Yangon Technological University Buddhist Family

Yangon Technological University Buddhist Family ရန်ကုန်နည်းပညာတက္ကသိုလ် ဗုဒ္ဓဘာသာမိသ

ပဉ္စမအကြိမ်မြောက် နှစ်ဦးတရားအလှူတော် (Virtual)အလှူရှင်များ စာရင်းစုစုပေါင်းအလှူငွေ ၁,၀၂၀,၀၀၀ ( ဆယ်သိန်းနှစ်သောင်းကျပ်) က...
24/01/2021

ပဉ္စမအကြိမ်မြောက် နှစ်ဦးတရားအလှူတော် (Virtual)
အလှူရှင်များ စာရင်း
စုစုပေါင်းအလှူငွေ ၁,၀၂၀,၀၀၀ ( ဆယ်သိန်းနှစ်သောင်းကျပ်)
ကုသိုလ် ထပ်တူရကြပါစေ 🙏🙏🙏

24/01/2021

Zoom ID: 5622112020
password: 562211

Please kindly join the zoom session.
The Zoom session is also live now on Facebook.
We sincerely apologize for the delay and thank you for your patience.

မနက်ဖြန် ကျင်းပမည့် online နှစ်ဦးတရားအလှူ​တော်ကို  ထပ်မံ share ပေးလိုက်ပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစု၏...
23/01/2021

မနက်ဖြန် ကျင်းပမည့် online နှစ်ဦးတရားအလှူ​တော်ကို ထပ်မံ share ပေးလိုက်ပါသည်။

ရန်ကုန်နည်းပညာတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစု၏ ပဥ္စမအကြိမ်​မြောက် နှစ်ဦးတရားအလှူ​တော်ကို Online မှ​နေ၍ ၂၄ .၁. ၂၀၂၁ (တနင်္ဂနွေ​နေ့)
​နေ့လည် ၁၂:၃၀ နာရီ မှ ​​နေ့လည် ၂:၃၀ နာရီအထိ

​ကျေးဇူး​တော်ရှင် ​အောက်စဖို့ဒ်ဆရာ​တော်ဘုရား
ပါ​မောက္ခ ​ဒေါက်တာ အရှင်ဓမ္မသာမိ
Venerable Professor Dr. Khammai
Dhammasami (DPhil Oxford) မှ

"Healing Emotions Together for Self and Others"
"မိမိနှင့် သူတစ်ပါး ပြိုင်တူ စိတ်ခံစားမှု ကုသခြင်း"

တရား​ခေါင်းစဥ်ဖြင့် ​​အောက်ပါ page Live နှင့် Zoom များတွင်ဟောကြား​ပေးသွားမည်ဖြစ်ပါ၍
ဆရာဆရာမများ၊ ကျောင်းသား​ကျောင်းသူများ နှင့် ဓမ္မမိတ်​ဆွေများ မည်သူမဆို ဝင်​ရောက်နာယူနိုင်ကြပါရန် ​ရို​သေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ 😊🙏

Facebook Live:
"Yangon Technological University Buddhist Family" Page

Zoom ID : 5622112021
Passward : 562211

ရန်ကုန်နည်းပညာတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစု၏ ပဥ္စမအကြိမ်​မြောက် နှစ်ဦးတရားအလှူ​တော်ကို  Online မှ​နေ၍ ၂၄ .၁. ၂၀၂၁. (တနဂ်​န...
18/01/2021

ရန်ကုန်နည်းပညာတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစု၏
ပဥ္စမအကြိမ်​မြောက် နှစ်ဦးတရားအလှူ​တော်ကို Online မှ​နေ၍ ၂၄ .၁. ၂၀၂၁. (တနဂ်​နွေ​နေ့)
​နေ့လည် ၁၂:၃၀ နာရီ မှ ​​နေ့လည် ၂:၃၀ နာရီအထိ

​ကျေးဇူး​တော်ရှင် ​အောက်စဖို့ဒ်ဆရာ​တော်ဘုရား
ပါ​မောက္ခ ​ဒေါက်တာ အရှင်ဓမ္မသာမိ
Venerable Professor Dr. Khammai
Dhammasami (DPhil Oxford) မှ

