13/09/2026
""ကျုံပျော်မြို့နယ်အသင်း(ရန်ကုန်)၏""
👉လစဉ်အစည်းအဝေးပွဲမြင်ကွင်း👈
✍️ယနေ့၁၃-၉-၂၀၂၆ရက်တနင်္ဂနွေနေ့တွင်ကျုံပျော်မြို့နယ်အသင်း(ရန်ကုန်) ၏လပတ်အစည်းအဝေးအား အသင်းဥက္ကဌဒေါ်မြမြဝင်း၏နေအိမ်တွင်ကျင်း ပပြု လုပ်ခဲ့ကြပါသည်။
✍️အသင်း၏ အတွင်းရေးမှူးဦးထွန်းစန်းမှအခမ်းအနားမှူးအဖြစ်ဆောင်ရွှက်ခဲ့ပြီး
အသင်းနာယကကြီး ဆရာကြီးဦးညဏ်ထွန်းမှ အသင်းသူအသင်းသားများသိသင့်သိထိုက်သည့် တရားနှင့်ပတ်သက်သည့်လှူဒါန်းခြင်း အကျိုးရလဒ်တို့၏ အကြောင်းကို အကျယ်တဝင့်ရှင်းလင်းတင်ပြပါသည်။
✍️အသင်းဘဏ္ဍာရေးမှူးဦးပြုံးချိုခေတ် မီမှကျုံပျော်မြို့ရေဘေးအတွက် ကျုံပျော်မြို့နယ်အသင်း(ရန်ကုန်)မှငွေကျပ် (၁၀၀)သိန်းကျော်ကို အသင်း၏ကိုယ် စားကိုယ်ထိလက်ရောက် အမှန်တကယ်ရေဘေးဒုက္ခခံစားနေရသည့် ကျေးရွာများသို့လှူဒါန်းကုသိုလ်ပြုနိုင်ခဲ့မူ့နှင့်အတူ ကြုံတွေ့ခဲ့ရသည် အတွေ့အကြုံတိုကိုရှင်းလင်းတင်ပြပါသည်။
✍️အသင်းအဖွဲ့ဝင် ဦးထွန်းထွန်းနိုင်မှအ ကြံ ပြုပါဝင်ဆွေးနွေးခြင်း အသင်းအဖွဲ့ဝင်ဦးသောင်းထိန်စိုးမှ အသင်းလှုပ်ရှားမူ့မှတ်တမ်းများကိုပြုစုထားရှိမူ့တို့ကိုတင် ပြခဲ့ပါသည်။
✍️အသင်းအတွင်းရေးမှူး ဦးထွန်းစန်းမှနှစ်စဉ်မပျက်မိမိတို့အသင်းမှကျုံပျော်
ဥပသကာအဖွဲ့နှင့် ကမ္ဘာအေး မိုးကုတ်ဆွမ်းစားဆောင်တွင် လှူဘွယ်ဝထ္ထုအစုစုနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ၂၃- ၉-၂၀၂၆ရက်နေ့တွင်လည်းကောင်း ၂၄- ၉-၂၀၂၆ရက်နေ့တွင်နှစ်စဉ်မပျက်ပြုမြဲကုသိုလ်တော်အတိုင်း ဒဂုံမြို့နယ်စကားဝါလမ်း နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ရှိမင်းကွန်းတိပိဋကကျောင်းတိုက်တွင် ဘုရားအမှူးရှိသောသံဃာတော်အရှင်သူမြတ်တို့အား လှူဘွယ်ဝထ္ထုအစုစုနှင့်ဆွမ်းဆ က်ကပ်လှူဒါန်းခြင်းကိုအသင်းသူအသင်း သားများမပျက်မ ကွက်ကြွရောက်၍ ကုသိုလ်ယူကြပါရန်ပြောကြားပြီးလာမည့်လပတ်အစည်းအ ဝေးပွဲကို၄-၁၀ -၂၀၂၆ရက်တနင်္ဂ နွေနေ့တွင်အသင်းလစဉ်အစည်း အဝေးပွဲကိုယခုကျင်းပသည့် အသင်းဥက္ကဌဒေါ်မြမြဝင်း၏နေအိမ် ၌ကျင်းပမည်ဖြစ် ကြောင်းပြောကြားပြီးအစည်းအဝေးကိုအောင်မြင်စွာပြီး မြောက်စေခဲ့ပါသည်။
ထွန်းစန်း
အတွင်းရေးမှူး
ကျုံပျော်မြိုနယ်အသင်း(ရန်ကုန်)