Myothit Church-CE

Myothit Church-CE Myothit Church CE Team....

Do Everything in love❤1 CORINTHIANS  16:14
12/07/2022

Do Everything in love❤

1 CORINTHIANS 16:14

30/08/2021

30.8.21တွင် ဆရာမနော်မီမီထွေး(ဒုသင်းအုပ်ဆရာမက်လီလန်ညွန့်၏ဇနီး)သည် ယနေ့မနက်၃နာရီ၁၀မိနစ်တွင်
ခရစ်တော်၌အိပ်ပျော်သွားပါတယ်
အထူးကြေကွဲဝမ်းနည်းရပါသည်

9.8.2021တွင် ခေါ်တော်မူခြင်းခံရသော အင်းစိန်ကရင်နှစ်ခြင်းခရစ်ယာန် ဒုသင်းအုပ်ဆရာ စောမက်မီလန်ညွန့် သည် ဒီနေ့မနက်၈နာရီတွင် ခ...
09/08/2021

9.8.2021တွင် ခေါ်တော်မူခြင်းခံရသော အင်းစိန်ကရင်နှစ်ခြင်းခရစ်ယာန် ဒုသင်းအုပ်ဆရာ စောမက်မီလန်ညွန့် သည် ဒီနေ့မနက်၈နာရီတွင် ခရစ်တော်၌အိပ်ပျော် သွားပါသည် CEလူငယ်များကလဲ မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်

God is good✨☘❤P
29/07/2021

God is good✨☘❤

P

ယနေ့ (19.7.2021) ရက်နေ့ ညနေ ၄နာရီ ၁၀မိနစ် အချိန်၌ မြို့သစ် အသင်းတော်၏ အဖ ဆရာတော်ကြီးဖြစသော သိက္ခာတော်ရ ဆရာတော် ပီတာညွန့်...
19/07/2021

ယနေ့ (19.7.2021) ရက်နေ့ ညနေ ၄နာရီ ၁၀မိနစ် အချိန်၌ မြို့သစ် အသင်းတော်၏ အဖ ဆရာတော်ကြီးဖြစသော သိက္ခာတော်ရ ဆရာတော် ပီတာညွန့်သည် ခရစ်တော်၌ အိပ်ပျော်ခဲ့ပါသဖြင့် CE လူငယ်များမှ ဝမ်းနည်း​ ကြေကွဲ ရပါသည်။

11/02/2021

အားလုံးဘဲ မဂ်လာပါ။ Covid19 pandemic ကဲ့သို့ ရှုပ်ထွေးသော ကာလမှာပင် မြို့သစ် အသင်းတော် အနေ​ဖြင့် ဝတ်ပြုကိုးကွယ်ခြင်းကိုအပါတ်စဥ်လုပ်ဆောင် လျက်ရှိပါတယ်။ နှစ်ခြင်းအသင်းချုပ်မှ လည်း အသင်းတော်များအား ဆုတောင်းခြင်းကို အစဥ်တစိုက် လုပ်ဆောင်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

ယခုကာလအတွက် ညနေ ခုနစ်နာရီတိုင်း အထူးဆုတောင်းခြင်း အစီအစဥ်ကို အသင်းတော်ကြီးမှ နေ့ရက်အစဥ်အတိုင်း ကန့်သတ်ခြင်းမရှိသော တစ်ခုသော အချိန်ကာလ အတွင်း Online မှ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယနေ့ညနေ ၇ နာရီအချိန်မှာလည်း အထူးဆုတောင်းခြင်းအစီအစဥ်ကို ပြုလုပ်မှာဖြစ်သည့် အတွက် ရပ်နီးရပ်ဝေးမှ အသင်းသူ အသင်းသားများ၊ မိတ်ဆွေများ အားလုံးပါဝင်ကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။ နိုင်ငံတော်ကြီးနှင့် အရပ်ရပ်သော ကိစ္စများအားလုံးအတွက် ယုံကြည်သူတိုင်း စိတ်နှလုံး တစ်လုံးတစ်ဝ ဆုတောင်းခြင်းအားဖြင့် အုတ်တစ်ချက်သဲတစ်ပွင့်အနေဖြင့် ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။ ~မဿဲ ၁၈:၂၀

