အစ္စလာမ်၏အနက်အဓိပ္ပာယ်မှာ " ငြိမ်းချမ်းခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏အလိုတော်အတိုင်း ပျပ်ဝပ်နာခံခြင်း " ဟုရရှိပေသည်။ဤသာသနာသည် နှစ်ပေါင်း (၁၄ဝဝ) ကျော်အလျှင်က အာရေဗျနိုင်ငံတွင် တမန်တော်မြတ်မိုဟမ္မဒ်သခင်(ဆွ) ယူဆောင်လာသောသတင်စကားဖြစ်သည်။ မိုဟမ္မဒ်သခင်သည် အလ္လာဟ့်ထံတော်မှ " အလ္လာဟ်တစ်ပါးတည်းသာလျှင် ခဝပ်ကိုးကွယ်ခြင်း ခံထိုက်ပြီး အခြားမည်သူမျှ အရှင်မြတ်နှင့် တူညီသူမရှိချေ။ အစ္စလာမ်သာသနာသည် လူသားတို့အတွက် နောက်ဆုံးနှင့် ပြီးပြည့်စုံသော သာသနာဖြစ်သည်" ဟူ၍ဗျာဒိတ်တော် ရရှိပေသည်။
မိုဟမ္မဒ်သခင်သည် ဆင်းရဲသားများကိုကူညီရိုင်းပင်သည်။ကျေးကျွန်များကို လွတ်ငြိမ်းချမ်းသာခွင့်ရစေခဲ့သည်။ အမျိူးသမီးများအတွက် တူညီသောရပိုင်ခွင့်နှင့် တူညီသောအခွင့်အရေးများကိုချမှတ်သည်။ ကိုယ်တော်သည်မိမိနောက်လိုက်များအား အခက်အခဲများနှင့်ကြုံတွေ့ရစဉ်သည်းခံပြီး အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဆုတောင်းလျှက်နေကြရန်သွန်သင်သည်။ သခင်၏တာဝန်မှာမကောင်းမူဒုစရိုက်များနှင့် ညီမျှမူမရှိခြင်းများကိုဖယ်ရှား၍ ကောင်းမြတ်ခြင်းနှင့်ဘာသာတရားကိုင်းရှိင်းမူကိုချမှတ်ပြီး လူသားများကိုဖန်းဆင်းရှင်နှင့်နီးစပ်မှု ရရှိရေးအတွတ်ခေါ်ယူ ဆောင်ကြဉ်းပေးရန်ဖြစ်သည်။ မိုဟမ္မဒ်သခင်(ဆွ)သည်ရိုးသား၍စိတ်ထားမြင့်မြတ်ပြီး ငြိမ်းချမ်းသည့်ဘဝဖြင့်နေထိုင်ခဲ့သည်။
ကျမ်းတော်မြတ်ကုရ်အာန်သည်အစ္စလာမ်သာသနာ၏ မြင့်မြတ်သည့်ကျမ်းစာဖြစ်သည်။ ထိုကျမ်းတော်သည် တမန်တော်မြတ်မိုဟမ္မဒ်သခင်(ဆွ)ထံသို့အလ္လာဟ်အရှင် မြတ်ထံတော်မှ နှစ်ပေါင်း(၂၃)နှစ်တိုင်တိုင် ပိုချခဲ့သောအလ္လာဟ်အရှင်ထံတော်မှာနူတ်ကပါဌ်တော်များဖြစ်သည်။ ဤကျမ်းတွင် အပိုင်း (၃ဝ) ပါရှိပြီး အခန်း (၁၁၄) ခုခွဲထားသည်။ကျမ်းတော်တွင်သွန်သင်ချက် အမြောက်အများပါရှိပြီး လူသားများလိုက်နာကျင့်ကြံရန် လွယ်ကူရှင်းလင်းသော ဥပဒေသများပါရှိသည်။ထိုအပြင် ကြိုတင်အနာဂတ်ဟောကိန်းအမြောက်အများပါရှိပြီး များစွာတို့မှာ ဟောကြားထားသည့်အတိုင်းမှန်ကန် ပြည့်စုံပြီးလျှင် ဖြစ်ပေါ်ပြည့်စုံရန် အကြောင်းများစွာလည်ရှိပေသေးသည်။
အစ္စလာမ်နှင့် အခြားဘာသာတရားများ
အစ္စလာမ်က မိုဟမ္မဒ်၊ အာဗြာဟံ၊ ရှင်မောရှေ၊ ယေရှုခရစ်တော် ၊ ကရစ်သျှနားကိုယ်တော် ၊ ကွန်ဖျူးရှပ်၊ ရှင်တော်ဂေါတမဗုဒ္ဓနှင့် ဇရာသုစတြာ (အားလုံးအပေါ်ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) အပါအဝင် အားလုံးသော သာသနာ့အလင်းပြပုဂ္ဂိုလ်များကို လက်ခံယုံကြည်စေသည်။ အစ္စလာမ်က ထိုအရှင်သူမြတ်အားလုံးတို့ကို ကောင်းကင်ဆိုင်ရာ ဆရာသခင်များဟုမှတ်ယူပြီး လူကျင့်ဝတ်များကို ပြုပြင်ပေးရန်နှင့် ဖန်ဆင်းရှင်ထာဝရဘုရားရှင်နှင့် ဆက်သွယ်ပေါင်းဆုံမှုကို အခြေချရန်အတွက် စေလွှတ်ခြင်းခံရသည်ဟုခံယူသည်။ အမျိုးမျိုးသော ယုံကြည်ချက်ဘာသာတရား တို့၏ မူလသင်ကြားချက်တရားတော်မှာ တစ်ဆူတည်းသော ထာဝရဘုရားရှင်ထံတော်မှလာရှိသည်ဟု အစ္စလာမ်က သက်သေပြဆိုသည်။
အစ္စလာမ်နှင့်တန်းတူအခွင့်အရေး
အစ္စလာမ်သည် အမျိုးသားနှင့် အမျိုးသမီး ထို့ပြင် လူမျိုးနွယ်အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်တွင် တန်းတူဖြစ်ကြောင်းနှင့် ကောင်းမှုပြုကျင့်ခြင်းများ၌သာလျှင် တစ်ဦးထက်တစ်ဦး အဆင့်မြင့်ခြင်းဖြစ်ကြောင်း အလေးအနက်ထားဖော်ပြပေသည်။ လူသားအချင်းချင်း ဆက်ဆံရေး၌ဖြစ်စေ၊ နိုင်ငံရေး၌ဖြစ်စေ၊ စီးပွားရေးသို့မဟုတ် သာသနာရေးဆိုင်ရာ၌ဖြစ်စေ မည်သည့် ကဏ္ဍ၌မဆို ကိုယ်ကျိုးဖက်၍ အများနစ်နာအောင်ပြုခြင်းကို အစ္စလာမ်က လုံးဝခွင့်မပြုပေ။
အစ္စလာမ်နှင့်လူသား
အစ္စလာမ်သည်လူသားအချင်းချင်းစာနာထောက်ထားမူနှင့်လူတစ်ဦးချင်း၏လွတ်လပ်မူ ကိုထောက်ခံသည်။ လူသားအားမိမိကိုးကွယ်မည့်ဘာသာကိုမိမိကိုယ်တိုင်လွတ်လပ်စွာရွေးချယ် ပိုင်ခွင့်ရှိသည်ဟူသော အခြေခံမူလလူ့အခွင့်အရေးကို အသိပေးသည်။ ကျမ်းမြတ်ကုရ်အာန်က .....
