ပဋ္ဌာန်းပူဇော်ကြသူများ

  • Home
  • Myanmar
  • Yangon
  • ပဋ္ဌာန်းပူဇော်ကြသူများ

ပဋ္ဌာန်းပူဇော်ကြသူများ ❝ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ❞
အလှူမှန်သမျှတွင် တရားအလှူသည်အမြတ်ဆုံးဖြစ်ပေ၏

27/08/2026
════════════════════❝ ဥပုသ် သီလ စောင့်တည်ကြ ❞════════════════════••••■ မနက်ဖြန် (၂၈-၈-၂၀၂၆)ရက်နေ့(၁၃၈၈)ခုနှစ်  ဝါခေါင်လပ...
27/08/2026

════════════════════
❝ ဥပုသ် သီလ စောင့်တည်ကြ ❞
════════════════════
••
••
■ မနက်ဖြန် (၂၈-၈-၂၀၂၆)ရက်နေ့
(၁၃၈၈)ခုနှစ် ဝါခေါင်လပြည့်
မေတ္တာအခါတော်နေ့၊(သောကြာနေ့)သည်
ဝါတွင်း(၃)လပတ်၏
(၅) ကြိမ်မြောက် ဥပုသ်နေ့ ဖြစ်ပါသည်။
■ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့ခင်ဗျာ . . .
မမေ့မလျှော့ ဥပုသ်သတင်း စောင့်တည်နိုင်ကြပါရန်
နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
■ ကိုးပါးသီလ ဆောက်တည်ပုံ အားလည်းဖေါ်ပြထားပါသည်။
═════════════════════════
ကိုးပါးသီလ ခံယူဆောက်တည်ပုံ (ပါဠိ-မြန်မာ)
═════════════════════════
ဩကာသ ဩကာသ ဩကာသ
■ ကာယကံ၊ဝစီကံ၊မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါ စေခြင်းအကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် မြောက်အောင်
ဘုရားရတနာ၊တရားရတနာ၊သံဃာရတနာ၊ ရတနာ မြတ်သုံးပါး တို့ကို အရိုအသေ အလေးအမြတ်လက်အုပ် မိုး၍ ရှိခိုး ပူဇော် ဖူးမျှော် မာန်လျှော့ ကန်တော့ ပါ၏ အရှင်ဘုရား။
■ ရှိခိုးပူဇော် ဖူးမျှော် မာန်လျှော့ ကန်တော့ ရသော အကျိုး အားကြောင့် အပါယ် လေးပါး၊ကပ်သုံးပါး၊ရပ်ပြစ်ရှစ်ပါး
ရန်သူမျိုးငါးပါး၊ဝိပတ္တိ တရားလေးပါး၊ဗျသနတရားငါးပါး တို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် ချမ်းသာ တရား တော်မြတ်ကိုရပါလို ၏ အရှင် ဘုရား။
■ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
■ ဒုတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
■ တတိယမ္ပိ
အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ၊
အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
■ အရှင်ဘုရား တပည့်တော်သည် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် အားကိုးရာ ရတနာမြတ်သုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတော်မြတ်ကို တောင်းခံပါ၏။ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် ကိုးပါးသီလ ချီးမြှင့်တော်မူပါဘုရား။
□ ဘုန်းကြီး။ ယ မဟံ ဝဒါမိ၊ တံ ဝဒေထ။
■ လူများ။ အာမ ဘန္တေ။မှန်ပါဘုရား။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဘုန်းတော်ခြောက်ပါးရှိတော်မူသော ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေသော
တရား အားလုံးကို မဖောက်မပြန် အမှန်ကိုယ်တိုင် သိတော်မူသော မြတ်စွာဘုရား
အားရှိခိုးပါ၏။
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ။
ဓမျမံ သရဏံ ဂစျဆာမိ။
သံဃံ သရဏံ ဂစျဆာမိ။
ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ။
ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ။
ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ။
တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ။
တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ။
တတိယမျပိ သံဃံ သရဏံ ဂစျဆာမိ။
■ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်-
မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။
တရားတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။
သံဃာတော်မြတ်ကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ် သိမှတ်ပါ၏။.
□ ဘုန်းကြီး။ တိသရဏဂမနံ ပရိပုဏ္ဏံ။ သရဏဂုံသုံးပါး ပြည့်စုံပါပြီ။
■ လူများ။ အာမ ဘန္တေ။ မှန်ပါဘုရား။
၁။ ပါဏာတိပါတာ ဝရေမဏိသိက်ခာပဒံ သမာဒိယာမိ။
《သူ့အသက်လည်း မသတ်ဘဲ အမြဲရှောင်ကြဉ်မည်။》
၂။ အဒိန်နာဒါနာ ဝရေမဏိသိက်ခာပဒံ သမာဒိယာမိ။
《သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည်။》
၃။ အဗွဟ်မစရိယာ ဝရေမဏိသိက်ခာပဒံ သမာဒိယာမိ။
《မမြတ်သောမေထုန်အမှုလည်းမပြုဘဲအမြဲရှောင်ကြဉ်မည်》
၄။ မုသာဝါဒါ ဝရမေဏိသိကျခာပဒံ သမာဒိယာမိ။
《လိမ်လည်၍လည်း မပြောဘဲ အမြဲရှောင်ကြဉ်မည်။》
၅။ သုရာမရေယမဇ်ဇပမာဒဋ်ဌာနာ ဝရေမဏိသိက်ခာပဒံ သမာဒိယာမိ။
《သေရည်အရက်လည်းမသောက်ဘဲ အမြဲရှောင်ကြဉ်မည်။》
၆။ ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
《နေလွဲ ညစာ မစားဘဲ အမြဲရှောင်ကြဉ်မည်။》
၇။ နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန
ဝိဘူသနဋ်ဌာနာ ဝရေမဏိသိက်ခာပဒံ သမာဒိယာမိ။
《အကုသိုလ်ဖြစ်ပွားကြောင်းဖြစ်သော က ခုန် တီးမှုတ် ကြည့်ရှုနားထောင် ပန်းပန်ခြင်း
အမွှေး နံ့သာ လိမ်းကျံရှူရှိုက်ခြင်းမှ အမြဲရှောင်ကြဉ်မည်။》
၈။ ဥစ်စာသယန မဟာသယနာ ဝရေမဏိသိက်ခာပဒံ သမာဒိယာမိ။
《မြင့်သောနေရာ မြတ်သောနေရာ အိပ် ထိုင်ခြင်းမှ အမြဲရှောင်ကြဉ်မည်။》
၉။ မတျတော သဟဂတနေ စတသော သဗျဗပါဏဘူတသေု ဖရိတှာ ဝိဟရဏံ
သမာဒိယာမိ။
《မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် သတ္တဝါရှိသော လောကကို ပျံ့နှံ့၍နေစေမည်။》
《ဘုန်းကြီး။ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ သာဓုကံ
ကတွာ အပ္ပမာဒေန သမ္ပာဒေထ။》
《ဘုန်းကြီး။ ဘုရား တရား သံဃာတည်းဟူသော အားကိုးရာသုံးပါးနှင့်တကွ နောက်ဆုံးအင်္ဂါကိုးပါး မေတ္တာပွားပုံ ပါရှိသော သီလတရားမြတ်ကို ရိုသေစွာ ခံယူ ဆောက်တည်ကြပြီး၍ မမေ့မလျော့သော သတိဖြင့် ကုသိုလ်ကိစ္စအဝဝကို ပြည့်စုံအောင်အားထုတ်ကြပါ။》
《လူများ။ အာမ ဘန္တေ။ မှန်ပါဘုရား။》
■ အင်္ဂါ ၉-မျိုးနှင့် ပြည့်စုံသော ဥပုသ်သီလ ■
《ယခုအခေါ် ၉-ပါးသီလ》
══════════════
☸ အထူးတိုက်တွန်းမှု ☸
══════════════
■ ဝါတွင်းကာလသည် အချိန် (၃)လ ကြာမြင့်မည်ဖြစ်ပြီး
ရက်သတ္တပတ်အားဖြင့် (၁၃)ပတ် ကြာမည်ဖြစ်လေသည်။
■ သူတော်ကောင်းအပေါင်းတို့ -
တနှစ်တွင် (၃၆၅)ရက်ရှိလေ၏။
ထိုရက်ပေါင်းများစွာမှ
ဝါတွင်းသုံးလအတွင်း
တပတ်လျှင် တကြိမ် ၊ (၁၃) ကြိမ်မျှသာ
ဥပုသ် သီတင်းဆောက်တည် ကြရန်
အလေးအနက်ပြု တိုက်တွန်းလိုပါသည်။
■ ရုံးသမားများ၊
အလုပ်မအားလပ်သူများ အနေနှင့်လဲ
ရုံးမသွားမှီ၊ အလုပ်မသွားမှီ
အိမ်ရှိဘုရားရှေ့မှောက်တွင်
မိမိကိုယ်တိုင် (၈)ပါးသီလ၊
(၉)ပါးသီလ ဆောက်တည်
၍ရနိုင်ပေသည်။

■ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း
ယခု ဝါတွင်းကာလ အခါသမယ မှစ၍
ဥပုသ်သီလ ဆောက်တည်နိုင်ကြ ပါစေကုန်သတည်း။

❝ ကဒ်အပေါင်းမှ
ကင်းဝေးနိုင်ကြပါစေ ❞
▬▬▬▬ ஜ ☸️ ஜ ▬▬▬▬

မျှဝေ ပူဇော်ပါသည်
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈၅%နှုန်း ရှိတဲ့ထဲမှာ၊ဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့် ဘယ် နှစ် ယောက် ရှိမလဲ?ဗေဒင်လည်းမ...
26/08/2026

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈၅%နှုန်း ရှိတဲ့ထဲမှာ၊

ဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့် ဘယ် နှစ် ယောက် ရှိမလဲ?

ဗေဒင်လည်းမမေးဘူး။

ကိန်းဂဏန်းတွေအစွဲမရှိဘူး။

ရတနာမြတ်သုံးပါးကိုသာ အလေးထားတယ်။

ဘုရား ရောက်တဲ့အခါ ဘယ်နေ့ နံထောင့် မှာ မှ
ရှိခိုးမယ်လို့လဲ အစွဲမရှိဘူး။

ကြိုး-၄ ကြီး၊ကြီး-၉ ကြီးလည်း ပုတီးသွားစိပ်တာ မျိုး မရှိဘူး။

ဆုတောင်းပြည့်ဘုရားတို့၊ပုဂံကစွယ်တော် နေ့ချင်း ဖူးရင် ဆုတောင်းပြည့်တယ်တို့၊ချမ်းလာတယ် တို့
၊ကျိုက်ထီးရိုးဘုရား တစ်နှစ်ထဲမှာ ၃ခေါက်တက် ရင် ချမ်းသာတယ်တို့လည်းအယူမရှိဘူး။

ဘုရားဆိုရင် ဘယ်နေရာက ဘုရားစေတီ၊ဆင်းတု တော်ကိုမဆို တန်းတူသဘောထားနိုင်တယ်။

သရဏဂုံတည်မယ်။ငါးပါးသီလကိုထိန်းမယ်။

ရှစ်ပါးသီလ ကို အခါအားလျော်စွာ စောင့်ထိန်း မယ်။

နေ့စဉ်တရားထိုင်၊တရားအားထုတ်မယ်။အဲ့လို လူ တွေ ဘယ်လောက်ရှိလဲ။

စစ်တမ်းလိုက် ကောက်ကြည့်ရင် လူဦးရေ သိပ် များ မယ် မထင်ဘူးနော်။ ။

ကံ ကံ၏အကျိုး(ကံ=စေတနာအလုပ်)ကို မယုံပဲ မင်္ဂလိကဒိဋ္ဌိအယူအလွဲတွေကိုသာယုံကြည်နေကျရင်ဗုဒ္ဓဘာသာ မစစ်ဘူးပေါ့။

အညံ့စား ဗုဒ္ဓဘာသာဝင်တွေပေါ့။

ထေရဝါဒ ဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့် ဖြစ်နိုင်ကြပါစေ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
မူရင်းရေးသားသူအားလေးစားစွာဖြင့်

