19/08/2026
🔔၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့တွင် ကွယ်လွန်သွားသည့် ကျေးဇူးရှင်မိခင်ကြီး
ဒေါ်ရွှေရင် ကွယ်လွန်ခြင်း (၁) နှစ်ပြည့်နှင့်
🔔 ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့တွင်
ကွယ်လွန်သွားသည့် ကျေးဇူးရှင်ဖခင်ကြီး
ဦးခင်မောင်လတ် ကွယ်လွန်ခြင်း (၈) နှစ်ပြည့်တို့အား ရည်စူးပါ၍
🔔 သမီးဖြစ်သူ ဒေါ်ခင်တင့် က
💦 ရေအလှူတော်ငွေ (၁) သိန်းကျပ်၊
🚕 ယာနအလှူတော်ငွေ (၁) သိန်း (၅) သောင်းကျပ်ကိုလည်းကောင်း
🔔 ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့က ကွယ်လွန်သွားသော မောင်လေးကိုကျော်တင့်အားရည်စူး၍ အစ်မဖြစ်သူ ဒေါ်ခင်တင့်က
💦 ရေသန့်အလှူတော်ငွေ (၁) သိန်းကျပ်က်ို
သုံးတန်စေတနာပြဌာန်း ထက်သန်လှသော
သဒ္ဓါတ်ို့ဖြင့် ရ်ိုသေစွာလှူဒါန်းပါသည်။
💦 ဤသ်ို့လှူဒါန်းရည်စူးကုသ်ိုလ်တို့၏ အဖို့ဘာဂက်ို ကျေးဇူးရှင်မိဘနှစ်ပါးနှင့် မောင်လေးတ်ို့သည် ရောက်ရာဘုံဌာနအသီးသီးတို့မှ ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုနိုင်ပြီး တစ်ဆင့်ထက်တစ်ဆင့်မြင့်သော ဘုံဘဝများတွင် ဆာလောင်မွတ်သိပ်မှုကင်းပြီး ကိုယ်စိတ်နှစ်ပါးခွန်အားပြည့်ဝစွာ ကျန်းမာ ချမ်းသာစွာ ကောင်းသတင်းကျော်စောခြင်းများပြည့်စုံခြင်းစသည့် ရေလှူအကျိုး (၁၀) မျိုးကိုလည်းကောင်း၊
🚕 ယာနအလှူကြောင့် မိမိတို့အလိုရှိရာခရီး
လုပ်ငန်းများကို ချောမွေ့လျင်မြန်လွယ်ကူစွာဖြင့်ဆောင်ရွက်ပြီးစီးနိုင်ခြင်း၊ စိတ်သွားတ်ိုင်းကိုယ်ပါလိုရာဆန္ဒပြည့်ဝစေခြင်းစသည့်ကောင်းကျိုးများကိုရရှိနိုင်ကြပါစေ။
🔔 ကုသ်ိုလ်ရှင်ဒေါ်ခင်တင့်လည်း ရေလှူအကျိူးနှင့် ယာဉ်အလှူအကျိုးအမျိုးမျိုးက်ိုရရှိစံစားနိုင်ပါစေ။ ဓမ္မအသိဖြင့် အစဉ်ချမ်းမြေ့ပါစေ။