The Church In Myanmar

The Church In Myanmar Non Denominational Christian Church. It just means we don't fall under the category of Baptist, Penecostals, Catholics, etc.

We just are believers of the same God, the only God, His Son Jesus Christ and the Holy Spirit.

18-25/3/2019
18/03/2019

18-25/3/2019

28/12/2016

တပ်အပြင်
Dr.R.K. Campbell

GO FORTH TO HIM OUTSIDE THE CAMP

ဟေဗြဲသြဝါဒအဆုံးပိုင်းတွင်ယုံကြည် သူများအတွက်ခရစ်တော်ခန္ဓာကိုယ်၏ပြီး
ပြည့်စုံမှုနှင့်ပြုတော်မူသောအမှုတော်အ ကြောင်းကိုဟေဗြဲစာရေးသားသူက အောက်ပါအတိုင်းသွန်သင်ခဲ့သည်။''ယေရှုသည်မိမိအသွေးအားဖြင့်လူများကို စင်ကြယ်စေခြင်းငှါမြို့တံခါးပြင်၌အသေ ခံတော်မူ၏။သို့ဖြစ်၍ငါတို့သည်လည်း ထိုသခင်နှင့်အတူကဲ့ရဲ့ခြင်းကိုခံ၍တပ် ပြင်အထံတော်သို့ထွက်သွားကြကုန်အံ့'' (ဟေဗြဲ၁၃း၁၂-၁၃)။
အသင်းတော်များပျက်စီးယိုယွင်းနေသော အချိန်ကာလ၌စစ်မှန်သောယုံကြည်သူ များအတွက်ဤကျမ်းချက်အားဖြင့်အ ရေးကြီးသောနိယာမကိုတွေ့မြင်နိုင်သည်။ဤသမ္မာတရားကိုစေ့စေ့လေ့လာကြပါစို့။ဂျူးဘာသာ၏ဗဟိုဌာနဖြစ်သောယေရုရှ လင်မြို့၏အပြင်ဘက်၌ခရစ်တော်သည် ကားတိုင်တင်သတ်ခြင်းခံရကြောင်းကိုတ မန်တော်မှအဓိကထားဆွေးနွေးသွန် သွင်ခဲ့သည်။ယုံကြည်သူသည်အစွန့်ပယ် ခံခရစ်တော်၏ကားတိုင်ရှိရာတပ်ပြင်သို့သွား ကာကိုယ်တော်၏ကဲ့ရဲ့ခြင်းကိုအတူခံရန်နှိုး ဆော်ထားသည်။
ဤကျမ်းချက်ကိုမစဉ်းစားမီ၊သဘော ပေါက်လွယ်အောင်ဣသရေလလူတို့၏ တပ်စခန်းအကြောင်းနှင့်မောရှေသည်တဲ တော်တပ်စခန်းကိုအဘယ်ကြောင့်တပ်စ ခန်းအပြင်၌ထိုးလေ့ရှိသည့်အကြောင်းတို့ ကိုလေ့လာကြပါစို့။
ဣသရေလလူမျိုးတို့၏ရုပ်တုကိုးကွယ်ရာ တပ်စခန်း
(ထွက်၊၃၂)၌ဣသရေလတို့၏တပ်စခန်း အကြောင်းတွေ့ရသည်။ရွှေနွားရုပ်တု
ကြောင့်တဲတော်စခန်းမှဘုရားသခင်သည် ကျောခိုင်းထွက်ခွါတော်မူသောအခါ အမျက်ဒေါသပြင်းစွာထွက်တော်မူ သဖြင့်ဣသရေလလူမျိုးတို့အချင်းချင်း အသေသတ်ကြရန်တစ်ချက်လွှတ်အမိန့်ပေး တော်မူခဲ့သည်။(ထွက်၊၃၂း၂၇-၂၈) တဲတော်တပ်စခန်းသည်ဘုရားအပိုင်ဖြစ် ခဲ့သဖြင့်ဣသရေလလူမျိုးနှင့်အတူဘုရား သခင်သည်ကျိန်းဝပ်တော်မူလေ့ရှိခဲ့သည်။ရွှေနွားရုပ်တုတည်လျက်ကိုးကွယ်ခဲ့ကြသော အခါ၌မူဣသရေလလူမျိုးတို့အားဘုရားသခင်
သခင်သည်မိမိလူမျိုးအနေဖြင့်ပိုင်သ တော်မူခြင်းကိုလက်လွှတ်တော်မူခဲ့သည်။ လူများသည်ရုပ်တုထုခြင်း၊ရုပ်တုဘုရား ကိုအလှဆင်ခြင်းကိုယ်ပိုင်ပလ္လင်တည် ဆောက်ခြင်း၊ကိုယ်ပိုင်ပွဲနေ့ရက်များသတ် မှတ်ခြင်း၊ယဇ်ပူဇော်ခြင်း၊စားသောက်ခြင်း နှင့်ခုန်လွှားကခုန်ခြင်းစသည်ဖြင့်မနေမ နားအလုပ်ရှုပ်လျက်ရှိခဲ့သည်။(ငယ်၎၊၆)။အထက်ပါအပြစ်များအားဖြင့်ပျက်စီးယို ယွင်းခဲ့ကြသဖြင့်ရုပ်တုနှင့်ပြည့်သောတပ် စခန်းတို့တွင်ဘုရားသခင်သည်နေတော် မူလိုခြင်းမရှိတော့်ချေ။(ထွက်၊၃၃) တွင်မောရှေသည်၎င်းဒုစရိုက်များကြား၌ ဘုရားသခင်၏သန့်ရှင်းခြင်းတန်ခိုးကို အာရုံခံစားမိခဲ့သဖြင့်ဣသရေလတပ်စ ခန်းမှတပ်စခန်းအပြင်သို့ထွက်ခဲ့ရသည်။''မောရှေသည်တဲတော်ကိုယူ၍တပ်ပြင်ခပ်ဝေးဝေး နေရာ၌တည်ဆောက်ပြီးလျှင်ပရိတ် သတ်စည်းဝေးရာတဲတော်ဟုခေါ်ဝေါ် ၏ထာဝရဘုရားကိုရှာသောသူအပေါင်း တို့သည်တပ်ပြင်၌ရှိသောပရိတ်သတ်စည်း ဝေးရာတဲတော်သို့ထွက်သွားကြ၏။...မောရှေသည်တဲတော်အထဲသို့ဝင်ပြီးမှ မိုဃ်းတိမ်တိုင်ဆင်းသက်၍တဲတော်တံခါး ဝ၌ရပ်သဖြင့်၊ထာဝရဘုရားသည်မောရှေ နှင့်နှုတ်ဆက်တော်မူ၏(၃၃း၇-၁၁)။
အသင်းတော်၌အပြစ်ဒုစရိုက်နှင့်လမ်း လွဲခြင်းစသည်တို့ပြည့်နှက်လာသောအခါ မျက်မှောက်တော်ခံစားလိုသူတိုင်းတပ်အ ပြင်သို့သွားရောက်ခြင်း၏အရေးကြီးပုံကို
သာဓကအနေဖြင့်တွေ့ရသည်။ယခု ဘုရားသခင်သည်ဣသရေလလူတို့၏ တပ်ပြင်၌နေတော်မူ၏။ထိုအခါမောရှေ သည်ပရိတ်သတ်နှင့်ခွါလျက်တပ်ပြင်သို့တဲ ထိုးကာနေခဲ့သည်တပ်ပြင်အနီးတစ်ဝိုက်၌ မဟုတ်၊''ခပ်ဝေးဝေး''ဟုခေါ်သည်။