 #သရဏဂုံ၏ အဓိပ္ပါယ်ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံဟု ခေါ်သည်။ သရဏ=ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။ ဂမန=ယုံကြည်ဆည်းကပ...
26/08/2026

#သရဏဂုံ၏ အဓိပ္ပါယ်

ပါဠိဘာသာ သရဏဂမနကို မြန်မာလို သရဏဂုံဟု ခေါ်သည်။ သရဏ=ကိုးကွယ်ရာ၊ အားကိုးရာ၊ အားထားရာ။ ဂမန=ယုံကြည်ဆည်းကပ်ခြင်း၊ ယုံကြည်ဆည်းကပ်သောစိတ်။

မြတ်စွာဘုရားသည် အားကိုးရာ သရဏ။
မြတ်စွာဘုရား၏ တရားတော်သည် အားကိုးရာ သရဏ။
သံဃာတော်အပေါင်းသည် အားကိုးရာ သရဏ။
လူတို့က အားကိုးရာဟူ၍ ယုံကြည် ဆည်းကပ်ခြင်းသည် ဂမန=ဂုံ။

ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို အားကိုးရာ ဟူ၍ ယုံကြည်ဆည်းကပ်ခြင်းကို သရဏဂမန= သရဏဂုံ သုံးပါးဟု ခေါ်သည်။

၁။ မြတ်စွာဘုရားကို အားကိုးရာဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဗုဒ္ဓ သရဏဂုံ တည်သည်။

၂။ မြတ်စွာဘုရား၏ တရားတော်ကို အားကိုးရာဟူ၍ ယုံကြည် ဆည်းကပ်လျှင် ဓမ္မသရဏဂုံ တည်သည်။

၃။ သံဃာတော်အပေါင်းကို အားကိုးရာဟူ၍ ယုံကြည်ဆည်းကပ်လျှင် သံဃသရဏဂုံ တည်သည်။

သရဏဂုံ တည်သူသည် ဗုဒ္ဓဘာသာဝင်၊ ဗုဒ္ဓသာသနာဝင်ဖြစ်သည်။ ဗုဒ္ဓဘာသာဟု နှုတ်က ဝန်ခံသော်လည်း သရဏဂုံမတည်လျှင် ထိုသူ ဗုဒ္ဓဘာသာဝင်မဟုတ်။

#ဆောင်ပုဒ်
ရတနာသုံးဖြာ၊ အားကိုးရာဟု၊ ဆည်းကပ်ပြု၊ ခေါ်မှု သရဏဂုံ။
သရဏဂုံသုံးပါး၊ တည်သူများ၊ ရငြားချမ်းသာစုံ။

#သရဏဂုံ ခံယူပုံ ၄ မျိုး
သရဏဂုံ ခံယူရာ၌ ခံယူပုံ အခြင်းအရာ ၄ မျိုးရှိ၏။ ထို ၄ မျိုး ကိုပင် သရဏဂုံ ၄ မျိုးဟု ခေါ်ဝေါ်ကြ၏။ ယင်း ၄ မျိုးမှာ -
၁။ အတ္တသန္နိယျာတန သရဏဂုံ
၂။ တပ္ပရာယဏတာ သရဏဂုံ
၃။ သိဿဘာဝူပဂမန သရဏဂုံ
၄။ ပဏိပါတ သရဏဂုံ

၁။ ရတနာသုံးပါးကို အာရုံပြုလျက် “ယနေ့မှ အစပြု၍ ငါသည် ငါ၏ ကိုယ်ကို ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအား အပ်နှင်း ပါ၏””ဟု မိမိကိုယ်ကို ရတနာသုံးပါးအား စွန့်လွှတ် အပ်နှင်းခြင်းကို အတ္တသန္နိယျာတန သရဏဂုံ ဟုခေါ်သည်။

၂။ “ယနေ့မှစ၍ ငါသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကိုသာ လျှင် အားကိုးပါ၏၊ အားထားပါ၏။ ကိုးကွယ်ပါ၏။ လဲလျောင်းပါ၏”” ဟု ရတနာသုံးပါးကိုသာ အားကိုး အားထားခြင်း၊ ကိုးကွယ် လဲလျောင်းခြင်းကို တပ္ပရာယဏတာ သရဏဂုံ ဟုခေါ်သည်။