"Healing Emotions Together for Self and Others"
"မိမိနှင့် သူတစ်ပါး ပြိုင်တူ စိတ်ခံစားမှု ကုသခြင်း"

တရား​ခေါင်းစဥ်ဖြင့် ​​အောက်ပါ page Live နှင့် Zoom များတွင်ဟောကြား​ပေးသွားမည်ဖြစ်ပါ၍
ဆရာဆရာမများ ​ကျောင်းသား​ကျောင်းသူများ ဓမ္မမိတ်​ဆွေများ မည်သူမဆို ဝင်​ရောက်နာယူနိုင်ကြပါရန် ​ရို​သေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်😊🙏

Facebook Live:
"Yangon Technological University Buddhist Family" Page

Zoom ID : 5622112021
Passward : 562211

"Mingalar Awareness Training"🌻အားလုံးပဲမင်္ဂလာပါ🙏🌱မနေ့က မင်္ဂလာဖောင်ဒေးရှင်းနှင့် ရန်ကုန်တိုင်း တက္ကသိုလ်များဗုဒ္ဓဘာသာမိ...
11/01/2021

"Mingalar Awareness Training"

🌻အားလုံးပဲမင်္ဂလာပါ🙏

🌱မနေ့က မင်္ဂလာဖောင်ဒေးရှင်းနှင့် ရန်ကုန်တိုင်း တက္ကသိုလ်များဗုဒ္ဓဘာသာမိသားစုတွေပူးပေါင်းပြီး "လူငယ်နှင့် မင်္ဂလာတရားတော်မိတ်ဆက်"ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ကြပါတယ်။

🌱လာမည့် ၁‌၂ရက်နေ့မှာလည်း ကျောင်းသားလူငယ်များ မင်္ဂလာတရားတော်ကို အသေးစိတ်လေ့လာကျင့်သုံးနိုင်ရန်အတွက် Mingalar Awareness Training တစ်ခု ဖန်တီးထားပါတယ်။

🌱လက်တွေ့ဘဝမှာ မင်္ဂလာတရားတော်ဟာမည်သည့် အခန်းကဏ္ဍမှာ ပါဝင်ပတ်သက်နေတာတွေသိနားလည်စေရန်၊

🌱လူမှုဘဝအောင်မြင်တိုးတက်စေရန်၊

🌱စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းစေရန်၊

🌱ဗြဟ္မဝိဟာရတရားတွေနဲ့ ဘဝကိုဘယ်လိုထိန်းကျောင်းနိုင်စေရန်၊

🌱လူမှုဆက်ဆံရေးနယ်ပယ်မှာ မှန်မှန်ကန်ကန်ပေါင်းသင်းတတ်စေရန်နှင့်

🌱အရွယ်သုံးပါးပေါ်လိုက်ပြီး ဟောကြားထားတဲ့ မင်္ဂလာတရားတစ်ခုစီကို အသေးစိတ်လေ့လာ ကျင့်သုံးနိုင်စေရန်ရည်ရွယ်ပြီး ဤသင်တန်းကိုဖွင့်လှစ်တာဖြစ်ပါတယ်။

🌱ကိုဗစ်ကာလအတွင်း မိမိတို့ရဲ့အချိန်တွေကို မင်္ဂလာရှိစွာဖြတ်သန်းနိုင်ဖို့၊ အကျိုးရှိတဲ့ အလုပ်တွေ၊ မိမိတို့ရဲ့ အသိဉာဏ်လှေကားတွေ တစ်ဆင့်တက်ဖို့အတွက် ဒီသင်တန်းလေးကိုတက်ရောက်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်လိုက်ပါတယ်။

