Obed House Ministries: Church Planting, Orphanage, and Education

  • Home
  • Myanmar
  • Yangon
  • Obed House Ministries: Church Planting, Orphanage, and Education

Obed House Ministries: Church Planting, Orphanage, and Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Obed House Ministries: Church Planting, Orphanage, and Education, Religious organisation, ကုလားကြီးစု နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း, Yangon.
(1)

Mission: Church Planting, Orphanage, Education

"Go and make disciples of all nations, baptizing them in the name of the Father and the Son and the Holy Spirit"
- Matt. 28:19 - Obed House Page ကို 2017 တွင် စတင်အသုံးပြုု ကာ KBC Page မှ ပြောင်းလဲအသုံးပြုခဲ့ခြင်းဖြစ်သည်။
- New Life - KBC Page သည် KBC လူငယ်များ ၏ ကြိုးစားမှု ဖြစ်သည်။ သတင်းအချက်အလက်များနှင့် အကြောင်းအရာများသည် မည်သူတစ်ဦး တစ်ယောက်၊ အဖ

ွဲ့အစည်းနှင့် လူမျိုးများကို ထိခိုက်နှစ်နာစေလိုခြင်းမရှိပါ။
- ခရစ်တော်အကြောင်းနှင့် ကယ်တင်ခြင်းသတင်းကောင်းကို ပိုမိုသိရှိလို၊ သင်ယူလိုပါက Page တွင် ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပတ် ချန်ထားခြင်းဖြင့် သင်သိလိုသမျှကို ဝေငှ ပေးလိုပါသည်။
- New life - KBC Page မှ Obed House Ministries: Church Planting, Orphanage, and Education သို့ 20 Mar 2022 ရက်​နေ့တွင် ​ပြောင်းလဲအသုုံးပြု။

Bible Verses About Waiting on the LordGenesis 49:18Exodus 14:14Proverbs 20:22Psalm 130:5-6Psalm 46:10Psalm 27:14Psalm 37...
09/04/2026

Bible Verses About Waiting on the Lord

Genesis 49:18
Exodus 14:14
Proverbs 20:22
Psalm 130:5-6
Psalm 46:10
Psalm 27:14
Psalm 37:7
Psalm 62:5
Psalm 37:34
Psalm 33:20-22
Isaiah 64:4
Isaiah 30:18
Isaiah 40:31
Lamentations 3:25

#ဘုရားသခင်၏အချိန်ကို_စောင့်ခြင်း

ဂျက်ကီချမ်း ဟာ သူ့အသက် ၇၀ ပြည့်တဲ့မွေးနေ့ မှာ....ဂျာနယ်လစ် တဦးရဲ့ "မင်းရဲ့ဘဝ ကို ကျေနပ်ရဲ့လား? "ဆိုတဲ့ မေးခွန်းကိုအောက်ပ...
26/10/2025

ဂျက်ကီချမ်း ဟာ
သူ့အသက် ၇၀ ပြည့်တဲ့မွေးနေ့ မှာ....

ဂျာနယ်လစ် တဦးရဲ့

"မင်းရဲ့ဘဝ ကို ကျေနပ်ရဲ့လား? "
ဆိုတဲ့ မေးခွန်းကို

အောက်ပါအတိုင်း
wise wordsတွေနဲ့ တုန့်ပြန်ခဲ့ပါတယ်။

အလုပ်ကြိုးစား တာဟာ
အလုပ်လက်မဲ့ များတွက် #အိမ်မက် ပါ။

ခင်ဗျား ရဲ့ မနားတမ်းဆော့
ကစားနေတဲ့ ကလေး ဟာ ကလေးမရှိတဲ့ မိဘများ အတွက် #အိမ်မက် ပါ။

ခင်ဗျား ရဲ့ အိမ်သေးသေး
လေး ဟာ အိမ်ယာမဲ့သူများ
အတွက် #အိမ်မက် ပါ။

ခင်ဗျား လက်ထဲက ငွေသား
နဲနဲလေး ဟာ အကြွေးတင်နေသူ
များ အတွက် #အိမ်မက် ပါ။

ခင်ဗျားရဲ့ ကျန်းမာရေး
သိပ်မကောင်းတဲ့ အနေအထားဟာ ကုသဘို့ဆေးမရှိတဲ့ ရောဂါ
သည် တွေ အတွက် #အိမ်မက် ပါ။