" ဘာသာရေးတွင် အတင်းအကျပ်ပြုမူမရှိ " ဟုအတိအလင်း ဖော်ပြထားသည်။ (ကိုရ်အာန်ကျမ်းစာ အခန်းကြီး၂ အခန်းငယ် ၂၅၇)
အဟ်မဒီယာမွတ်စလင်အဖွဲ့
ကမ္ဘာ့သာသနာကြီးများအားလုံးသည် မိမိတို့ဘာသာ၏ ကျမ်းစာအသီးသီးတွင် ဟောကြားထားသည့်အတိုင်း ကမ္ဘာ့နောက်ပိုင်းနေ့များဖြစ်သည့် နှေင်းခေတ်ကာလတွင် ပွင့်ပေါ်လာရောက်မည့် ကတိတော်ထားရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို စောင့်မျှော်လျှက်ရှိကြပေသည်။ ဟိန္ဒူများသည် "ကရစ်သျှနားကိုယ်တော်" ကိုလည်းကောင်း ဂျူးနှင့် ခရစ်ယာန်တို့သည် " မေရှိယကယ်တင်ရှင် " ကိုလည်းကောင်း၊ မွတ်စလင်များသည် " မဆီဟ်နှင့် မဟ်ဒီ " ကိုလည်းကောင်း စသဖြင့် အသီးသီးစောင့်မျှော်လျှက်ရှိနေကြပေသည်။ ထာဝရဘုရားသခင်၏ လမ်းညွှန်မှုဖြင့် အဟ်မဒ် သခင် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) က အမှန်စင်စစ် အများစောင့်မျှော်နေကြသည့် ပုဂ္ဂိုလ်သည် ဘာသာတိုင်းတွင် တစ်ဦးစီ သီးသန့်ပွင့်ပေါ်မည်မဟုတ်ဘဲ ဘာသာအသီးသီးက ကတိတော်ထားရှိသည့် အရည်အသွေးအမျိုးမျိုးဖြင့် တစ်ဦးတည်းသာ ပွင့်ပေါ်မည်ဖြစ်ကြောင်း၊ လူသားအားလုံးသည် တစ်ကမ္ဘာလုံးဆိုင်ရာ တစ်ခုတည်းသော သာသနာတော်အတွင်းသို့ ဖိတ်ခေါ်ခြင်းခံရမည်ဖြစ်ကြောင်း ကြေငြာလေသည်။ အဟ်မဒီယာ အဖွဲ့ကြီးကို တည်ထောင်သူ အဟ်မဒ်သခင် က မိမိသည် ဘာသာတရားအသီးသီးက စောင့်မျှော်လျှက်ရှိသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ကြေငြာလေသည်။
အဟ်မဒီယာမွတ်စလင်အဖွဲ့သည် အစ္စလာမ်ဘာသာ၏ သန့်စင်မွန်မြတ်မှုအားလုံးနှင့်အတူ စစ်မှန်သော အစ္စလာမ်ဘာသာကို သွန်သင်သည်။ အစ္စလာမ်သည်ငြိမ်းချမ်းရေးသာသနာဖြစ်သည်။ ထို့ပြင်ပြောင်းလဲနေသော ကမ္ဘာ၏ လိုအပ်သော တောင်းဆိုချက်များနှင့် စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်သည့် သာသနာဖြစ်ကြောင်း တင်ပြသည်။
အစ္စလာမ်သည် လုံးဝဥဿုန် စိတ်ဓာတ်မွန်မြတ်မှုနှင့် အကျင့်စာရိတ္တမြင့်မားရေးကို အလေးအနက်ယုံကြည်ပြီး လူသားတို့၏ အရေးကိစ္စအခြေအနေအရပ်ရပ်တို့တွင် တရားမျှတခြင်းနှင့် သာတူညီမျှရှိခြင်းအရာ၌ မိတ်ဆွေနှင့် ရန်သူခွဲခြားမှုမရှိ တူညီစွာ ဆက်ဆံမှုပြုရန် သွန်သင်သည်။ ယနေ့လူသားတို့ ကြုံတွေ့ခံစားနေရသော လူမှုဘဝ၏ ဝေဒနာအဖုံဖုံ ရောဂါအစုံစုံတို့အတွက် အစ္စလာမ်သည် ကုစားရာဖြစ်သည်ဟု အဟ်မဒီယာမွတ်စလင် အဖွဲ့ကြီးက အခိုင်အမာယုံကြည်သည်။ အစ္စလာမ်ကသင်ပြသည်ကား လူသားသည် မိမိနှင့် ဘဝတူလူသားအချင်းချင်း ငြိမ်းချမ်းစွာနေထိုင်ခြင်း မပြုလေသမျှ ဘုရားသခင်နှင့်လည်း ငြိမ်းချမ်းစွာ နေနိုင်မည်မဟုတ်ချေ။ အစ္စလာမ်တွင် လူတိုင်းအဖို့ငြိမ်းချမ်းခြင်းနှင့် စိတ်နှလုံး၏ တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်သည်။ ဤသည်ကား ဘုရားသခင်၏ အလိုတော်အတိုင်း ပျပ်ဝပ်နာခံမှု၏ အသီးအပွင့်ပေတည်း။
