MBC Youth Department - မြန်မာနိင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာန

  • Home
  • Myanmar
  • Yangon
  • MBC Youth Department - မြန်မာနိင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာန

MBC Youth Department - မြန်မာနိင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာန မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာန
Youth Department of Myanmar Baptist Convention

06/06/2026

ဘုရားသခင်ဖန်ဆင်းထားသောကမ္ဘာကြီးအား ပြုစုစောင့်ရှောက်ပါ
ောအက်ဒမန်ထွန်းသန်း

03/06/2026

🎵ဆရာကြီးယုဒသန်နှင့် ပါရမီဖြည့်ဖက်များအား ဂုဏ်ပြုခြင်း သီချင်းပြိုင်ပွဲ 🎵

နှစ်ခြင်းအသင်းချုပ် ယုဒသန်ဗဟိုကော်မတီ၏ တာဝန်ပေးအပ်ချက်အရ လူငယ်ဌာနမှ ဦးဆောင်ကျင်းပသည့် ဆရာကြီးယုဒသန်နှင့် ပါရမီဖြည့်ဖက်များကို ဂုဏ်ပြုသော အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲကို ယခုနှစ်တွင်လည်း ထူးခြားစွာဖြင့် Acapella (ဓမ္မသံစုံသီချင်း) ပုံစံဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။

✝️ ဆရာကြီးယုဒသန်နှင့် ပါရမီဖြည့်ဖက်များ၏ သာသနာပြုစိတ်ဓာတ်၊ ပေးဆပ်မှုနှင့် ယုံကြည်ခြင်းအမွေကို ဂုဏ်ပြုအမှတ်ရလျက်၊ ယနေ့ခေတ်ခရစ်ယာန်လူငယ်များအတွင်း ဆရာကြီးယုဒသန်ကဲ့သို့ သာသနာပြုစိတ်ဓာတ် ပြန်လည်ရှင်သန်နိုးကြားလာစေရန် နှင့်- အသင်းတော်များရှိ လူငယ်များ၏ ဓမ္မတေးဂီတဆိုင်ရာ စွမ်းရည်များ တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် အသင်းတော် အတွင်း Church Music အမှုတော်ကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ပြုလုပ်​ပါသည်။

တေးရေး - Salai Nay Lynn Htun
တေးဆို - Tracy Lar , Salai Nay Lynn Htun
Maxing & Mastering - Athang

📥 သီချင်းနှင့် ပတ်သက်သည့် အကြောင်းအရာ၊ နားထောင်နိုင်ရန်နှင့် ကျင့်နိုင်ရန် Wav Files (Soprano, Alto, Tenor, Bass သီဆိုထား​သော တစ်လိုင်းချင်းစီအတွက် Wav Files၊ Choir Score ...)များ၊ စာသား၊ အမှတ်ပေးစည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့် ပြိုင်ပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များကို အောက်ပါ Link မှတစ်ဆင့် Download ရယူနိုင်ပါသည်။

https://drive.google.com/drive/folders/11_nJjJswLg41i3DnngZEkfrBqU4w6_dk?usp=drive_link

🏆 ချီးမြှင့်မည့် ဆုများ

ပထမဆု – ၁၀၀၀၀၀၀ (တစ်ဆယ်သိန်းကျပ်) နှင့် ဆုတံဆိပ်
ဒုတိယဆု – ၇၀၀၀၀၀ (ခုနှစ်သိန်းကျပ်) နှင့် ဆုတံဆိပ်
တတိယဆု – ၅၀၀၀၀၀ (ငါးသိန်းကျပ်) နှင့် ဆုတံဆိပ်
နှစ်သိမ့်ဆု (၂)ဆု – ၃၀၀၀၀၀ (သုံးသိန်းကျပ်) နှင့် ဆုတံဆိပ် နှင့် ပါဝင်ယှဉ်ပြိုင်သော အသင်းတော်တိုင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပါမည်။

📅 နောက်ဆုံးပေးပို့ရမည့်ရက် – ၃၀.၆.၂၀၂၆

📞 ပေးပို့ဆက်သွယ်ရန်

👤 ဆရာပါဟောက် (Pau Hau)
📱 09 793258407 (Telegram, Viber)

✝️ ယုဒသန်နေ့ အထူးဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များကိုလည်း နှစ်ခြင်းအသင်းတော်တိုင်း ပါဝင်ပေးကြပါရန်နှင့် သီချင်းများအား Like & Share ပြုလုပ်ခြင်းဖြင့် ပါဝင်ပေးပါရန် မေတ္တာဖြင့် နှိုးဆော်အပ်ပါသည်။

#ယုဒသန်နေ့_၁၂_၇_၂၀၂၆
#မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်

24/05/2026

"ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာကြီးအား ပြုစုစောင့်ရှောက်ပါ"
Dr. စောအက်ဒမန်ထွန်းသန်း

08/05/2026

#အမေ့မေတ္တာ
ဆရာယောသပ်

#မိခင်များအားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။

🌏✨ AEYA 2026 – Chiang Mai, Thailand ✨🌏Asian Ecumenical Youth Assembly (AEYA 2026) တွင်မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် (...
21/04/2026