ယေဟောဝါဘုရားကိုလိုက်ရှာသောသူ များအတွက်ထိုတဲသည်''စုဝေးရာတဲ'' ဖြစ်လေရာအကျင့်သီလပျက်စီးရာစခန်းမှ ထွက်လျက်ထိုတဲရှိရာသို့ခွဲထွက်သွားရောက် ခဲ့ကြသည်။
မောရှေပြုသောအမှုနှင့်ဘုရားကိုလိုက်ရှာ သောသူတို့အားတံဆိပ်ခတ်အသိအမှတ်ပြု သောအားဖြင့်ဘုရားသခင်သည်မိုဃ်းတိမ် တိုင်အားဖြင့်မိမိကိုမိမိထင်ရှားတော်မူခဲ့ သည်။၎င်းမိုဃ်းတိမ်တိုင်သည်အထက် မှဆင်းသက်လာခဲ့ပြီး၊တဲတော်တံခါးဝ၌ ရပ်တည်လျက်မောရှေနှင့်မိတ်ဆွေရင်းပမာ မျက်နှာချင်းဆိုင်စကားပြောတော်မူခဲ့သည်။
စုဝေးရာတဲတော်၌ရှိသောပရိသတ် အားလုံးကမိုဃ်းတိမ်တိုင်ကိုမြင်ခဲ့ကြရ
သောအခါမိမိတို့၏တဲတံခါးဝများမှဘုရား သခင်ကိုကိုးကွယ်ရန်မတ်တပ်ရပ်ခဲ့ကြသည်။
ရုပ်တုညစ်ညမ်းသောတပ်စခန်း၌ဘုရား သခင်သည်မျက်မှောက်တော်မပြုနိုင် ကြောင်းနှင့်တပ်ပြင်၌စခန်းအသစ်ရှိတော် မူကြောင်းသဘောပေါက်နားလည်ခဲ့ကြရ သည်။ပရိတ်သတ်အများစုသည်'မိမိတို့ ၏တဲတံခါးဝများမှကိုးကွယ်ခဲ့ကြသဖြင့်' (၃၃း၁ဝ)တပ်ပြင်သို့သွားခြင်းအမှုကိုမပြု ခဲ့ကြချေ။
ယနေ့ခရစ်ယာန်လောကအတွက်ဤ သာဓက၏ပုံဆောင်ချက်သည်မြင်သာထင် ရှားရှိလှပေသည်။ခရစ်တော်ရှိရာတပ်အ ပြင်သို့သွားရန်တိုက်ရိုက်နှိုးဆော်သော ဟေဗြဲကျမ်း(၁၃း၁၃)အပြင်ရောမသြဝါဒ (၁၅း၎)ကလည်း''ကြိုတင်ရေးသားထား သမျှသောအရာခပ်သိမ်းတို့သည်ကျွန်ုပ် တို့အတွက်သင်ခန်းစာအဖြစ်ရေးသားထား ခြင်းဖြစ်သည်။''ဟူ၍မှတ်တမ်းတင်ထားခဲ့ သည်။မောရှေနှင့်အခြားသောသူများဒုစ ရိုက်ရှိရာဣသရေလတပ်စခန်းမှထွက် ခွါခြင်းသည်သာမာန်အသင်းတော်ယို ယွင်းပျက်စီးချိန်၌ယုံကြည်သူအနေဖြင့် ခွဲထွက်ရန်တကယ်လိုအပ်ကြောင်းသာဓ ကဖြစ်သည်။
ဣသရေလတပ်စခန်းကဲ့သို့ခရစ်ယာန် လောကတပ်စခန်းသည်လည်းရုပ်တုအမျိုး မျိုးပြည့်လျက်ရှိသည်။အသင်းတော်၌ခ ရစ်တော်ကိုမောင်းထုတ်လျက်ရုပ်တုပုံ ဆောင်သောကိုးကွယ်မှုအမျိုးမျိုးကျူး လွန်ကြသည်။လူသည်ကိုယ်ပိုင်ဘုရားနှင့်
ကရိယာများထုထွင်းပြုပြင်ခြင်းနှင့်အ လုပ်ရှုပ်နေသည်။နှုတ်ကပတ်တော်ဘုရား သခင်၏ဒီဇိုင်းအတိုင်းတည်ဆောက်ထား သောအသင်းတော်မဟုတ်ဘဲ၊လူ့ဒီဇိုင်းအ တိုင်းတည်ဆောက်ထားသောဘာသာ မြောက်များစွာထွက်ပေါ်လာလျက်ရှိ သည်။ခရစ်တော်၏တန်ခိုးအာဏာစက် နှင့်သန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုးမှု အရှိန်အဝါအားလူ့ဒီဇိုင်းများကအကုန် အစင်နေရာလုယူလျက်ရှိ၏။လွဲမှားသော ယုံကြည်ခြင်းမူဝါဒနှင့်မကောင်းသော အ ကျင့်သီလတို့သည်ယနေ့ခရစ်ယာန်လော ကတစ်လျှောက်၌တွေ့ရပြီးအသင်းတော် သည်ရှုပ်ထွေးပွေလီယိုယွင်းနေသောဗာ လုန်အလားရှိနေပါပြီ။ဗာဗုလုန်၏နောက် ဆုံးကံကြမ္မာအကြောင်းကို(ဗျာ၊၁၈)၌တွေ့ ရသည်။မကောင်းမှုဒုစရိုက်နှင့်ပြည့်ဝရှင် သန်လျက်ဘုရားသခင်၏အမျက်တော် ဒဏ်ခတ်ခြင်းခံရသည်။
''ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ပြိုလဲပြီ၊နတ်ဆိုး နေရာဖြစ်လေပြီ။ညစ်ညူးသောဝိညာဉ် မျိုး၏တွင်းဖြစ်လေပြီ။ညစ်ညူး၍စက် ဆုပ်ဘွယ်သောငှက်မျိုး၏မှီခိုရာဖြစ် လေပြီ။....ငါ၏လူမျိုးတို့သူ၏အပြစ်တို့ ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊သူ၏ဘေး ဒဏ်များကိုခံခြင်းနှင့်လည်းကောင်းကင်း လွတ်အံ့သောငှာသူ၏အထဲကထွက်ကြ လော့''(၁၈း၂-၄)။
ရှေးယခင်ကမောရှေကဲ့သို့ရုပ်တုကိုး ကွယ်ခြင်းအပြစ်မျိုးစုံနှင့်ပြည့်နှက်သော
တပ်စခန်း(အသင်းတော်)မှခွဲထွက်လျက်မ ကောင်းမှုဒုစရိုက်ကင်းလွတ်သည့်အဝေး တစ်နေရာသို့မျက်မှောက်တော်နှင့်ထောက် ခံတော်မူခြင်းတို့ကိုခံစားရန်ခွဲထွက်သွား ကြရမည်။ယုံကြည်သူများစွာတို့သည်မ ကောင်းမှုဒုစရိုက်အိုင်မှရုန်းထွက်ပြေးခြင်း မပြုဘဲ၊မိမိတို့ကိုယ်တိုင်နစ်မွန်းနေကြသည် ကိုဝမ်းနည်းဘွယ်ရာတွေ့ရသည်။
အပြစ်ရှိရာတပ်စခန်းအတွင်းရှိဣသရေ လအများတို့သည်မိမိတို့၏တဲတံခါးဝမှ
ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ကြသည်။ထိုနေရာအားဘုရားသခင်သည်စွန့်ခွါတော် မူခဲ့ကြောင်းကိုဆွေးနွေးခဲ့ပြီးဖြစ်သည်။
ဂျူးဘာသာတပ်စခန်း
ဤတပ်စခန်းမှယုံကြည်သူများသည်ခွဲ ထွက်ပြီးခရစ်တော်၏စစ်မှန်သောအပြစ်ဖြေရာ ယဇ်ပူဇော်ရာအရပ်သို့သွားကြပါရန်တမန် တော်သည်(ဟေဗြဲ၊၁၃း၁၃)၌တိုက်တွန်း နိုးဆော်ခဲသည့်အချက်ကိုဆက်လက် စဉ်းစားကြပါစို့။ဂျူးဘာသာလွမ်းမိုးရာ တပ်စခန်းမှရုန်းထွက်ပြီးခရစ်တော် (အနာတရ)ခံစားရာတပ်ပြင်စခန်းသို့ ''ထိုသခင်နှင့်အတူကဲ့ရဲ့ခြင်းကိုခံရန်တပ်ပြင် အထံတော်ကိုထွက်သွားကြကုန်အံ့''ဟု တမန်တော်ကကိုယ်တော့်ကိုချစ်သောသူ များအားဆော်သြတိုက်တွန်းထားသည်။
ဤအကြိမ်သည်ဣသရေလတပ်စခန်း အပြင်၌ဘုရားသခင်ဘုန်းတော်တတိယအ ကြိမ်တွေ့မြင်ရခြင်းဖြစ်သည်။ပထမအ ကြိမ်အနေဖြင့်ကမ္ဘာဦးကျမ်း၌တွေမြင်ရ ခြင်းခြင်းဖြစ်သည်။ဒုတိယအကြိမ်အနေ ဖြင့်ယေဇယျေလခေတ်ယေရုရှလင်မြို့၌ တွေ့ရသည်။(ယေ၊၁ဝး၁၈-၁၉)။၁၁း၂၃) ဤတတိယအကြိမ်သည်ကရာနီကုန်းအ ပေါ်၌ဖြစ်သည်။ကားတိုင်ပေါ်တွင်ခရစ် တော်၏မျက်နှာ၌ထွန်းလင်းတော်မူသော ဘုရားသခင်၏ဘုန်းတော်သည်ယုံကြည်ခြင်း ဖြင့်မြင်တွေ့နိုင်၏။(၂ကော၊၄း၆)။မျက်နှာတော်ကိုရှာလျက်၊မျက်မှောက် တော်၌ပျော်မွေ့သောသူအပေါင်းတို့သည် ကဲ့ရဲ့ရှုံ့ချခြင်းခံရာအထံတော်သို့သွား ရသည်။ထိုနေရာတပ်ပြင်စခန်းသို့ကိုယ် တော်ကိုပို့ဆောင်သောအရာသည်ကမ္ဘာ့ ဘာသာရေးတစ်ပါးဖြစ်သောဂျူးဘာ သာပင်ဖြစ်သည်။ခရစ်တော်အားတပ်ပြင် သို့ပို့ဆောင်ခဲ့သောဂျူးဘာသာအ ကြောင်းကို(ဟေဗြဲ၊၉း၁-၁ဝ)အရတစ်စေ့ တစ်စောင်းလေ့လာကြပါစို့။
(၁)၄င်းသည်''လာကီသန့်ရှင်းရာဌာန တော်''အနေဖြင့်တံဆိပ်ခတ်အသိအမှတ်ပြု ခံရပြီးခမ်နားထည်ဝါသောပရိဘောဂနှင့် တန်ဆာပလာများလည်းပါဝင်သည်။
(၂)၄င်း''လောကီသန့်ရှင်းရာဌာနတော်'' ၌လည်းအတွင်းပိုင်းတွင်အသန့်ရှင်းဆုံးေ သာငှာနရှိပေသည်။၎င်းလောကီတဲတော် ၏ပထမအခန်းသို့ယဇ်ပရောဟိတ်သည် ဘုရားဝတ်ကိုပြုရန်ဝင်ရပါသော်လည်း ''အသန့်ရှင်းဆုံးသောအခန်း''သို့မူမိမိ တစ်ဦးတည်းသာတစ်နှစ်တစ်ကြိမ်ဝင် ခွင့်ရှိသည်(ငယ်၃-၇)။ဘုရားသခင်သည် အသန့်ရှင်းဆုံးသောဌာနတော်၌ကျိန်းဝပ် တော်မူလျက်လူအများမှာမူ၎င်းအခန်း၏ အပြင်ဘက်၌သာနေရကြသည်။
(၃)ဤစနစ်အောက်တွင်လွပ်လပ်စွာကိုး ကွယ်ဝတ်ပြုခွင့်မရှိချေ။''ပထမတဲတော် မပျက်စီးမီတိုင်အောင်သန့်ရှင်းရာဌာန တော်သို့သွားသောလမ်းမပွင့်သေးသော ကြောင်းကိုထိုအမှုအရာအားဖြင့်သန့်ရှင်း သောဝိညာဉ်တော်သည်အရိပ်ပေးတော်
မူ၏''(၉း၈)
(၄)သာမန်လူနှင့်မတူသောဘိသိတ်ခံ ပရောဟိတ်များရှိကြရာ၎င်းတို့သည်တဲ တော်ဝတ်အဖို့အလို့ငှာအသက်တာအပ်နှံ သူများဖြစ်ကြသည်။ဘုရားသခင်နှင့်လူ တို့အကြားအကျိုးဆောင်လုပ်ငန်းလုပ်ကြ သည်ပရိတ်သတ်အနေဖြင့်တဲတော်ဝတ်မ ပြု၊မဆောင်ရွက်ရပါ(၉း၆)။
(၅)လောကီသန့်ရှင်းရာဌာန၌ယဇ်ပရော ဟိတ်များသည်၎င်းတို့၏ယဇ်ပူဇော်ခြင်း အားဖြင့်ဝတ်ပြုကိုးကွယ်သူ(ပရိတ်သတ်) အားစင်ကြင်သောစိတ်နှင့်ဘုရားသ ခင်မျက်မှောက်တော်၌စုံလင်ခြင်းအကျိုး ကိုမပေးနိုင်ချေ(ဟေဗြဲ၊၉း၉။၁ဝး၁၃)
(၆)၄င်းသည်တပ်စခန်းအတွင်းရှိဣသရေလ လူမျိုးများအတွက်ရှိခိုးရာဝတ်ပြုရာဝတ္တ
ရားအနေဖြင့်ဘုရားသခင်ဘိသိက်ပေးထား သောစနစ်ဖြစ်သည်။၎င်းရှိခိုးခြင်းဝတ်ကို
ပြုသောသူသည်ဒုတိယမွေးဖွားခြင်းခံလိမ့် မည်ဟုမပါခဲ့ချေ။ထို့ကြောင့်ဖြောင့် မတ်ခြင်းအတွက်ပညတ်တော်စောင့်ထိန်း သောယုံကြည်သူနှင့်မယုံကြည်သူဟူ၍ လူနှစ်မျိုးနှစ်စားရှိခဲ့ကြသည်(ဟေဗြဲ
၊၃-၄)။
(၇)၄င်းသည်လောကီဘာသာရေးဖြစ်သ ကဲ့သို့လောက၌ဖွဲ့စည်းထားခြင်းဖြစ်ရာ၊အ သွေးအသားနှင့်ရှိသောသူများအတွက်ဖြစ် သည်။တစ်ပါးသူကဲ့ရဲ့ခြင်းနှင့်ပတ်သက် မှုမရှိခဲ့ချေ။(ဂလာ၅း၁၁။၆း၁၂-၁၃)
အထက်ပါအချက်(၇)ချက်သည်ဂျူးဘာ သာနှင့်ပတ်သတ်၍စာဖတ်သူအနေဖြင့်
အဓိကသိသင့်သောအရာများဖြစ်ရာ၊၄င်း တို့သည်စစ်မှန်သောခရစ်ယာန်တို့၏အနေ
အထားနှင့်မည်သို့မည်ပုံဆန့်ကျင်ကြောင်း သာမာန်ခရစ်တို့၏သဘောသဘာဝနှင့် မည်မျှတူညီကြောင်းလေ့လာကြပါဦးစို့။