ဤခိုင်မာသောယုံကြည်ချက်ဖြင့် အဟ်မဒီယာမွတ်စလင် အဖွဲ့အစည်းသည် လျင်မြန်စွာကြီးထွားလျှက်ရှိပြီး အပြည်ပြည်ဆိုင်ရာ အဆင့်သို့ရောက်ရှိ၍ ကမ္ဘာ့ဒေသတိုက်ကြီးများတွင် ပျံ့နှံ့လျှက်ရှိရာ ယနေ့နိုင်ငံပေါင်း (၁၉၈) ခုတွင် အဟ်မဒီယာအဖွဲ့အစည်းများကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။ကမ္ဘာတစ်ဝန်းတွင် အဟ်မဒီယာအဖွဲ့ဝင်ပေါင်း သန်း (၂ဝဝ) ကျော်ရှိပြီး နေ့စဉ်နှင့်အမျှ တိုးပွားလျှက်ရှိပေသည်။ ဤအဖွဲ့ကြီးသည် ယနေ့ကမ္ဘာတွင် အတက်အကြွဆုံးနှင့် အပြုသဘောဆောင်သည့် ဘာသာရေး အဖွဲ့အစည်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နေထိုင်ကြသော အဖွဲ့ဝင်တိုင်းသည် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေကို လေးစားလိုက်နာကြပြီး ငြိမ်းချမ်း၍ အလုပ်ကြိုးပမ်းကြကာ အများအကျိုးကို သယ်ပိုးလျှက်ရှိသော နိုင်ငံသားများဖြစ်ကြပေသည်။
ဝိညာဉ်ရေးရာ ခေါင်းဆောင်မှုစနစ်
အဟ်မဒီယာမွတ်စလင်အဖွဲ့ကြီးတွင် အလ္လာဟ်အရှင်မြတ်၏ ကြီးမြတ်သော ကျေးဇူးတော်ဖြင့် " အစ္စလာမ့်ခလီဖာစနစ် " တည်းဟူသော ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်မှုစနစ် ကောင်းချီးမင်္ဂလာတည်ရှိပေသည်။ " ခလီဖာစနစ် " (ဘုရားသခင်ထံတော်မှ ခန့်အပ်စေလွှတ်ခြင်းခံရသော တမန်တော်ကို အရိုက်အရာဆက်ခံသည့် ကိုယ်စားလှယ်) ဝိညာဉ်ရေးရာ ခေါင်းဆောင်မှုစနစ်ကို ကတိတော်ရမဆီဟ်သခင် ကပြန်လည်ဖော်ထုတ်၍ အသက်ဝင်စေခဲ့သည်။ သခင်ကြီး ကွယ်လွန်အနိစ္စရောက်ပြီးသည့်နောက်တွင် သခင်၏အရိုက်အရာကို ဆက်ခံသော ခလီဖာစနစ်က အဖွဲ့ကြီးကို မူဝါဒလမ်းစဉ်တစ်ခုတည်းပေါ်တွင် တစ်စည်းတစ်လုံးတည်းဖြင့် ချီတက်မပြတ်ရှိစေသည်။
အဟ်မဒ်သခင်၏ ပထမဦးဆုံးဆက်ခံသူ ခလီဖာမှာ " မော်လဝီ နူရွတ်ဒင်းန်သခင် " ဖြစ်သည်။ ကိုရ်အာန်ကျမ်းတတ်ပါရဂူ၊ ကျော်ကြားသော တော်ဝင်သမားတော် တစ်ဦးဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် " မိရ်ဇာဘရှီးရွတ်ဒင် မဟ်မူဒ် အဟ်မဒ် သခင် " က ဒုတိယခလီဖာအရာကို ဆက်ခံခဲ့သည်။ အစ္စလာမ့် စာပေပါရဂူအဖြစ်လည်းကောင်း၊ ဘာသာတရားများဆိုင်ရာ စွယ်စုံပညာရှင်အဖြစ်လည်းကောင်း ထင်ပေါ်ကျော်ကြားသူဖြစ်သည်။ သခင်သည် (၅၁) နှစ်တိုင်တိုင် အဖွဲ့ကြီးကို ဦးဆောင်ဦးရွက်ပြုခဲ့ပြီး အဖွဲ့ကြီး၏ အုပ်ချုပ်ရေးစနစ်ကို နိုင်ငံတကာဖွဲ့စည်းမှုအုပ်ချုပ်မှုအသွင်ဖြင့် အခိုင်အမာပြုလုပ်၍ စနစ်တကျအခြေချခဲ့သည်။ တတိယမြောက်ဦးစီးခေါင်းဆောင်အဖြစ် " မိရ်ဇာနာဆိရ်အဟ်မဒ်သခင် " ကိုရွေးချယ်တင်မြှောက်ခဲ့သည်။ သခင်သည် တမူထူးခြားသော ဉာဏ်ပညာ၊ စာရိတ္တနှင့် ဝိညာဏတရားကို လေ့ကျင့်သင်ကြားပေးခဲ့သူဖြစ်သည်။ သခင်သည် အာဖရိကနိုင်ငံများတွင် အထူးအရေးပါသော လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်သွားခဲ့သည်။ ထို့နောက် (၁၉၈၂) ခုနှစ်တွင် " မိရ်ဇာသာဟိရ်အဟ်မဒ်သခင် " အား စတုတ္ထခလီဖာအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ သခင်၏ ဦးဆောင်မှုသက်တမ်းတွင် အစ္စလာမ့် ပညာရေးစနစ်ကို အံ့မခန်းအကောင်အထည်ဖော်ဆောင်နိုင်ခဲ့ပြီး (၂၁) ရာစုတွင် အစ္စလာမ်သာသနာပြုစီမံကိန်းကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ချမှတ်ပြီး ဆက်သွယ်ရေးဂြိုဟ်တု (Satellite) မှတဆင့် ရုပ်/သံ အစီအစဉ်များကို တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့သည်။
