Ratanālaṅkāra Sāsanavimāna Dhamma Centre - RSDC

Ratanālaṅkāra Sāsanavimāna Dhamma Centre - RSDC Keep your mind pure! Be good to others!

 #ရတနာလင်္ကာရအာကာသသိမ်တော်   _/|\_|_/|\_|_/|\_|_/|\_|_/|\_|_/|\_ရတနာလင်္ကာရသာသနာ့ဗိမာန်ဓမ္မသင်တန်းကျောင်းတိုက်အတွင်းဆောက...
25/08/2026

#ရတနာလင်္ကာရအာကာသသိမ်တော်
_/|\_|_/|\_|_/|\_|_/|\_|_/|\_|_/|\_

ရတနာလင်္ကာရသာသနာ့ဗိမာန်ဓမ္မသင်တန်းကျောင်းတိုက်အတွင်းဆောက်လုပ်မည့် " #ရတနာလင်္ကာရအာကာသသိမ်တော်" ဆောက်လုပ်နိုင်ရန်အတွက်

ရတနာလင်္ကာရသင်တန်းသူ ဆရာလေး မကုမာရီ - ကလောမြို့ - မှ 100,000 Kyatsကို ...
စေတနာသုံးတန် ထက်သန်ညီမျှစွာဖြင့် သဒ္ဓါရွှင်လန်း ဉာဏ်ပြဋ္ဌာန်းလျက် ထည့်ဝင်လှူဒါန်းပါသည်။

"ခွန်အား၊ အဆင်း၊ ချမ်းသာခြင်းနှင့်၊ အလင်းဉာဏ လုံးစုံရသည့် သဗ္ဗဒါန-မည်တွင် သိမ်ကျောင်းအလှူရှင်" များအားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ လိုရာသုခ ပြည့်စုံကြပါစေ။

___________
25-August-2026, Tuesday
#အာကာသသိမ်အလှူတော်
__________________________


(Sky Ordination Hall)

Sayālay Ma Kumārī, a student attending the RSDC Classes, from Kalaw City - contributed 100,000 Kyats
to the construction of the “Ratanālaṅkāra Ākāsa Sīmā”, to be built within the compound of the Ratanālaṅkāra Sāsanavimāna Dhamma Centre:



“May all donors who have contributed to this monastery—endowed with strength, beauty, prosperity, and the light of sight and insight —be free from dangers both physical and mental, and may all their wishes be fulfilled.”



Date:
25-August-2026, Tuesday


_________________

A Sīmā marks the boundary within which the Saṃgha preserves harmony and purity; your generosity has helped safeguard that sacred space. Long after this generation has passed, Buddhist monks will continue to perform the Buddha’s disciplinary acts within this boundary, and the merit of your offering will continue to bear fruit. Such a gift is a lasting legacy of faith, wisdom, and compassion.
__________

By offering this Sīmā, you have established a field of merit that will support the Saṃgha and preserve the the Buddha's Dispensation for future generations. May the wholesome kamma arising from this sublime act of offering Sīmā bring you happiness and well-being in this life and future lives. May you be endowed with faith (saddhā), virtue (sīla), generosity (cāga), and wisdom (paññā). May this merit become a powerful supporting condition for the realization of the Deathless state called Nibbāna.

Sādhu! Sādhu! Sādhu!

25/08/2026
နေ့ဆွမ်းဘောဇဉ် ကုသိုလ်ရှင်*************************အနန္တောအနန္တငါးပါး မိဘဆရာသမားတို့အား အမှူးထားလျက်ကိုနေဝင်း + မရီရီခို...
23/08/2026

နေ့ဆွမ်းဘောဇဉ် ကုသိုလ်ရှင်
*************************

အနန္တောအနန္တငါးပါး မိဘဆရာသမားတို့အား အမှူးထားလျက်

ကိုနေဝင်း + မရီရီခိုင် (သ္မီး) ရွှေနေရီခေတ် မိသားစုတို့မှ သမီလေး
#ရွှေနေရီခေတ်​၏ မနက်ဖြန် 24-8-2026 တနင်္လာနေ့ ကျရောက်မည့် မင်္ဂလာရှိသော (၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြတ်သော ကုသိုလ်တော်အဖြစ် ...