ဂျူးဘာသာအရိပ်အောက်ရှိတပ်စခန်း တွင်ဘုရားသခင်သည်သားတော်ကိုပို့ ဆောင်တော်မူ၏။ကတိတော်လာမေရှိယ ဖြစ်ပါသော်လည်း၊စွန့်ပယ်ခြင်းခံကာမြို့ တော်ယေရုရှလင်မြို့တံခါး၏အပြင်ဘက် ၌အသေသတ်ခြင်းခံခဲ့ရသည်။ဤတပ် စခန်း၌အသုံးပြုသောဘာသာရေးစနစ် သည်ကားတိုင်ပေါ်၌အဆုံးသတ်ခဲ့ပြီ။ဓမ္မဟောင်းကျမ်းလာပုံဆောင်ချက်များအား ကျေးဇူးတော်ခေတ်လောင်းရိပ်အောက်
ပဋိညာဉ်သစ်အနေဖြင့်ခရစ်တော်၌ကယ် တင်ခြင်းအမှုကိုပြည့်စုံစေ၏။တဖန်သေ သည့်အချိန်မှစ၍ဘုရားသခင်သည်ဣသ ရေလလူမျိုးတို့အားမိမိလူမျိုးအနေဖြင့် စောင့်ရှောက်ခြင်းနှင့်ဂျူးဘာသာတပ်စ ခန်းအားမိမိစခန်းအဖြစ်အသိအမှတ်ပြု ခြင်းကိုဘုရားသခင်မှရပ်စဲတော်မူခဲ့သည်။
သို့သော်ထိုခေတ်ထိုအခါကခရစ်တော် ကိုအစစ်အမှန်ယုံကြည်လာသောသူတို့ သည်ဂျူးဘာသာအယူဝါဒကိုဆက် လက်ကိုင်ဆွဲနေကြဆဲဖြစ်သလို၊ဟေလသ
ယုံကြည်သူများသည်သာမာန်ခရစ်ယာန်အ ယူဝါဒကိုမစွန့်လွှတ်နိုင်ကြသဖြင့်ဂျူးဘာ သာတပ်စခန်းကိုပြန်လှည့်သွားခဲ့ကြသည်။ထို့ကြောင့်ကားတိုင်တော်အပြီးအနှစ်သုံး ဆယ်ကြာမှရေးသားပေးပို့ခဲ့သည့်ပြည့်စုံ သောကောင်းကြီးမင်္ဂလာနှင့်စုံလင်သည့် ခရစ်တော်ပြုခဲ့သည့်အမှုတော်အကြောင်း ကိုမီးမောင်းထိုးဖော်ပြပေးခဲ့သည်။
၎င်းအပြင်လွဲမှားသောအယူဝါဒရှိရာ၊ အစွန့်ပယ်ခံဂျူးဘာသာစခန်းမှရုန်းကန် ထွက်ခွာလျက်ခရစ်တော်ထံသို့သွား၍ တိုက်တွန်းသွန်သင်ခဲ့သည်။တပ်စခန်းအ ပြင်အရပ်သည်ခရစ်ယာန်တို့၏နေရာအမှန် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဟောင်းသောသရေဗူး၌အသစ်သောစပျစ်ရည် ကိုထည့်ရိုးထုံးစံမရှိချေ။(လု၅း၃၇-၃၈)
ဟောင်းသောသရေဗူးသည်တပ်စခန်းဟောင်း (သို့)ဂျူးဘာသာကိုပုံဆောင်သည်၊၊အသစ် သောစပျစ်ရည်သည်ခရစ်တော်ကိုယုံ ကြည်သောသူများအားပုံဆောင်သည်။
ခရစ်တော်ကိုစွန့်ပယ်ရာတပ်စခန်း၌အ ကြင်သူသည်ခရစ်တော်ကိုဝတ်ပြုကိုး ကွယ်ခြင်းမပြုနိုင်ပေ။
ခရစ်ယာန်၏ပင်ကိုလက္ခဏာများ နှင့်ဆန့်ကျင်သောအရာများ
ကားတိုင်ပေါ်တွင်ခရစ်တော်၏စုံ လင်ပြီးပြည့်စုံသောကယ်တင်ခြင်းယဇ် ပူဇော်ခြင်းကိုအခြေခံကာဘုရားသခင်သည် ပင်တေကုတ္တေနေ့၌သန့်ရှင်းသောဝိညာဉ် တော်ကိုဆင်းသက်စေကာဝိညာဉ်တော်ဗတ္တိ ဇံပေးခြင်းအားဖြင့်အသင်းတော်တည်ထောင် ခဲ့သည်။ကောင်းကင်ဆိုင်ရာပင်ကိုလက္ခ ဏာများသည်သမ္မာကျမ်းစာ၌ဖော်ပြထား တော်မူလျက်ရှိရာဂျူးဘာသာတပ်စခန်း၏ ပင်ကိုယ်လက္ခဏာများနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။၎င်းတို့မှာ-
(၁)ခရစ်ယာန်တို့၏ဗိမာန်တော်အစစ်သည် မြေကြီးပေါ်၌မရှိ၊ကောင်းကင်ဘုံ၌သာ ရှိသည်။ခရစ်တော်သည်ကောင်းကင် ဘုံ သို့တက်ပြီးသခင်မျက်မှောက်တော်၌ ကိုယ်ကိုပြတော်မူ၏စစ်မှတ်သောတဲတော် ဖြစ်သည့်ကောင်းကင်ဗိမာန်တော်၌ကျွန်ုပ် တို့အတွက်အကျိုးဆောင်အမှုတော်ကို ထမ်းဆောင်တော်မူ၏(ဟေဗြဲ၊၉း၂၄)
(၂)အသန့်ရှင်းဆုံးသောဌာနတော်၏ကန့် လန့်ကာသည်နှစ်ခမ်းကွဲခဲ့သောကြောင့် ခရစ်တော်၏အသွေးတော်အားဖြင့်၎င်း ဌာနတော်သို့ရဲဝံ့စွာအသစ်သောအသက် တာဖြစ်ဝင်ခွင့်ရ၏(ဟေဗြဲ၊၁၉း၂ဝ)။ဘုရားသခင်သည်ခရစ်တော်အားဖြင့်လူ သားတို့ထံကြွလာတော်မူပြီး၊ခရစ်တော် သည်ယုံကြည်သူများအဖို့အလို့ငှါဘုရား သခင်ထံသို့ဝင်ရောက်တော်မူခဲ့သည်။သို့အားဖြင့်အသန့်ရှင်းဆုံးသောဌာနတော် သို့ဝင်ရန်လမ်းစဖွင့်ပေးတော်မူခဲ့သည်။ကောင်းကင်ဘုံရှိတဲတော်သည်ယုံကြည်သူ ဝင်ရောက်နေထိုင်ရမည့်နေရာဖြစ်သည်။
(၃)ထို့ကြောင့်ကျွန်ုပ်တို့သည်ခမည်းတော်ထံ သို့တိုးဝင်ချဉ်းကပ်ခွင့်ရ၏။''ခရစ်တော် အားဖြင့်ငါတို့နှစ်ဦးဟေလသနှင့်တစ်ပါးအ မျိုးသားတို့သည်စိတ်ဝိညာဉ်တစ်လုံးတစ်
ဝတည်းဖြစ်၍ခမည်းတော်ထံသို့တိုးဝင်ရ မည့်အခွင့်ကိုရကြပြီ''(ဧ၊၂း၁၈)။
(၄)ခရစ်တော်၌ရှိသောယုံကြည်သူအသီးသီး တို့သည်သန့်ရှင်းသောယဇ်ပုရောဟိတ်များ