ယခုအခါတွင် အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းကြီးသည် ပဉ္စမမြောက် ခလီဖာ " မိရ်ဇာ မတ်စ်ရူရ်အဟ်မဒ်သခင် " ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ကမ္ဘာ့နေရာအနှံ့တွင် နေထိုင်ကြသော အဟ်မဒီယာအဖွဲ့ဝင်အားလုံးသည် တစ်ခုတည်းသော အုပ်ချုပ်မှုအောက်၌ တစ်စည်းတစ်လုံးတည်းရှိလျှက် ခမ်းနားထည်ဝါသော ရွှေခေတ်ကြီးနောက်တစ်ခုကို ဖြတ်သန်းလျှက်ရှိကြပေသည်။ သခင်သည် အဖွဲ့ဝင်တိုင်းအား မျက်ခြေမပြတ် ကွပ်ကဲကြည့်ရှုနေပြီး သူတို့၏ခြေလှမ်းများကို မှန်ကန်တည့်မတ်မှုရှိစေရန်အတွက် ယုံကြည်အားကိုးပြုထိုက်သော လမ်းညွှန်ချက်များပေးလျှက်ရှိသည်။ ဤသို့ဖြင့် သခင်သည် အဟ်မဒီယာအဖွဲ့ကြီးကို တည်ထောင်သူ " ကတိတော်လာမဆီဟ်သခင် " ၏ သာသနာပြုလုပ်ငန်း ဆုံးခန်းတိုင်ပြီးမြောက်ရေးကို အကောင်အထည်ဖော်ဆောင်လျှက်ရှိသည်။ အစ္စလာမ်သည် ငြိမ်းချမ်းသော သာသနာဖြစ်ကြောင်းကို ကမ္ဘာကြီးအား နားလည်သဘောပေါက်စေရန် သခင်က အထူးတလည် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ သခင်က " အစ္စလာမ်သည် အကြမ်းဖက်လုပ်ရပ်ဟူသမျှကို ဆန့်ကျင်ကြောင်း " ကို စစ်မှန်သည့် အစ္စလာမ့်သဘောတရားများချပြလျှက် အခါမလပ်သွန်သင်မိန့်ကြားလျှက်ရှိသည်။ ထို့ပြင် " အစ္စလာမ် " ဟူသော ဝေါဟာရသည်ပင် " ငြိမ်းချမ်းခြင်းနှင့် ငြိမ်ဝပ်ခြင်း " ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြနေပေသည်။
အစ္စလာမ်သည် ငြိမ်းချမ်းရေးသာ
အဟ်မဒီယာမွတ်စလင်အဖွဲ့သည် အစ္စလာမ့်အစုအဖွဲ့များအတွင်း၌ အခြေအနေ၊အချိန်ကာလအားလျော်စွာ ဖြစ်ပွားနေသော အကြမ်းဖက်မှုဆိုင်ရာ ပုံစံဟူသမျှကို ဖယ်ရှားပြစ်ရန် ဦးဆောင်လျှက်ရှိသည်။ အစ္စလာမ်သာသနာတွင် မိမိဘက်မှ ဦးစွာရန်လို၍ ဓားလက်နက်ဖြင့် ဂျီဟာဒ်ပြုခဲ့ခြင်း မရှိကြောင်းကို ရာစုနှစ်တစ်ခုကျော်လောက်ကတည်းကပင် အဟ်မဒ်သခင်က အသေအချာရှင်းပြ ကြေငြာခဲ့ပြီးဖြစ်သည်။ သခင်က " သွေးမြေကျမှုမဖြစ်သည့် ဆင်ခြင်တုံတရား၊ အသိဉာဏ်ပညာဖြင့် ယှဉ်ပြိုင်ရသော ဂျီဟာဒ် ' ကလောင်တိုက်ပွဲ ' မှာမူ ဖွင့်လှစ်ထားလျှက်ရှိသေးကြောင်း " မိမိ၏ နောက်လိုက်အဖွဲ့ဝင်များကို သင်ပြခဲ့ပေသတည်း။
----- Zawgyi ----
အစၥလာမ့္တမန္ေတာ္ျမတ္ မိုဟမၼဒ္သခင္(ဆြ) ႏွင့္ က်မ္းေတာ္ျမတ္ကုရ္အာန္
အစၥလာမ္၏အနက္အဓိပၸာယ္မွာ " ၿငိမ္းခ်မ္းျခင္းႏွင့္ အလႅာဟ္အရွင္ျမတ္၏အလိုေတာ္အတိုင္း ပ်ပ္ဝပ္နာခံျခင္း " ဟုရရွိေပသည္။ဤသာသနာသည္ ႏွစ္ေပါင္း (၁၄ဝဝ) ေက်ာ္အလၽွင္က အာေရဗ်နိုင္ငံတြင္ တမန္ေတာ္ျမတ္မိုဟမၼဒ္သခင္(ဆြ) ယူေဆာင္လာေသာသတင္စကားျဖစ္သည္။ မိုဟမၼဒ္သခင္သည္ အလႅာဟ့္ထံေတာ္မွ " အလႅာဟ္တစ္ပါးတည္းသာလၽွင္ ခဝပ္ကိုးကြယ္ျခင္း ခံထိုက္ၿပီး အျခားမည္သူမၽွ အရွင္ျမတ္ႏွင့္ တူညီသူမရွိေခ်။ အစၥလာမ္သာသနာသည္ လူသားတို႔အတြက္ ေနာက္ဆုံးႏွင့္ ၿပီးျပည့္စုံေသာ သာသနာျဖစ္သည္" ဟူ၍ဗ်ာဒိတ္ေတာ္ ရရွိေပသည္။
