02/05/2026
ဗကီယ္ယသုစ္စလဖ် ရှိုင်ခွလ်ဟဒီးစ် ဟဇရသ် အလ်ဟာဂျ်မောင်လာနာ မုဖ်သီ အဗ္ဗဒုလ်ဟကီမ်းဆွာဟိဗ် (ဗုံးအိုး) (ကာစိမီ-ဒေယိုဗန်ဒ်) သည် ၂.၅.၂၀၂၆ နံနက် ၄း၃၀ အချိန်ခန့်တွင် အလ္လာဟ်အသျှင်မြတ်အမိန့်တော်ခံယူသွားကြောင်း ကြားသိရပါသဖြင့် Deen Talk Myanmar
ဝိုင်းတော်သားများအားလုံး မိသားစုနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြရပါသည်။
၂.၅.၂၀၂၆ နေ့လည် ၂:၀၀ ဗုံးအိုး အရဗီတက္ကသိုလ်ကျောင်းဝင်းအတွင်း ဂျနာဇဟ်နမားဇ်ဖတ်၍ ကျေးရွာ ကဗရိစ်သာန်၌ ဒဖန်ပြုမည်ဖြစ်ကြောင်း သိရပါသည်။
ကွယ်လွန်သူ ဆရာကြီးအား အလ္လာဟ်အရှင်မြတ် ကာမိလ်မဂ်ဖိရသ် ပြုတော်မူပြီး ကျန်ရစ်သူမိသားစုဝင်များအားလည်း ဆွဗ်ရေဂျမီလ် ချီးမြှင့်ပေးသနားတော်မူပါစေ။ အာမီန်။