🌱အခုချိန်ကစပြီး ကျောင်းသားလူငယ်အားလုံး စာရင်းပေးသွင်းနိုင်ပါပြီ။

🌱သင်တန်းကို Zoom platformကနေပြုလုပ်မှာပဲဖြစ်ပါတယ်။

🌱သင်တန်းကာလသည် လေးပတ်မျှကြာမြင့်မှာဖြစ်ပြီး

🌱အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာ ည7:30-9:00 အချိန်တွေမှာ သင်ကြားပေးမှာဖြစ်ပါတယ်။

🌱ဤသင်တန်း ကိုမင်္ဂလာဖောင်ဒေးရှင်းဥက္ကဌ ဆရာဦးစန်းမြင့်အောင်မှ မေတ္တာဖြင့် ဦးဆောင် သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

🌱ဤအစီစဉ်ကို
🍁နည်းပညာတက္ကသိုလ်(သန်လျင်)၊
🍁မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊
🍁ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊
🍁ဆေးတက္ကသိုလ်(၂) ရန်ကုန်၊
🍁ရန်ကုန်နည်းပညာတက္ကသိုလ်၊
🍁နည်းပညာတက္ကသိုလ်မှော်ဘီ၊
🍁 ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)၊🍁အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊
🍁အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊
🍁ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)စသည့် တက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုများနှင့် မင်္ဂလာဖောင်ဒေးရှင်းတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။

"လူငယ်နှင့် မင်္ဂလာတရား‌တော် ‌မိတ်ဆက်"အားလုံးပဲမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ🙏 🪔ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်ဗုဒ္ဓဘာသာမိ...
09/01/2021

"လူငယ်နှင့် မင်္ဂလာတရား‌တော် ‌မိတ်ဆက်"

အားလုံးပဲမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ🙏

🪔ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်ဗုဒ္ဓဘာသာမိသားစုတွေနှင့် မင်္ဂလာဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး ကိုဗစ်ကာလအတွင်းမှာတက္ကသိုလ်ကျောင်းသားလူငယ်များအတွက် အကျိုးရှိမည့် အစီစဉ်တစ်ခုပြုလုပ်ထားပါတယ်။

🪔အဲဒါကတော့ "လူငယ်နှင့် မင်္ဂလာတရားတော်မိတ်ဆက်"ဆိုတဲ့ခေါင်းစဉ်နဲ့ မင်္ဂလာတရားတော်ကို မိတ်ဆက်အနေနဲ့လေ့လာမည့်အစီစဉ်ပဲဖြစ်ပါတယ်။

🪔လူငယ်များသည် တိုင်းပြည်၏ အနာဂတ်များဖြစ်ကြပါသည်။

🪔တိုင်းပြည်တိုးတက်ဖို့ အတွက် လူငယ်တစ်ယောက်ချင်းဆီတိုးတက်ဖို့လိုပါတယ်။

🪔ဒီလိုတိုးတက်ဖို့ကလည်း ဆိုင်ရာပညာရပ်များကို ကိုယ်ဆီရှာမှီးဖို့လိုသလို မိမိပတ်ဝန်းကျင်၊ လူမှုအဖွဲ့စည်း၊ လုပ်ငန်းခွင် စတဲ့ နယ်ပယ်ပေါင်းစုံမှာ သဟဇာတဖြစ်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ အရည်အချင်းတွေလဲ များစွာလိုအပ်ပါသေးတယ်။

🪔လူမှုပတ်ဝန်းကျင်သည် တဖြည်းဖြည်း တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ်ချရမှု၊ အပြန်အလှန်လေးစားမှု၊ ကိုယ်ချင်းစာတရား၊ မေတ္တာတရားတွေ လျော့နည်းလာကြပြီး အားလုံးဟာ ပတ်ဝန်းကျင်နှင့် သီးခြားလိုဖြစ်လာပါတယ်။

🪔ဒီလိုဖြစ်လာတဲ့အခါ အထီးကျန်မှုတွေ၊ စိတ်ဖိစီးမှုတွေ၊ မိသားစုအချင်းချင်း မိတ်ဆွေအချင်းချင်း နားမလည်ပေးနိုင်တာတွေ၊ လုပ်ငန်းခွင်မှာအဆင်မပြေတာတွေစတဲ့ ပြသနာတွေ ထုနဲ့ဒေး ပေါ်ပေါက်လာပါတော့‌တယ်။

