မဂ်လေးပါး သဘာဝတရားရိပ်သာ

  • Home
  • Myanmar
  • Yangon
  • မဂ်လေးပါး သဘာဝတရားရိပ်သာ

မဂ်လေးပါး သဘာဝတရားရိပ်သာ အလိုကင်းမှ ပြီးပြည့်စုံတယ်။

မဂ်လေးပါး သဘာဝတရားရိပ်သာနေ့စဉ်တရားစခန်း 🌼🍂🌼🍂မြောက်ဒဂုံ(၄၆) ရပ်ကွက်အမှတ် (၄၆၇/၄၆၈) ပြည်ထောင်စုလမ်းမကြီး ၊အအေးဆိုင်မှတ်တို...
18/02/2024

မဂ်လေးပါး သဘာဝတရားရိပ်သာ
နေ့စဉ်တရားစခန်း 🌼🍂🌼🍂
မြောက်ဒဂုံ(၄၆) ရပ်ကွက်
အမှတ် (၄၆၇/၄၆၈) ပြည်ထောင်စုလမ်းမကြီး ၊အအေးဆိုင်မှတ်တိုင်
ရန်ကုန်တိုင်း

ယနေ့ ဖေဖေါ်ဝါရီလ ၁၈ရက် အာရုံဆွမ်းအလှူရှင်
ဦးလှကျော် (ခ) ကျော်ကျော်၏ ၄၈နှစ်ပြည့်မွေးနေ့အလှူ
🪷🪷🪷🙏🏻🙏🏻🙏🏻🪷🪷🪷

ပကာသနမဖက် ပကတိဖြူစင်
ရိုးရှင်းသော စေတနာ သက်သက်ဖြင့် ဒါနပါရမီကုသိုလ်
ပြုလျက်ရှိသည့်

စေတနာရှင် အလှူရှင်မိသားစု၏ မြတ်သော ဒါနကုသိုလ် အစုစုအား
ကြည်နူးဝမ်းမြောက်စွာ သာဓုအခါခါ ခေါ်ဆိုလျက်
ကုသိုလ်တော် မှတ်တမ်းတင်အပ်ပါသည်။

အလှူရှင်မိသားစုနှင့် တကွ ဤအလှူနှင့် ပါတ်သက်သမျှအားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
ကောင်းကျိုးချမ်းသာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေ။
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
အများအကျိုး သာသနာအကျိုးကို ချမ်းသာစွာ ဆောင်ရွက်နိုင်ကြပါစေ။
ဤကောင်းမှုအလှူသည် မြတ်သော မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာအတွက် အားကြီးသော အထောက်အပံ့ဖြစ်ပါစေ။
သာဓု ….. သာဓု …..သာဓု

☂️မဂ်လေးပါး သဘာဝတရားရိပ်သာ ☂️

ယနေ့ ဆွမ်းဘူးအလှူ ၄၄ဘူးမဂ်လေးပါးသဘာဝတရားရိပ်သာမှာ နေ့စဥ်ဆွမ်းခံကြွပြီး ရိပ်သာယောဂီများ မှ ထမင်းဘူးများကို နေ့စဥ်ဝေငှပေးပ...
08/02/2024