ခင်ဗျားရဲ့ ငြိမ်းချမ်းမူ့၊
နှစ်နှစ်ချိုက်ချိုက် အိပ်စက်နိုင်မှု့၊ သုံးဆောင်ခွင့်ရနေတဲ့ အတော်အသင့် လောက်ရှိတဲ့ အစားအသောက် တွေဟာ စစ်ဖြစ်နေတဲ့အရပ်ဒေသ က ပြည်သူတွေ အတွက် #အိမ်မက် ပါ။

ခင်ဗျားမှာ လက်ရှိ ရှိနေ
တာ တွေနဲ့ ကျေနပ် ရောင်ရဲ
သင့်ပါတယ်။

ဘယ်သူ မှ မသိပါဘူး...

မနက်ဖြန် ဘာဖြစ်လာ
မလဲ....ဆိုတာ..ကို

********
တော်တော် ပညာသား ပါတဲ့
စကားစုတွေပါ...နားလည် လိမ့်မယ်လို့ မျော်လင့်ပါတယ်။
အကျယ်ချဲ့ ရှင်းပြဘို့ လိုမယ်
မထင်ပါဘူး။
လေးစားပါတယ် ဂျက်ကီချမ်း..

::original uploader

ကုလားကြီးစုရွာတွင် ခရစ်ယာန်သာသနာစတင်​​ရောက်ရှိသည့်နှစ် ( ၂၅) နှစ်ပြည့်​ကျေးဇူး​​တော်ချီးမွမ်းပွဲ  Jubilee အထိမ်းအမှတ် BL...
22/10/2025

ကုလားကြီးစုရွာတွင် ခရစ်ယာန်သာသနာစတင်​​ရောက်ရှိသည့်နှစ် ( ၂၅) နှစ်ပြည့်​ကျေးဇူး​​တော်ချီးမွမ်းပွဲ Jubilee အထိမ်းအမှတ် BLESSED DRAW များဝယ်ယူအား​ပေးကြပါစို့။

ဆာလံ ၉၁ကျမ်းပိုဒ် အလွတ်ဆို ပြိုင်ပွဲမင်္ဂလာရှိသော ပြိုင်ပွဲဝင်သူ/သားများ
18/08/2025

ဆာလံ ၉၁
ကျမ်းပိုဒ် အလွတ်ဆို ပြိုင်ပွဲ
မင်္ဂလာရှိသော ပြိုင်ပွဲဝင်သူ/သားများ

16/07/2025

1484. ဆရာကြီး၏ယုဒသန်ပြောင်းလဲခြင်း
𝐓𝐇𝐄 𝐂𝐎𝐍𝐕𝐄𝐑𝐒𝐈𝐎𝐍 𝐎𝐅 𝐀𝐃𝐎𝐍𝐈𝐑𝐀𝐌 𝐉𝐔𝐃𝐒𝐎𝐍
သူသည် Congregationl ဂိုဏ်းမှသင်းအုပ်ဆရာတဦး၏သားဖြစ်ပြီး၊ အသက် ၁၀-၁၂ နှစ်အရွယ်တွင် Sunday School ၌ လူကြီးများကို Greek, Latin ကျမ်းစာသင်ပေးနိုင်သူဖြစ်သည်။ အသက် ၁၆ တွင် Brown University တက်ရောက်ပြီး၊ ဘွဲ့ယူသည့်အခါ (Valedictorian) အတော်ဆုံးစကားပြောခွင့်ရသူဖြစ်သည်။ သူ့သူငယ်ချင်း Jacob Eames ကြောင့် ဘုရားမရှိဘဝသို့ရောက်သွားပြီး၊ အသက် ၂၀ တွင် မိဘများအားပြောပြသည့်အခါ အင်မတန်ဝမ်းနည်းပြီး မျက်ရည်ကျဆုတောင်းပေးကြသည်။ သူသည် ဘုရားထက်ညာဏ်ကောင်းသည်ဟုဝါကြွားခဲ့သည်။ ( A Free Thinker)
နယူးယော့သို့ ပြဇာတ်ရေးဆရာဖြစ်ဘို့မြင်းစီးပြီးသွားရောက်ခဲ့ရာ၊ လမ်းတွင်အင်မတန်မောပန်းပြီး၊ တည်းခိုခန်းတခုရောက်သွားသည်။ အခန်းအားမရှိတော့သဖြင့် လူနာတယောက်၏ ကပ်ရက်အခန်းတွင် ကုလား ကာသာခြားပြီးအိပ်ခဲ့ရသည်။ လူနာသည် တညလုံးညည်းညိုညည်းတွားပြီး၊ တညလုံးအိပ်မရပါ။ မနက်ပိုင်းတွင် အသံတိတ်သွားရာ လူနာသက်သာသည်ဟုထင်ခဲ့သော်လည်း၊ သေသွားကြောင်းသိရသည်။ တည်းခိုခန်းပိုင်ရှင်အား၊ ဘယ်သူလည်းဟုမေးရာ၊ သူ့အရင်းနှီးဆုံး သူငယ်ချင်း Jacobဖြစ် ကြောင်းကြားသိသည့်အခါ မိုယ်းကြိုးပစ်သလိုခံစားရသည်။
Jacob သေကြောင်းကြားသည်နှင့်တပြိုင်နက် သူငရဲရောက်မည်ဖြစ်ကြောင်း၊ စိတ်ထဲမှာခံစားသောကြောင့် Andover Theological College တက်ရာမှ ၁၈၀၈ ဒီဇင်ဘာလတွင်ပြောင်းလဲသွားသည်။

