အမှတ် - ၁ သီတာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

  • Home
  • Myanmar
  • Yangon
  • အမှတ် - ၁ သီတာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း

အမှတ် - ၁ သီတာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အမှတ် (၁) သီတာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မူကြို မူလတန်းနှင့် အလယ်တန်းများ သင်ကြားပေးနေ

သီတာရုံကျောင်းတိုက်သည် ၁၃၁၃ခုနှစ်၌ ဆရာတော်ကြီး ဦးကေတုမာလာ ရဟန်းငယ်ဘ၀တွင် ကြူစမ်းရွာသို့ ရောက်ရှိလာသဖြင့် ဦးမဲကြီး + ဒေါ်နှင်းရှင် ၊ ဦးမှင် + ဒေါ်သိန်း ၊ ဦးကြည် + ဒေါ်တင် ၊ ဦးရွှေနီ + ဒေါ်အေးချို တို့မှ စုပေါင်း၍ ကျောင်းမြေကွက်ကို လှူဒါန်းပြီး ပထမ၀ါးကျောင်း တစ်ဆောင် ခေတ္က တည်ဆောက်ခဲ့ပါသည်။

နောက်ပိုင်းတွင် ကျောင်းဆောင်များကို တိုက်ကျောင်းငယ်များ တည်ဆောက်၍ အများကောင်းမှုဖြင့် စေတီတော်နှင့် သိမ်တိုက် ၊

ဆွမ်းစားကျောင်းနှင့် သံဃာတော်များ သီတင်းသုံးသည့် ကျောင်းငယ်များ အဆင့်ဆင့် တည်ဆောက်ကိုးကွယ်ခဲ့ပါသည်။

ယခုမြင်တွေ့နေရသော သိမ်တော်ကြီးနှင့် စေတီတော်မှာ ယခုဆရာတော် ဘဒ္ဒန္က သောဘိတ လက်ထက်တွင် ပြန်လည် ပြုပြင် တည်ဆောက် ကိုးကွယ်ထားခြင်း ဖြစ်ပါသည်။

ယခု ဘ/က ကျောင်းသားများ စာသင်နေသော ဓမ္မာရုံကြီးကို ကြူစမ်း၊ ဘုန်ရှည်ကုန်း ရွာသူရွာသားများနှင့် ထောက်ပံ့ နှင့် ပို့ဆောင်ရေး တပ်ဖွဲ့ဝင်များမှ စုပေါင်းလှူဒါန်း ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။

နှစ်ထပ်ကျောင်းကြီးကို တည်ဆောက်နေစဉ် ဆရာတော်ကြီး ဦးကေတုမာလာမှာ ၅.၅.၂၀၀၄ ခုနှစ်တွင် ပျံလွန်တော်မူသွား၍ ယခုဆရာတော် ဘဒ္ဒန္က သောဘိတ မှ ဆက်လက်ဆောင်ရွက် အုပ်ချုပ်လျက်ရှိပါသည်။

မင်္ဂလာရှိလှတဲ့ တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ DigitalMarketing.com.mm နဲ့ App.com.mm တို့ မ တည်လှူဒါန်းတဲ့ အမှတ်(၁)သီတ...
15/11/2024

မင်္ဂလာရှိလှတဲ့ တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ DigitalMarketing.com.mm နဲ့ App.com.mm တို့ မ တည်လှူဒါန်းတဲ့ အမှတ်(၁)သီတာရုံဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာကျင်းပနေတဲ့ ကထိန်ပွဲကြီးရဲ့ပုံရိပ်တွေ မျှဝေပေးလိုက်ပါတယ်🙏🏻

#ကထိန်အလှူ

တန်ဆောင်မုန်း လပြည့်နေ့မှာ ကထိန်အလှူ ရှိပါတယ် .. ရပ်ဝေရပ်နီး အားလုံးကို ဖတ်ကြားပါတယ် ..🙏🙏🙏
05/11/2024

တန်ဆောင်မုန်း လပြည့်နေ့မှာ ကထိန်အလှူ ရှိပါတယ် .. ရပ်ဝေရပ်နီး အားလုံးကို ဖတ်ကြားပါတယ် ..