ယနေ့ ဆွမ်းဘူးအလှူ ၄၄ဘူး
မဂ်လေးပါးသဘာဝတရားရိပ်သာမှာ နေ့စဥ်ဆွမ်းခံကြွပြီး ရိပ်သာယောဂီများ မှ ထမင်းဘူးများကို နေ့စဥ်ဝေငှပေးပါတယ်။
နေ့စဥ် ဆွမ်း၊ ဆွမ်းဟင်းလှူဒါန်းပေးကြသော မြောက်ဥက္ကလာ ဋရပ်ကွက် အိဒ္ဒြာ ၇လမ်း၊ ၈လမ်း၊ ၉လမ်း၊ ၁၀လမ်း၊ ၁၁လမ်း၊ ၁၂လမ်းမှ သဒ္ဒါကြည်လင် လှူဒါန်းမှု ပြုသောကုသိုလ်ရှင်များ အားလုံးတို့သည်🌻🌾
🌾ပေးကမ်း စွန့်ကြဲ လှူဒါန်းရသော ကောင်းမှုကံ စေတနာတို့ကြောင့်🌾
🌻အရှင်အနုရုဒ္ဓါ,🌾 အရှင်ဗာကုလ, 🌾ဝိသာခါ, 🌾အနာထပိဏ် စသော ပုဂ္ဂိုလ်ကျော် တို့လို အာယုကပ်ကိုကျော်လွန်၍ အသက်ရှည်ရခြင်း၊🌻🌾
🌾🌻ဇနပဒကလျာဏီ,🌾 ယသော်ဓရာ, 🌾ဗိမ္ဗာဒေဝီ,🌾 အရှင်မဟာကစ္စည်းစသော ပုဂ္ဂိုလ် မော်တို့လို နုပျိုဝင်းပ အဆင်းလှခြင်း၊🌻🌾
🌻ဇောတိက🌾 ဇဋိလ🌾 မေဏ္ဍက 🌾ကာကဝလိကစသော သူဌေးကြီးတို့လို စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာရခြင်း၊🌻
🌻ကာဠုဒါယီ🌾 ဗန္ဓုလ စသောအာဇာနည်ပုဂ္ဂိုလ်တို့လို ခွန်အား သတ္တိနှင့်ပြည့်စုံရခြင်းဟူသော အကျိုးတရားလေးပါးတို့သည် တက်နေအလား တနေ့တခြား တိုးပွားကြပါစေ ။🌻🌾
🌻🌾နိဗ္ဗာန်၏ ရရာရကြောင်း ရောက်ရာရောက်ကြောင်း အားကြီးသောအထောက်အပံ့ကောင်းများဖြစ်ကြပါစေ။🌻🌾
နတ်လူသာဓုခေါ်စေသော်
🙏🙏🙏

🙏🙏🙏မင်္ဂလာပါမဂ်လေးပါး သဘာဝတရားရိပ်သာသို့ပြန်ရောက်တာ ၁လကြာပြီဖြစ်ပေမဲ့ ရိပ်သာမှာ ၂ရက်ပဲနေပြီး နေပြည်တော် သဘာဝဆရာတော်ဘုရား...
06/02/2024

🙏🙏🙏
မင်္ဂလာပါ
မဂ်လေးပါး သဘာဝတရားရိပ်သာသို့ပြန်ရောက်တာ ၁လကြာပြီဖြစ်ပေမဲ့ ရိပ်သာမှာ ၂ရက်ပဲနေပြီး နေပြည်တော် သဘာဝဆရာတော်ဘုရား၏ ဧက၇၀ ကျော် သဘာဝရိပ်သာအသစ် စတင်ရာဆီသို့ ရောက်နေပါတယ်၊ နေပြည်တော်မှပြန်ရောက်တာ ၂ရက်၊
အလုပ်မရှိအကိုင်မရှိ ဘာကဘယ်လို မအားဖြစ်နေတာလည်းမသိပေမဲ့ မရှိတဲ့အလုပ်တွေကို ချထားခဲ့ပြီး
မိမိကတိအတိုင်း ၀၉/၀၂/၂၀၂၄ နေ့မှ ၁၅/၀၂/၂၀၂၄ နေ့အထိ ဒုတိယအကြိမ် ၇ရက် တရားစခန်းလေးကို ရိပ်သာမှာရှိတဲ့ ယောဂီများအား ပြုလုပ်ပေးပါမယ်၊
မိမိရဲ့ တရားစခန်း ဒုတိယအကြိမ် အတွေ့အကြုံဖြစ်တာမို့ 🌸👏မိမိမှ သစ္စာအဓိဋ္ဌာန်ပြုပါတယ်👏🌸
👏 ကျေးဇူးရှင်ဘုန်းဘုန်းကြီး ဦးသီရိဓမ္မ ဝိဇ္ဇောဒယသဲအင်းဂူ (ပြည်)
👏 ကျေးဇူးရှင်ဘုန်းဘုန် ဦးပုညသဋ္ဌ ကင်းသာလမ်းခွဲ ၉မိုင် သဲအင်းဂူတရားရိပ်သာ
👏 ကျေးဇူးရှင် သဘာဝရိပ်သာဆရာတော်ဦးဥတ္တမသာရ သန်လျင်သဘာဝရိပ်သာ
👏 မြစိမ်းတောင်ဆရာတော်ဘုရားကြီး အရှင်ဇာနေယျ
👏 မိုးကုတ်ဆရာတော် ဦးသုနန္ဒ
အစရှိသော မိမိသင်ယူခဲ့သော သဲအင်းဂူ တရားပြဆရာတော်များ၊ ဝိဇ္ဇောဒယသဲအင်းဂူ (ပြည်) ကျောင်းမှ တရားပြဆရာကြီး ဆရာလေးများ၏ သင်ကြားပြသမှူ့ကြောင့် မိမိ၏ခန္ဓာကိုယ်တွေ့ဖြင့် သိရှိခဲ့သော တရားများဖြင့်သာ ရိပ်သာရှိယောဂီများအား သင်ကြားပြသပေးသွားပါမည်။
🌸အမှားတစုံတရာ ရှိခဲ့ပါက မိမိ၏ဉာဏ်ရည်နည်းသဖြင့်သာ ဖြစ်သည့်အတွက် ဆရာသမားများမှ ပြုပြင် ညွှန်ပြ ဆုံးမ သြဝါဒပေးမှူ့များအား လိုက်နာပါမည့်အကြောင်း ခြေတော်ဦးခိုက် လျောက်ထားအပ်ပါသည်ဘုရား
🙏🙏🙏

