National Catholic Youth Commission of Myanmar - Burma
National Catholic Youth Commission of Myanmar - Burma National Youth Office of Catholic Church in Myanmar representing catholic youth from 17 dioceses. Human.Spiritual,leadership and Social development
WYD Seoul 2027 - Official Prayer in Myanmar 🕊️
26/01/2026
WYD Seoul 2027 - Official Prayer in Myanmar 🕊️
25/11/2025
A little throwback to a day we'll never forget ✨
40th World Youth Day Celebration at NCYC (CBCM) Yangon 🎉
23/11/2025
40th World Youth Day Celebration at NCYC (CBCM) Yangon 🎉
🎉 Event Guest Speaker Announcement 🎉▪️နောက်အပတ် ဒီလိုတနင်္ဂ‌နွေနေ့မှာ ကျင်းပပြုလုပ်သွားမယ့် "အကြိမ် ၄၀ မြောက် ကမ္ဘာ့လူငယ...
16/11/2025
🎉 Event Guest Speaker Announcement 🎉
▪️နောက်အပတ် ဒီလိုတနင်္ဂ‌နွေနေ့မှာ ကျင်းပပြုလုပ်သွားမယ့် "အကြိမ် ၄၀ မြောက် ကမ္ဘာ့လူငယ်များ‌နေ့" ကျေးဇူးတင်မစ္တားအပြီး အားလုံးနဲ့ တွေ့ဆုံဖို့အတွက် ဖိတ်ကြားပေးထားသူကတော့ အားလုံး လေးစားချစ်ခင်ရပြီး လူငယ်တွေအတွက်ဆိုရင် အမြဲတမ်း Energy အပြည့်နဲ့ ဟောပြောလမ်းညွှန်ပေးတတ်တဲ့ Fr. Bosco Bo Bo, S.D.B ပဲ ဖြစ်ပါတယ်။
▪️ဒါကြောင့် အဲ့ဒီနေ့မှာ ဖာသာရ်နဲ့တွေ့ချင်တဲ့သူများ၊ ဖာသာရ်ရဲ့ ဟောပြောပို့ချမှုတွေကို နားထောင်ချင်သူများအားလုံးကို လှမ်းကြွခဲ့ဖို့ ချစ်ရတဲ့လူငယ်များကို NCYC Team မှ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။
▪️Register ပြုလုပ်လိုသူများ ရှိနေဆဲဖြစ်တဲ့အတွက်လည်း အောက်မှာ Google Form Registration Link ကို ထပ်မံ ထည့်သွင်းပေးထားပါတယ်။
▪️စာရင်းသွင်းရန် ↙️
https://docs.google.com/forms/d/e/1FAIpQLSck46tsST-25_kEGNf0usZpARmXKZBbzCTDzit1Bmw4HmD6EA/viewform?usp=header
ချစ်ခြင်းများစွာဖြင့်
Team NCYC
🎉 Invitation to 40th World Youth Day Celebration 🎉 ချစ်ခင်ရပါသော ကက်သလစ်လူငယ်များတို့ ..▪️လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ (ခရ...
09/11/2025
🎉 Invitation to 40th World Youth Day Celebration 🎉
ချစ်ခင်ရပါသော ကက်သလစ်လူငယ်များတို့ ..
▪️လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့ (ခရစ္စတူးဘုရင်ပွဲနေ့) မှာ မြန်မာနိုင်ငံကက်သလစ် သာသနာအသီးသီးမှာ အကြိမ် ၄၀ မြောက် ကမ္ဘာလူငယ်များနေ့ကို ပြုလုပ်ကျင်းပသွားကြမှာဖြစ်ပါတယ်။
▪️National Catholic Youth Office အနေနဲ့လည်း သာသနာအသီးသီးကနေ ရန်ကုန်မြို့မှာ ရောက်ရှိနေပြီးဖြစ်တဲ့ ကက်သလစ်လူငယ်များအတွက် World Youth Day Celebration ကို ဦးဆောင်ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် အောက်မှာပေးထားတဲ့ Google Form ကနေတဆင့် Register ပြုလုပ်ပြီး ပါဝင်နိုင်သလို 09 445 713 723, 09 783 375 227 တို့ကို ဆက်သွယ်ပြီးလည်း စာရင်းသွင်း ပါဝင်နိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါတယ်။
▪️Registration Here ↙️
https://docs.google.com/forms/d/e/1FAIpQLSck46tsST-25_kEGNf0usZpARmXKZBbzCTDzit1Bmw4HmD6EA/viewform?usp=header
▪️Register ပြုလုပ်ရမယ့်နောက်ဆုံးရက်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့ဖြစ်ပါတယ်။
With Love 💕
NCYC Team
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၃ ရက် (ခရစ္စတူးဘုရင်ပွဲ) နေ့တွင် ကျင်းပမည့် အကြိမ် ၄၀ မြောက်၊ ကမ္ဘာ့လူငယ်များနေ့ အတွက် ရဟန်းမင်...