ဆရာကြီးယာဒသန်၏ဘဝကြမ်းတမ်းမှု
THE TRIALS AND HARDSHIPS OF JUDSON
သူသည် ခလေးသူငယ်များကို ဗတ္တိဇံပေးသည့် Congregation အသင်းသားဖြစ်သော်လည်း ရေနှစ်ခြင်းသည်သာလျှင် ကျမ်းစာနှင့်ကိုက်ညီသည်ဟုခံယူသောကြောင့်၊ အိန္ဒိယတွင်ရေနှစ်ခြင်းခံကာ၊ ရန်ကုန်သို့ ၁၈၁၃ ခု ဇူလိုင် ၁၃ ရက်နေ့တွင်ရောက်လာခဲ့သည်။
မြန်မာသမ္မာကျမ်းစာအုပ်၊ (Holy Bible) မြန်မာသဒ္ဒါ (Grammar) နှင့် Dictionary များရေးသားခဲ့သည်။ သာသနာပြုဆရာများထဲမှာ ဒုက္ခအရောက်ဆုံးတဦးဖြစ်ပြီး၊ အထူးသဖြင့် အင်းဝထောင်ထဲတွင် ၁၇ လတိတိဆင်းရဲစွာနေရသည်။ ဇနီးသည် Ann ကြောင့်သာ အသက်ရှင်ခွင့်ရသည်ဟုဆိုသည်။ ထောင်ထဲတွင်နေစဉ်သူဘာသာပြန်ထားသည် ဓမ္မသစ်ကျမ်းစာအုပ်ကို Ann က ခေါင်းအုန်းထဲထည့်ကာပေးပို့ခဲ့သည်။
သူ၏ ပဌမဇနီး Ann နှင့်သားသမီးများဆုံးပါးသွားသောအခါ တောထဲမှာ တယောက်တည်းသွားရောက် ကာ သူ၏သ်ချိုင်းတွင်းပါတူးထားသည်ဆို၏။ ထိုအခါသူက “ဘုရားရှင်ဟာ ကျွန်တော့အတွက် သိခွင့်မရသောဘုရား၊ ကျွန်တော်ယုံကြည်သော်လည်း၊ တွေ့ခွင့်မရသောဘုရား၊" ဟုရေးသားခဲ့သည်။ သူ၏ လုပ်ဖေါ်ဆောင်ဖက်တယောက်ဖြစ်သော Felix Carey (William Carey ၏သား) သည် ဘုရင်မကြီး Elizabeth I က မြန်မာပြည်သံအမတ်ခန့်ထားရာ လက်ခံသောကြောင့်၊ သူဖခင် William Carey က ငါ့သားဟာ အဆင့်နိမ့်သွားသည်အလုပ်ကိုလက်ခံမိပြီဆိုပြီး၊ အင်မတန်ဝမ်းနည်းကာ၊ ဆုတောင်းချက်တက်ပြသည်ဆို၏။
ဇနီးများတို့မှာ Ann ( Nancy), Sarah နှင့် Emily တို့ဖြစ်ကြသည်။ လောကတွင် အသက် ၆၁ နှစ်သာနေခဲ့ရာ ၃၇ နှစ်ကို မြန်မာပြည်အတွက်အသက်ရှင်ခဲ့သည်။ Ann နှင့် သားသမီး ၄ ယောက်၊ Sarah နှင့် ၈-ယောက်၊ ထွန်းကားခဲ့သည်။ Emily သည် ဆရာကြီးအသက်၏ တဝက်လောက်သာရှိသော်လည်း၊ အင်မတန်တော်သည့် စာရေးဆရာမတဦးဖြစ်သည်။ Sarah သည် ကျန်းမာရေးအတွက် အမေရိကသို့ ပြန်သွားရာ အတ္တလန်တိတ် သမုဒ္ဒရာ St. Helena ရောက်သည့်အခါ ဆုံးပါးသွားသည့်အခါမှာသော်၎င်း၊ ဆရာကြီးလည်း ကျန်းမာရေးချို့တဲ့မှုကြောင့် အမေရိကသို့ပြန်ရင်း ၁၈၅၀ ခုတွင် အန္ဒိယ သမုဒ္ဒရာရောက်သည့်အခါ ဆုံးပါးသွားသောကြောင့် နှစ်ယောက်စလုံး သမုဒ္ဒရာသချိုင်းထဲမှာဘဲ သဂြိုဟ်ခဲ့ကြရပါသည်။
၂၀၁၃ ခုတွင် ရန်ကုန်၌ သာသနာ နှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းပွဲတော်ကျင်းပရာ၊ ဟောပြောပွဲမှ ဗုဒ္ဓဘာသာဝင် စာရေးဆရာများက ဆရာကြီး ယုဒသန်သည် ခရစ်ယာန်များအတွက်သာမဟုတ်၊ တပြည်လုံးအတွက်အကျိုးပြုသည် ဆရာကြီးတပါးဖြစ်သည်ဟုဆိုသည်။ သူသည် ပါဋိဘာသာပိုင်ပိုင်နိုင်နိုင်ရေးတတ်ပြီး၊ ရှင်မသဲကို ပါဋိဘာသာနှင့်ရေးသားခဲ့သည်။
Crd # 𝑱𝒐𝒔𝒉𝒖𝒂 𝑻𝒉𝒂𝒏𝒈
𝐑𝐄𝐕.𝐃𝐫 𝐋𝐀𝐌 𝐂𝐈𝐍 𝐓𝐇𝐀𝐍𝐆