🙏🙏🙏

Computer Basic Class(ပညာဒါန) သင်တန်းရဲ့ ပထမအပတ် အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ😍 DigitalMarketing.com.mm မှ အပတ်စဥ် စနေ၊ တန...
26/04/2023

Computer Basic Class(ပညာဒါန) သင်တန်းရဲ့ ပထမအပတ် အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ😍

DigitalMarketing.com.mm မှ အပတ်စဥ် စနေ၊ တနင်္ဂနွေတိုင်း ငါးတန်းမှ ကိုးတန်း အရွယ်ထိ ကလေးငယ်များကို Computer အခြေခံ ကို သင်ကြားပေးမှာဖြစ်ပါတယ်‼️

သင်တန်းလေး ဖြစ်မြောက်အောင် ကူညီပေးကြသော ဆရာတော်များ၊ ဆရာ/ဆရာမ များနှင့် အဘက်ဘက်မှ ကူညီပံ့ပိုးပေးကြသူများကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏


ပညာဒါန Computer Basic Class လေး မကြာခင်စတင်မှာ ဖြစ်လို့ အမြန်ဆုံး သင်တန်းအပ်ကြဖို့ တိုက်တွန်း နှိုးဆော်ပါရစေ။ကျောင်းတက်၊...
23/03/2023

ပညာဒါန Computer Basic Class လေး မကြာခင်စတင်မှာ ဖြစ်လို့ အမြန်ဆုံး သင်တန်းအပ်ကြဖို့ တိုက်တွန်း နှိုးဆော်ပါရစေ။

ကျောင်းတက်၊ လုပ်ငန်းခွင် စဝင်ကြမယ့် လူငယ်များအတွက် Computer Basic Skill
က မရှိမဖြစ်လိုအပ်ပါတယ်။

လူငယ်တွေအတွက် လိုအပ်တဲ့ Computer Basic ကို ဈေးကြီးပေးပြီး တက်ဖို့မလိုပဲ

ဈေးနှုန်းအသက်သာဆုံး (၁၅၀၀၀) ထဲနဲ့ တက်ရောက်နိုင်အောင် DigitalMarketing.com.mm မှ စီစဉ်ထားခြင်းဖြစ်ပါတယ်။

သင်တန်းအတွက် အသုံးပြုမယ့် Laptop ပြင်ဆင်စရိတ်၊ စာရွက်စာတမ်းခ၊ နေရာထိုင်ခင်း နဲ့ သီတာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် အလှူငွေအဖြစ်သာ ကောက်ခံတာဖြစ်ပါတယ်။

Computer Basic အတန်းက ဘာတွေသင်ပေးမှာလဲ?

✅ကွန်ပျူတာ စနစ်များလေ့လာခြင်း
✅ကျွန်ပျူတာ လုပ်ဆောင်ချက်များအကြောင်း
✅စာစီစာရိုက်လေ့ကျင့်ခြင်း (English,Zawgyi,Unicode)
✅အခြေခံ Internet အသုံးပြုခြင်း
✅Microsoft Word, Excel, PowerPoint စသည့် Microsoft Office Software များအကြောင်း
✅Gmail အသုံးပြုနည်း

တို့ကို သင်ကြားပြသပေးမှာဖြစ်ပါတယ်။

💢သင်ကြားမည့်ရက် - အပတ်စဉ် စနေ၊ တနင်္ဂနွေ

💢စာသင်ချိန် - တစ်နေ့ (၂) ချိန် ၊ တစ်လ - (၁၆) ချိန်

💢တစ်ချိန် - ၄၅ မိနစ်

💢သင်တန်းတည်နေရာ - သီတာရုံ ပရိယတ္ထိစာသင်တိုက် ၊ ကြူစမ်းရပ်ကွက် ၊ မင်္ဂလာဒုံမြို့နယ်

လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံမှာ ကြောင့် အမြန်ဆုံး သင်တန်းအပ်နှံဖို့ လိုပါတယ်။

💁‍♀️သင်တန်းအပ်နှံလိုပါက -

တနင်္လာနေ့ မှ သောကြောနေ့ မနက် (၉း၀၀) မှ နေ့လည် (၂း၀၀) အတွင်း

လူကိုယ်တိုင် လာရောက် အပ်နှံနိုင်ပါပြီ။

☎ဖုန်း - 09 975 761 196

22/03/2023

သီချင်းဆိုရင်း အင်္ဂလိပ်စာလေ့လာကြမယ်🤍
နွေရာသီ အင်္ဂလိပ်စာသင်တန်းရဲ့ ပျော်ရွှင်စရာ Music Time🎶🎙