Facebook linkမှ တန်းဝင်ရန် အခက်အခဲတွေ့နေသောသူများ ဤ IDနှိတ်၍ ဝင်ရောက် နိုင်ပါသည်။ (passwordမလိုအပ်ပါကြောင်း)

Zoom ID.... 835 0717 2820

11/10/2020

11 Oct. 2020(sunday)
ညနေ 4 နာရီ
CE ဝတ်ပြုကိုးကွယ်ခြင်း အစီအစဥ် အတွက် zoom link ဖြစ်ပါတယ်။
အားလုံးဘဲ ပါဝင်ပြီး ဝတ်ပြုကိုးကွယ်ကြဖို့ ဖိတ်ခေါ်ပါတယ်။

Meeting Id: 86565604515

Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution used around the world in board, confer...

15/04/2020
29/03/2020

That is who you are!

ဖတ်ရန်ကျမ်းစာ၊၊ ၊၊ဒံယေလ၊၆. ၄ရာ၊ ၆.

အခြေပြုကျမ်း၊၊ ၊၊ ထိုဘုရားသခင်သည် အသက်ရှင်တော်မူသော ဘုရား၊ နိစ္စထာဝရတည်သော ဘုရားဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင်။ အာဏာစက်တော်သည် အစဥ်အဆက်တည်လိမ့်မည်။ မစကယ်တင်တော်မူခြင်း ကျေးဇူးကိုပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ ၊ အံ့သြဘွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ​ခြသေ့လက်မှ ကယ်လွှတ်တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားသခင်ဖြစ်တော်မူ၏။
ဒံယလေ၊ ၆း၂၆-၂၇

အခြေပြုကျမ်းကတော့ ဒံယေလ ခြသေ့တွင်းထဲက ဘုရားရှင် ကယ်နှုတ်ခဲ့​တဲ့အကြောင်း( ဒံယေလ ၆)ထဲက ကျမ်းပိုဒ်ဘဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို တော်တော်များများ ကြားဖူးပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာ ပြန်လည်ပြီး ခွန်အားယူကြပါစို့။

အားလုံးသိတဲ့အတိုင်း ဒံယေလဟာသူ့ကို မနာလိုတဲ့ ဝန်ကြီးနဲ့ မြို့ဝန်ရဲ့ ချောက်တွန်းခြင်းကို ခံရပါတယ်။ ရှင်ဘုရင်ကလွဲပြီး အခြားသောလူ အခြားသောဘုရားကိုကိုးကွယ်တဲ့သူကို ခြသေ့လှောင်တဲ့တွင်းထဲချဖို့ ဒီဝန်ကြီးနှစ်ယောက်ဟာ ရှင်ဘုရင်ဆီ ချဥ်းကပ်ပြီး အမိန့်ထုတ်စေပါတယ်။ ဒံယေလ ဒုက္ခမရောက်ရောက်အောင် မေဒိပရိသိ ဓမ္မသတ်အတိုင်း တံဆိပ်ခတ်ပြီး လွတိလမ်းမရှိအောင် အကြပ်ကိုင်ဖို့လုပ်ပါတယ်။

ဒါကို ဒံယေလ မသိဘဲမနေပါဘူး ဝန်ကြီးနေရာကို မင်းသုံးဆက်တိုင်အောင် အလုပ်လုပ်ဖူးတဲ့ ဒံယေလဟာ ဒီကိစ္စရဲ့ အတိမ်အနက်ကို မသိဘဲမနေပါဘူး။ ဒါပေမယ့်လည်း အပိုဒ်ငယ် ၁၀မှာ ''အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့ သွား၍ ယေရုရှင်လင်မြို့သို့မျက်နှာပြုရာ အထက်ခန်းတံခါးပေါက် ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည် အတိုင်း၊ တနေ့ သုံး​ကြိမ် ဒူးထောက်လျက် ဘုရားသခင်ကိုဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏'' လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