🪔ဒီလို လူမှုပြဿနာမျိုးတွေနည်းပါးအောင်ရယ်၊ အသိဉာဏ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးအောင်ရယ်၊ ပတ်ဝန်းကျင်နှင့် အပြန်အလှန်အကျိုးပြုပြီး ပေါင်းသင်းဆက်ဆံတတ်လာစေရန်၊ လောကီလောကုတ်ဆိုင်ရာ ဘဝရဲ့အရေးပါမှုတွေကို ဘယ်လိုအောင်မြင်အောင် လုပ်ဆောင်ရမည့်နည်းလမ်းတွေကို မြတ်ဗုဒ္ဓဟောကြားတဲ့ " မင်္ဂလာတရားတော်" ထဲမှာ ဖော်ပြထားပါတယ်။

🪔ဒီတော့ လူငယ်တွေလိုအပ်နေတဲ့ အရာတွေ ကြုံတွေ့နေတဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ မင်္ဂလာတရားတော်နှင့် ချိန်ထိုးလေ့လာနိုင်စေရန်အတွက် "လူငယ်နှင့် မင်္ဂလာတရားတော်မိတ်ဆက်"ဆိုတဲ့ ခေါင်းစဉ်နှင့် လေ့လာဖို့အစီစဉ်ရှိပါတယ်ခင်ဗျာ။

🪔ဤအစီစဉ်မှာ တက္ကသိုလ်ကျောင်းသားလူငယ်များ ပါဝင်နိုင်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။
Onlineကနေလုပ်မှာဖြစ်လို့ လူဦးရေအကန့်သတ်ရှိသည့်အတွက် pageရဲ့ messengerမှာပဲဖြစ်ဖြစ် commentမှာပဲဖြစ်ဖြစ် စာရင်းပေးဖို့မေတ္တာရပ်ခံအပ်ပါသည်။

🪔Zoom platformကနေပြုလုပ်မှာပဲဖြစ်ပါတယ်။

🪔ဤခေါင်းစဉ် ကိုမင်္ဂလာဖောင်ဒေးရှင်းဥက္ကဌ ဆရာဦးစန်းမြင့်အောင်မှ ဦးဆောင် ပြောကြားပေးမှာဖြစ်ပါတယ်။

🪔ဤအစီစဉ်ကို
🍁 နည်းပညာတက္ကသိုလ်(သန်လျင်)၊
🍁မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊
🍁ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊
🍁ဆေးတက္ကသိုလ်(၂) ရန်ကုန်၊
🍁ရန်ကုန်နည်းပညာတက္ကသိုလ်၊
🍁နည်းပညာတက္ကသိုလ်မှော်ဘီ၊
🍁 ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)၊🍁အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊
🍁အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊
🍁ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)စသည့် တက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုများနှင့် မင်္ဂလာဖောင်ဒေးရှင်းတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။

တရားတော် နာယူနိုင်ရန် ဖိတ်ကြားခြင်း။       ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်သာမိ ...
07/12/2020

တရားတော် နာယူနိုင်ရန် ဖိတ်ကြားခြင်း။

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်သာမိ ဟောကြားမည့် တရားတော်အား နာယူလိုသည့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အောက်ဖော်ပြပါ အစီအစဥ်အတိုင်း Zoom Application ဖြင့် နာယူနိုင်ပါကြောင်း အသိပေးနှိုးဆော်ပါသည်။

နေ့ရက် - ၁၁.၁၂.၂၀၂၀ (သောကြာနေ့)
အချိန် - ၁၄:၀၀နာရီ
ဟောကြားမည့်တရားတော် - အကောင်းမြင်ဝါဒဖြင့်ပြဿနာဝိုင်းဝန်းဖြေရှင်းနိုင်ရေး (To be positive and be part of solution)
Zoom ID - 5622112020
Passcode - 562211

