သာသနာ့ဂုဏ်ရည်ကျောင်း (Myanmar)
(Free Education Center for Computers and Languages)
ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ တောင်ဥက္ကလာပ၊ ပါရမီလမ်းမကြီးပေါ်ရှိ (၁) ဝိုင်း အတွင်းတွင် သာသနာ့ဂုဏ်ရည်ကျောင်း (USA) ဆရာတော် ကိုယ်တိုင် ဦးစီးလျက် စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ ပညာဒါန သင်တန်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရန် ဆရာတော်နှင့်အတူ လက်တွဲလျက် တည်ဆောက်ရေး၊ သင်ကြားရေးဆရာ၊ ဆ
ရာမများနှင့် အထောက်အကူပြု ပစ္စည်းများကို အောက်ပါ လိပ်စာသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော် တိုက်တွန်းအပ်ပါသည်။
သာသနာ့ဂုဏ်ရည်ကျောင်း (Myanmar)
အမှတ် (၁) ဝိုင်း၊ အမှတ် (၅) ရပ်ကွက်
ပါရမီလမ်း၊ တောင်ဥက္ကလာပ၊ ရန်ကုန်မြို့။
ဖုန်း ၀၉ ၅၁၆၇၈၁၀
၀၉ ၇၉ ၈၆၁၉ ၇၅၁
E-mail: [email protected]
ဆရာတော်၏ရည်ရွယ်ချက်
ဆရာတော်သည် သာသနာ့ဂုဏ်ရည်ကျောင်း (Myanmar) ကို ပြည်တွင်းပြည်ပ ပညာရှင်များ ဖိတ်ခေါ်လျက် အမိမြန်မာနိုင်ငံတွင်းရှိ လူငယ် လူရွယ်များ နောင်အနာဂတ်ကာလတွင် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် ပညာတတ်များ ပေါ်ပေါက်လာနိုင်ရန် ကွန်ပြူတာပညာရပ်များနှင့်ဘာသာစကားမျိုးစုံကို အခမဲ့သင်ယူ လေ့လာနိုင်သည့် ဋ္ဌာနတခုဖြစ်မြောက်အောင် တည်ဆောက်သွားပါမည်။
သာသနာ့ဂုဏ်ရည်ကျောင်း (Myanmar)
အမှတ် (၁) ဝိုင်း၊ အမှတ် (၅) ရပ်ကွက်
ပါရမီလမ်း၊ တောင်ဥက္ကလာပ၊ ရန်ကုန်မြို့။
ဖုန်း ၀၉ ၅၁၆၇၈၁၀
၀၉ ၇၉ ၈၆၁၉ ၇၅၁
E-mail: [email protected]
သာသနာ့ဂုဏ်ရည်ကျောင်း (USA) (ကာလီဖိုးနီးယားပြည်နယ်၏ မြို့တော် စက်ကရာမင်တိုမြို့တွင်တည်ဆောက်ပြီး) ကို ပြည်ပရောက် မြန်မာလူမျိုးများ၊ ကလေးသူငယ်များနှင့်ဒေသခံနိုင်ငံခြားသားများ ဝိပဿနာတရားနှင့်ဗုဒ္ဓဘာသာတရားများကို လွယ်လင့်တကူ လာရောက်လေ့လာသင်ယူနိုင်သည့် ကမ္မဋ္ဌာန်းရိပ်သာတခု ပေါ်ထွန်းလာအောင် ကြိုးပမ်း ဆောင်ရွက်သွားပါမည်။
သာသနာ့ဂုဏ်ရည်ကျောင်း (USA)
8930 Campbell Road, Elk Grove,
CA 95624, USA
Tel: (916) 477 9068
(916) 897 8200
E-mail: [email protected]