ရှင်ဘုရင်ရဲ့အမိန့်က ဒံယေလရဲ့ ဘုရားသခင်အပေါ် ထားတဲ့ ကိုးစားမှု ကို မယိုယွင်းသွားစေခဲ့ဘူး။ သူပြုလုပ်နေကျဝတ်ကို သူပြုတယ်။ ခိုးကြောင်ခိုးဝှက်ပြုတာတောင် မဟုတ်ဘူး တံခါးဖွငိ့လျက် ချီးမွမ်းကိုးကွယ်ခဲ့တာပါ။ သူ့ရဲ့ ဘုရားရှင်ကို ကြောက်ရွံရိုသေမှုဟာ လူသားဖန်တီတဲ့ အမိန့်တစ်ခုပေါ်ထားတဲ့ ကြောက်ရွံ့မှုထက် ပိုပြီးကြီးမားခဲ့တာကိုတွေ့ရပါတယ်။

ဒီလိုလုပ်လို့လည်း သူအပြစ်ဒါဏ်ခံရဖို့ ဖြစ်လာပါတယ်။ ဒီအချိန်မှာ သူ့ကိုချစ်တဲ့ရှင်ဘုရင်က အလွန်နောင်တရပြီး ဒံယေလကို လွှတိဖို့စိတ်အားကြီးလွန်းလို့ လွှတ်ရမယ့်လမ်းကို မစားနိုင်မအိပ်နိုင် ကြိုးစားရှာခဲ့တာကို အပိုဒ်ငယ်၁၄မှာတွေ့ရပါတယ်။ သူကြိုးစားပေမယ့် သူမတတ်နိုင်ပါဘူး တခါထုတ်ပြီးသောအမိန့်တော်ကိုပြန်မဖျက်နိုင်လို့ဆိုတဲ့ မေဒိပရိသိ ဓမ္မသတ်ကြောင့် ရှင်ဘုရင်လည်း မကယ်တင်နိုင်ပါဘူး။ ဒံယေလ ခြသေ့တွင်းထဲ ချခံရပါတယ်။
ကျွနု်ပ်တို့အားလုံး ဒီအကြောင်းအရာရဲ့ အဆုံးသတ်ကို သိပါတယ် ဒံယေလကို ဘုရားရှင် ကယ်တင်ခဲ့ပါတယ်။
လူမကယ်တင်နိုင်ဘူး ဘယ်သူမှ မကယ်တင်နိုင်တဲ့ သေစရာ ကိစ္စမှာ ဒံယေလကို ဘုရားရှင် ကယ်တင်ခဲ့ပါတယ်။ ဒီမှာ သတိထားမိစရာတစ်ခုက ဘုရားရှင် မေဒိပရသိနဲ့ တည်တဲ့ အမိန့်တော်ကို မဖျက်ခဲ့ဘဲ ခြသေ့တွင်းထဲမှာ သူ့နည်းသူ့ဟန်နဲ့ ဒံယေလကိုကယ်တင်ခဲ့တာကိုတွေ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့်လည်း ရှင်ဘုရင်ဟာ ဒံယေလရဲ့ဘုရားသခင်ကို ယုံကြည်ရတဲ့ အခွင့်နဲ့ တနိုင်ငံလုံးကလူတွေကို ဒံယေလရဲ့ ဘုရားရှင်ကို ယုံကြည်ကြဖို့ စာနဲ့စေလွှတ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီကနေ့မှာ လည်း ကျွန်ုပ်တို့ဆီမှာ မသိလိုက်ဘဲနဲ့ ဒုက္ခ အကြီးအကျယ်ရောက်သွားတဲ့အခါမျိုးတွေ အကြပ်ရိုက်တဲ့အခါမျိုးတွေ စိတ်ပင်ပန်းစရာ ကိစ္စတွေရှိမှာပါ။
ဒုက္ခတွေထဲကို ခန္ဓာကိုယ်တစ်ပိုင်းက နစ်ဝင်နေပြီး နောက်တစ်ပိုင်းက တင်းခံနေရတဲ့ အ​ဖြစ်အပျက်မျိုးတွေ ​လည်းရှိမှာပါ။ ဒီကိစ္စတွေက လွတ်လမ်းမရှိဘူးလို့လည်း ထင်ရကောင်းထင်ရပါလိမ့်မယ်၊၊ ဒီနေ့ဒီအချိန်မှာ ကျွန်ုပ်တို့ ကိုးစားတဲ့ဘုရားက အခြားသူမဟုတ်ပါဘူး။ ဒံယေလကို ခြသေ့တွင်းထဲ က ကယ်နှုတ်ခဲ့တဲ့ဘုရားဖြစ်ပါတယ်။
လာဇရုကို သေရာမှ ရှင်စေခဲ့သောဘုရားဖြစ်ပါတယ်။ သူကိုယ်တိုင် အသက်ရှင်တဲ့ ဘုရားဖြစ်ပါတယ်။ ကျွန်ုပ်တို့ကို လျစ်လျူရှုမှာမဟုတ်ပါဘူး။ အစဥ်အမြဲကြည့်ရှုမယ့် ဘုရားဖြစ်ပါတယ်။ ကျွန်ုပ်တို့ဆီမှာ ဘာမှမကျန်တော့ရင်တော့ မရှိခြင်းထဲက ရှိခြင်းကို ယူဆောင်​လာပေးနိုင်တဲ့ဘုရားဖြစ်ပါတယ်။ ခံစားနေရတဲ့ ချုပ်နှောင်မှုတွေကို လွတ်မြောက်စေမယ့် ငြိမ်သက်ခြင်းအရှင်ဖြစ်ပါတယ်။