🌸🧘တရားစခန်းအချိန်စာရင်း🧘‍♀️🌸

🧘‍မနက် ၄နာရီမှ ၆နာရီ
🍜မနက်၆း၃၀ အာရုံဆွမ်းစားချိန်
🧘မနက် ၈နာရီမှ ၁၀နာရီ
🍛မနက် ၁၁နာရီ နေ့ဆွမ်းစားချိန်
🧘‍♀️နေ့လည်၂နာရီမှ ၄နာရီ
🧘‍♀️ညနေ ၆နာရီမှ ၈နာရီ

ညအိပ် တရားစခန်းဝင်လိုသူများ မိမိတို့အသုံးအဆောင်နှင့် ခေါင်းအုန်း၊ စောင်၊ ခြင်ထောင်(ကုတင်ခြင်ထောင်) များယူလာပေးကြပါရန်၊
နိဗ္ဗာန်အကျိူးမျှော် နှိူးဆော်လိုက်ရပါသည်။
🙏🙏🙏
ဆရာလေး ဝိဇ္ဇာစရဏဉာဏီ

တရားစခန်းလိပ်စာ
အမှတ် ၆၄၇/၆၄၈
ပြည်ထောင်စုလမ်း
၄၆ရပ်ကွက်, မြောက်ဒဂုံ
**အအေးဆိုင်မှတ်တိုင်ရှေ့
ဖုံး 09965021588

🍀အချိန်တန်လာရင်🍀
06/07/2023

🍀အချိန်တန်လာရင်🍀

#အချိန်တန်ရင် #တွေးပြီးမှတင်ပါ🤔 ❣️❣️ #စာပေဗဟုသုတများတိုးပွားကြပါစေ🙏🙏🙏

🍀ဇွန်လ ၂၃,ရက်နေ့ ည ၁၁နာရီ ၂၂မိနစ်မှာ သဘာဝရိပ်သာ NDF သို့ URA မှ လာရောက်စစ်ဆေးတယ်ဆိုပြီး ဖုံးခေါ်လာပါတယ်၊ ည ၁၁နာရီကျော်လေ...
04/07/2023