03/11/2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၃ ရက် (ခရစ္စတူးဘုရင်ပွဲ) နေ့တွင် ကျင်းပမည့် အကြိမ် ၄၀ မြောက်၊ ကမ္ဘာ့လူငယ်များနေ့ အတွက် ရဟန်းမင်းကြီး လီယို ၁၄ ၏ သတင်းစကား
*************************************************
“သင်တို့သည်လည်း အစဉ် ငါနှင့်အတူရှိသောကြောင့် ငါ၏ သက်သေခံများ ဖြစ်ကြ၏” (ယောဟန် ၁၅:၂၇)
ချစ်ခင်လေးစားရသော လူငယ်အပေါင်းတို့ ..
လူငယ်များအတွက် ကျွန်ုပ်၏ ပထဆုံးသတင်းစကားအား မမိန့်ကြားမီ သင်တို့အား ကျေးဇူးတင်ကြောင်း ကနဦးပြောလိုပါသည်။ လူငယ်ဂျူဗလီပွဲအတွက် ရောမမြို့သို့ လာရောက်ရာတွင် သင်တို့နှင့် တပါတည်း ယူဆောင်လာသည့် ပျော်ရွှင်ဝမ်းမြောက်မှုများအတွက် သင်တို့ကို ကျေးဇူးတင်ပါသည်။ ကမ္ဘာအရပ်ရပ်မှ ဆုတောင်းမေတ္တာဖြင့် စည်းလုံးခဲ့ကြသော လူငယ်အားလုံးကိုလည်း ကျွန်ုပ်ကျေးဇူးတင်ပါသည်။ ယခုအချိန်သည် ယုံကြည်ခြင်းအတွက် ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှုများ အသစ်တဖန် အားကောင်းစေရန်နှင့် ကျွန်ုပ်တို့၏ နှလုံသားအတွင်း တောက်လောင်နေသော မျှော်လင့်ခြင်းမီးတောက်ကို မျှဝေရန်အတွက် အလွန်အဖိုးထိုက်သော အချိန်ကာလတစ်ခု ဖြစ်သည်။ ဤဂျူဗလီပွဲတော်အား ပျော်ပွဲရွှင်ပွဲအဖြစ် မှတ်ယူသည်ထက် သင်တို့၏ ခရစ်ယာန်ဘဝသက်တာတွင် ရှေ့သို့ တစ်ဆင့်တက်လှမ်းနိုင်ရန်နှင့် သင့် ယုံကြည်ခြင်းကို သက်သေခံရာတွင် ဇွဲမလျှော့ဘဲ ဆက်လက်ဆောင်ရွက်နိုင်ရန် အားပေးသည့် အခမ်းအနားတစ်ခုအဖြစ် တည်ရှိပါစေကြောင်း ကျွန်ုပ်မျှော်လင့်ပါသည်။
ကမ္ဘာ့လူငယ်များနေ့အား နိုဝင်ဘာလ ၂၃ ရက်နေ့၊ ခရစ္စတူးဘုရင်ပွဲနေ့ကြီးတွင် “သင်တို့သည်လည်း အစဉ် ငါနှင့်အတူရှိကြသောကြောင့် ငါ၏ သက်သေဖြစ်ကြ၏” (ယောဟန် ၁၅:၂၇) ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ယခု ဂျူဗလီပွဲတွင် တွေ့ရသည့် စိတ်အားထက်သန်မှုသည် များမကြာမီ ကျင်းပမည့် “ကမ္ဘာ့လူငယ်များနေ့”၏ အနှစ်သာရဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ကောင်းကြီးမင်္ဂလာဖြင့် မျှော်လင့်ခြင်း၏ ဘုရားဖူးခရီးသည်များအဖြစ် ခရစ်တော်၏ ရဲရင့်သော သက်သေခံများဖြစ်လာရန် ပြင်ဆင်ကြပါမည်။ ၂၀၂၇ ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လူငယ်များနေ့သို့ ဦးတည်မည့် ခရီးစဉ်တစ်ရပ်ကို ကျွန်ုပ်တို့ အတူတကွ အစပြုကြပါစို့။ အထက်ဖော်ပြပါ အချက်များအား နှလုံးသွင်းလျက် သက်သေခံခြင်းနှင့် ဆက်စပ်သော အချက် နှစ်ချက်ကို ကျွန်ုပ် အထူးပြုမိန့်ကြားလိုသည်။ ပထမအချက်မှာ ဘုရားရှင်ထံမှ လက်ဆောင်မွန်အဖြစ် ကျွန်ုပ်တို့ လက်ခံရရှိထားသော ယေဇူးသခင်နှင့် ကျွန်ုပ်တို့ မိတ်ဖွဲ့ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လူ့အဖွဲ့ အစည်းအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်သူများအဖြစ် ကျွန်ုပ်တို့ မဆုတ်မနစ် အစဉ်တစိုက် ဆောင်ရွက်ကြရန်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် မိတ်ဆွေများဖြစ်သောကြောင့် သက်သေခံများဖြစ်ကြသည်။
Friends, therefore witnesses
ခရစ်ယာန်တို့၏ သက်သေခံခြင်းဟူသည်မှာ လူသားအပေါင်းအား ကယ်တင်ရန် ကားတိုင်ထက်မှာ အသေခံ၍ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးသခင်နှင့် မိတ်ဆွေဖွဲ့ခြင်းမှ ပေါ်ထွန်းလာပါသည်။ သက်သေခံခြင်းဟူသည်မှာ ကျွန်ုပ်တို့၏ အတွင်းစိတ်နှလုံး ပြုပြင်ပြောင်းလဲမှုနှင့် လူမှုရေးတာဝန် ဝတ္တရား များအား ပိုမိုနားလည်ရေးအတွက် စစ်မှန်သော ချဉ်းကပ်မှုဖြစ်သောကြောင့် သက်သေခံခြင်းအား အိုင်ဒီရော်လော်ဂျီ အယူဝါဒဆိုင်ရာ ဝါဒဖြန့်မှုနှင့် မရောထွေးသင့်ပါ။ ယေဇူးသခင်သည် နောက်လိုက်တပည့်တော်ကြီးများအား “မိတ်ဆွေ” အဖြစ်ခေါ်ဆိုရန် ရွေးချယ်ခဲ့သည်။ ယေဇူးသခင်သည် ဘုရားသခင် ၏ နိုင်ငံတော်အကြောင်း တပည့်တော်ကြီးများအား အသိပေးသွန်သင်ခဲ့ပြီး ကိုယ်တော်နှင့် အတူနေထိုင်ရန်၊ ကိုယ်တော်၏ အသိုင်းအဝန်းဖြစ်လာရန် ဖိတ်ခေါ်ခဲ့ကာ ဧဝံဂလိတရားတော်အား ကြေညာဟောပြောရန် စေလွှတ်ခဲ့သည်။ (ယောဟန် ၁၅:၁၅၊ ၂၇)။ ထို့ကြောင့် ယေဇူးသခင်က “သက်သေခံများဖြစ်ကြလော့”ဟု မိန့်တော်မူသောအခါ သခင်သည် ကျွန်ုပ်တို့အား မိတ်ဆွေအဖြစ် သတ်မှတ်ကြောင်း အာမခံနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ မည်သူမည်ဝါ ဖြစ်သည်၊ အဘယ်ကြောင့် ရှင်သန်နေထိုင်ကြသည်ကို ကိုယ်တော်တစ်ပါးတည်းသာ အပြည့်အဝ သိတော်မူ၏။ လူငယ်အပေါင်းတို့၊ သင်တို့၏ နှလုံးသား အခြေအနေ၊ ခွဲခြား