ဖြစ်ကြသည်။ဝိညာဉ်ရေးရာယဇ်ကိုဘုရား သခင်ထံသို့ပူဇော်ခွင့်ပေးတော်မူ၏။ဓမ္မ သစ်ခရစ်ယာန်လောကတွင်ယဇ်ပုရောဟိတ် အတန်းစားခွဲခြားမှုမရှိပေ(၁ပေ၊၂း၅၊၉)။
(၅)ခရစ်တော်သည်ထာဝရအတွက်တစ် ကြိမ်တည်း(မိမိကိုယ်ကို)စုံလင်၍ပြီးပြည့်စုံ သောယဇ်အဖြစ်ပူဇော်ဆပ်ကပ်ခြင်းအား ဖြင့်ယုံကြည်သူတို့၏စိတ်သဘောထားသန့် ရှင်းစေခြင်း၊ဘုရားသခင်ရှေ့တော်၌ထာ ဝရစင်ကြယ်ပြီးပြည့်စုံစေခြင်းအခွင့်ခံစား ကြသည့်အပြင်မိမိတို့ကျူးလွန်သောအ ပြစ်များကိုဘုရားသခင်သည်မအောက် မေ့ဘဲနေတော်မူ၏(ဟေဗြဲ၊၉း၁၄။ ၁ဝး၁ဝ။၁ဝး၁၄-၁၇)
(၆)ခရစ်တော်၏အသင်းတော်သည်အ သစ်သောမွေးဖွားခြင်းအားဖြင့်ဘုရားသ ခင်နှင့်စစ်မှန်သောမိတ်သဟာယဖွဲ့ခြင်းပြု သောသူများအားဖြင့်ဖွဲ့စည်းထားသည်။ဣသရေလလူမျိုးများကဲ့သို့ဇာတိပကတိ မွေးဖွားခြင်းနှင့်ပြင်ပအမူအယာအားဖြင့် သာဘုရားသခင်ကိုမိတ်သဟာယပြုသောသူ များမပါချေ။ဒုတိယမွေးဖွားခြင်းခံလျက်
ဝိညာဉ်နှင့်သစ္စာ(သမ္မာတရား)အားဖြင့်ဘု ရားသခင်ကိုကိုးကွယ်သောသူများအသင်း
တော်တွင်ပါဝင်၏(ယော၊၃း၃၊၄။၂၄)။စစ် မှန်သောအသင်းတော်တွင်ကယ်တင်ခြင်း ရရှိသူနှင့်မရရှိသေးသောသူများရောနှော ခြင်းမရှိချေ။
(၇)ခရစ်ယာန်တစ်ဦး၏မူလပင်ကိုယ်ဇာစ် မြစ်သည်ကောင်းကင်ဘုံဖြစ်သည်။''ကျွနု ပ်တို့သည်ကောင်းကင်နိုင်ငံသားများဖြစ် ကြသည်။''(ဖိ၊၃း၂ဝ)ထို့ကြောင့်စစ်မှန် သောယုံကြည်သူသည်ဇာတိပကတိ စရိုက်နှင့်မနေနိုင်၊၄င်းနှင့်ဆန့်ကျင်လျက် သာနေသည်။ကားတိုင်တော်နှင့်ပတ် သက်သောကဲ့ရဲ့ခြင်း၊ခရစ်တော်နှင့်သက် ဆိုင်သည့်စွန့်ပယ်ခြင်းသည်စစ်မှန်သော ခရစ်ယာန်တို့၏ကိုးကွယ်ခြင်းနှင့်ဆက် စပ်လျက်ရှိ၏။''မိမိတို့အသွေးအဆင်း တင့်တယ်စေချင်သောသူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့်ခံရ သောညှင်းဆဲခြင်းနှင့်မိမိတို့ကင်းလွတ်လို ၍သင်တို့ကိုအရေဖျားလှီးခြင်းခံစေခြင်း ငှာအနိုင်ထက်သွေးဆောင်တတ်ကြ ၏''(ဂလာ၊၆း၁၂)။
အထက်ပါအချက်နှစ်ခုနှစ်ချက်သည် ဓမ္မသစ်ခရစ်ယာန်ဘာသာ၏အယူဝါဒ၊ခံယူ ချက်နှင့်ဂျူးဘာသာတို့၏ကွာခြားချက် ဖြစ်ပါသည်။စစ်မှန်သောခရစ်ယာန်ဖြစ်
ခြင်းသည်လောကဆိုင်ရာဘာသာရေး တပ်စခန်းနှင့်မဆိုင်။ကောင်းကင်ဘုံ၌စံ ပယ်တော်မူသော၎င်းတို့၏ဘုန်းပွင့်သော ဦးခေါင်းဖြစ်သောခရစ်တော်အားယုံကြည် ခြင်းကြောင့်သီးသန့်ခေါ်ထုတ်ထားခြင်း ခံရသောသူများဖြစ်ကြသည်။ဤလောက ဘာသာရေးတပ်စခန်းအပြင်ဘက်ရှိခရစ် တော်ထံသို့ယုံကြည်သူများသွားကြရ လိမ့်မည်။
သာမာန်ခရစ်ယာန်တို့၏တပ်စခန်း
ဓမ္မသစ်ကျမ်းအရစစ်မှန်သောခရစ်ယာန် တို့၏ပင်ကိုယ်လက္ခဏာနှင့်အရည်အချင်း များအကြောင်းကိုတမန်တော်ခေတ်ကန ဦးအသင်းတော်အားဖြင့်ဆွေးနွေးခဲ့ပြီးဖြစ် သည်။ကောင်းကင်ဆိုင်ရာပင်ကိုယ်လက္ခ ဏာများပပျောက်စေလျှက်စစ်မှန်သော
ခရစ်ယာန်ဘဝမှလမ်းလွဲသောယခုအသင်း တော်သမိုင်းတစ်လျှောက်ကိုလေ့လာသော အခါဝမ်းနည်းဘွယ်အချက်များတွေ့ရ ပေသည်။
(ဃ့မင်အနညိသာ)ဆုိသည္မွာဂ်ဴးဘာသာ
အယူဝါဒရောနှောသောသာမာန်ခရစ် ယာန်ဟူ၍ဖြစ်သည်။ကနဦးအသင်းတော် များပင်လျှင်များမကြာမှီဂျူးဘာသာအယူ ဝါဒပူးကပ်လာခဲ့တော့သည်။၎င်းအယူဝါ ဒသည်ဒုတိယမွေးခြင်းမခံသောဇာတိပ ကတိလူနှင့်စရိုက်ချင်းလိုက်ဖက်မှုရှိ၏။သာမာန်ခရစ်ယာန်၏တပ်စခန်းသည်မော ရှေခေတ်ညစ်ညမ်းသောဣသရေလလူ တို့၏တပ်စခန်းကဲ့သို့ကမ္ဘာမြေပေါ်ရှိဘာ သာရေးတပ်စခန်းသက်သက်ဖြစ်သည်။ဂျူးဘာသာအယူဝါဒနှင့်သာမာန်ခရစ်ယာန် ဘာသာ၏ပင်ကိုယ်လက္ခဏာမည်မျှတူညီ ကြောင်းယှဉ်တွဲလေ့လာကြပါစို့။
(၁)၄င်းတို့၏လောကီဆန်သောဗိမာန်တော် များသည်လူ့အမြင်စက္ခုပသာဒကိုကြည် နူးစေသောခန့်ညားထယ်ဝါသည့်ပရိဘော ဂနှင့်တန်ဆာပလာများအားဖြင့်ပြည့်လျက် ရှိသည်။
(၂)သန့်ရှင်းရာဌာနကဲ့သို့ဝိုင်းရံထားသော အတွင်းဗိမာန်(အခန်းသီးသန့်)ထားရှိ ကြရာအမှုတော်ဆောင်သို့မဟုတ်တာ ဝန်ရှိပရောဟိတ်သာဝင်ရောက်ခွင့်ရှိသည်။