🌏✨ AEYA 2026 – Chiang Mai, Thailand ✨🌏

Asian Ecumenical Youth Assembly (AEYA 2026) တွင်
မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ် (MBC) ကိုယ်စားပြု လူငယ် (၆) ယောက် ပါဝင်ခွင့်ရရှိခဲ့တာဟာ အထူးကောင်းကြီးတစ်ခုဖြစ်ပါတယ်။

🤝 နိုင်ငံအသီးသီးမှ လူငယ်များနှင့် တွေ့ဆုံဆက်ဆံခြင်း
🔥 ယုံကြည်ခြင်းကို ပြန်လည်အားဖြည့်ခြင်း
🌱 ခေါင်းဆောင်မှုနှင့် အနာဂတ်အမြင်များကို မျှဝေခြင်း

ဒီအတွေ့အကြုံတွေက လူငယ်ဘဝအတွက်သာမက သာသနာလုပ်ငန်းများအတွက်ပါ အဖိုးတန်အမှတ်တရများဖြစ်စေပါတယ်။



16/04/2026

#ကျွန်ုပ်တို့ကိုမြင်သော_ကြားသော_သိသောဘုရားသခင်
ဆရာပါဟောက်

04/04/2026

#ရှင်ပြန်ထမြောက်ခြင်းတန်ခိုး
ဆရာဆလိုင်းနေလင်းထွန်း

20/03/2026

"ဘုရားသခင်သာလျှင်ကျွန်ုပ်တို့ရဲ့မျှော်လင့်ရာ"
ဆရာစောကော်ခိုဂေး

27/02/2026

လူငယ်များအတွက် တရားဒေသနာ...
"မျှော်လင့်ခြင်းကိုသယ်ဆောင်သော ခရစ်တော်၏လူငယ်" ဆရာကျော်ကျော်သက်

 #နှစ်ခြင်းလူငယ်များဆုတောင်းရာနေ့ #စုပေါင်းဝတ်ပြုခြင်😇 ကျေးဇူးတင်ရှိခြင်း 😇🙏 ဘုရားသခင်၏ ကျေးဇူးတော်အောက်တွင် လူငယ်များစု...
24/02/2026

#နှစ်ခြင်းလူငယ်များဆုတောင်းရာနေ့
#စုပေါင်းဝတ်ပြုခြင်

😇 ကျေးဇူးတင်ရှိခြင်း 😇

🙏 ဘုရားသခင်၏ ကျေးဇူးတော်အောက်တွင် လူငယ်များစုပေါင်းကာ တစ်စိတ်တစ်သံတည်းဖြင့် ဝတ်ပြုဆုတောင်းနိုင်ခဲ့ခြင်းအတွက် အထူးကျေးဇူးတင်ဝမ်းမြောက်ပါသည်။ ထိုနေ့သည် လူငယ်များ၏ စိတ်နှလုံး တစ်လုံးတဝတည်းဖြစ်စေပြီး ယုံကြည်ခြင်းအား ပိုမိုခိုင်မာစေသော အချိန်တစ်ခုဖြစ်ခဲ့ပါသည်။

👉 ပါဝင်ပေးကြသော အသင်းတော်အသီးသီးမှ ဦးဆောင်သူများနှင့် လူငယ်များအားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။ ဝတ်ပြုခြင်းကို ဦးဆောင်ပေးခြင်း 🎤၊ ချီးမွမ်းသီချင်းများဖြင့် ပါ၀င်ခြင်း 🎶၊ နှုတ်ကပတ်တော်အား ဝေမျှအားပေးခြင်း 📖 နှင့် အဖက်ဖက်မှ တာဝန်ယူပါဝင်ပေးကြသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ရှိပါသည်။

🤍🍽️ ဧည့်ကျွေးမွေးခြင်းဖြင့် မေတ္တာဝေမျှပါဝင်ပေးခဲ့သော ဧမာနွေလနှစ်ခြင်းအသင်းတော် လူငယ်များအားလည်း အထူးကျေးဇူးတင်ရှိပါသည်။

ထိုနေ့အား ကျင်းပပေးခဲ့ကြသော အသင်းတော်များ၊ လူငယ်ဌာနသို့ ပေးလှူပံ့ပိုးကူညီကြသူများ၊ Online မှ Like 👍 Share 🔁 Comment 💬 များဖြင့် အားပေးပံ့ပိုးကြသူများနှင့် ဆုတောင်းခြင်းဖြင့် အားဖြည့်ပေးကြသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

✨ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများသည် လူငယ်တစ်ယောက်ချင်းစီအပေါ် အမြဲတည်ရှိကာ၊ ယုံကြည်ခြင်းနှင့် အတူ ပိုမိုတိုးတက်ကြီးပွားစေပါစေကြောင်း ဆုတောင်းအပ်ပါသည်။ 🙏✨

Address

No. 143, Min Ye Kyaw Swa Road, Lanmadaw Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Telephone

+951221465

Alerts

Be the first to know and let us send you an email when MBC Youth Department - မြန်မာနိင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာန posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to MBC Youth Department - မြန်မာနိင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ လူငယ်ဌာန:

Share