ဆက်ဆံမှုနှင့် မတရားမှုများအကြား သင်တို့၏ အမျက်ဒေါသ၊ အမှန်တရား၊ အလှအပ၊ ဝမ်းမြောက်မှုနှင့် ငြိမ်းချမ်းရေးကို လိုလားသော သင်တို့၏ စိတ်ဆန္ဒကို သခင်ကိုယ်တော် သိတော်မူ၏။ ယေဇူးသခင်နှင့် မိတ်ဖွဲ့ခြင်းအားဖြင့် သခင်သည် သင့်စကားသံကို နားညောင်းတော်မူသည်၊ သင့်အား စိတ်ခွန်အားပေးတော်မူပြီး သင်တို့ တစ်ဦးချင်းစီအား ဘဝသစ်သို့ လမ်းပြခေါ်တော်မူပါသည်။
ကျွန်ုပ်တို့၏ ကောင်းကျိုးမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မလိုလားသော ယေဇူးသခင်သည် ကျွန်ုပ်တို့ အား ချစ်ခြင်းမေတ္တာဖြင့် အစဉ် ကြည့်ရှုနေပါသည်။ (မာကု ၁၀:၂၁)။ ကျွန်ုပ်တို့ အနေဖြင့် လောကီရေးရာ လှုပ်ရှားမှုများနှင့် အပေါ်ယံ ကိစ္စရပ်များကိုသာ အရူးအမူး အာရုံစိုက်ခြင်းကို ယေဇူးသခင်က မလိုလားပေ။ ကျွန်ုပ်တို့၏ ဘဝသက်တာအား ပြန်လည် ဆန်းသစ်နိုင်စေရေး အတွက် သခင်ယေဇူးနှင့် မိတ်ဆွေဖွဲ့ကာ ရှင်သန်နေထိုင်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်နေပါသည်။ ခရစ်တော်နှင့် မိတ်ဖွဲ့ခြင်းကြောင့် ရရှိလာသော ဝမ်းမြောက်ပျော်ရွှင်ဖွယ် သစ်လွင်မှုမှ သက်သေခံခြင်းသည် အလိုအလျောက် ပေါ်ထွန်းလာသည်။ ၎င်း သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အား ပေါင်းစည်းခွင့်ပေးသည့် တမူထူးခြားသော မိတ်ဖွဲ့မှု တစ်ရပ်ဖြစ်သလို ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာနှင့် အခြားသူများ၏ ဂုဏ်သိက္ခာကို ရှာဖွေတွေ့ရှိစေသော သစ္စာတည်မြဲ သည့် မိတ်ဖွဲ့ခြင်းဖြစ်သည်။ ကားတိုင်ပေါ်တွင် အသေခံ၍ ရှင်ပြန်ထမြောက်တော်မူသော သခင်နှင့် မိတ်ဖွဲ့ခြင်းဖြစ်သောကြောင့် သေခြင်းတရားက ဖျက်ဆီး၍ မရနိုင်သော ထာဝရမိတ်ဖွဲ့ခြင်း ဖြစ်သည်။
ခရစ်ဝင်ကျမ်း ၄ ကျမ်းမြောက်ဖြစ်သော ရှင်ယောဟန်ခရစ်ဝင်ကျမ်း အဆုံးတွင် တပည့်တော်ကြီး ယောဟန်ပေးသော သတင်းစကားကို ကျွန်ုပ်တို့ထောက်ရှုကြပါစို့။ “ဤတပည့်တော်သည်ကား ဤ အကြောင်းအရာများကို သက်သေခံ၍ ရေးသားသောသူဖြစ်၏။ သူ၏ သက်သေခံချက်သည် မှန်ကြောင်း ငါတို့သိကြ၏” (ယောဟန် ၂၁:၂၄)။ အထက်ဖော်ပြပါ ဧဝံဂလိကျမ်းလာအချက်သည် ကျေးဇူးဆပ်တင်သည့် စိတ်နှင့် အံ့ဖွယ်ရာအပြည့်ဖြင့် “သက်သေခံချက်” အဖြစ် အကျဉ်းချုပ်ဖော်ပြထားပြီး ၎င်း၏ အမည်ကို ဖော်ပြထားခြင်းမရှိသော်လည်း “ယေဇူးသခင် ချစ်တော်မူသော တပည့်တော်” တစ်ပါးဟုသာ ဖော်ပြထားပါသည်။ ဤဘွဲ့အမည်သည် သခင်ခရစ်တော်နှင့် ဆက်ဆံရေး တစ်ရပ်ကို ထင်ဟပ်စေသည်။ ၎င်းသည် လူတစ်ဦးချင်းစီ၏အမည်ကို ဖော်ပြခြင်းမဟုတ်ဘဲ ခရစ်တော်နှင့် ပုဂ္ဂိုလ်ရေး နှောင်ကြိုးဖွဲ့မှု၏ သက်သေခံချက်ဖြစ်ပါသည်။ သခင်ယေဇူး၏တပည့်တော်ဖြစ်ခြင်းနှင့် သခင်၏ချစ်ခြင်းမေတ္တာကို ခံစားရရှိခြင်းသည် ရှင်ယောဟန်အတွက် အမှန်တကယ် အရေးကြီးသောအရာဖြစ်သည်။ ထို့ကြောင့် သက်သေခံခြင်းနှင့် နေထိုင်သော ခရစ်ယာန်ဘဝသက်တာသည် ဘဝအဓိပ္ပာယ်နှင့် ကယ်တင်ခြင်း ပေးတော်မူသော ခရစ်တော် ယေဇူးအတွက် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာဖြင့် ရှင်သန်နေထိုင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်။ တပည့်တော်ကြီး ယောဟန် ရေးသားချက်များသည် ချစ်လှစွာသော သင်တို့ လူငယ်များကိုလည်း ရည်ညွှန်းနေပါသည်။ ခရစ်တော်နောက်သို့ လိုက်တော်မူ၍ သခင့်ဘေးတွင်ထိုင်ကာ သူ့နှလုံးခုန်သံကို နားထောင်ရန်နှင့် ခရစ်တော်၏သက်တာတွင် ကျွန်ုပ်တို့ အနီးကပ်ပါဝင်ကြရန် ခရစ်တော်က ကျွန်ုပ်တို့အား ဖိတ်ခေါ်နေပါသည်။ သင်တို့ လူငယ်တစ်ဦးချင်းစီသည် သခင်၏ “ချစ်မြတ်နိုးလှသော တပည့်တော်ကြီးများ” ဖြစ်ပြီး သခင်၏ချစ်ခြင်းမေတ္တာသည် သက်သေခံရန် လှုံ့ဆော်ပေးသော ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးသည်။
ဧဝံဂလိတရားအတွက် ရဲရင့်စွာ သက်သေခံသူ နောက်တစ်ဦးမှာ ယေဇူးသခင်၏ ရှေ့ပြေးဖြစ်သော ရှင်ယောဟန် ဘတ္တစ္စတားဖြစ်ပြီး “လူအပေါင်းသည် (ရှင်ယောဟန်)အားဖြင့် ယုံကြည်ခြင်းငှာ အလင်းတော်ကို သက်သေခံရန်” ကြွလာသူအဖြစ် သတ်မှတ်ကြသည်။ (ကိုးကား - ယောဟန် ၁:၇)။ ရှင်ယောဟန် သည် လူထုအကြားတွင် အလွန်နာမည်ကျော်ကြားသော်လည်း “ဘုရားရှင်၏ သိုးငယ်တော်ကို ကြည့်လော့၊”ဟု ကြွေးကြော်သောအခါ သူသည် ကယ်တင်ရှင်ထံ ညွှန်ပြသော “အသံ” ဖြစ်ကြောင်း ရှင်ယောဟန်က မိမိကိုယ်ကို ကောင်းစွာသိသည်။ (ယောဟန် ၁:၃၆)။ ယောဟန်၏ ပုံသက်သေအရ စစ်မှန်သော သက်သေခံခြင်းမှာ နေရာကောင်းယူရန်၊ စင်မြင့်ခုံ၏ အလယ်ဗဟိုတွင် နေရာယူရန် သို့မဟုတ် လူအပေါင်းအား