နွေရာသီ အင်္ဂလိပ်စာသင်တန်း က ဆရာမလေးများ နဲ့ ကျောင်းသား/သူ ကလေးများရဲ့ အမှတ်တရပုံရိပ်လေးတွေပါ📸🤍ဒီသင်တန်းမှာ အနီးအနားက မူ...
20/03/2023

နွေရာသီ အင်္ဂလိပ်စာသင်တန်း က ဆရာမလေးများ နဲ့ ကျောင်းသား/သူ ကလေးများရဲ့ အမှတ်တရပုံရိပ်လေးတွေပါ📸🤍

ဒီသင်တန်းမှာ အနီးအနားက မူလတန်း ၊ အလယ်တန်း ကျောင်းသား/သူ ကလေး အယောက်(၁၀၀) ကျော် တက်ရောက် ပညာသင်ကြားလျက်ရှိပါတယ်။

ကျောင်းတက် ၊ လုပ်ငန်းခွင် စဝင်ကြမယ့် လူငယ်များအတွက် အသုံးဝင်မယ့်Computer Basic ပညာဒါနသင်တန်းကြီးလာပါပြီ။ဈေးနှုန်းအသက်သာဆ...
18/03/2023

ကျောင်းတက် ၊ လုပ်ငန်းခွင် စဝင်ကြမယ့် လူငယ်များအတွက် အသုံးဝင်မယ့်
Computer Basic ပညာဒါနသင်တန်းကြီးလာပါပြီ။

ဈေးနှုန်းအသက်သာဆုံးဖြင့် Computer နှင့် Microsoft Office အကြောင်းကို အခြေခံမှစ တတ်ကျွမ်းသည်အထိ စနစ်တကျ လေ့လာနိုင်ဖို့ DigitalMarketing.com.mm မှ ဆရာများကိုယ်တိုင် ဦးစီး သင်ကြားပေးမှာဖြစ်ပါတယ်။

Computer Basic အတန်းက ဘာတွေသင်ပေးမှာလဲ?

✅ကွန်ပျူတာ စနစ်များလေ့လာခြင်း
✅ကျွန်ပျူတာ လုပ်ဆောင်ချက်များအကြောင်း
✅စာစီစာရိုက်လေ့ကျင့်ခြင်း (English,Zawgyi,Unicode)
✅အခြေခံ Internet အသုံးပြုခြင်း
✅Microsoft Word, Excel, PowerPoint စသည့် Microsoft Office Software များအကြောင်း
✅Gmail အသုံးပြုနည်း

တို့ကို သင်ကြားပြသပေးမှာဖြစ်ပါတယ်။

💢သင်ကြားမည့်ရက် - အပတ်စဉ် စနေ၊ တနင်္ဂနွေ

💢စာသင်ချိန် - တစ်နေ့ (၂) ချိန် ၊ တစ်လ - (၁၆) ချိန်

💢တစ်ချိန် - ၄၅ မိနစ်

💢သင်တန်းတည်နေရာ - သီတာရုံ ပရိယတ္ထိစာသင်တိုက် ၊ ကြူစမ်းရပ်ကွက် ၊ မင်္ဂလာဒုံမြို့နယ်

လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံမှာ ကြောင့် အမြန်ဆုံး သင်တန်းအပ်နှံဖို့ လိုပါတယ်။

💁‍♀️သင်တန်းအပ်နှံလိုပါက -

တနင်္လာနေ့ မှ သောကြောနေ့ မနက် (၉း၀၀) မှ နေ့လည် (၂း၀၀) အတွင်း

လူကိုယ်တိုင် လာရောက် အပ်နှံနိုင်ပါပြီ။

☎ဖုန်း - 09 975 761 196

မားကတ်တင်းနှင့် အိုင်တီနည်းပညာ ကို ဈေးသက်သက်သာသာဖြင့် သင်ကြားနိုင်မယ့် ပညာဒါနသင်တန်းကြီးလာပါပြီ😍 လုပ်ငန်းခွင်အတွက် အရေးပ...
14/03/2023

