတ္တာမှ မှာယူနိုင်ပါပီရှင့်

Short Wave လိုင်းတွေပါမိတဲ့ PTY-3 အမျိုးအစားရေဒီယို
*********************************************************
အများမျှော်လင့်တောင့်တနေတဲ့ Short Waveလိုင်းတွေမိတဲ့ရေဒီယို PTY-3 ရပါပြီ။
ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ အရည်အသွေးကောင်းမွန်သော ရေဒီယိုလေးဖြစ်ပါတယ်။
အသုံးပြုရလွယ်ကူအောင် Radio အသုံးပြုနည်း အညွှန်းစာရွက်လေးပါ တစ်ခါတည်းထည့်ပေးထားပါတယ်ခင်ဗျ
ဒီရေဒီယိုရဲ့ထူးခြားချက်မှာတော့ -

၁) - FM ရေဒီယိုလိုင်းများအပြင် BBC / VOA / RFA စသည့် Short
Wave လိုင်းအကုန်မိပါတယ်။

၂) - Short Wave လိုင်းတွေကိုအော်တိုရှာပြီးမှတ်သားမည့် စနစ်ပါရှိသည်။

၃) - Micro SD ကဒ်နှင့် Stick နှစ်မျိုးစလုံးစိုက်ဖွင့်ရသောအပေါက်ပါပါသည်။

၄) - ဖုန်းဖြင့်တွဲ၍ဖွင့်ရသော Auxiliary အပေါက်ပါပါသည်။

၅) - speaker နှစ်လုံးပါရှိသောကြောင့် အသံထွက်တာနှင့်အသံကြည်လင်မှုအထူးကောင်းမွန်ပါသည်။

၆) ကွန်ပျူတာ ၊ ဖုန်း တို့နှင့်တွဲ၍ စပီကာအဖြစ်အသုံးပြုနိုင်သည်။

၇) အားသွင်းနေလျှင် မီးနီပြပြီး အားပြည့်လျှင် မီးအစိမ်းရောင်ပြောင်းသွားသော Quality ကောင်းမွန်သော အားသွင်းခေါင်းလေး ပါရှိပါသည်။

၈) အနီ ၊ အနက် ၊ အပြာ ၊ ရွှေရောင် ၊ ငွေရောင် စသဖြင့်
အရောင် ( ၅ ) မျိုး ရှိပါသည်။

ဓမ္မမေတ္တာ
09420033785
တိုက် (၉) ဆေးရိုးတန်းလမ်း ကြည့်မြင်တိုင်မြို့နယ်
မှာလဲလာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်။

မှတ်ချက် - မေတ္တာရပ်ခံပါရစေ online သီးသန့်ဖြစ်တာကြောင့် လာဝယ်မယ်ဆို ဖုန်းလေးကြိုဆက်ပေးပါရှင့် 🤗

Address

No(9) Say Yoe Dan Street, Kyimyindine Township
Yangon
11101

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

09420033785

Website

Alerts

Be the first to know and let us send you an email when Dhammamyitta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share