31/12/2025
အန္တိမအဂ္ဂိဈာပနပူဇာအစီအစဉ်
++++++++++++++++
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊
မဟာဝိနယာလင်္ကာရကျောင်းတိုက်ကြီး၏
ဦးစီးပဓာနနာယကဆရာတော်
ဆေကဝတီဗုဒ္ဓတက္ကသိုလ်ကြီး၏
ပါမောက္ခချုပ်ဆရာတော်
သက်တော် (၇၀)နှစ်၊ သိက္ခာတော် (၅၀) ဝါရှိ
ဒေါက်တာ ဘဒ္ဒန္တဝိနယာလင်္ကာရ
(အဂ္ဂမဟာပဏ္ဍိတ) မဟာထေရ်မြတ်၏
အန္တိမအဂ္ဂိဈာပနအောင်မြင်စွာ ပြုလုပ်နိုင်ရေးအတွက်
ရွှေရတုတိပိဋ္ဋကဆရာတော်အမှူးပြုသော
သံဃာတော်များ၊ မြို့နယ်အာဏာပိုင်များနှင့်
တိုင်ပင်ညှိနှိုင်း ဆုံးဖြတ်ချက်အရ
အန္တိမအဂ္ဂိဈာပနကို
အောက်ဖော်ပြပါအတိုင်း ကျင်းပပါမည်။
အကြိုဓမ္မသဘင် (၃)ရက်
ပထမည
++++++
ရွှေရတုတိပိဋကဓရ-တိပိဋကကောဝိဒ၊
ဓမ္မဘဏ္ဍာဂါရိက ဆရာတော်
ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ
(၂-၁-၂၀၂၅)
ဒုတိယည
++++++
ဓမ္မသစ္စာဆရာတော်
ဒေါက်တာ ဘဒ္ဒန္တဂန္ထသာရ
ဒုတိယပါမောက္ခချုပ်၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ်
(၃-၁-၂၀၂၆)
တတိယည
+++++++
သာယာကုန်းဆရာတော် ဘဒ္ဒန္တတေဇဝန္တ
(၄-၁-၂၀၂၅)
ညစဉ် ၇:၀၀ နာရီမှ စတင်ဟောကြားပါမည်။
ယင်းည စတားဗိုလ်ဟိန်းဆိုင်းတော်ဖြင့်
ဧည့်ခံပါမည်။
ဈာပနကျင်းပမည့်ရက်
+++++++++++++++
၁၃၈၇-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၃)ရက်၊
တနင်္လာနေ့၊ (၅-၁-၂၀၂၆)
အချိန် -၁၂;၀၀ နာရီ
ဌာန- မဟာဝိနယာလင်္ကာရကျောင်းတိုက်
ရတနာလမ်းမကြီး၊ (၆၁)ရပ်ကွက်၊
ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့
နိုင်ငံကျော် မင်းသမီး ခရမ်းကြည်ကြည်မာ-က
ဧယဉ်ကျူး သီဆို ဖျော်ဖြေပါမည်။
နေ့ ၂:၀၀ နာရီတွင် ကျီစုသုသာန်သို့
ပို့ဆောင် အန္တိမ အဂ္ဂီဈာပန မီသဂြိုဟ်
ပူဇော်ပါမည်။
ဈာပနကော်မတီအဖွဲ့