၃။ “ယနေ့မှစ၍ ငါသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ အနီးနေတပည့် ဖြစ်သည်”” ဟု ရတနာသုံးပါး၏ တပည့်အဖြစ် ကပ်ရောက်ခြင်း၊ ခံယူခြင်းကို သိဿဘာဂူပဂမန သရဏဂုံ ဟုခေါ်သည်။

၄။ ““ယနေ့မှစ၍ ငါသည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး ကိုသာလျှင် ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေ ပြုခြင်း အမှုတို့ကို ပြုပါ၏”ဟု ရတနာသုံးပါး၌ အထွတ်အမြတ်အဖြစ်ဖြင့် လွန်စွာ ရိုသေပျပ်ဝပ်ခြင်းကို ပဏိပါတ သရဏဂုံ ဟုခေါ်သည်။

ဤကိုးကွယ်ဆည်းကပ်ပုံ လေးမျိုးတွင် တမျိုးမျိုးဖြင့် အားကိုး အားထားရာအဖြစ် ကိုးကွယ်ဆည်းကပ်လျှင် သရဏဂုံ ခံယူမှုကိစ္စ ပြီးမြောက်သည်။ (သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၊ စာ ၂၀၆-၇)

#ရှိခိုးတိုင်း သရဏဂုံမဖြစ်

မည်သည့်ပုဂ္ဂိုလ်မဆို ရှိခိုးတိုင်း သရဏဂုံမဖြစ်။ ယုံကြည် ဆည်းကပ်မှု မဟုတ်။ သီလ သမာဓိ ပညာ အကျင့်တရားတို့နှင့် ပြည့်စုံ၍
မြင့်မြတ်သော ပုဂ္ဂိုလ်အဖြစ်ဖြင့် ရှိခိုးမှသာ သရဏဂုံဖြစ်သည်။ ယုံကြည် ဆည်းကပ်မှု ဖြစ်သည်။

၁။ ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း
၂။ ကြောက်၍ ရှိခိုးခြင်း
၃။ ဆရာဖြစ်၍ ရှိခိုးခြင်း
ဤ ရှိခိုးခြင်းများသည် သရဏဂုံမဖြစ်။ မြတ်စွာဘုရားကိုပင် ဆွေမျိုးဖြစ်၍ ရှိခိုးလျှင် သရဏဂုံ မဖြစ်ပေ။ (ဒီ-ဌ ၁၊ ၂၀၇)

#ဆောင်ပုဒ်
ဆွေမျိုးအဖြစ်၊ ရှိခိုးလစ်၊ မဖြစ်သရဏဂုံ။
ကြောက်ရသူအဖြစ်၊ ရှိခိုးလစ်၊ မဖြစ်သရဏဂုံ။
ဆရာအဖြစ်၊ ရှိခိုးလစ်၊ မဖြစ်သရဏဂုံ။
ပုဂ္ဂိုလ်မြတ်ဟူ၊ ရှိခိုးမူ၊ ရယူ သရဏဂုံ။
သရဏဂုံတည်က၊ ပါယ်လေးဝ၊ လားရမရှိကုန်။

#ရှိခိုးသော်လည်း သရဏဂုံမပျက်

ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်သဖြင့် သရဏဂုံ တည်နေသော ဗုဒ္ဓဘာသာဝင် တယောက်သည် တခြားဘာသာမှ ဘုရားဆိုသူများ၊ ဘုန်းကြီးဆိုသူများကို ဆွေမျိုးဖြစ်ခြင်း၊ ဆရာဖြစ်ခြင်းကြောင့် ရှိခိုး သော်လည်း တည်ပြီးသား သရဏဂုံ မပျက်။ မြင့်မြတ်သော ပုဂ္ဂိုလ်ဟု ယူဆ၍ ရှိခိုးမှသာ သရဏဂုံ ပျက်သည်။ (ဒီ-ဌ ၁၊ ၂၀၇)