(၃)ဘုရားသခင်နှင့်ယုံကြည်သူလွတ် လပ်စွာတိုက်ရိုက်ဆက်သွယ်ခွင့်မရှိ။ဘု ရားသခင်သည်အဝေးတစ်နေရာ၌သာရှိ လျက်၊''ဘုန်းကြီးတော်မူသောမြင့်မြတ် တော်မူသောဘုရား''ဟုကင်ပွန်းတပ်ကာ ခေါ်ဆိုရသည်။စစ်မှန်သောဘုရားသား သမီးများ၏''အဗ္ဗအဘ''ဟူခေါ်သောအသံ သည်မကြားရသလောက်ဖြစ်သည်။(ဂလာ၊၄း၅-၆)။၎င်းသည်ဂျူးဘာသာ၏ အယူတစ်ခုဖြစ်သော''ဘုရားသခင်သည် အဝေးတစ်နေရာ၌''ဟူသောအယူဝါဒ ဖြစ်သည်။
(၄)ဘိသိတ်ခံလျက်သာ၍အဆင့်မြင့် သောပုရောဟိတ်သို့မဟုတ်အမှုတော်ဆောင် များရှိကြရာ၎င်းတို့သည်လူနှင့်ဘုရား အကြား၌ရပ်တည်သောသူများဖြစ်ကြ သည့်အပြင်'ဘုန်းတော်ကြီး' နှင့် 'လူဝတ် ကြောင်များ'အကြားကြားခံလူတန်းစား များဖြစ်ကြသည်လူမှုအဖွဲ့အစည်းနှင့်ဦး ဆောင်မှုကြောင့်ဝိညာဉ်တော်၏ဦး ဆောင်မှုကိုအရေးမထားကြပါ။
(၅)သြတ္တပ္ပစိတ်စင်ကြယ်ခြင်း၊အပြစ်လွှတ် သောသူဖြစ်ကြောင်းမိမိကိုယ်မိမိသဘော
ပေါက်ခြင်းနှင့်ဘုရားသခင်ရှေ့မှောက်တော် ၌ရပ်တည်ပါဝင်ရန်လက်ခံသောသူဖြစ်
ခြင်းကိုယေဘုယျအားဖြင့်မသိကြပေ။ကယ်တင်ခြင်းစိတ်ချမှုနှင့်ကောင်းကင်ဘုံ အတွက်သေချာခြင်းဆိုသည်မှာ၎င်းတို့အ တွက်မဖြစ်နိုင်သောစိတ်ကူးယဉ်မျှသာ ဖြစ်သည်။
(၆)စိတ်နှလုံးအားဖြင့်ယုံကြည်သူနှင့်မ ယုံကြည်သူအသက်တာပြောင်းလဲသော သူနှင့်မပြောင်းလဲသောသူများသည်အတူ တကွဝတ်ပြုကိုးကွယ်ကြပြီးပညတ်တော် ထိန်းခြင်းနှင့်အကျင့်အားဖြင့်ကယ်တင် ရရှိရန်နာယူသင်ကြားကြသည်။
(၇)ဤစနစ်သည်ဇာတိပကတိလူကိုအ သိအမှတ်ပြုသည်။ဇာတိပကတိအသွေး အသားအားဖြင့်လူကိုတောင်းလျှောက် တတ်သည်။မှီခိုတတ်သည်။အသက်တာ မပြောင်းလဲသောသူအတွက်အပြစ်ဟူသည် မရှိ။ကားတိုင်တော်နှင့်ခရစ်တော်ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကိုလည်းမည်သူမျှမခံ ရကြ။
အထက်ပါအချက်များသည်လမ်းလွဲ သောဂျူးဘာသာရေးတပ်စခန်းကကဲ့ သို့သာမာန်ခရစ်ယာန်အသင်းတော်များ ၌တွေ့ရသောအချက်လက်များဖြစ်သည်။၎င်းထက်ပို၍များကောင်းများပေလိမ့်မည်။ထို့ကြောင့်သာမာန်အသင်းတော်တပ်စခန်း များ၌ရှိကြသောကျေးဇူးတော်ခေတ်ကာ လကယုံကြည်သူများသည်ခရစ်တော်
ထံအရောက်ရုန်းကန်ခွဲထွက်လျက်ဘုရား သခင်ပိုင်ထိုက်တော်မူသောစစ်မှန်သည့်စု ရုံးစည်းဝေးရာဗဟိုငှာနသို့ခွဲထွက်ရန်ခေါ် တော်မူခြင်းခံသောသူများဖြစ်ကြသည်။
အသုံးတော်ခံပုဂ္ဂိုလ်တစ်ပါးဖြစ်သူ (ှ.ျွငိသပအ)ကအောက်ပါအတိုင်းရေး
သားထားခဲ့ပါသည်။''အချို့သောနေရာ (အသင်းတော်)များတွင်ခရစ်တော်ကိုယ်တိုင်
မဟုတ်ဘဲနာမတော်သည်သရဖူဆောင်း ခြင်းခံရသည်။တန်ခိုးအာဏာသည်မည် မျှရှေးကျသည်ကိုကျွန်ုပ်ဂရုမစိုက်ပါ။...ဓမ္မသစ်နှုတ်ကပတ်တော်အတိုင်းမလိုက် နာဘဲခရစ်တော်ကိုနှင်ထုတ်စွန့်ပယ်သော
ဇာတိပကတိလူသားများ၏အဖွဲ့အစည်း (သို့)ဘုရားသခင်နှုတ်ထွက်စကားတော် နှင့်ဝိညာဉ်တော်ကိုသာမာန်အားဖြင့် သာအသိအမှတ်ပြုကာတကယ်တန်းမနာခံ သောအဖွဲ့အစည်း၌သင်ပါဝင်လျှင်သင် သည်တပ်တွင်းစခန်း၌သာရှိသေးသည်။အတုအပဖြစ်သောကျေးဇူးတော်၏ လက်ရှိလက်နက်တစ်မျိုးဖြစ်သည့်ဂျူး ဘာသာအယူလွှမ်းမိုးရာသာမာန်ခရစ် ယာန်အသင်းတော်များမှယုံကြည်သူများ ကိုယနေ့ကိုယ်တော်မှ'တပ်အပြင်သို့ထွက် လော့'ဟုခေါ်တော်မူလျက်ရှိ၏။လူဝတ် ကြောင်များထက်ဘုန်းတော်ကြီးများကို သိသိသာသာခွဲခြားအသိမှတ်ပြုလျက်၊
ခရစ်တော်၏အာဏာဖြင့်ဖွဲ့စည်းထား သောအဖွဲ့အစည်းအသင်းတော်များကို နောက်မှာထားခဲ့၍တပ်ပြင်သို့ထွက်သွား ရမည်။တပ်တွင်းစခန်းသည်လောကီ ရေးရာ(သို့)ဇာတိပကတိနည်းအားဖြင့်ဖွဲ့ စည်းထားသောဘာသာရေးစနစ်ဖြစ် သည်။ထိုစခန်းတွင်ဘုရားသခင်အားရို သေလေးစားခြင်းမရှိပါ။နှုတ်ထွက်စကား တော်သည်ဆန့်ကျင်ဖယ်ရှားခြင်းခံ လျက်ဇာတိပကတိလူများသာဗိုလ်ကျပြီး ဆန္ဒအတိုင်းလုပ်ဆောင်လေ့ရှိကြသည်။
ဤအချက်အလက်များဖြင့်စာဖတ် ပရိတ်သတ်များအားယနေ့ကျွန်ုပ်တို့ခေတ် ကာလ၏တပ်စခန်းအကြောင်းသာမက ဘဲ(ဟေဗြဲ၊၁၃း၁၃)လာ၊'ငါတို့သည်ထိုသခင် နှင့်အတူကဲ့ရဲ့ခြင်းကိုခံ၍တပ်ပြင်အထံ တော်သို့ထွက်သွားကြကုန်အံ့'ဟူသော
ကျမ်းစာကား၏အဓိပ္ပါယ်ကိုပိုမိုသဘော ပေါက်စေလိမ့်မည်ဟုယုံကြည်ပါသည်။