မားကတ်တင်းနှင့် အိုင်တီနည်းပညာ ကို ဈေးသက်သက်သာသာဖြင့် သင်ကြားနိုင်မယ့် ပညာဒါနသင်တန်းကြီးလာပါပြီ😍

လုပ်ငန်းခွင်အတွက် အရေးပါတဲ့ အိုင်တီ နည်းပညာတွေကို အခြေခံမှစ စနစ်တကျ သင်ကြားပေးမယ့် ပညာဒါနသင်တန်းကြီး ဖြစ်တာကြောင့် တိုးတက်လိုသော လူငယ်တိုင်းအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးကြီးပဲ ဖြစ်ပါတယ်။

ဒီပညာဒါနသင်တန်းကြီးမှာ ဘာတန်းခွဲတွေပါဝင်မှာလဲ?

📌Content Writing & Copywriting

စာရေးရတာ ဝါသနာပါပြီး Professional Content & Copywriter တစ်‌ယောက်အဖြစ် အသက်
မွေးကျောင်းပြုလိုသူများအတွက် အသက်သာဆုံး ‌ဈေးနှုန်းဖြင့် သင်ကြားနိုင်မယ့် Content &
Copywriting Class ရှိပါမယ်။

📌Programming(Basic)

မြန်မာပြည် မှာသာမက နိုင်ငံကတကာမှာပါ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်တဲ့ Programmer တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ အခြေခံမှစကာ စနစ်တကျသင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်။

📌Web Design(Basic)

Web Design ရေးဆွဲခြင်း နှင့် Web Design ရေးဆွဲရာတွင် သိသင့်သော အခြေခံ အချက်များ ၊ Web Design အတွက် လိုအပ်သော Language များ ၊ Language တစ်ခုချင်းစီ အကြောင်း နှင့် အသုံးပြုပုံများကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📌Graphic Design(Basic)

Social Media နဲ့ Advertising နယ်ပယ်မှာ Creative Designer တစ်ဉီး အဖြစ်ရပ်တည်လို သူတိုင်းအတွက် Adobe Photoshop & Adobe Illustrator အကြောင်း နှင့် အသုံးပြုပုံများကို သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်။

📌Microsoft Office(Basic)

လုပ်ငန်းခွင်တိုင်းမှာ မဖြစ်မနေတက်ရောက်ရမည့် Microsoft Office Software များအကြောင်း နှင့် အသုံးပြုပုံများကို သင်ကြားပေးမှာဖြစ်ပါတယ်။

📌Marketing Fundamentals

Marketing အခြေခံသဘောတရားများ နှင့် ခေတ်နဲ့အညီတိုးတက်ပြောင်းလဲလာတဲ့ Marketing ပညာရပ်များအကြောင်းကို ဒီသင်တန်းမှာ သင်ကြားရမှာဖြစ်ပါတယ်။

လူဦးရေအကန့်အသတ်အဖြင့်သာ လက်ခံမယ့် တန်းခွဲများဖြစ်တာကြောင့်

☎တန်ဖိုးကြီးပညာရပ်များကို ဈေးသက်သက်သာသာဖြင့် အခြေခံမှစ စနစ်တကျ သင်ကြားလိုတယ်ဆိုရင်တော့ အခုပဲ သင်တန်းအပ်ဖို့ Page Messenger ကိုဆက်သွယ်လိုက်ပါ။

“ပညာအလှူပါဝင်ထည့်ကူရန် ကုသိုလ်အကျိုးမျှော်၍ နှိုးဆော်အလှူခံပါရစေ”DigitalMarketing.com.mm မှ ပညာဒါနသင်တန်းကြီးအတွက် Lapto...
12/03/2023

“ပညာအလှူပါဝင်ထည့်ကူရန် ကုသိုလ်အကျိုးမျှော်၍ နှိုးဆော်အလှူခံပါရစေ”

DigitalMarketing.com.mm မှ ပညာဒါနသင်တန်းကြီးအတွက် Laptop (၁၀) လုံး မတည်လှူဒါန်းထားပေမယ့်‌
ကျောင်းသား/သူ များမှာ Laptop လိုအပ်ချက်အခက်အခဲလေး ရှိနေပါသေးတယ်ခင်ဗျာ😔