🍀ဇွန်လ ၂၃,ရက်နေ့ ည ၁၁နာရီ ၂၂မိနစ်မှာ သဘာဝရိပ်သာ NDF သို့ URA မှ လာရောက်စစ်ဆေးတယ်ဆိုပြီး ဖုံးခေါ်လာပါတယ်၊ ည ၁၁နာရီကျော်လောက် ရောက်ရောက်ချင်း မိမိဆီဖုံးခေါ်ပေမဲ့ တရားထိုင်နေတာကြောင့် ဖုံးပိတ်ထားလို့ ခေါ်မရတာရယ်၊ ရိပ်သာတာဝန်ခံတကာကြီးကိုပါ ဖုံးခေါ်မရတဲ့ အတွက် သား၂ယောက်ဆီကို ရောက်သွားပါတယ်၊
🍀URA လာစစ်ရတဲ့အကြောင်းရင်းက ဘေးချင်းကပ် မျက်နှာချင်းဆိုင်နေတဲ့ အခန်းက ရိပ်သာရဲ့ တရားထိုင်တဲ့အခါ ဖွင့်ပေးတဲ့အရှူသံ ကိုသူတို့အတွက် နားမခံသာတဲ့ အသံဖြစ်လို့ရယ်၊ ဘုရားခန်းမှာ Aircon မရှိတဲ့အတွက် အခန်းတံခါးတွေ ဖွင့်ပြီး တရားခန်းမ အသုံးပြုရခြင်းကြောင့် စကားပြောသံ ဆူညံသံက အပြင်ကကြားရခြင်းကြောင့်ဖြစ်ပါတယ်။
🍀လာစစ်တဲ့အချိန်မှာ ဧည့်သည် သံဃာ တပါး၊ တရားလာထိုင်တဲ့ သီလရှင်တပါး၊ တရားလာထိုင်ကြတဲ့ယောဂီ ၂ဦး၊ ရိပ်သာနေ ၄ဦးကိုတွေ့သွားပါတယ်၊ တရားလာထိုင်တယ်လို့ စာရင်းပေးထားတဲ့ သီလရှင် တပါးနှင့် ယောဂီတကာကြီးတို့က စင်္ကာပူပါမစ်နှင့်ဖြစ်ပြီး မိမိသားနှစ်ယောက်နေတဲ့ အိမ် လိပ်စာနှင့် registered လုပ်ထားကြပါတယ်။
🍀မိမိက ရိပ်သာမှာ ရှိမနေတဲ့အတွက် URA ကမေးတာကို ဖုံးနဲ့ဖြေပေးပြီး၊ မိမိအိမ်မှ ဖြစ်တယ်ဆိုတော့ လက်ခံသွားပါတယ်။
🍀စစ်ဆေးတဲ့သူတွေ ပြန်သွားကြတော့ ည ၁၂နာရီကျော်ပါပြီ၊ ရိပ်သာတာဝန်ခံတကာကြီးနှင့် မိမိတို့ ဆွေးနွေးကြပြီး ဒီညတော့ ပြန်လို့ရတဲ့သူကပြန်၊ မိမိအိမ်ကို ပြန်သွားအိပ်ခိုင်းဖို့အတွက်ကလည်း ဒီတည သိပ်အရေးမကြီးသေးတာရယ်၊ အိမ်မှာအိပ်နေတဲ့ မယ်တော်ကြီးအခန်းမှာ ထားရမှာဖြစ်လို့ မယ်တော်ကြီးကို အနှောက်အယှက်မပေးချင်တာရယ်ကြောင့် မိမိလိပ်စာ ၂ဦးကို ရိပ်သာမှာပဲ တညအိပ်စေပါတယ်၊ နောက်နေ့ တွေ
ကလည်း စနေ၊ တနင်္ဂနွေ ဖြစ်နေလို့ နောက်ထပ် ချက်ချင်း ပြန်မလာစစ်နိူင်သေးတာကြောင့် ရိပ်သာမှာပဲ နေစေပြီး ဘာလုပ်ရမလည်း? ဆိုတာကို စဥ်းစားပြီး ရိပ်သာတကာကြီးနဲ့ တိုင်ပင်ပါတယ်။
🍀မိမိသည် သား၂ယောက်က မိမိကိုချစ်တဲ့ အချစ်ကိုအသုံးချပြီး ရိပ်သာအတွက်၊ အများအတွက် အကူအညီပေးခဲ့ပါတယ်၊ မိမိအတွက်လည်း အဖော်ဖြစ်စေရန် ရည်ရွယ်၍ ဆရာလေးတပါးကို မိမိသားကြီးက Sponsor လုပ်ပေးထားခဲ့ပါတယ်။
🍀စင်္ကာပူမှာ နေတဲ့သူတွေ အလုပ်လုပ်တဲ့သူတွေအနေနဲ့ စင်္ကာပူရဲ့ law တွေကို သိရှိပြီးဖြစ်ပါတယ်၊ ဆရာတော်ဘုရားနှင့် ဆရာလေး ကိုလည်း သေသေချာချာရှင်းပြထားခဲ့ပါတယ်။