ဆရာကြီးယုဒသန်၏မှတ်သားဖွယ်ရာစကားများ“အိုဘုရားသခင် ကိုယ်တော်ဟာ ကျွန်ုပ်နှင့်အတူ ရှိပါလျက်နဲ့ ဘာဖြစ်လို့ ဒီလောက်ပြင်းပြတဲ့ ...
12/07/2025

ဆရာကြီးယုဒသန်၏မှတ်သားဖွယ်ရာစကားများ

“အိုဘုရားသခင် ကိုယ်တော်ဟာ ကျွန်ုပ်နှင့်အတူ ရှိပါလျက်နဲ့ ဘာဖြစ်လို့ ဒီလောက်ပြင်းပြတဲ့ ဒုက္ခ‌ ဝေဒနာကို ခံစားနေရတာလဲ။ ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင် . . .”

“ဘုရားသခင်ကတိတော်အတိုင်း မြန်မာနိုင်ငံအဖို့ ရှေ့အနာဂတ်သည် ထွန်းလင်းတောက်ပနေသည်”

မြန်မာအဘိဓာန်စာအုပ် အတွင်းအဖုံးပေါ်တွင် ခဲတံဖြင့် ရေးသားထားသည်မှာ
“သုခ ဒုက္ခ ဘယ်လိုတွေ့တွေ့
ရှေ့သို့ ဆောင်ရွက်ရမည်။
မြန်မာလွင်ပြင် ငါတို့ကြဲ၍
ဇိအုန်ထိပ်၌ ရိတ်ရမည်”
“In joy or sorrow, health or pain,
Our course be onward still.
We sow on Burma’s hill,
we reap on Zion’s hill.”