မိုဟမၼဒ္သခင္သည္ ဆင္းရဲသားမ်ားကိုကူညီရိုင္းပင္သည္။ေက်းကၽြန္မ်ားကို လြတ္ၿငိမ္းခ်မ္းသာခြင့္ရေစခဲ့သည္။ အမ်ိဴးသမီးမ်ားအတြက္ တူညီေသာရပိုင္ခြင့္ႏွင့္ တူညီေသာအခြင့္အေရးမ်ားကိုခ်မွတ္သည္။ ကိုယ္ေတာ္သည္မိမိေနာက္လိုက္မ်ားအား အခက္အခဲမ်ားႏွင့္ၾကဳံေတြ႕ရစဥ္သည္းခံၿပီး အလႅာဟ္အရွင္ျမတ္ထံေတာ္တြင္ ဆုေတာင္းလၽွက္ေနၾကရန္သြန္သင္သည္။ သခင္၏တာဝန္မွာမေကာင္းမူဒုစရိုက္မ်ားႏွင့္ ညီမၽွမူမရွိျခင္းမ်ားကိုဖယ္ရွား၍ ေကာင္းျမတ္ျခင္းႏွင့္ဘာသာတရားကိုင္းရွိင္းမူကိုခ်မွတ္ၿပီး လူသားမ်ားကိုဖန္းဆင္းရွင္ႏွင့္နီးစပ္မွု ရရွိေရးအတြတ္ေခၚယူ ေဆာင္ၾကဥ္းေပးရန္ျဖစ္သည္။ မိုဟမၼဒ္သခင္(ဆြ)သည္ရိုးသား၍စိတ္ထားျမင့္ျမတ္ၿပီး ၿငိမ္းခ်မ္းသည့္ဘဝျဖင့္ေနထိုင္ခဲ့သည္။
က်မ္းေတာ္ျမတ္ကုရ္အာန္သည္အစၥလာမ္သာသနာ၏ ျမင့္ျမတ္သည့္က်မ္းစာျဖစ္သည္။ ထိုက်မ္းေတာ္သည္ တမန္ေတာ္ျမတ္မိုဟမၼဒ္သခင္(ဆြ)ထံသို ့အလႅာဟ္အရွင္ ျမတ္ထံေတာ္မွ ႏွစ္ေပါင္း(၂၃)ႏွစ္တိုင္တိုင္ ပိုခ်ခဲ့ေသာအလႅာဟ္အရွင္ထံေတာ္မွာႏူတ္ကပါဌ္ေတာ္မ်ားျဖစ္သည္။ ဤက်မ္းတြင္ အပိုင္း (၃ဝ) ပါရွိၿပီး အခန္း (၁၁၄) ခုခြဲထားသည္။က်မ္းေတာ္တြင္သြန္သင္ခ်က္ အေျမာက္အမ်ားပါရွိၿပီး လူသားမ်ားလိုက္နာက်င့္ႀကံရန္ လြယ္ကူရွင္းလင္းေသာ ဥပေဒသမ်ားပါရွိသည္။ထိုအျပင္ ႀကိဳတင္အနာဂတ္ေဟာကိန္းအေျမာက္အမ်ားပါရွိၿပီး မ်ားစြာတို႔မွာ ေဟာၾကားထားသည့္အတိုင္းမွန္ကန္ ျပည့္စုံၿပီးလၽွင္ ျဖစ္ေပၚျပည့္စုံရန္ အေၾကာင္းမ်ားစြာလည္ရွိေပေသးသည္။
အစၥလာမ္ႏွင့္ အျခားဘာသာတရားမ်ား
အစၥလာမ္က မိုဟမၼဒ္၊ အာျဗာဟံ၊ ရွင္ေမာေရွ၊ ေယရွုခရစ္ေတာ္ ၊ ကရစ္သၽွနားကိုယ္ေတာ္ ၊ ကြန္ဖ်ဴးရွပ္၊ ရွင္ေတာ္ေဂါတမဗုဒၶႏွင့္ ဇရာသုစၾတာ (အားလုံးအေပၚၿငိမ္းခ်မ္းျခင္းသက္ေရာက္ပါေစ) အပါအဝင္ အားလုံးေသာ သာသနာ့အလင္းျပပုဂၢိဳလ္မ်ားကို လက္ခံယုံၾကည္ေစသည္။ အစၥလာမ္က ထိုအရွင္သူျမတ္အားလုံးတို႔ကို ေကာင္းကင္ဆိုင္ရာ ဆရာသခင္မ်ားဟုမွတ္ယူၿပီး လူက်င့္ဝတ္မ်ားကို ျပဳျပင္ေပးရန္ႏွင့္ ဖန္ဆင္းရွင္ထာဝရဘုရားရွင္ႏွင့္ ဆက္သြယ္ေပါင္းဆုံမွုကို အေျခခ်ရန္အတြက္ ေစလႊတ္ျခင္းခံရသည္ဟုခံယူသည္။ အမ်ိဳးမ်ိဳးေသာ ယုံၾကည္ခ်က္ဘာသာတရား တို႔၏ မူလသင္ၾကားခ်က္တရားေတာ္မွာ တစ္ဆူတည္းေသာ ထာဝရဘုရားရွင္ထံေတာ္မွလာရွိသည္ဟု အစၥလာမ္က သက္ေသျပဆိုသည္။
အစၥလာမ္ႏွင့္တန္းတူအခြင့္အေရး
အစၥလာမ္သည္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီး ထို႔ျပင္ လူမ်ိဳးႏြယ္အားလုံးတို႔သည္ အလႅာဟ္အရွင္ျမတ္၏ ေရွ႕ေတာ္ေမွာက္တြင္ တန္းတူျဖစ္ေၾကာင္းႏွင့္ ေကာင္းမွုျပဳက်င့္ျခင္းမ်ား၌သာလၽွင္ တစ္ဦးထက္တစ္ဦး အဆင့္ျမင့္ျခင္းျဖစ္ေၾကာင္း အေလးအနက္ထားေဖာ္ျပေပသည္။ လူသားအခ်င္းခ်င္း ဆက္ဆံေရး၌ျဖစ္ေစ၊ နိုင္ငံေရး၌ျဖစ္ေစ၊ စီးပြားေရးသို႔မဟုတ္ သာသနာေရးဆိုင္ရာ၌ျဖစ္ေစ မည္သည့္ က႑၌မဆို ကိုယ္က်ိဳးဖက္၍ အမ်ားနစ္နာေအာင္ျပဳျခင္းကို အစၥလာမ္က လုံးဝခြင့္မျပဳေပ။
အစၥလာမ္ႏွင့္လူသား
အစၥလာမ္သည္လူသားအခ်င္းခ်င္းစာနာေထာက္ထားမူႏွင့္လူတစ္ဦးခ်င္း၏လြတ္လပ္မူ ကိုေထာက္ခံသည္။ လူသားအားမိမိကိုးကြယ္မည့္ဘာသာကိုမိမိကိုယ္တိုင္လြတ္လပ္စြာေရြးခ်ယ္ ပိုင္ခြင့္ရွိသည္ဟူေသာ အေျခခံမူလလူ႔အခြင့္အေရးကို အသိေပးသည္။ က်မ္းျမတ္ကုရ္အာန္က .....