ဇွန်လ ၂၇ရက်နေ့ ရေဆွမ်းထွက်ပြီး ၂၈ရက်နေ့ ခရီးထွက်မဲ့အစီအစဥ်ရှိလို့ရယ်၊ သားကြီးကလည်း ရိပ်သာကို URA ကနောက်တခေါက်လာစစ်ရင် မိမိမရှိလို့ တရားဝင် မဖြစ်တာကြောင့် စိုးရိမ်နေပါတယ်၊ မိမိက ရိပ်သာကိုလည်းသွားမရှင်းပြနိူင်တာကြောင့် တာဝန်ခံတကာကြီးနဲ့ တိုင်ပင်ပြီး လောလောဆယ် မိမိခရီးထွက်နေတဲ့ကာလကို သားတို့အိမ်မှာသွားနေခိုင်းပေးဖို့ အကူအညီတောင်းခဲ့တဲ့အခါ သဘောတူပြီး မိမိမသွားခင် ၂၆ရက်ညကစပြီး သွားနေစေပါတယ်။
🍀၂၆ရက်နေ့ည တကာကြီးက အိမ်သို့ လိုက်ပို့ပေးပြီး ၂၇ရက်မနက်မှာ သားကြီးက မိမိဆီဖုံးဆက်လာပါတယ်၊ အိမ်မှာလာနေတဲ့ ဆရာလေးက မနက်စောစော ရိပ်သာကိုပြန်သွားတယ်၊ သူရိပ်သာကိုသွားလို့မရဘူး၊ URA ကလာစစ်ရင် မာမီမရှိလို့ မဖြစ်တဲ့အတွက် သားသားစိုးရိမ်ကြောင်းပြောလာလို့ နေ့ဆွမ်းစားပြီးတာနဲ့ တရားချိန်တွေ ဖျက်ပြီး ရိပ်သာကို သွားခဲ့ပါတယ်။
🍀ရိပ်သာကိုရောက်တော့ ဆရာလေးကို တပည့်တော်စင်္ကာပူမှာမရှိတဲ့အချိန် ရိပ်သာမှာမနေဖို့နဲ့ အိမ်မှာပဲ ကြိုးစားပြီးနေပေးဖို့ ပြောပေမဲ့ မယ်တော်ကြီးနဲ့ သားတွေကို အားနာလို့ဆိုပြီး သွားနေပေးဖို့ကို လက်မခံခဲ့ပါဘူး၊ ဖြစ်လာတဲ့ကိစ္စတွေမှာ မိမိတို့ကို နားလည်ပေးဖို့ တာဝန်ခံတကာကြီးကို ရှင်းပြရတာလည်းအခါခါ၊ ဆရာလေးကိုပြောပြန်တော့လည်း လက်မခံနဲ့၊ သားတွေကလည်း မိမိဆီပဲ ဖုံးတဂွမ်ဂွမ်၊ တရားထိုင်တွေလည်းပျက်၊ (တော်သေးတာက တရားထိုင်တာကို အဓိဌာန်မတင်ပဲ အရည်ဆွမ်း ၇ရက်သာ အဓိဌာန်တင်ခဲ့တာ၊ မဟုတ်ရင် တရားထိုင်တွေပျက်ပြီပေါ့)
🍀ကိုယ်ဖြစ်နေတဲ့စိတ်လေးကို သတိပြန်ကပ်ပြီး "" တပည့်တော်တို့က တာဝန်ခံတကာကြီးနဲ့ အရှင်ဘုရားတို့ရဲ့ အသုံးချခံတွေဖြစ်နေပြီဘုရား"" ""အဲ့တော့ တပည့်တော်လည်း ခရီးပြန်လာရင် ရန်ကုန်ကို သွားစရာရှိတာနဲ့အတူတူ အရှင်ဘုရား အိမ်မှာပြန်မနေနိူင်ရင် ရိပ်သာမှာတော့မနေနဲ့ ရန်ကုန်ကိုသာ မနက်ဖြန် ပြန်ပါဘုရား""ဆိုပြီး ပြောလိုက်ရပါတယ်။
🍀ဆရာလေးကလည်း ဘန်ကောက်ပြန်မယ် အရှင်ဘုရား လက်မှတ် online booking လုပ်ပေးပါဆိုလို့ အချိန်မရှိတာကြောင့် အရှင်ဘုရားမှာလည်းကဒ်ရှိတယ်၊ ကိုယ်ကြိုက်တဲ့အချိန် ဈေးသက်သာတဲ့နေ့သာရွေးဝယ်ပြီး ခနထွက်နေလိုက်ပါလို့ ပြောပြီး မိမိအိမ်သို့ သွားပြီး သားတွေနှင့်တွေ့ပြီး ၂ရက်နေ့ ပြန်ရောက်မှာ ဖြစ်လို့ရယ်၊ တာဝန်ခံတကာကြီးက တာဝန်ယူပေးမယ်ဆိုလို့ရယ် စိတ်ကလေးလွှတ်ချပြီးမနက် လေယာဥ်စီးဖို့ ဝိဇ္ဇောဒယကျောင်းကို သားကြီးကိုပြန်ပို့ခိုင်းပြီး မနက် ၈:၃၀ လေယာဥ်နဲ့ စင်္ကာပူကနေ ထွက်လာခဲ့ပါတယ်။
🍀လန်ကာဝီကို ရောက်ပြီး ၂၉ရက်နေ့ ညမှာတော့ ဆရာတော်ဘုရားက မိမိဆီကို စာပို့လာတော့ ကိုယ့်ကံကြမ္မာကို အံ့သြသွားရပါတော့တယ်။
🌷🌷🌷
ဆက်ရန်

