ဓမ္မဂုဏ်ရောင်မဟာစည်

ဓမ္မဂုဏ်ရောင်မဟာစည် မဟာစည်နာယက-ဓမ္မဂုဏ်ရောင်ဆရာတော် မဟာစည်နာယက၊ ဓမ္မဂုဏ်ရောင်ဆရာတော်၏ သာသနာပြုလုပ်ငန်းများကို အားပေးထောက်ပံ့ပေးနိုင်ရန် Like & Follow လုပ်ထားပေးပါ။

စတင်ဖွင့်လှစ်ပါပြီ•••••••••••••••••စတုတ္ထအကြိမ်ဝါတွင်းသုံးလတရားစခန်းဓမ္မဂုဏ်ရောင်မဟာစည်မင်္ဂလာဒုံမြို့နယ်ရန်ကုန်တိုင်းဒေ...
29/07/2026

စတင်ဖွင့်လှစ်ပါပြီ
•••••••••••••••••
စတုတ္ထအကြိမ်
ဝါတွင်းသုံးလတရားစခန်း
ဓမ္မဂုဏ်ရောင်မဟာစည်
မင်္ဂလာဒုံမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

✅ ဝါတွင်းသုံးလတရားစခန်းပွဲ✅ စတုတ္ထအကြိမ်✅ အစီအစဉ်ကြေငြာချက်(၁၃၈၈-ခုနှစ်၊ ဒု-ဝါဆိုလပြည့်နေ့-မှသီတင်းကျွတ်လပြည့်နေ့-အထိ29-...
12/07/2026

✅ ဝါတွင်းသုံးလတရားစခန်းပွဲ
✅ စတုတ္ထအကြိမ်
✅ အစီအစဉ်ကြေငြာချက်
(၁၃၈၈-ခုနှစ်၊ ဒု-ဝါဆိုလပြည့်နေ့-မှ
သီတင်းကျွတ်လပြည့်နေ့-အထိ
29-7-2026< မှ > 26-10-2026 အထိ
••••••••••••••••••••••••••••••••
၁။ အမှန်တစ်ကယ် အားထုတ်နိုင်သူ၊
ကျန်းမာရေးကောင်းမွန်သူ၊
အမှန်တစ်ကယ် အားထုတ်မည့်
ယောဂီများသာ စာရင်းပေးသွင်းကြရန်။

၂။ တရားစခန်းဝင်ကြေး မရှိပါ။

၃။ လေးထပ်ကျောင်း အပေါ်ထပ်၌
တရားထိုင်ရမည်ဖြစ်ပါ၍
လှေကား အတက်/အဆင်း မကြာခဏ
ပြုလုပ်ရမည်ဖြစ်သောကြောင့်
အသက်ကြီးသူများအနေဖြင့်
စွမ်းနိုင်မှသာ စာရင်းပေးသွင်းကြရန်။

၄။
အမည်၊
အသက်၊
မှတ်ပုံတင်၊
နေရပ်လိပ်စာ အပြည့်အစုံ၊
ဖုန်းနံပါတ်တို့ကို
အွန်လိုင်းမှ ပေးပို့၍
စာရင်းပေးသွင်းနိုင်ပါသည်။
ရ/မရကို စာရင်းပေးသွင်းထားသည့်
ထိုနေရာများမှ
အကြောင်းပြန်ကြားပေးပါမည်။
(Messenger, Telegram, Viber,
TikTok, email, Phone message)

၅။ စာရင်းပေးသွင်းထားပြီး
အတည်ပြုလက်ခံထားပြီးသော
ယောဂီများအားလုံးသည်
၁၃၈၈-ခုနှစ်၊
ဒုတိယ ဝါဆိုလဆန်း(၁၄)ရက်နေ့၊
(28-7-2026)ရက်နေ့ အရောက်
ကျောင်းသို့လာရောက်ကြရမည်
ဖြစ်ပါသည်။
နယ်ဝေးမှ လာရောက်ကြမည့်ယောဂီများ
ထို့ထက်စော၍ လာရောက်နိုင်ပါသည်။

