02/04/2024
သတိသည်သာ
ကိုယ်နဲ့မဆိုင်တာ ဆိုရင်
မဝေဘန်မိဖို့ , မပြောမိဖို့ ကိုယ့်စိတ်ကို သတိထား •••
သူတပါးရဲ့ မသင့်လျော်တဲ့ ကိစ္စတွေ
ဝေဘန် မနေနဲ့
မလျော်ညီတဲ့ ကိစ္စတွေ မဝေဘန်နဲ့ •••
လုပ်တာ , မလုပ်တာတွေ ဝေဘန်မနေနဲ့
ဒီလို ဆိုတယ်နော် •••
ဝေဘန်ပြီး ပြောလိုက်မယ် ဆိုရင်
ကိုယ့်မှာ အကုသိုလ် ဖြစ်သွားနိုင်တယ်
ဒီလို ဆိုလိုတယ် •••
ကိုယ့်ဟာကိုယ်ပဲ ကြည့်
လူတွေက သူများ ဝေဘန်လိုက်ရင်
သူများဝေဘန်တဲ့ စိတ်ကိုတော့
ကောင်းတဲ့ စိတ်လို့ သွားထင်နေတာ •••
အဲဒါက
မကောင်းတဲ့ စိတ်ဖြစ်သွားတယ်
ဒါလေးကို သတိထားဖို့ လိုတယ်နော် •••
❝ အကုသိုလ် ❞ ဆိုတာ
လွယ်လွယ်လေးနဲ့ ဖြစ်တယ် •••
ကြည့် -
🔹 မချီးမွမ်းသင့်တဲ့ လူကို ချီးမွမ်းရင်လည်း
❝ အကုသိုလ်ပဲ ❞
🔹 ချီးမွမ်းသင့်တဲ့ လူကို ကဲ့ရဲ့ရင်လည်း
❝ အကုသိုလ်ပဲ ❞ •••
ဒီနှစ်ခုက -
မြတ်စွာဘုရား ဟောထားတဲ့
ဒေသနာတော်တွေထဲမှာ ရှိတယ် •••
❝ ကောကာလိကသုတ် ❞
အလွန်သတိထားရမယ့် ကိစ္စတွေပေါ့ •••
မချီးမွမ်းသင့်တဲ့လူကို ချီးမွမ်းရင်
❝ အကုသိုလ် ❞ ဖြစ်တယ် •••
ချီးမွမ်းသင့်တဲ့ လူကိုယ် ကဲ့ရဲ့မိရင်လည်း
❝ အကုသိုလ် ❞ ဖြစ်တယ်လို့
ဒီလိုလုပ်မိလို့ ရှိရင်
နှုတ်ကို အကြောင်းပြုပြီးရင်
လူတွေဟာ ဒုက္ခရောက်တတ်တယ် •••
#ပါချုပ်ဆရာတော်ဘုရားကြီး
📌 အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