🌹🍀🌷တယောက်ချင်းရှင်းပြနေရင် မောနေမယ်စိုးလို့🌷🍀🌹မေလ ၁၉ရက်နေ့မှာ ပြည်ဝိဇ္ဇောဒယမှ မိမိရဲ့ကျေးဇူးရှင်တရားပြဆရာကြီး ဒေါ်ခေမိသာ...
04/07/2023

🌹🍀🌷တယောက်ချင်းရှင်းပြနေရင် မောနေမယ်စိုးလို့🌷🍀🌹
မေလ ၁၉ရက်နေ့မှာ ပြည်ဝိဇ္ဇောဒယမှ မိမိရဲ့ကျေးဇူးရှင်တရားပြဆရာကြီး ဒေါ်ခေမိသာရ နှင့် ဆရာလေးများ စင်္ကာပူကိုရောက်လာပြီး တရားပြပေးတဲ့အတွက် အခွင့်အရေးကောင်းလေးလည်းရ၊ မိမိနေတဲ့ သဘာဝရိပ်သာမှာလည်း ကြည့်ရှူ့ပေးမည့် တကာ၊ တကာမ၊ သီလရှင်များလည်း ရှိနေတာကြောင့် အထုပ်လေးဆွဲလို့ ဝိဇ္ဇောဒယကျောင်းကို တရားအားထုတ်ဖို့ ရောက်လာခဲ့ပါတယ် 🙏🙏🙏
🍀မနှစ်က ဧပြီလမှာ ကျေးဇူးရှင် ဘုန်းဘုန်းဘုရားကြီး ခန္ဓာဝန်မချမီ စင်္ကာပူကို ဆေးကုရောက်ရှိနေတဲ့အချိန်၊ ICU ခန်းထဲမရောက်မီ ၉လပိုင်း အချိန်အထိ၊ စင်္ကာပူမှာရှိတဲ့ တကာတကာမတွေအတွက် ကံကောင်းခြင်း တရားလက်ဆောင်တွေ ကိုယ်စီ ကိုယ်စီရရှိခဲ့ကြပါတယ်။
🍀တပည့်တွေအားလုံးက ဘုန်းဘုန်းကြီးကို ပြုစုကြပေမဲ့ အသိ၊သတိ မပြတ်ရှိနေတဲ့ ဘုန်းဘုန်းကြီးက ရုပ်ခန္ဓာတခုလုံး အဆုတ်ကင်ဆာ အဆင့် ၄ ဆိုတဲ့ ဝေဒနာကြီးကို ခံစားနေရပေမဲ့ ခံစားမှူ့ဝေဒနာအတွက် စိတ်ဆိုတာရှိလို့လားတဲ့ 🙏🙏🙏
အဲ့လိုအရိယာ ရဟန္တာကြီးရဲ့ဘေးမှာနေတဲ့အချိန်တိုင်း နှာသီးဖျားမှာ သတိလေးမပြတ်ထားနေတဲ့အတွက်၊ အားတာနဲ့ မအိပ် မမှိန်းပဲ အချိန်အခါမဟုတ်လည်း တရားတွေပြ၊ တရားတွေဟောနဲ့ ဘုန်းဘုန်းမောပါ့မယ်ဘုရား၊ ကြိမ်းပါဘုရားလို့ လျောက်တင်တိုင်း နင်တို့ နားမထောင်ရင်နေပေါ့၊ နားထောင်တဲ့သူကိုဟောတာတဲ့၊ ဘေးကြည့်လိုက်တော့လည်း ဂျူတီကျတဲ့ မိမိတို့ ၂ယောက်ပဲရှိတယ်၊ အားလုံးက အိပ်ကောင်းနေတဲ့ သန်းကောင်ကျော်အချိန်၊ ဟောလိုက်တိုင်းလည်း ရုပ်ဇာတိ နာမ်ဇာတိ တရားတော်ကိုပဲဟောပါတယ်၊ အဲ့တုန်းကတော့ ဘုန်းဘုန်းကြီး ကောင်းကောင်းအိပ်ပျော်မှ မိမိတို့တာဝန်ကျေမှာလို့ပဲဆိုပြီး အိပ်ဖို့ပဲအဓိကထားခဲ့ပေမဲ့ ဘုန်းဘုန်းကြီး တရားဟောရင် လေသံကိုမာပြီး စိတ်တွေကြည်လင်နေတယ်၊ မိမိတို့ကတော့ တရားသာနာနေရတယ်၊ မျက်နှာငယ်လေးတွေနဲ့ ကြောက်နေရရှာတာ၊ မနက်မိုးလင်းလို့ ဘုန်းဘုန်းကြီးက မအိပ်ပဲ တရားတွေဟောနေတာ တပည့်တော်တို့ စောင့်တဲ့သူတွေ အဆူခံရတယ်ဘုရားလို့ လျောက်တော့ မသိချင်ယောင်ဆောင်နေတာ၊ ခလေးလေးလိုပါပဲဘုရား
