07/10/2026
စိတ်ပုတီးစိတ်ခြင်းအကျိုးကျေးဇူး စိန့်ဒေါမိနစ်အားမယ်တော်သခင်မဖော်ပြခဲ့သော စိတ်ပုတီး၏အကျိုးကျေးဇူး (၁၅) ချက်...
၁။ 🌹စိတ်ပုတီးစိပ်ခြင်းဖြင့် ငါ့ကိုဝတ်ပြုသူများအား အထူးကျေးဇူးတော်များကို ချပေးမည်။
၂။ 🌹စိတ်ပုတီးစိပ်သူများအား ငါကာကွယ်မည်။
၃။ 🌹စိတ်ပုတီးအားဖြင့် ငရဲမီးဒဏ်ကိုကာကွယ်သောလက်နက်တစ်ခုဖြစ်စေပြီးအခြားအပြစိရှိသော အခြေအနေများမှ ကင်းရှင်းစေမည်။
၄။ 🌹ကောင်းသောအလေ့အကျင့်ကိုတိုးပွားစေပြီး ဝိညာဥ်အတွက်ကြွယ်ဝသော သနားဂရုဏာကို ရရှိစေလိမ့်မည်။
၅။ 🌹စိတ်ပုတီးစိပ်၍ ငါ့ထံအပ်နှံသောဝိညာဥ်များသည် ပျက်စီးခြင်းသို့မရောက်နိုင်ပါ။
၆။ 🌹နက်နဲလှသောအချက်များကို စိတ်ပါဝင်စားစွာဆင်ခြင်လျက် စိတ်ပုတီးစိပ်သူများသည် အသေဆိုးနှင့်သေရမည်မဟုတ်။
၇။ 🌹ယုံကြည်စွာစိတ်ပုတီးစိပ်သူများသည် စက္ကရမင်းတူးများကိုမခံယူဘဲ သေရမည်မဟုတ်။
၈။ 🌹စိတ်ပါဝင်စားစွာ စိတ်ပုတီးစိပ်သူများသည် အသက်ရှင်နေစဥ်ဖြစ်စေ၊ သေဆုံးပြီးဖြစ်စေ၊ ဘုရားသခင်၏အလင်းတော်အောက်မှာ ကြွယ်ဝသောကျေးဇူးတော်များကို ခံစားရပါလိမ့်မည်။
၉။ 🌹စိတ်ပုတီးစိပ်သူများကို ငရဲငယ်မှကယ်ချွတ်ပေးမည်။
၁၀။ 🌹စိတ်ပုတီးစိပ်သူများသည် ကောင်း
ကင်နိုင်ငံတွင် မြင့်သောဂုဏ်ကိုရရှိကြမည်။
၁၁။ 🌹စိတ်ပုတီးစိပ်၍ တောင်းလျှောက်သည့်ဆုကျေးဇူးတော်အားလုံးကို ရရှိကြလိမ့်မည်။
၁၂။ 🌹စိတ်ပုတီးကိုဖြန့်ဝေသူများအား လိုအပ်သောဆုကျေးဇူးတော်များကို ချပေးမည်။
၁၃။ 🌹စိတ်ပုတီးစိပ်သူများအတွက် အသက်ရှင်နေစဥ်ဖြစ်စေ၊ သေဆုံးပြီးနောက်
ဖြစ်စေ၊ ကောင်းကင်နိုင်ငံရှိ သိကြား၊ သူတော်သူမြတ်များတို့၏ ထောက်ခံချက်ရရှိစေဖို့ ငါ၏သားတော်ထံမှ ခွင့်ပြုချက်ရယူပေးထားမည်။
၁၄။ 🌹စိတ်ပုတီးစိပ်သူအားလုံးသည် ငါ၏သားသမီးများဖြစ်ကြပြီး ယေဇူးခရစ္စတူး၏ညီအစ်ကိုမောင်နှများဖြစ်ကြသည်။
၁၅။ 🌹စိတ်ပုတီးစိပ်သည့်အကျိုးအမြတ်သည် နောင်ဘဝ၌လည်း ဆုကျေးဇူးတော်များကိုရရှိစေဖို့ နိမိတ်လက္ခဏာဖြစ်သည်။