04/05/2022
| စောင့်ကြို_နေလေရဲ့
ရေနွေး ပွက်ပွက်ဆူတာက ၁၀၀°စင်တီဂရိတ် ....
ကားသချိုင်္င်းတွေမှာ သံရည်ကျိုတဲ့ အပူချိန်က ၂,၈၀၀°စင်တီဂရိတ် ....
အဝီစိငရဲ အပူချိန်က သိပ္ပံပညာရှင်တွေ ခန့်မှန်းတာ ၃၅၀,၀၀၀°စင်တီဂရိတ် .... တဲ့။
❝ လူ့သက်တမ်း နှစ်-၁၀၀ကို တာဝတိံသာနတ်ပြည် ၁-ရက် ....
နတ်သက်တမ်း နှစ်-၁၀၀ကို ငရဲ ၁-ရက် ....
ငရဲ ၁-ရက်ကို လူနှစ်နဲ့ နှစ်ပေါင်း ၃၆-သန်း .... ❞ တဲ့။
မဟာအဝီစိငရဲသား ၁-ယောက်က အနည်းဆုံး ငရဲသက် နှစ်ပေါင်း သိန်း, သန်း ချီပြီး ခံရတာ .... ။
ဒါဆို အခု မကောင်းတာ မလုပ်ဘူးဆိုရင် လွတ်မှာလား ဆိုတော့ မသေချာပါဘူး .... ။
❝ သံသရာမှာ ကျင်လည်ခဲ့တုန်းက လုပ်ခဲ့မိတဲ့ အကုသိုလ်ကံတွေက လူတိုင်း, လူတိုင်းမှာ အသင်္ချေ, အနန္တ ဖြစ်တယ် ❞ လို့ လယ်တီဆရာတော်ဘုရားက မိန့်ကြား ထားပါတယ်။
ဝိပဿနာ မပါရင် ဒီဘဝမှာ ကောင်းတာလုပ်လို့ သုဂတိဘုံ ရောက်ရလည်း ဘဝ တစ်ခုပဲ .... ။
❝ ဘုရားရှင်က အပါယ်ဘုံဟာ သတ္တဝါတို့ရဲ့ ကိုယ်ပိုင်အိမ်လို့ ဟောထားတာမို့ သံသရာမှာ လည်နေအုန်းမယ် ဆိုရင် ပုထုဇဉ်အတွက် ဘဝတစ်ခုမှာ တစ်ချက် အမှား လုပ်မိတာနဲ့ တစ်နေ့ကျရင် ငရဲ ပြန်ကျရမှာ ပါပဲ .... ။ ❞
အဲဒီက လွတ်ဖို့ကလည်း ဒါန, သီလ, သမထ ဘယ်လောက်ပဲ ကျင့်ကျင့်၊ ဝိပဿနာတရား မပါပဲ မလွတ်မြောက်နိုင်ဘူး .... ။
နတ်ပြည်, ဗြဟ္မာ့ပြည် ရောက်လည်း စိတ်မချရပါ။
ကောင်းမှုကုသိုလ်ကံ ကုန်ရင် ငရဲ ပြန်ကျ နိုင်ပါတယ်။
အပြီးလွတ်ဖို့က အနည်းဆုံး သောတာပန် ဖြစ်မှ အပြီးလွတ်မှာ .... ။
စူဠသောတာပန်တောင် စိတ်မချ ရပါဘူး။
စူဠသောတာပန်က ဒုတိယဘဝ အထိ အပါယ်လွတ်အောင်ပဲ စွမ်းနိုင်တာ။ တတိယဘဝကစပြီး စိတ်မချ ရပါဘူး။
မဟာသောတာပန်မှ အပြီးလွတ်မှာ .... ။
❝ ဝိပဿနာတရား အားထုတ်ဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာ စဉ်းစားကြည့်ပေါ့ .... ။ ❞
ဒါကြောင့်လည်း ❝ ဗုဒ္ဓ က ...
ဝိပဿနာတရား အားထုတ်ဖို့ ၁,၇၉၂-ကြိမ် ဟောခဲ့ပြီး
လူ့ဘဝဟာ ရခဲတယ်, သာသနာဟာ ကြုံခဲတယ် ဆိုတဲ့ ဒုလ္လဘတရားကို ၁၆,၄၂၅-ကြိမ် တိုင်အောင် အရေးကြီးလို့ ဟောခဲ့တာပေါ့။ ❞
လူ့ဘဝရတာ ဘယ်လောက် ကံကောင်းသလဲ ဆိုတာ လိပ်ကန်းကြီးနဲ့ ထမ်းပိုး ဥပမာ ရှိသလို၊ ဗြဟ္မာ့ပြည်က အပ်တစ်ချောင်းချ လူ့ပြည်က အပ်တချောင်း ထောင်ထား, အဲဒါက ထိပ်တိုက်ဖြစ်ဖို့က လွယ်သေးတယ်၊ လူ့ဘဝ ရဖို့က အဲဒီ ကောင်းကင်က အပ်နဲ့ မြေပြင်ကအပ် ထိပ်တိုက် ဖြစ်ဖို့ထက် ပိုခက်ခဲတယ် ဆိုတဲ့ ဥပမာတွေကို ပေးထားတာ သေချာ စဥ်းစား ကြည့်ကြပေါ့။
❝ အခု လူ့ဘဝလည်း ရထားပြီ, ဗုဒ္ဓ ဘာသာလည်း ဖြစ်နေပြီ,
သာသနာနဲ့လည်း ကြုံနေပြီ, ဝိပဿနာတရား အားထုတ်ဖို့ကလည်း တရားပြ ဆရာတွေနဲ့ ရိပ်သာတွေ ပေါမှ, ပေါ။
အဲဒီလောက်ထိ ကံကောင်းနေပါလျှက် ဓမ္မမိတ်ဆွေတို့ ဝိပဿနာတရားကို အားမထုတ်ခဲ့ဘူး ဆိုရင်တော့ ....
ငရဲအပူချိန် ၃၅၀,၀၀၀° ဒီဂရီစင်တီဂရိတ် ရှိတဲ့ အဝီစိငရဲက အဆင်သင့် စောင့်ကြို နေလေရဲ့ .... ။ ❞
#ဦးမြင့်ခိုင်, & SAI MYO WIN
https://www.facebook.com/sai.myowin.731
Crd. မြတ်သောဗုဒ္ဓ
#ဓမ္မလူငယ် #ငရဲ