🙏🙏🙏
🍀ဘုန်းဘုန်းကြီး ခန္ဓာဝန်ချပြီးတော့မှပဲ အဲ့ဒီတုန်းက အဝတ်ဖြူတွေဝတ်ထားတဲ့ နတ်ဗြဟ္မာတွေကို တရားဟောတာပါလားလို့၊ ထူးခြားတာကိုသိလာရပါတယ်
🙏🙏🙏
🍀ဘုန်းဘုန်းကြီးကို ဝဋ်ဖြည့်ပြီးလို့ ဘုန်းဘုန်းကြီးရဲ့ ထိုင်ခုံဘေးမှာထိုင်လိုက်တာနဲ့ နင်တို့ ရှူကြစမ်းဆိုပြီး ရှူခိုင်းပြီး တရားပြပေးတာ အမြဲတမ်းဖြစ်နေလို့ ဘုန်းဘုန်းကြီး ပင်ပမ်းမှာစိုးရိမ်ပြီး ဘုန်းဘုန်းဘေးမှာ အားအားရှိ သွားမထိုင်ရဲအောင် ကံကောင်းခဲ့ပါတယ်
🙏🙏🙏
🍀နောက်ဆုံး တရားပြသွားပေးတုန်းကလည်း ရှူစမ်းဆိုပြီးရှူခိုင်းခဲ့ပါတယ်၊ ကြည့်စမ်း ရှူတာ လည်ပင်းရောက်နေတယ်လို့ ပြောလို့ ကိုယ့်အမှားကို မသိ သိအောင် လိုက်ရှာပြီး ရှူ့ခဲ့ရပါတယ်၊ ရှူ့နည်း လမ်းမှန်သွားပြီဆိုမှ ကျေနပ်သွားပြီး "အေး" "အဲ့အတိုင်းဆက်ရှူ့ မှန်သွားပြီ" တဲ့ 😥
🙏🙏🙏
🍀"နင် အဲ့လိုဖြစ်နေတာ ဘယ်လောက်ကြာနေပြီလဲ" တဲ့
"ငါတွေ့လိုက်တာ နင်တော်တော်ကံကောင်းတယ်"
🙏🙏🙏
🍀"ဘယ်တရားပြဆရာက သိပြီး နင့်ကိုအခုလို လုပ်ပေးမှာလည်း"တဲ့
🙏🙏🙏
🍀ကိုယ့်ကိုယ်ကိုလည်း ကံကောင်းခြင်းတွေ ခံစားလိုက်ရပါတယ်
🙏🙏🙏
🍀ဘုန်းဘုန်းပြပေးခဲ့တဲ့ နေရာလေးက ရုပ်ဇာတိ နာမ်ဇာတိရဲ့ နံပါတ် ၁ ရုပ်ကလေးနဲ့ စိတ်ကလေးကိုပါ၊ တခနတာလေး သိလိုက်၊ ရောက်လိုက်တဲ့ နေရာလေးကို ဘုန်းဘုန်းခန္ဓာဝန်သာ ချပြီးသွားတယ်၊ ထပ်ပြီးကြိုးစားရတာ မလွယ်ကူသလို အသိနဲ့ သတိကို ကွဲဖို့ဆိုတာလည်းလိုနေသေးမှန်း ကိုယ့်ဘာသာ သိနေပါတယ်
🙏🙏🙏
🍀ဘုန်းဘုန်းကြီး ခန္ဓာဝန်ချပြီးသွားတဲ့နောက် ပြည်ဝိဇ္ဇောဒယရိပ်သာက ဆရာတော်များနှင့် ဆရာကြီးဘုရားများ စင်္ကာပူရိပ်သာသို့ တပါးစ၊ နှစ်ပါးစ ကြွလာကြပြီး တရားတွေပြပေးပေမဲ့ သဘာဝရိပ်သာ အပြောင်းအရွှေ့ နဲ့ မိမိဆန္ဒနဲ့ မိမိဘာသာ ယူထားတဲ့တာဝန်တွေကြောင့် မအားလပ်တာနဲ့ မသွားဖြစ်ခဲ့ပါဘူး
😥😥😥
🍀မေလ ၁၉ရက်နေ့ ဆရာကြီးဒေါ်ခေမိတ်ကြွလာမှ အခွင့်အရေးရတုန်း အရောက်ပြေးပြီး ဆရာကြီးမေတ္တာကိုခံယူပြီး တရားအားထုတ်ခွင့်ရခဲ့ပါတယ်
