11/07/2026
*အရိယာသူကြွယ် ကျင့်ကြံဖွယ် (074)*
ဒီနေ့…
အလောတကြီး
မဖြစ်ပါနဲ့။
အပွင့်တိုင်းမှာ
သူ့ရာသီရှိတယ်။
အသီးတိုင်းမှာ
သူ့အချိန်ရှိတယ်။
ကိုယ်လုပ်ရမှာက…
ယနေ့ လုပ်သင့်တာကို
သတိနဲ့ လုပ်ဖို့ပဲ။
အရိယာသူကြွယ် ဆိုတာ…
အမြန်ရချင်သူ
မဟုတ်ဘူး။
အချိန်တန်ရင်
ပွင့်မယ့်အရာကို
ယုံကြည်စွာ
ပြုစုပျိုးထောင်တတ်သူ
ဖြစ်တယ်။
အရိယာသူကြွယ်
*ပျော်သကွယ်*