#သရဏဂုံ ညစ်နွမ်းခြင်း ၄ မျိုး

၁။ ရတနာသုံးပါး၏ ဂုဏ်ကို မသိလျှင် ဖြစ်စေ၊
၂။ အသိမှားလျှင် ဖြစ်စေ၊
၃။ ယုံမှား သံသယ ရှိလျှင် ဖြစ်စေ၊
၄။ ရတနာသုံးပါးကို မရိုသေလျှင် ဖြစ်စေ သရဏဂုံ ညစ်နွမ်း၏။ သရဏဂုံ ညစ်နွမ်းလျှင် ကြီးကျယ်ဖွံ့ဖြိုးသော ကောင်းကျိုးကို မရနိုင်ပေ။ (ဒီ-ဋ္ဌ ၁၊ ၂၀၉)

#ဆောင်ပုဒ်
ရတနာ့ဂုဏ်ရည်၊ မသိပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ သိမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ ယုံမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာသုံးထွေ၊ မရိုသေ၊ ညစ်လေ သရဏဂုံ။

#သရဏဂုံ ပျက်ပုံ ၂ မျိုး

တစုံတယောက်၏ သန္တာန်၌ တည်နေသော သရဏဂုံသည်-
၁။ တခြား ဘာသာ အယူဝါဒကို ယုံကြည် ကိုးကွယ် သောကြောင့်ဖြစ်စေ၊
၂။ သေဆုံးသောကြောင့် ဖြစ်စေ ပျက်စီး၏။

အယူဝါဒတပါး ပြောင်းသွား ကိုးကွယ်၍ သရဏဂုံ ပျက်စီးလျှင် ဒိဋ္ဌိတဏှာစသော ကိလေသာပွား၍ အပြစ်များ၏။ သေဆုံးသောကြောင့် သရဏဂုံ ပျက်စီးလျှင် မည်သည့် အပြစ်မျှ မရှိပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ၊ ၇)

#ဆောင်ပုဒ်
ဘာသာတပါး၊ ကိုးကွယ်ငြား၊ ပျက်ပြား သရဏဂုံ။ သေဆုံးလေငြား၊ ထိုသူအား၊ ပျက်ပြား သရဏဂုံ။

#သရဏဂုံ မတည်နိုင်သူ

သရဏဂုံ တည်နေသူသည် တခြားဘာသာကို ပြောင်းလဲ ကိုးကွယ်မှု မပြုသမျှ မသေမချင်း သူ့သန္တာန်၌ သရဏဂုံ တည်နေ၏။ သေလျှင်ကား သရဏဂုံ ပျက်သွားပေပြီ။ သေပြီးနောက် စိတ်မရှိတော့သော ဥတုဇ ရုပ်အလောင်း၌မူ သရဏဂုံ မတည်နိုင်ပေ။ စိတ်သည်လည်း ဥတုဇရုပ်ကြွင်း အနီး၌မရှိတော့ဘဲ နောက်တဘဝ၌ ဖြစ်ပျက်အစဉ်အတိုင်း ဖြစ်လျက် နေလေပြီ။

#သရဏဂုံ နှစ်မျိုး
ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ယုံကြည် ဆည်းကပ်မှုဖြင့် တည်သော လောကီ သရဏဂုံ၊ အရိယာတို့၏သန္တာန်၌ မဂ်ဉာဏ်နှင့် အတူတကွ ဖြစ်တည်လာသော လောကုတ္တရာ သရဏဂုံဟု ၂ မျိုး ရှိ၏။ လောကီ သရဏဂုံသည် ညစ်လည်း ညစ်နွမ်းနိုင်၏။ ပျက်လည်း ပျက်စီးနိုင်၏။ လောကုတ္တရာ သရဏဂုံသည် ညစ်လည်း မညစ်နွမ်း၊ ပျက်လည်း မပျက်စီးပေ။ (ခုဒ္ဒကပါဋ္ဌ-ဋ္ဌ ၇)

(ချမ်းမြေ့အခြေပျိုး ဗုဒ္ဓဘာသာ စာအုပ် သရဏဂုံ အခန်းမှ ထုတ်နုတ်တင်ပြသည်)
Credit-Ashin Agga Dhamma
🙏🙏🙏

Address

Yangon

Alerts

Be the first to know and let us send you an email when ပဋ္ဌာန်းပူဇော်ကြသူများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share