ဒံယလေဟာ
"အကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ခြသေ့နှုတ်ကိုပိတ်ထားတော်မူသဖြင့်၊ အကျွန်ုပ်သည် ခြသေ့ဘေးနှင့် လွတ်ပါ၏။''လို့ ဝန်ခံခဲ့ပါတယ်။ သူ့ကိုလွှတ်မြောက်ပေးနိုင်တဲ့ အရှင်ကဟာ သူကိုးစားခဲ့တဲ့အတိုင်း ကယ်တင် ခဲ့တဲ့ အကြောင်းကို မြင်တွေ့ရပါတယ်။
အပိုဒ်ငယ် ၂၃ ထဲမှာ "ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ၌ ထိခိုက်သော အနာတခုမှ မရှိ "ဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။

ဒီကနေ့ ဒံယေလရဲ့ ဘုရားအပေါ်ထားတဲ့ ယုံကြည်ခြင်း နဲ့ ကြောက်ရွံ့ခြင်းကို အတုယူကြဖို့ဖြစ်ပါတယ်။ ဘုရားရှင်ကို ကိုးစားတဲ့အခါ ယုံကြည်ခြင်းကဖင့်နွဲ့လို့ မရပါဘူး။ ဒံယေလက အဆုံးထိတိုင် တည်ကြည်ခဲ့သလို ဒီ​ကနေ့ ကျွန်ုပ်တို့ဟာ တည်ကြည်ရမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ စိုးရိမ်မှုတွေ ကြောက်ရွံ့ခြင်းတွေ ၊ဇာတိပကတိက ဖြစ်လာတဲ့အတွေးတွေ၊ လူ့ဉာဏ်နဲ့ အတွေးလွန်မိတာတွေ ၊အတွေ့အကြုံပေါ် မူတည်ပြီး စဥ်းစားတတ်တဲ့ မျက်လုံးတွေ ဒီအရာတွေကို ဒီနေ့မှာ ပိတ်ပြီး ယုံကြည်ခြင်း​နဲ့ လှမ်းမျှော်ကြည့်ဖို့ဖြစ်ပါတယ်။ ဘုရားရှင်ဟာ လူတွေရဲ့ ဘောင်ထဲက အလုပ်လုပ်တဲ့ဘုရားမဟုတ်ပါဘူး။ တွေ့ကြုံရတဲ့ ပြသနာတွေကို ယုံကြည်ခြင်းနဲ့ ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ဘုရားကိုအဆုံးထိတိုင် ကြောက်ရွံ့ရိုသေဖို့ ဖြစ်ပါတယ်။