👏👏👏
🍀 ဆရာကြီးရဲ့ စေတနာ မေတ္တာ၊ မိမိရဲ့ ကြိုးစားမှူကြောင့် ဘုန်းဘုန်းကြီး ထုတ်ပေးခဲ့တဲ့ နေရာလေးကနေလွတ်မြောက်ပြီး စိတ်အတိုင်းတိုင်းလေးနဲ့ ရုပ်အတိုင်းတိုင်းလေးကို ရှူ့မှတ်နိူင်ခဲ့ပါတယ်၊ 🙏🙏🙏
🍀တပည့်တော်တို့ စင်္ကာပူက ယောဂီတွေအပေါ်မှာ စေတနာ မေတ္တာ ဂရုနာတွေနဲ့ တနေ့ကို ၃ကြိမ်၊ စနေ၊တနင်္ဂနွေဆို ၄ကြိမ် ပြသပေးတဲ့အတွက် တရားနှင့်ကျေးဇူးဆပ်ခြင်တာလည်းပါလို့ ဇွန်လ ၁၆ရက်နေ့ ဆရာကြီးတို့ပြန်သွားပြီး ယောဂီများနှင့် ဇွန်လ ၂၈ရက်နေ့ လန်ကာဝီနှင့်ပီနန်ကျွန်းသို ခရီးမထွက်မီ ဇွန်လ ၂၁ရက်နေ့မှ ၂၇ ရက်နေ့ အထိ ဝိဇ္ဇောဒယကျောင်းမှာ ရေဆွမ်း ၇ရက် အဓိဋ္ဌာန်ဝင်ပြီး တရားအားထုတ်ခွင့်ပါ ရရှိလိုက်ပါတယ်ဘုရား 🙏🙏🙏
🍀သဘာဝရိပ်သာသို့လည်း လန်ကာဝီခရီစဥ်မှ ပြန်ရောက်မည့် ၂ရက်နေ့မှ ပြန်လာမည့်အကြောင်းလည်း ဇွန်လ ၁၅ရက်နေ့ သီလရှင် ဒုလ္လဘဝတ်ပွဲကျင်းပပေးပြီး အသိပေးခဲ့ပါတယ်ဘုရား
🙏🙏🙏
🍀သဘာဝရိပ်သာမှ မေလ ၁၆ရက်နေ့ ထွက်ရှိလာခဲ့ပြီး မိမိတရားကိုသာ မိမိအဓိကထားပြီး ကျင့်ခဲ့တဲ့အတွက် ချမ်းသာမှူ့လေးရရှိနေစဉ်
😭😭😭😭😭
ဇွန်လ ၂၃ရက်နေ့ ပြည်ဝိဇ္ဇောဒယ ၉ရက် တရားစခန်းစတင်တဲ့နေ့ တရားချိန် နောက်ဆုံးပြီးသွားတဲ့ည ၁၁နာရီ ၂၂မိနစ်မှာ သဘာဝရိပ်သာ NDF သို့ URA မှ လာရောက်စစ်ဆေးတယ်ဆိုတဲ့ သတင်းဆိုးက ရောက်ရှိလို့ လာပါတော့တယ်
😥😥😥
ဆက်လက်ရှင်းပြပေးပါမည်
🙏🙏🙏

*** ယခုရေးသားသော/ ရေးသားမည့် အကြောင်းအရာများသည် ရေးသားသူ မိမိ၏ ကိုယ်တွေ့ ခံစားချက်များသာဖြစ်ပါသည်၊ မည်သူတဦးတယောက်နှင့်မှ မသက်ဆိုင်သည့်အတွက် သိချင်လျှင် ဖတ်ကြည့်လို့ ရပါတယ်၊ မသိချင်ဘူး ကိုယ်နှင့်မဆိုင်သူများ ကျော်သွားကြပါနော်
🙏🙏🙏

Address

အမှတ် ၆၄၇/၆၄၈, ပြည်ထောင်စုလမ်း၊ , ၄၆ရပ်ကွက်၊ မြောက်ဒဂုံ, �အအေးဆိုင်မှတ်တိုင်ရှေ့�
Yangon

Telephone

+959964021588

Website

Alerts

Be the first to know and let us send you an email when မဂ်လေးပါး သဘာဝတရားရိပ်သာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to မဂ်လေးပါး သဘာဝတရားရိပ်သာ:

Share