" ဘာသာေရးတြင္ အတင္းအက်ပ္ျပဳမူမရွိ " ဟုအတိအလင္း ေဖာ္ျပထားသည္။ (ကိုရ္အာန္က်မ္းစာ အခန္းႀကီး၂ အခန္းငယ္ ၂၅၇)
အဟ္မဒီယာမြတ္စလင္အဖြဲ႕
ကမၻာ့သာသနာႀကီးမ်ားအားလုံးသည္ မိမိတို႔ဘာသာ၏ က်မ္းစာအသီးသီးတြင္ ေဟာၾကားထားသည့္အတိုင္း ကမၻာ့ေနာက္ပိုင္းေန႔မ်ားျဖစ္သည့္ ေႏွင္းေခတ္ကာလတြင္ ပြင့္ေပၚလာေရာက္မည့္ ကတိေတာ္ထားရွိသည့္ ပုဂၢိဳလ္တစ္ဦးကို ေစာင့္ေမၽွာ္လၽွက္ရွိၾကေပသည္။ ဟိႏၵဴမ်ားသည္ "ကရစ္သၽွနားကိုယ္ေတာ္" ကိုလည္းေကာင္း ဂ်ဴးႏွင့္ ခရစ္ယာန္တို႔သည္ " ေမရွိယကယ္တင္ရွင္ " ကိုလည္းေကာင္း၊ မြတ္စလင္မ်ားသည္ " မဆီဟ္ႏွင့္ မဟ္ဒီ " ကိုလည္းေကာင္း စသျဖင့္ အသီးသီးေစာင့္ေမၽွာ္လၽွက္ရွိေနၾကေပသည္။ ထာဝရဘုရားသခင္၏ လမ္းညႊန္မွုျဖင့္ အဟ္မဒ္ သခင္ (ၿငိမ္းခ်မ္းျခင္းသက္ေရာက္ပါေစ) က အမွန္စင္စစ္ အမ်ားေစာင့္ေမၽွာ္ေနၾကသည့္ ပုဂၢိဳလ္သည္ ဘာသာတိုင္းတြင္ တစ္ဦးစီ သီးသန႔္ပြင့္ေပၚမည္မဟုတ္ဘဲ ဘာသာအသီးသီးက ကတိေတာ္ထားရွိသည့္ အရည္အေသြးအမ်ိဳးမ်ိဳးျဖင့္ တစ္ဦးတည္းသာ ပြင့္ေပၚမည္ျဖစ္ေၾကာင္း၊ လူသားအားလုံးသည္ တစ္ကမၻာလုံးဆိုင္ရာ တစ္ခုတည္းေသာ သာသနာေတာ္အတြင္းသို႔ ဖိတ္ေခၚျခင္းခံရမည္ျဖစ္ေၾကာင္း ေၾကျငာေလသည္။ အဟ္မဒီယာ အဖြဲ႕ႀကီးကို တည္ေထာင္သူ အဟ္မဒ္သခင္ က မိမိသည္ ဘာသာတရားအသီးသီးက ေစာင့္ေမၽွာ္လၽွက္ရွိေသာ ပုဂၢိဳလ္ျဖစ္ေၾကာင္း ေၾကျငာေလသည္။
အဟ္မဒီယာမြတ္စလင္အဖြဲ႕သည္ အစၥလာမ္ဘာသာ၏ သန႔္စင္မြန္ျမတ္မွုအားလုံးႏွင့္အတူ စစ္မွန္ေသာ အစၥလာမ္ဘာသာကို သြန္သင္သည္။ အစၥလာမ္သည္ၿငိမ္းခ်မ္းေရးသာသနာျဖစ္သည္။ ထို႔ျပင္ေျပာင္းလဲေနေသာ ကမၻာ၏ လိုအပ္ေသာ ေတာင္းဆိုခ်က္မ်ားႏွင့္ စိန္ေခၚမွုမ်ားကို ေျဖရွင္းေပးနိုင္သည့္ သာသနာျဖစ္ေၾကာင္း တင္ျပသည္။
အစၥလာမ္သည္ လုံးဝဥႆုန္ စိတ္ဓာတ္မြန္ျမတ္မွုႏွင့္ အက်င့္စာရိတၱျမင့္မားေရးကို အေလးအနက္ယုံၾကည္ၿပီး လူသားတို႔၏ အေရးကိစၥအေျခအေနအရပ္ရပ္တို႔တြင္ တရားမၽွတျခင္းႏွင့္ သာတူညီမၽွရွိျခင္းအရာ၌ မိတ္ေဆြႏွင့္ ရန္သူခြဲျခားမွုမရွိ တူညီစြာ ဆက္ဆံမွုျပဳရန္ သြန္သင္သည္။ ယေန႔လူသားတို႔ ႀကံဳေတြ႕ခံစားေနရေသာ လူမွုဘဝ၏ ေဝဒနာအဖုံဖုံ ေရာဂါအစုံစုံတို႔အတြက္ အစၥလာမ္သည္ ကုစားရာျဖစ္သည္ဟု အဟ္မဒီယာမြတ္စလင္ အဖြဲ႕ႀကီးက အခိုင္အမာယုံၾကည္သည္။ အစၥလာမ္ကသင္ျပသည္ကား လူသားသည္ မိမိႏွင့္ ဘဝတူလူသားအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာေနထိုင္ျခင္း မျပဳေလသမၽွ ဘုရားသခင္ႏွင့္လည္း ၿငိမ္းခ်မ္းစြာ ေနနိုင္မည္မဟုတ္ေခ်။ အစၥလာမ္တြင္ လူတိုင္းအဖို႔ၿငိမ္းခ်မ္းျခင္းႏွင့္ စိတ္ႏွလုံး၏ တည္ၿငိမ္ေအးခ်မ္းမွုကို ရရွိနိုင္သည္။ ဤသည္ကား ဘုရားသခင္၏ အလိုေတာ္အတိုင္း ပ်ပ္ဝပ္နာခံမွု၏ အသီးအပြင့္ေပတည္း။