စာတွေ့ ၊ လက်တွေ့ သင်ကြားပေးမယ့် သင်တန်းဖြစ်တာကြောင့် Laptop လိုအပ်ချက်လေးပြည့်မှီမှ စတင်နိုင်မှာဖြစ်လို့ ထပ်မံအလှူခံပါရစေ🙏

သင်တန်းမှာ သင်ကြားပေးမယ့် ဘာသာရပ်များကို လက်တွေ့သင်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ Laptop တန်ဖိုးမှာ (၇) သိန်းခန့်ကျသင့်မှာဖြစ်တာကြောင့်

ပညာအလှူလေးမှာ ပါဝင်လှူဒါန်းလိုသော အလှူရှင်များက

💢Laptop တစ်လုံးချင်းဖြစ်စေ

💢အလှူငွေ နည်း/များ မဆို

ပညာကုသိုလ်အလှူ ပါဝင်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ🙏

ပါဝင်လှူဒါန်းကြမည့် အလှူရှင်တစ်ယောက်ချင်းစီကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး Page မှာ ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်

📲ပါဝင်လှူဒါန်းလိုသော အလှူရှင်များက Page Messenger မှာ လာရောက်ဆက်သွယ်ပြီး လှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ

နည်းပညာ တတ်ကျွမ်းတဲ့ လူငယ်တစ်ယောက်အတွက်ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်ရဖို့က လွယ်လွယ်လေးပါတစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲလာတဲ...
11/03/2023

နည်းပညာ တတ်ကျွမ်းတဲ့ လူငယ်တစ်ယောက်အတွက်ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်ရဖို့က လွယ်လွယ်လေးပါ

တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးမှာ လုပ်ငန်းခွင်များတွင် အိုင်တီနည်းပညာ Skill လိုအပ်ချက် က ပိုမိုများပြားလာပါတယ်။ ဒါကြောင့် နည်းပညာ အခြေခံတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုများလာတာကို တွေ့ရပါတယ်‼

DigitalMarketing.com.mm မှ စီစဉ်ပေးထားတဲ့ ပညာဒါနသင်တန်းကြီးက သင်ကြားပေးမယ့် ပညာရပ်တွေ နဲ့ပတ်သက်ပြီး

💼Content & Copywriter
💼Editor
💼Content Marketer
💼Computer Programmer
💼Web Developer
💼Mobile Apps Developer
💼Art Director
💼Graphic Designer
💼UI/UX Designer
💼Digital Marketing Specialist
💼Social Media Marketer

စတဲ့ Career တွေကို ရွေးချယ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်💯

ဒီလို အလုပ်အကိုင်အခွင့်အလမ်းပေါများပြီး တန်ဖိုးကြီး ပညာရပ်များကို ဈေးနှုန်းသက်သက်သာသာဖြင့် တက်ရောက်လိုတယ်ဆိုရင်တော့ Page Messenger မှာ လာရောက်စုံစမ်းနိုင်ပါပြီ။

ဒီဂျစ်တယ် မားကတ်တင်းနှင့် အိုင်တီနည်းပညာ များကို စာတွေ့ ၊ လက်တွေ့ ပညာဒါန သင်ကြားပေးမယ့်သင်တန်းကြီးမှာဘယ်လိုလူတွေ တက်ရောက...
10/03/2023

ဒီဂျစ်တယ် မားကတ်တင်းနှင့် အိုင်တီနည်းပညာ များကို စာတွေ့ ၊ လက်တွေ့ ပညာဒါန သင်ကြားပေးမယ့်

သင်တန်းကြီးမှာဘယ်လိုလူတွေ တက်ရောက်သင့်လဲ???

✅မားကတ်တင်း နှင့် IT နည်းပညာရပ်များကို စိတ်ဝင်စားသော လူငယ်များ

✅နေ့စဉ် နှင့် အမျှ တိုးတက်ပြောင်းလဲသော အိုင်တီနည်းပညာများကို အခြေခံမှစ စနစ်တကျ သင်ကြားလိုသူများ

✅အချိန်ကို အကျိုးရှိရှိ အသုံးချလိုသော လူငယ်များ

✅အနာဂတ် အတွက် ခိုင်မာသော Professional Career ကို ရွေးချယ်လိုသူများ

✅နည်းပညာကို အခြေခံပြီး ဝင်ငွေကောင်းသော အလုပ်အကိုင်များ ရှာဖွေလိုသူများ

✅သင်တန်းမှ ပညာရပ်များကို လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချလိုသူများ တက်ရောက်သင့်ပါတယ်။