20/04/2016

နိုင်ငံတော်၏အမွေအနှစ်
လောကကြီးတွင် ဘုရားသခင်၏ အကြောင်း
ကိုသာသိပြီး ဘုရားသခင်နှင့် ပုဂ္ဂိုလ်ချင်းထိ
တွေ့မှုမရှိသေးသူများရှိသလို ဘုရားသခင်ကို
သိရှိယုံကြည်၍ ဘုရားသခင်၏သားသမီးဖြစ်
ပြီးမှ အဖ၏အိမ်ထောင်နှင့်စည်းစိမ်ကိုစွန့်ခွာ
ပြီးလောကထဲသို့ ထွက် သွားမိခြင်းကြောင့်
ဘုရားသခင်ထံမှခံစားရမည့်ကောင်းချီး
မင်္ဂလာ ကမျိုးစုံကို လက်လွှတ်ဆုံးရှုံး ရသူများ လည်းရှိပေသည်။ သို့သော်
အခြားတစ်ဘက်က ဘုရားသခင်၏မေတ္တာဖြင့် ပြင်ဆင်ထားသောနိုင်ငံတော်၏ နက်နဲမှုနှင့်ကြီးမားသော အကျိုးရလဒ် ကိုသိရှိရပြီး လက်တွေ့ခံစားကြရသောလူနည်းစုလေးလည်းရှိပါသည်။

ဒုက္ခသစ္စာ
ဘုရားသခင်ကိုမသိရှိသေးသော လောကသားများသာလျှင် ဒုက္ခပြဿနာနှင့် ကြုံတွေ့ကြသည်မဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ကြသောသားသမီးများလည်း ဒုက္ခပြဿနာနှင့် ကြုံတွေ့ကြတတ်ပါသည်(ဟေဗြဲ၊ ၁ဝး၃၂)။ သို့သော် ဒုက္ခရောက်ရသည့် အကြောင်းရင်းချင်းမတူကြပါ။ ပထမအကြောင်းအရင်းမှာ ဘုရားသခင်၏စကားကိုနားမထောင်၊ အလိုတော်လမ်းသို့မလိုက်ခြင်း ကြောင့်ဒုက္ခပြဿနာ ကြုံရခြင်းဖြစ်သည်။ ထိုမှားယွင်းသောလမ်းမှနောင်တရ၍ ဘုရားသခင် ဘက်သို့ပြန်လှည့်လာရန် ဘုရားသခင်ကပြန်ဆင်ခြင်ဖြစ်သည်။

နောက်အကြောင်းအရင်းတစ်ခုမှာ ဘုရားသခင်၏ သားသမီးဖြစ်ပြီးမှ ဒုက္ခနှင့်အခက်အခဲ ပြဿနာကြုံတွေ့ရသူများမှာမူ ဘုရားသခင်၏ကောင်းမြတ်ခြင်း၊ သက်သေကို လောကဓံတရားနှင့် ဒုက္ခများကြားမှခံစားနိုင်ဖို့ရန် ဖြစ်ပေသည်။ ဘုရားသခင်၏နာမကြောင့်အခက်အခဲ ပြဿနာနှင့်ကြုံ တွေ့ရခြင်းသည် အမင်္ဂလာမဟုတ်ဘဲ မင်္ဂလာသာဖြစ်သည်။ ထိုဒုက္ခများကြားတွင် ဘုရားသခင်၏သစ္စာ တရားကိုနားလည် ဖို့ရန်အတွက်ဖြစ်ပေသည်။

သတို့သမီးဆယ်ဦး
(မဿဲ၊ ၂၅)တွင် သတို့သမီးဆယ်ဦးအကြောင်းဖေါ်ပြထားပသါည်။ ငါးဦးမှာပညာရှိဖြစ်ကြပြီး၊ ကျန်ငါးဦးမှာလူမိုက်ဖြစ် ကြသည်။ ‚င်းတို့အားလုံးသည် မီးခွက်များကိုကိုယ်စီယူကြသော်လည်း ပညာရှိသော သတို့သမီးငါးဦးက မီးခွက်အပြင်ဆီဘူးကို လည်းယူပါသည်။ မိုက်သောသတို့သမီးများက ဆီဘူးကိုမယူကြပါ။ သန်းခေါင်ယံ၌ သတို့သား လာသောအခါ သူတို့အားမီးခွက် များကို ကိုယ်စီထွန်းညှိကြပါသည်။ ဆီးဘူးမယူလာသောသတို့သမီးများ၏မီးခွက်သည် ခေတ္တသာထွန်းတောက်ပြီး မီးသေသွားပါ သည်၊ ဤပုံပမာထဲမှဆီသည် ခရစ်ယာန်အသက်တာအတွက် လွန်စွာအရေးကြီး သော ဝိညာဉ်တော်ကိုပုံဆောင်ပါသည်။

ယနေ့မိရိုးဖလာအရ ဓမ္မအမွေကိုခံစားကာ ခရစ်ယာန်ဖြစ်လာကြသူများစွာရှိကြရာ၌ အသက်တာ တွင်ဝိညာဉ်တော်ကို မခံစား၊ နားမလည်သူများစွာရှိပါသည်။ ထိုသက်သေကိုခံစားရန်မှာ မိမိသည်အပြစ်သားဖြစ်ကြောင်း ရှေးဦးစွာသိမြင်ဝန်ခံဖို့လို ပါသည်။ ထို့ပြင် အပြစ်ကြောင့်အပါယ်၌ ထာဝရပြစ်ဒဏ်ခံစားရမည်ကိုသိရှိ၍ ကြောက်ရွံ့သော စိတ်ဖြင့် သခင်ခရစ်တော်မှတစ်ပါး အခြားသောကယ်တင်ရှင်မရှိကြောင်းသိမြင်ဝန်ခံလျက် မိမိ၏နှလုံးသားအတွင်း သို့ခေါ်ဖိတ်လက်ခံပြီး နေရာပေးမည်ဆိုပါက သန့်ရှင်းသောဝိညာဉ်တော်၏သက်သေကို နှလုံးသားအတွင်း၌ ခံစားရသည် သာမက တမလွန်အရေးအတွက်လည်း စိတ်အေးချမ်းသာမှုကိုခံစားရပေမည်။

နာမတော်ကိုရိုသေပါ
ဘုရားသခင်၏သားသမီးတစ်ဦးအနေနှင့ ဝိညာဉ်တော်၏သက်သေကို နှလုံးသားအတွင်းခံစားရပြီးနောက် အရေးကြီး သည့်အရာတစ်ခုမှာ နာမတော်မြတ်ကို ကြောက်ရွံ့သောသဘောဖြင့် ဘုရားရှင်အားရိုသေလေးမြတ်ဖို့လိုပါသည်။ ဘုရားရှင်သည်ကြီးမြတ်သောအရှင၊ တန်ခိုးအနန္တနှင့်ပြည့်စုံသောအရှင်ဖြစ်ပါသည်။ ကြောက်ရွံ့သည်ဟုဆိုရာ၌ ဘုရားသခင်က အပြစ်ပေးဒဏ်ခတ်မည်ကို ကြောက်ရွံ့ရန်မဟုတ်ပါ။

