29/07/2026
ဓမ္မကို ချစ်မြတ်နိုးကြသော ယောဂီသူတော်စင်များအားလုံး မင်္ဂလာပါခင်ဗျာ။🙏
ယနေ့သည် နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ ဖြစ်ပါသည်။
ဝါဆိုလပြည့်နေ့သည်
၁။ ဘုရားလောင်း ပဋိသန္ဓေတည်သောနေ့
၂။ တောထွက်တော်မူသောနေ့
၃။ ဓမ္မစကြာတရားဦး ဟောကြားတော်မူသောနေ့
၄။ ပထမဆုံး သောတာပန်အရိယာ ပေါ်ထွန်းသောနေ့
၅။ သံဃာရတနာ ပေါ်ထွန်းသောနေ့
ဟူသော ထူးခြားမြင့်မြတ်သည့် အကြောင်းတရားများနှင့် ပြည့်စုံသော နေ့တစ်နေ့ဖြစ်ပါသည်။
ဓမ္မစကြာတရားဦးတွင်လောဘ၊ဒေါသ အစွန်းနှစ်ပါးကို ရှောင်ကြဉ်ကာ မဇ္ဈိမပဋိပဒါ၊ မဂ္ဂင်ရှစ်ပါးလမ်းစဉ် ကို လျှောက်လှမ်းရန် ဟောကြားထားပါသည်။ ထိုလမ်းစဉ်ကို မှန်ကန်စွာ လိုက်နာကျင့်ကြံခြင်းဖြင့် ဒုက္ခချုပ်ငြိမ်းရာ သစ္စာတရားသို့ မျက်မှောက်ပြုနိုင်မည်ဖြစ်ပါသည်။
မဂ္ဂင်ရှစ်ပါးကိုကွန့်မန့်ကလင့်ခ်မှာအသေးစိတ်လေ့လာဖတ်ရှုကျင့်သုံးနိုင်ပါတယ်ခင်ဗျာ။
ထို့ကြောင့် ယခုဝါတွင်းသုံးလကာလအတွင်း မိမိအဆင်ပြေသောအချိန်၌ နေ့စဉ်
၁။ အနည်းဆုံး ၁၅ မိနစ် တရားထိုင်ခြင်း
၂။ မိဘကျေးဇူးရှင်များအား ဂုဏ်ကျေးဇူးကို အောက်မေ့ကန်တော့ခြင်း၊ အပြစ်များကို တောင်းပန်ခြင်းနှင့် ဘုရားရှင်၏ဒေသနာနှင့်အညီ ဆုံးမသွန်သင်ပေးရန် အပ်နှံခြင်း
တို့ကို ပြုလုပ်ကြစေလိုပါသည်။
မိဘများ အဝေးရောက်နေပါက စိတ်ဖြင့်ရည်မှန်း၍ ကန်တော့နိုင်သကဲ့သို့ ကွယ်လွန်သွားပြီးဖြစ်ပါကလည်း ကုသိုလ်ကောင်းမှုများကို ရည်စူးအမျှဝေနိုင်ပါသည်။
ဝါတွင်းကာလအတွင်း မိမိတို့၏ မိဘနှင့် ကျေးဇူးရှင်များကို ကျေးဇူးဆပ်ခြင်း၊ မေတ္တာထားခြင်းနှင့် တရားအားထုတ်ခြင်းတို့ဖြင့် ကုသိုလ်ယူကာ အတူတကွ ပူးပေါင်းပါဝင်ကြပါစို့ခင်ဗျာ။
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့
#ဝါတွင်းကာလ
#တရားထိုင်ခြင်း
#မဂ္ဂင်ရှစ်ပါး
#မိဘကျေးဇူး
#ကျေးဇူးဆပ်ခြင်း
#ကုသိုလ်ယူကြစို့
#မေတ္တာနှင့်ဓမ္မ
#ဓမ္မအလင်း
#ဗုဒ္ဓသာသနာ