#ရတနာလင်္ကာသာသနာ့ဗိမာန်_ဓမ္မသင်တန်းကျောင်းတိုက် သံဃာတော် အရှင်သူမြတ်များအား

နေ့ဆွမ်း၊ အချိုပွဲတို့ကိုလည်းကောင်း၊ ရတနာလင်္ကာရဆရာတော်နှင့် ပင့်သံဃာတော် ၄ ပါးတို့အား ပစ္စည်းလေးဖြာ လိုအပ်ရာသုံး နဝကမ္မတို့ကိုလည်းကောင်း ...
သုံးတန်စေတနာ ဖြောင့်ညီစွာဖြင့် သဒ္ဓါရွှင်လန်း ဉာဏ်ပြဋ္ဌာန်းလျက်ဝမ်းမြောက်ဝမ်းသာ ဆက်ကပ် လှူဒါန်းပါသည်။

ဤကောင်းမှု​၏ အစွမ်းရှိန်စော်
အာနုဘော်ကြောင့် မွေးနေ့ ကုသိုလ်ရှင်နှင့်တကွ မိဘဆွေမျိိုး မိတ်သင်္ဂဟများ အားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍

သက်ရှည်ကျန်းမာ စိတ်အေးချမ်းသာစွာဖြင့် ဘဝလိုရာဆန္ဒများနှင့် ပြည့်ဝလျက်

မဂ်ဖိုလ်နိဗ္ဗာန်ကိုလည်း လျင်မြန်စွာ မျက်မှောက်ပြုနိုင်ခြင်း​၏ အားကောင်းသော အကြောင်းအထောက်အပံ့လည်း ဖြစ်နိုင်ပါစေကြောင်း ........

ရတနာလင်္ကာရ သံဃာတော် အရှင်သူမြတ် အပေါင်းမှ ဆုမွန်ကောင်းတောင်းကာ မေတ္တာပြုအပ်ပါသည်။
_____________________


23 August 2026, Sunday

 #ဝါဆိုသင်္ကန်နှင့်အအေးအလှူတော်ရတနာလင်္ကာရ သာသနာ့ဗိမာန် ဓမ္မသင်တန်းကျောင်းသူ ဆရာလေး မမိတ္တဉာဏီ ဦးဆောင်သော အလှူရှင်အဖွဲ့သ...
21/08/2026

#ဝါဆိုသင်္ကန်နှင့်အအေးအလှူတော်

ရတနာလင်္ကာရ သာသနာ့ဗိမာန် ဓမ္မသင်တန်းကျောင်းသူ ဆရာလေး မမိတ္တဉာဏီ ဦးဆောင်သော အလှူရှင်အဖွဲ့သည် ယနေ့ညနေ သံဃာတော်များ ဘုရားဝတ်ပြုအပြီးတွင် ရတနာလင်္ကာရ သာသနာ့ဗိမာန် ဓမ္မသင်တန်းကျောင်းတိုက်သို့ လာရောက်၍

ရဟန်းများအား အအေးဗူးနှင့် သာမဏေများအား ဝါဆိုသင်္ကန်း၊ အအေးဗူးတို့ကို ရိုသေကြည်ညိုစွာ ဆက်ကပ်လှူဒါန်းကြပါသည်။

ဤသို့ ပြုလုပ်လှူဒါန်းရသော ကုသိုလ်ကောင်းမှုအပေါင်းကြောင့် အလှူရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ စီးပွားဥစ္စာ တိုးတက်ကြွယ်ဝပြီး ပညာဉာဏ်ထက်မြက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။
ဤကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်သို့ ဦးတည်ရာလမ်းတွင် အထောက်အပံ့ကောင်းများ ဖြစ်ပါစေ။

သာဓု၊ သာဓု၊ သာဓု။ 🙏

____________

After the Saṁgha of RSDC had completed their Buddha-pūjā in this evening, a group of devoted donors led by Ma Mittañāṇī, a student of Ratanālaṅkāra Sāsanavimāna Dhamma Centre, respectfully came to make offerings to the Saṁgha.

They offered refreshing drinks to the Bhikkhus, and Vassa robes together with refreshing drinks to the Sāmaṇeras.

May their noble generosity bring them abundant merit, happiness, good health, wisdom, prosperity, and spiritual progress.! May this wholesome kamma become a supporting condition for their journey towards Nibbāna, the supreme peace!

Sādhu! Sādhu! Sādhu! 🙏
______________
21 August 2026 Friday

Sayādaw Ashin Jotika teaches Writing & Presentation Skills at RSDC on Every Friday._________21 August 2026
21/08/2026

Sayādaw Ashin Jotika teaches Writing & Presentation Skills at RSDC on Every Friday.

_________
21 August 2026

Sayādaw Ashin Candamukha teaches Vocabulary & Reading Comprehension at RSDC on Every Thursday._________20 August 2026
20/08/2026

Sayādaw Ashin Candamukha teaches Vocabulary & Reading Comprehension at RSDC on Every Thursday.

_________
20 August 2026

Address

Phonegyi Stree �> Chanthar Pyison Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Ratanālaṅkāra Sāsanavimāna Dhamma Centre - RSDC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Ratanālaṅkāra Sāsanavimāna Dhamma Centre - RSDC:

Shortcuts

Share