ကျွန်ုပ်တို့၏အားနည်းမှားယွင်းမှုကြောင့် ကိုယ်တော်ရှင် ဝမ်းနည်းမည်ကိုကြောက်ရွံ့ပါ။ ဘုရားသခင်၏ကောင်းမြတ်ခြင်းများကိုမချီးမွမ်းမိဘဲ ကျန်သွားမည်ကိုကြောက်ရွံ့ပါ။ နာမတော် ထိပါးမည်ကိုကြောက်ရွံ့ပါ။ ဘုရားရှင်သည်ကြောက်ရွံ့ရိုသေထိုက်သောဘုရားရှင်ဖြစ်၍ နှလုံးသားအတွင်းမှ ကြောက်ရွံ့သော သဘောဖြင့် ရိုသေလေးမြတ်ဖို့သတိပြုပါ။ ဘုရားရှင်၏ကောင်းမြတ်ခြင်းကိုချီးမွမ်းဖို့ အကြွေးမတင်မိ ရန်သတိပြုပါ။

ကောင်းကင်ဘဏ္ဍာဆည်းပူးပါ
နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့၏စိတ်နှလုံးသည် ကျွန်ုပ်တို့၏ ဥစ္စာဘဏ္ဍာရှိသောနေရာ၌ ရောက်နေကြောင်းသတိပေးပါ သည်။ အချို့သူများသည် လောကတွင်ငွေကြေးဘဏ္ဍာများစွာစုဆောင်၍ ကြွယ်ဝလာသည့်အခါ ထိုအရာများကိုအမှီပြုကိုးစား ပြီးအသက်ရှင် မိကြပါသည်။ လောကီဥစ္စာ ဘဏ္ဍာများသည် ပျောက်ပျက်သွားနိုင်ကြောင်း၊ စစ်မှန်သောအာမခံချက်ကို မပေးနိုင်ကြောင်း သမ္မာကျမ်းစာကသွန်သင်ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ယုံကြည်သူများအနေနှင့် တစ်ခဏတာခံစားရ မည့်ကောင်းကောင်းဘဏ္ဍာကိုဆည်းပူးသိုမှီးထားကြရန် ဘုရားသခင်အလိုတော်ရှိပါသည်။

ကောင်းကင်အကျိုးရလဒ်ကိုမျှော်၍ ဘဏ္ဍာစုဆောင်းတတ်သူများမှာ ပေးကမ်းစွန့်ကြဲ တတ်သောသူများဖြစ်ကြသည်။ မိမိ၏လိုအပ်ချက်နှင့်အတ္တကိုရှေ့တန်းမတင်ဘဲ အခြားသူများ၏လိုအပ်မှုကိုကြည့်ရှုသိမြင်ကာ ပါဝင်တတ်သူများမှာ ကောင်းကင် ဘဏ္ဍာကိုစုဆောင်းတတ်သူများဖြစ်ကြပေသည်။ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားအတွက်ဦးစားထား၍ ရှာဖွေအသက်ရှင်သူ များကို လောကအသက်ရှင်စဉ်သုံးဆောင်ရန်လိုအပ်သည့် အရာများကိုပေးမည်ဟု ဘုရားရှင်ကတိပြုထားပါသည်။

နိုင်ငံတော်အမွေ
လောက၌ အသက်ရှင်စဉ်ဘုရားသခင်၏နိုင်ငံတော်ထဲကျင်လည်အသက်ရှင်သောအသက်တာသည် လွန်စွာထူးကဲ ကောင်းမြတ်လှပါသည်။ (ရော၊ ၅)တွင် တမန်တော်ကြီးက ဒုက္ခဆင်းရဲထဲ၌ ဝမ်းမြောက်ကြောင်းပြောပါသည်။ သဘာဝလောကီ သားတစ်ဦးအနေနှင့် ဒုက္ခဆင်းရဲကြုံတွေ့ပါရက ဝမ်းမြောက်နိုင်မည်မဟုတ်ပါ။ ညည်းညူးမြည်တမ်းနေမည်သာဖြစ်သည်။ ဒုက္ခဆင်း ရဲထဲ၌ဝမ်းမြောက်နိုင်ခြင်း၊ ဝါကြွားနိုင်ခြင်းမှာ ဘုရားသခင်၏နိုင်ငံတော်အတွင်း ကျွန်ုပ်တို့ခံစားရသော အမွေပင်ဖြစ်ပေသည်။

ယောသပ်၏အသက်တာကိုဆင်ခြင်ကြည့်ပါက အစ်ကိုများ၏ မနာလိုရောင်းစားမှုကိုခံရပြီး တစ်ပါးအမျိုးသားများ လက်ဝယ်ကျွန်အဖြစ်ရောင်းရှိရသော်လည်း ယောသပ်နှင့် အတူဘုရားရှင်ပါရှိကောင်းချီးပေးမှုကြောင့်နောက်ဆုံးတွင် နိုင်ငံတော် အုပ်အရာတိုင်းချီးမြှောက်ခံရကြောင်းတွေ့သည်။

ဘုရားသခင်သည်ကျွန်ုပ်တို့၏အသက်တာ၌ ဒုက္ခပြဿနာကိုတွေ့ကြုံခွင့် ပေးခြင်း ကိုပေးသောအခါ၌လည်း ထွက်မြောက်သောလမ်းကိုပါတစ်ပါတည်းပြင်ဆင်ပေးပါသည်။ ဤကဲ့သို့သောကောင်းကျိုး အဖြာဖြာကို ဘုရားသခင်နှင့်အတူ နိုင်ငံတော်အတွင်းအသက်ရှင်၍ နိုင်ငံတော်၏အမွေကိုခံစား နိုင်ဖို့ရန် ကျွန်ုပ်တို့၏ အသက်တာများကိုပြင်ဆင် ပါစို့ဟု မေတ္တာနှင့်အသိပေးဝေငှလိုက်ရပါသည်။

Dr.တင်မောင်ထွန်း-တရားဒေသနာ
Ref. www.shwecanaan.com

ဘုရားသခင်၏ ထောက်မမှုကြောင့် မတူပီမြို့ရှိ ညီအစ်ကိုများ ၀တ်ပြုခန်းမဆောင် အုတ်မြစ်ချလို့ ပြီးစီးပြီဖြစ်သည်။ အဘက်ဘက်မှပါဝင်...
11/02/2015

ဘုရားသခင်၏ ထောက်မမှုကြောင့် မတူပီမြို့ရှိ ညီအစ်ကိုများ ၀တ်ပြုခန်းမဆောင် အုတ်မြစ်ချလို့ ပြီးစီးပြီဖြစ်သည်။ အဘက်ဘက်မှပါဝင် ကူညီပေးကြသော ညီအစ်ကိုအားလုံးပေါ် အထူးကျးဇူးတင်ရှိကြောင်း ခရစ်တော်၏ နာမတော်မြတ်၌ ဆုမွန်တောင်းပေးရင်း...

မတူပီ ညီအစ်ကိုများ ၀တ်ပြုခန်းမဆောင် တည်ဆောက်ရန် ပြင်ဆင်နေ
10/02/2015

မတူပီ ညီအစ်ကိုများ ၀တ်ပြုခန်းမဆောင် တည်ဆောက်ရန် ပြင်ဆင်နေ

Periodical - 8
20/07/2014

Periodical - 8

2012 Malaysia unau rawl
14/07/2014

2012 Malaysia unau rawl

Periodical - 9
06/07/2014

Periodical - 9

Periodical - 7
28/05/2014

Periodical - 7

14/01/2014

Address

Taungzalat, Kalaymyo
Yangon
03061

Telephone

959795376875

Website

Alerts

Be the first to know and let us send you an email when The Church In Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category