ကထိန်ညှပ်သင်္ကန်းကြီး ကပ်လှူပြီးပါပြီ 🙏🙏🙏
20/11/2020

ကထိန်ညှပ်သင်္ကန်းကြီး ကပ်လှူပြီးပါပြီ 🙏🙏🙏

တရားတော်နာ ကြွရောက်နိုင်ပါကြောင်း 🙏
30/09/2020

တရားတော်နာ ကြွရောက်နိုင်ပါကြောင်း 🙏

အားလုံးပဲ မင်္ဂလာပါ🙏

✨ယခု 1.10.2020 (ကြာသပတေး)နေ့မှာတော့
ထူးထူးခြားခြားအစီအစဉ်လေးတစ်ခုအဖြစ် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဗုဒ္ဓဘာသာမိသားစုကကြီးမှူးစီစဥ်ပြီး
"ဓမ္မ အမေးအဖြေ" တရားသင်တန်းကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

✨တရားသင်တန်းသို့ ကြွရောက်ဖြေကြားပေးမည့်
ဆရာတော်ကတော့ ရှမ်းပြည်ဗုဒ္ဓတက္ကသိုလ်မှ ကျေးဇူးတော်ရှင်

အရှင်ဝိမလာဘိပါလ

တွဲဖက်အုပ်ချုပ်ရေး နာယကဆရာတော်၊
Director of Human Resources Department၊
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၊ တောင်ကြီးမြို့ ဖြစ်ပါတယ်။

✨ကျနော်တို့အားလုံး မေးလိုတာ သိလိုတာတွေကို ဆရာတော်ကို မေးမြန်းပြီး နာယူမှတ်သားကြမှာ ဖြစ်ပါတယ်ခင်ဗျာ။

✨မေးမြန်းခြင်းဟာ သံသယကင်းခြင်းအကြောင်းဖြစ်သလို
ပညာဖြစ်ထွန်းခြင်းရဲ့အကြောင်းလဲဖြစ်ပါတယ်။

✨ဒါကြောင့် ညီကိုမောင်နှမအားလူံးနဲ့အတူ မေးခွန်းများမေးရင်း ဆရာတော်စီက‌ တရားနာယူ မှတ်သားနိုင်ဖို့ အားလုံးကို ကြိုတင်အကြောင်းကြားဖိတ်ကြားအပ်ပါတယ်။

✨တရားပွဲသို့ ကြွရောက်နိုင်မည့် Zoom link ကိုတော့ တရားသင်တန်းအချိန်နီးကပ်လျှင် သက်ဆိုင်ရာ Groupများမှတစ်ဆင့် ဝေမျှပေးသွားပါမည်။

✨တရားနာလိုသူ ဓမ္မမိတ်ဆွေ မည်သူမဆို ကုသိုလ်ပါဝင်တရားနာယူနိုင်ပါတယ်။

✨Comment မှာ ပြောကြားပေးပါ။
Link ပို့ပေးပါမယ်ခင်ဗျာ။

Date - 1.10.2020 (Thursday)
Time - (7:00-9:00)Pm
With Zoom.


အဌမအကြိမ် သွေးလှူဒါန်းပွဲတွင်A သွေး ၃၄အိတ်၊B သွေး ၂၈အိတ်၊AB သွေး ၁၀အိတ်၊O သွေး ၃၈အိတ်စုစုပေါင်း ၁၁၀ အိတ် လှူဒါန်းပါသည်။
20/02/2020

အဌမအကြိမ် သွေးလှူဒါန်းပွဲတွင်
A သွေး ၃၄အိတ်၊
B သွေး ၂၈အိတ်၊
AB သွေး ၁၀အိတ်၊
O သွေး ၃၈အိတ်
စုစုပေါင်း ၁၁၀ အိတ် လှူဒါန်းပါသည်။

မနက်ဖြန်အတွက် အဆင်သင့်ဖြစ်ပါပြီ။
19/02/2020

မနက်ဖြန်အတွက် အဆင်သင့်ဖြစ်ပါပြီ။

Address

Insein Road
Yangon
11011

Website

Alerts

Be the first to know and let us send you an email when Yangon Technological University Buddhist Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share