ဓမ္မရာဇဝင် ၆ ကိုအနည်းငယ်လေ့လာကြည့်ရအောင်။
အခန်းငယ် ၁၄မှာ ပရောဖက် ဧလိရှဲတို့မြို့ကို ရန်သူတွေဝန်းရံထားတဲ့ အခြေအနေကိုမြင်တွေ့ရမှာပါ။ မြို့တစ်မြို့ဟာ ထွက်လမ်းမရှိဘဲ အဝိုင်းခံလိုက်ရတဲ့အခြေအနေရဲ့ နောက်ဆက်တွဲကို ကျွန်ုပ်တို့ စဥ်းစားတတ်မှာပါ။

ဒီအချိန် အပိုဒ်ငယ်၁၆ မှာ ဧလိရှဲက မစိုးရိမ်နဲ့ ငါတို့ဘက်၌ နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက်သာ၍ များကြသည် လို့ ဆိုတာကိုတွေ့ရမှာပါ..ဒီအချိန်မှာ သာမန်လူဖြစ်တဲ့ ဧလိရှဲရဲ့ကျွန်ဟာ မြင်းစီးသူရဲတွေ ရန်သူတွေဝိုင်းရံထားတာကိုသာ မြင်ရပေမယ့် ဘုရားသခင်ရဲ့ လူဖြစ်တဲ့ ဧလိရှဲကတော့ ခြားနားထဲ ​အမြင်တစ်ခုကို မြင်ခဲ့ပါတယ်။ ဒါကတော့ အပိုဒ်ငယ် ၁၇မှာ ပြောထားတဲ့အတိုင်း သူတို့ကို ဝိုင်းထားတဲ့ ရန်သူတပ် တွေကို ဘုရားသခင်ရဲ့တပ် ဖြစ်တဲ့မီးမြင်းမီးရထားတွေက ပို၍ များပြားစွာ ဝန်းရံနေခဲ့တာကိုတွေ့ရပါတယ်။..

ဒီနေ့မှာ လည်း ကျွန်ုပ်တို့ အားလုံး အဝိုင်းခံနေရပါတယ်။ ရောဂါပိုးကြောင့် စိတ်ညစ်စရာကြောင့် အထီးကျန်မှုကြောင့် အကြွေးတွေကြောင့် ပြသနာကြောင့် စသဖြင့် ကျွန်ုပ်တို့ကို ဖျက်ဆီးဖို့ ဝိုင်းရံနေသော် လည်း ကျွန်ုပ်တို့ကို အဖော်ပြုတဲ့ ဘုရားရှင်က ဒါတွေအားလုံးထက် ကြီးမားတယ် ဆိုတာကို သတိရဖို့ ဖြစ်ပါတယ်။ အားလုံးထက် ကြီးမားတဲ့ ဘုရားကို အဆုံးထိတိုင် တည်ကြည်ကြပါစို့ ။ ဘုရားရှင်က ဒီနေ့မှာ ကျွန်ုပ်တို့ နားမလည်နိုင်တဲ့ လမ်းတွေနဲ့ အလုပ်လုပ်နေတဲ့ ဘုရားဖြစ်ပါတယ်။ ဒါကြောင့်မို့ အားလုံး အတူတကွ ယုံကြည်စွာဆုတောင်းခြင်းနဲ့ ယနေ့ ကျွန်ုပ်တို့ တွေ့ကြုံနေတဲ့ အရာကြီးကို ကျော်ဖြတ်ကြဖို့ တိုက်တွန်းနှိုးဆော် ချင်ပါတယ်။

MTC CE💛

28/03/2020

စနေနေ့ည ၇:၀၀ လူငယ်သီချင်းကျင့်အစီစဉ်အား April လကုန်ထိ ရပ်နားထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

26/03/2020

အနာရောဂါငြိမ်းစေသောအရှင်

Address

A-4th Street, Myothin, Insein
Yangon
11011

Website

Alerts

Be the first to know and let us send you an email when Myothit Church-CE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Myothit Church-CE:

Share