သမ္မာကျမ်းစာကိုပြန်ဆိုနေစဥ် ပြောခဲ့သောစကားမှာ
“ကျွန်တော် စာရေးစဥ် မျက်ရည်ကျခဲ့ရသည်။ ကျွန်တော်ရဲ့ကြီးမြတ်ဆုံးသော တာ၀န်မှာ ဧ၀ံဂေလိတရား ဟောပြောဖို့ ဖြစ်ပါသည်။ သို့ရာတွင် . . . သမ္မာကျမ်းစာကို ဘာသာပြန်ဆိုခြင်းမှာလည်း ခရစ်ယာန်ဘာသာ မြန်မာနိုင်ငံ၌ တည်ဆောက်ရာတွင် အရေးကြီးဆုံးဖြစ်သည်။”

“သခင်ခရစ်တော်ကို နှလုံးသားထဲမှာသာ ထားပြီး အများသူငှာရှေ့မှာ ငြင်းပယ်ရင် တပည့်တစ်ယောက်လို့ မခေါ်နိုင်သေးဘူး”

“တာရှည်စွာ ခံစားရအောင် ဆင်းရဲခြင်းများအား ဘုရားသခင်ထံ အပ်နှံလိုက်၏။ အို ချမ်းသာသုခကို ပေးသော လက်၀ါးကပ်တိုင်တော်ကြောင့် ကြီးစွာသောဒုက္ခအတွက် ကျေးဇူးတင်ပါ၏။ ခါးသီးစွာ ခံစားရခြင်းသည်ပင် ချိုမြလှပါတကား။”

“ညီအစ်ကိုတို့ ယေရှုကို စေ့စေ့ကြည့်ပါ။ မျက်နှာတော်ကို မြင်ခြင်းအားဖြင့် နှစ်သိမ့်မှုနှင့် ရွှင်လန်းမှုကို ရပါမည်။ ‌ဝေဒနာခံစားသောအခါ ယေရှုကို ကြည့်ပါ။ ယေရှုက အသက်ပေးမည်။ တရားစီရင်ရာကာလတွင်လည်း ယေရှုကို ကြည့်ပါ။ သင့်အား ယေရှုကယ်တင်မည်။”

Ann Judson ၏ မှတ်တမ်း၌လည်း သည်းမခံနိုင်ဖွယ်အခြေအနေများကြား၌ မည်ကဲ့သို့ ရုန်းကန်အသက်ရှင်ရကြောင်း ဖော်ပြထားပါသည်။
“ မထင်ရှား မှုန်၀ါးသောရှေ့ရေးကြောင့် ရက်အတန်ကြာ စိတ်အားပျက်ရသည်။ အမှုဆောင်သာသနာလုပ်ငန်းနှင့် စပ်လျဥ်း၍ အရာရာတိုင်းသည် မသေချာ မရေရာမှုများသာတည်း။ ယုံကြည်ခြင်းဖြင့် အသက်ရှင်ရန် ခက်ခဲပြီ။ ရှေ့ဆက်အနာဂတ်မှာ မှောင်မဲ၍ ကိုယ်တော်အား အကြွင်းမဲ့ကိုးစားရန် အခက်အခဲ တွေ့နေ၏။ သို့သော်လည်း အခြေအနေများ ရှင်းလင်းထင်ရှားလွယ်ကူနေပါက ကိုယ်တော်ကို ကိုးစားစရာအခွင့် ဘယ်မျှလောက်ရှိလေမည်နည်း။ ထို့ကြောင့် မြည်တွန်ညည်းတွားခြင်းအစား ဝမ်းမြောက်ရသောအခွင့်ကိုပေးပါ။ သဘောသဘာဝ အလျောက် အမှီပြုတတ်သောအရာများအား ဖယ်ရှားလျက် ကိုယ်တော်ဘုရားအား ကိုးစားရန်သာ ကြပ်ကြပ် သွေးဆောင်သူ ကောင်းကင်ဘုံရှင်အဘအား ကျေးဇူးတော်ချီးမွမ်းလိုစိတ်ကို ပေးတော်မူပါ။”

မြန်မာပြည်၏သာသနာပြုဆရာကြီး
ဒေါက်တာဂျဒ်ဆင်က
“ဘုရားသခင်သည် စိတ်ပျက်အားလျော့ခြင်းမရှိသော ဆုတောင်းသံကို နှစ်ခြိုက်တော်မူသည်။ ဤသို့မဟုတ် သည့် ဆုတောင်းခြင်းများအတွက် ကောင်းချီးများစွာမပေးလိုကြောင်း ဖော်ပြသည်။ လူသားတို့အနေဖြင့် ဘုရားသခင် လိုလိုလားလားနှင့် အသင့်ပြင်ဆင်ထားသော ကောင်းချီးမင်္ဂလာများကို ထိုက်တန်စွာ ရယူနိုင်ဖို့ ဤအချက်ကို အလေးအနက်ပြုရမည်။ မဖြစ်မနေ ပြင်ဆင်ရမည်။”