၆။ ကျောင်းသို့လာသောအခါ
(က)မှတ်ပုံတင်(မူရင်း) နှင့်
မိတ္တူတစ်စောင် ယူဆောင်လာရပါမည်။
(ယောဂီအသစ်များအတွက်သာ)
(ခ) တစ်ကိုယ်ရေသုံး အိပ်ယာလိပ်
အပြည့်အစုံ ယူဆောင်လာရပါမည်။
(ဂ) တန်ဖိုးကြီး ပစ္စည်းများ၊ ငွေကြေးများ၊
လက်ဝတ်ရတနာများ ဝတ်ဆင်လာခြင်း၊
ယူဆောင်လာခြင်း မပြုရ။
ပျောက်ဆုံးခဲ့ပါက လုံးဝ (လုံးဝ)
တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
(ဃ) ဖုန်းဟန်းဆက်များ
ဖြစ်နိုင်ပါက ယူမလာပါနှင့်။

၇။ တစ်ပတ်၊ (၁၀)ရက်၊
တစ်လ၊ နှစ်လ-စသည်ဖြင့်
ရက်တိုတရားစခန်း ဝင်ရောက်လိုသူများ၊
ဝင်ရောက်မည့်ရက် အတိအကျကို
ကြိုတင်ဆက်သွယ် စာရင်းပေးသွင်း၍
ရ/မရကို တစ်ဦးချင်းစီ အထံသို့
အကြောင်းပြန်ကြားပေးပါမည်။

၈။ စာရင်းပေးသွင်းထားပြီးသူများ
အကြောင်းအမျိုးမျိုးကြောင့်
တရားစခန်း မဝင်ဖြစ်
ပျက်ကွက်မည်ဆိုပါက
အခြားဝင်ရောက်လိုသော ယောဂီများအား
အစားထိုး၍ လက်ခံပေးနိုင်ရန်အတွက်
အမြန်ဆုံး အစောဆုံး
အကြောင်းပြန်ကြားပေးရန်
မေတ္တာရပ်ခံအပ်ပါသည်။

၉။ first come, first serve စနစ်၊
ဦးရာလူစနစ် ဖြစ်သောကြောင့်
သတ်မှတ် ယောဂီဦးရေ စာရင်း
ပြည့်သွားခဲ့ပါက မည်သူ့ကိုမျှ
လက်ခံ စဉ်းစားပေးမည် မဟုတ်ပါ။

#ကျေးဇူးတင်ပါသည်

#ဓမ္မဂုဏ်ရောင်မဟာစည်
အမှတ်(၃)လမ်းမကြီး၊
ပုလဲအိမ်ရာမှတ်တိုင်
ကာယရပ်ကွက်(၉)လမ်း၊
မင်္ဂလာဒုံမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။
Ph 09250169741
email [email protected]

မိမိတို့ ရယူလိုသော
အလှူရက်အတိအကျ ရယူလိုပါက-
ကြိုတင် ယူထားမှသာ စိတ်ချရပါမည်။

အရုဏ်ဆွမ်းအလှူ - (၁)သိန်းကျပ်။
နေ့ဆွမ်းအလှူ - (၂)သိန်းကျပ်။
ဖျော်ရည် - ငါးသောင်းကျပ်။
တစ်နေ့တာအလှူ (၃)သိန်း(၅)သောင်း
ကျပ်နှုန်းဖြင့်
ကုသိုလ်ပါဝင်နိုင်ကြပါသည်။

share လုပ် ဖြန့်ဝေပေးခြင်းဖြင့်
ကုသိုလ်ယူကြရန်။

#ကျန်းမာချမ်းသာကြပါစေ။

Address

Karya 9th Street, Mingalardon Township
Yangon
11021

Alerts

Be the first to know and let us send you an email when ဓမ္မဂုဏ်ရောင်မဟာစည် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ဓမ္မဂုဏ်ရောင်မဟာစည်:

Shortcuts

Share