သင်တန်းမှာ သင်ကြားပေးမှာတွေကတော့ -

📌Content Writing & Copywriting

📌Programming (Basic)

📌Web Design (Basic)

📌Graphic Design (Basic)

📌Microsoft Office (Basic)

📌Marketing Fundamentals

တို့ကို လုပ်ငန်းခွင် အတွေအကြုံရှိ DigitalMarketing.com.mm မှ ဆရာများကိုယ်တိုင် စနစ်တကျ သင်ကြားပြသပေးမှာ ဖြစ်ပါတယ်😊

အချိန်ကို အကျိုးရှိရှိ အသုံးချပြီး တန်ဖိုးကြီးပညာရပ်များကို ဈေးနှုန်းသက်သက်သာသာဖြင့် သင်ကြားလိုတယ်ဆိုရင်တော့ အခုပဲ Page Messenger မှာဆက်သွယ်လိုက်ပါ။

“တန်ဖိုးကြီး ပညာရပ်များကို ငွေကြေးသက်သာစွာ သင်ကြားနိုင်မည့် နှစ်ခါမရနိုင်တဲ့ အခွင့်အရေး” ဒီဂျစ်တယ်မားကတ်တင်း နှင့် အိုင်...
09/03/2023

“တန်ဖိုးကြီး ပညာရပ်များကို ငွေကြေးသက်သာစွာ သင်ကြားနိုင်မည့် နှစ်ခါမရနိုင်တဲ့ အခွင့်အရေး”

ဒီဂျစ်တယ်မားကတ်တင်း နှင့် အိုင်တီ နည်းပညာရပ်များကို မတတ်ရင် တိုးတက်နေတဲ့ နည်းပညာ ခေတ်ကြီးမှာ လစာကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေဆိုတာ မလွယ်ကူတော့ပါဘူး🤷‍♀️

သင့် အလုပ်အကိုင်အခွင့်အလမ်းအတွက် ဒီဂျစ်တယ် မားကတ်တင်းနှင့် အိုင်တီနည်းပညာရပ်များကို

ဈေးကြီးပေးပြီး တက်စရာ မလိုတော့ပါဘူး။

DigitalMarketing.com.mm မှ စီစဉ်ပေးထားတဲ့ ပညာဒါန သင်တန်းကြီးမှာ ငွေကြေးသက်သက်သာသာဖြင့် သင်ကြားနိုင်ပါပြီ😇

💁‍♀️သင်တန်းကနေ သင့်အတွက် ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ?

✅အနာဂတ်အတွက် မှန်ကန်သေချာတဲ့ Professional Career တစ်ခု တည်ဆောက်နိုင်လာမယ်။

✅လစာကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေနိုင်လာမယ်။

✅လုပ်ငန်းခွင်အတွက် သက်ဆိုင်ရာ ပညာရပ်များကို ပြန်လည်အသုံးချနိုင်လာမယ်။

✅ဒီဂျစ်တယ် မားကတ်တင်း နှင့် နည်းပညာရပ်များကို အခြေခံမှစကာ တတ်ကျွမ်းနားလည်လာ မှာဖြစ်ပါတယ်။

ဒါ့အပြင် သင်တန်းမှာ ထူးချွန် ကျောင်းသား/သူများ အတွက်လည်း

DigitalMarketing.com.mm မှ အလုပ်အကိုင် အခွင့်အလမ်းများ စီစဉ်ပေးသွားဦးမှာပါ💯

လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံမှာဖြစ်တာကြောင့် နှစ်ခါ မရနိုင်တဲ့ အခွင့်အရေးကို
လက်လွှတ်မခံပဲ အခုပဲ သင်တန်းအပ်နှံလိုက်ပါ။

📲သင်တန်းစုံစမ်းလိုပါက Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Address

သီတာရုံ ပရိယတ္တိ စာသင်တိုက်၊ ကြူစမ်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်
Yangon

Website

Alerts

Be the first to know and let us send you an email when အမှတ် - ၁ သီတာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to အမှတ် - ၁ သီတာရုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း:

Share