"သခင်ခရစ်တော်၌ လုပ်ဖော်ဆောင်ဖက်တို့"ဒီနေ့ ဇွန်လ ၂၇ ရက်နေ့ဟာ မြန်မာပြည်မှာ ပထမဦးဆုံး နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ဖြစ်တဲ့ " ...
29/06/2025

"သခင်ခရစ်တော်၌ လုပ်ဖော်ဆောင်ဖက်တို့"

ဒီနေ့ ဇွန်လ ၂၇ ရက်နေ့ဟာ မြန်မာပြည်မှာ ပထမဦးဆုံး နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ဖြစ်တဲ့ " ဦးနော" ရဲ့ နှစ်ခြင်းမင်္ဂလာ ခံယူတာ (၂၀၆) နှစ်တိတိ ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်၊

တကယ်တော့ ဦးနောဟာ ဆရာယုဒသန်ရဲ့ တရားဇရပ်ကို အရင်ဆုံးရောက်တဲ့သူ မဟုတ်ပါဘူး။

ဆရာယုဒသန် ဟောကြားတဲ့ ခရစ်တော်ရဲ့ တရားတော်ကို အရင်ဆုံးကြားနာရတဲ့ သူ မဟုတ်ပါဘူး။

သူမရောက်မီ ရှေ့က နေ့ရက်တွေမှာ သူ့အရင် အခြားသူတွေ ကြားနာခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ဟာ နားရှိလျက် မကြားခဲ့ကြဘူး။

ဦးနောကတော့ နားရှိသောသူ၊ကြားသောသူ ဖြစ်တဲ့အတွက် သခင်ဘုရားက ခေါ်ယူရွေးကောက်ခဲ့ပါတယ်။

သူ့အားဖြင့် ခရစ်တော်ရဲ့ ယုံကြည်ခြင်းမျိုးစေ့တစ်စေ့ကနေ အပင်ပေါက်ပြီး အသီးများစွာ သီးလျက်ရှိတာ တွေ့မြင်ရပါတယ်။

ခရစ်တော်ရဲ့ တရားစကားကို ကြားပြီး နာခံလိုက်လျှောက်တဲ့ အသက်တာနဲ့ အသက်ရှင်ခဲ့တဲ့အတွက် နှစ်ပေါင်း (၂၀၆)တိုင် ရှိပေမဲ့ သူ့ရဲ့ နာမည်ဟာ ရှင်သန်ဆဲ.. မွှေးကြိုင်သင်းပျံ့ဆဲပါ။

ဒါကြောင့် ခရစ်တော်ရဲ့ တရားစကားကို ကြားဖို့ အဓိက ဖြစ်ပါတယ်။ ကြားဖို့ဆိုတာက ကိုယ်တိုင် နားထောင်မှ၊ ကိုယ်တိုင် အာရုံစိုက်မှ ကြားမှာ ဖြစ်ပါတယ်။

ဦးနောကဲ့သို့ ယုံကြည်ခြင်းတရားတော်ကို ကြားသောသူများ ဖြစ်ကြလျက် သခင်ခရစ်တော်၏ သစ္စာရှိသောနောက်တော်လိုက် တပည့်တော်များအဖြစ် အသက်ရှင်ကြဖို့ အာရုံစိုက်ကြရအောင်လား။

"နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့်၊ မိုဃ်းကောင်းကင်ငှက်တို့သည် လာ၍ ကောက်စားကြ၏။ အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း၊ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲသောကြောင့် အသီးမသီးကြ။ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အပင်ပေါက်၍ ကြီးပွားလျက် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးကြ၏။

ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏(မာကု ၄း၃-၉)"

ဆရာဦးဉာဏ်ဝေထွန်း
(၂၇.၆.၂၀၂၅)

Marie Stopes Marie Stopes Myanmar - မာရီစတုပ်စ်မြန်မာ  Obed House ကလေးများအား အသိပညာပညာ‌ပေး  ဟောပြော‌ခြင်း
16/06/2025

Marie Stopes Marie Stopes Myanmar - မာရီစတုပ်စ်မြန်မာ

Obed House ကလေးများအား အသိပညာပညာ‌ပေး ဟောပြော‌ခြင်း

Address

ကုလားကြီးစု နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း
Yangon
11401

Alerts

Be the first to know and let us send you an email when Obed House Ministries: Church Planting, Orphanage, and Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Obed House Ministries: Church Planting, Orphanage, and Education:

Share