ဤခိုင္မာေသာယုံၾကည္ခ်က္ျဖင့္ အဟ္မဒီယာမြတ္စလင္ အဖြဲ႕အစည္းသည္ လ်င္ျမန္စြာႀကီးထြားလၽွက္ရွိၿပီး အျပည္ျပည္ဆိုင္ရာ အဆင့္သို႔ေရာက္ရွိ၍ ကမၻာ့ေဒသတိုက္ႀကီးမ်ားတြင္ ပ်ံ႕ႏွံ့လၽွက္ရွိရာ ယေန႔နိုင္ငံေပါင္း (၁၉၈) ခုတြင္ အဟ္မဒီယာအဖြဲ႕အစည္းမ်ားကို ဖြဲ႕စည္းခဲ့ၿပီးျဖစ္သည္။ကမၻာတစ္ဝန္းတြင္ အဟ္မဒီယာအဖြဲ႕ဝင္ေပါင္း သန္း (၂ဝဝ) ေက်ာ္ရွိၿပီး ေန႔စဥ္ႏွင့္အမၽွ တိုးပြားလၽွက္ရွိေပသည္။ ဤအဖြဲ႕ႀကီးသည္ ယေန႔ကမၻာတြင္ အတက္အႂကြဆုံးႏွင့္ အျပဳသေဘာေဆာင္သည့္ ဘာသာေရး အဖြဲ႕အစည္းျဖစ္သည္။ ကမၻာ့နိုင္ငံအသီးသီးတြင္ ေနထိုင္ၾကေသာ အဖြဲ႕ဝင္တိုင္းသည္ သက္ဆိုင္ရာနိုင္ငံ၏ ဥပေဒကို ေလးစားလိုက္နာၾကၿပီး ၿငိမ္းခ်မ္း၍ အလုပ္ႀကိဳးပမ္းၾကကာ အမ်ားအက်ိဳးကို သယ္ပိုးလၽွက္ရွိေသာ နိုင္ငံသားမ်ားျဖစ္ၾကေပသည္။
ဝိညာဥ္ေရးရာ ေခါင္းေဆာင္မွုစနစ္
ပဥၥမေျမာက္ ခလီဖာ " မိရ္ဇာ မတ္စ္႐ူရ္အဟ္မဒ္သခင္"📷Left
Center
Right
Remove
အဟ္မဒီယာမြတ္စလင္အဖြဲ႕ႀကီးတြင္ အလႅာဟ္အရွင္ျမတ္၏ ႀကီးျမတ္ေသာ ေက်းဇူးေတာ္ျဖင့္ " အစၥလာမ့္ခလီဖာစနစ္ " တည္းဟူေသာ ဝိညာဥ္ေရးဆိုင္ရာ ေခါင္းေဆာင္မွုစနစ္ ေကာင္းခ်ီးမဂၤလာတည္ရွိေပသည္။ " ခလီဖာစနစ္ " (ဘုရားသခင္ထံေတာ္မွ ခန႔္အပ္ေစလႊတ္ျခင္းခံရေသာ တမန္ေတာ္ကို အရိုက္အရာဆက္ခံသည့္ ကိုယ္စားလွယ္) ဝိညာဥ္ေရးရာ ေခါင္းေဆာင္မွုစနစ္ကို ကတိေတာ္ရမဆီဟ္သခင္ ကျပန္လည္ေဖာ္ထုတ္၍ အသက္ဝင္ေစခဲ့သည္။ သခင္ႀကီး ကြယ္လြန္အနိစၥေရာက္ၿပီးသည့္ေနာက္တြင္ သခင္၏အရိုက္အရာကို ဆက္ခံေသာ ခလီဖာစနစ္က အဖြဲ႕ႀကီးကို မူဝါဒလမ္းစဥ္တစ္ခုတည္းေပၚတြင္ တစ္စည္းတစ္လုံးတည္းျဖင့္ ခ်ီတက္မျပတ္ရွိေစသည္။
အဟ္မဒ္သခင္၏ ပထမဦးဆုံးဆက္ခံသူ ခလီဖာမွာ " ေမာ္လဝီ ႏူရြတ္ဒင္းန္သခင္ " ျဖစ္သည္။ ကိုရ္အာန္က်မ္းတတ္ပါရဂူ၊ ေက်ာ္ၾကားေသာ ေတာ္ဝင္သမားေတာ္ တစ္ဦးျဖစ္သည္။ ၁၉၁၄ ခုႏွစ္တြင္ " မိရ္ဇာဘရွီးရြတ္ဒင္ မဟ္မူဒ္ အဟ္မဒ္ သခင္ " က ဒုတိယခလီဖာအရာကို ဆက္ခံခဲ့သည္။ အစၥလာမ့္ စာေပပါရဂူအျဖစ္လည္းေကာင္း၊ ဘာသာတရားမ်ားဆိုင္ရာ စြယ္စုံပညာရွင္အျဖစ္လည္းေကာင္း ထင္ေပၚေက်ာ္ၾကားသူျဖစ္သည္။ သခင္သည္ (၅၁) ႏွစ္တိုင္တိုင္ အဖြဲ႕ႀကီးကို ဦးေဆာင္ဦးရြက္ျပဳခဲ့ၿပီး အဖြဲ႕ႀကီး၏ အုပ္ခ်ဳပ္ေရးစနစ္ကို နိုင္ငံတကာဖြဲ႕စည္းမွုအုပ္ခ်ဳပ္မွုအသြင္ျဖင့္ အခိုင္အမာျပဳလုပ္၍ စနစ္တက်အေျခခ်ခဲ့သည္။ တတိယေျမာက္ဦးစီးေခါင္းေဆာင္အျဖစ္ " မိရ္ဇာနာဆိရ္အဟ္မဒ္သခင္ " ကိုေရြးခ်ယ္တင္ေျမႇာက္ခဲ့သည္။ သခင္သည္ တမူထူးျခားေသာ ဉာဏ္ပညာ၊ စာရိတၱႏွင့္ ဝိညာဏတရားကို ေလ့က်င့္သင္ၾကားေပးခဲ့သူျဖစ္သည္။ သခင္သည္ အာဖရိကနိုင္ငံမ်ားတြင္ အထူးအေရးပါေသာ လုပ္ငန္းစဥ္မ်ားကို ခ်မွတ္ေဆာင္ရြက္သြားခဲ့သည္။ ထို႔ေနာက္ (၁၉၈၂) ခုႏွစ္တြင္ " မိရ္ဇာသာဟိရ္အဟ္မဒ္သခင္ " အား စတုတၳခလီဖာအျဖစ္ ေရြးခ်ယ္တင္ေျမႇာက္ခဲ့သည္။ သခင္၏ ဦးေဆာင္မွုသက္တမ္းတြင္ အစၥလာမ့္ ပညာေရးစနစ္ကို အံ့မခန္းအေကာင္အထည္ေဖာ္ေဆာင္နိုင္ခဲ့ၿပီး (၂၁) ရာစုတြင္ အစၥလာမ္သာသနာျပဳစီမံကိန္းကို တစ္ကမၻာလုံးအတိုင္းအတာျဖင့္ ခ်မွတ္ၿပီး ဆက္သြယ္ေရးၿဂိဳဟ္တု (Satellite) မွတဆင့္ ႐ုပ္/သံ အစီအစဥ္မ်ားကို တိုက္ရိုက္ထုတ္လႊင့္မွု စတင္ခဲ့သည္။
ယခုအခါတြင္ အဟ္မဒီယာမြတ္စလင္အဖြဲ႕အစည္းႀကီးသည္ ပဥၥမေျမာက္ ခလီဖာ " မိရ္ဇာ မတ္စ္႐ူရ္အဟ္မဒ္သခင္ " ၏ ဦးေဆာင္ဦးရြက္ျပဳမွုျဖင့္ ကမၻာ့ေနရာအႏွံ့တြင္ ေနထိုင္ၾကေသာ အဟ္မဒီယာအဖြဲ႕ဝင္အားလုံးသည္ တစ္ခုတည္းေသာ အုပ္ခ်ဳပ္မွုေအာက္၌ တစ္စည္းတစ္လုံးတည္းရွိလၽွက္ ခမ္းနားထည္ဝါေသာ ေရႊေခတ္ႀကီးေနာက္တစ္ခုကို ျဖတ္သန္းလၽွက္ရွိၾကေပသည္။ သခင္သည္ အဖြဲ႕ဝင္တိုင္းအား မ်က္ေျခမျပတ္ ကြပ္ကဲၾကည့္ရွုေနၿပီး သူတို႔၏ေျခလွမ္းမ်ားကို မွန္ကန္တည့္မတ္မွုရွိေစရန္အတြက္ ယုံၾကည္အားကိုးျပဳထိုက္ေသာ လမ္းညႊန္ခ်က္မ်ားေပးလၽွက္ရွိသည္။ ဤသို႔ျဖင့္ သခင္သည္ အဟ္မဒီယာအဖြဲ႕ႀကီးကို တည္ေထာင္သူ " ကတိေတာ္လာမဆီဟ္သခင္ " ၏ သာသနာျပဳလုပ္ငန္း ဆုံးခန္းတိုင္ၿပီးေျမာက္ေရးကို အေကာင္အထည္ေဖာ္ေဆာင္လၽွက္ရွိသည္။ အစၥလာမ္သည္ ၿငိမ္းခ်မ္းေသာ သာသနာျဖစ္ေၾကာင္းကို ကမၻာႀကီးအား နားလည္သေဘာေပါက္ေစရန္ သခင္က အထူးတလည္ ႀကိဳးပမ္းေဆာင္ရြက္လၽွက္ရွိသည္။ သခင္က " အစၥလာမ္သည္ အၾကမ္းဖက္လုပ္ရပ္ဟူသမၽွကို ဆန႔္က်င္ေၾကာင္း " ကို စစ္မွန္သည့္ အစၥလာမ့္သေဘာတရားမ်ားခ်ျပလၽွက္ အခါမလပ္သြန္သင္မိန႔္ၾကားလၽွက္ရွိသည္။ ထို႔ျပင္ " အစၥလာမ္ " ဟူေသာ ေဝါဟာရသည္ပင္ " ၿငိမ္းခ်မ္းျခင္းႏွင့္ ၿငိမ္ဝပ္ျခင္း " ျဖစ္ေၾကာင္းကို ရွင္းလင္းတင္ျပေနေပသည္။
အစၥလာမ္သည္ ၿငိမ္းခ်မ္းေရးသာ
click to add a caption📷Left
Center
Right
Remove
အဟ္မဒီယာမြတ္စလင္အဖြဲ႕သည္ အစၥလာမ့္အစုအဖြဲ႕မ်ားအတြင္း၌ အေျခအေန၊အခ်ိန္ကာလအားေလ်ာ္စြာ ျဖစ္ပြားေနေသာ အၾကမ္းဖက္မွုဆိုင္ရာ ပုံစံဟူသမၽွကို ဖယ္ရွားျပစ္ရန္ ဦးေဆာင္လၽွက္ရွိသည္။ အစၥလာမ္သာသနာတြင္ မိမိဘက္မွ ဦးစြာရန္လို၍ ဓားလက္နက္ျဖင့္ ဂ်ီဟာဒ္ျပဳခဲ့ျခင္း မရွိေၾကာင္းကို ရာစုႏွစ္တစ္ခုေက်ာ္ေလာက္ကတည္းကပင္ အဟ္မဒ္သခင္က အေသအခ်ာရွင္းၿပ ေၾကျငာခဲ့ၿပီးျဖစ္သည္။ သခင္က " ေသြးေျမက်မွုမျဖစ္သည့္ ဆင္ျခင္တုံတရား၊ အသိဉာဏ္ပညာျဖင့္ ယွဥ္ၿပိဳင္ရေသာ ဂ်ီဟာဒ္ ' ကေလာင္တိုက္ပြဲ ' မွာမူ ဖြင့္လွစ္ထားလၽွက္ရွိေသးေၾကာင္း " မိမိ၏ ေနာက္လိုက္အဖြဲ႕ဝင္မ်ားကို သင္ျပခဲ့ေပသတည္း။