ခရစ်တော်နောက်လိုက်ဖြစ်ရန်ထက် သက်သေခံသူများ၏ နောက်လိုက်များဖြစ်ရန် မကြိုးပမ်းကြောင်း သတိပေးနေပါသည်။ စစ်မှန်သော သက်သေခံသူများသည် နှိမ့်ချပြီး အတွင်းစိတ်နှလုံး လွတ်လပ်ကြသည်၊ အထူးသဖြင့် လူအများ၏ အထူး အာရုံစူးစိုက်ခြင်းမှ ရှောင်ရှား၊ လွတ်မြောက်လိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် သြဇာအာဏာရှိသူများ ရှေ့မှောက်တွင်ပင် လူတိုင်းထံမှ အမှန်တရားအား နားထောင်ရန်၊ နားလည်မှုပေးရန်နှင့် လွတ်လပ်စွာ အမှန်အတိုင်း ထုတ်ဖော်ပြောဆိုလာနိုင်ကြသည်။ ခရစ်ယာန်များ၏ သက်သေခံခြင်းဆိုသည်မှာ ကျွန်ုပ်တို့ ကိုယ်ကို မြှင့်တင်ပြောဆို ကြေညာခြင်း မဟုတ်သလို ကျွန်ုပ်တို့၏ ဝိညာဉ်ရေး သက်တာ၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် အကျင့်စာရိတ္တ မည်မျှကောင်းကြောင်း ဂုဏ်ယူပြောဆိုခြင်း မဟုတ်ကြောင်း ယောဟန် ဘတ္တစ္စတားထံမှ လေ့လာရပါသည်။ စစ်မှန်သော သက်သေခံခြင်းဟူသည်မှာ ယေဇူးသခင် ကြွလာတော်မူချိန်၌ ကိုယ်တော်ရှင်အား ဖူးမြော်နိုင်ရန်နှင့် ကျွန်ုပ်တို့အား ကယ်တင်နိုင်သော တစ်ပါးတည်းသော ပုဂ္ဂိုလ်မှာ ယေဇူးဘုရားရှင်ဖြစ်ကြောင်း လူအပေါင်းသိရှိနိုင်ရေးအတွက် ပံ့ပိုးကူညီရန်ဖြစ်သည်။ ယောဟန် ဘတ္တစ္စတားသည် ယေဇူးသခင်အား သာမန်လူ အပြစ်သားများ အကြား ရပ်တည်နေသည်ကို သတိပြုမိပြီး ယေဇူးသည် သာမန် လူသားထု တစ်ရပ်လုံးနှင့် တသားတည်းဖြစ်ကြောင်း သိမြင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် မိမိ၏ သက်တောင့်သက်သာရှိသော အခြေအနေကို ကျော်လွန်၍ အကူအညီ လိုအပ်သူများနှင့် ဘုရားရှင်၏ နိုင်ငံတော်မှ ဖယ်ကြဉ်ခံရသည်ဟု ထင်မြင်နေကြ သူများထံ ချဉ်းကပ်အဖော်ပြုခြင်း မရှိပါက ခရစ်တော်ယေဇူးနှင့် ဆုံခွင့်ရမည် မဟုတ်သလို ခရစ်တော်အတွက် သက်သေခံနိုင်မည် မဟုတ်ကြောင်း ရဟန်းမင်းကြီး ဖရန်စစ်က မကြာခဏ အခိုင်အမာ ပြောကြားခဲ့သည်။ ကျွန်ုပ်တို့သည် ဧဝံဂလိ တရားတော်အား လက်ခံရရှိခြင်းနှင့် ဟောပြောခြင်း ကြောင့် ခံစားရသည့် ချိုမြိန်သော ဝမ်းမြောက်ခြင်းကို ဆုံးရှုံးနေကြသည်။
ချစ်လှစွာသော မိတ်ဆွေ အပေါင်းတို့၊ သမ္မာကျမ်းစာတွင် ဖော်ပြသည့် ယေဇူးသခင်၏ မိတ်ဆွေများနှင့် သက်သေခံများ အကြောင်းကို စဉ်ဆက်မပြတ် လေ့လာကြရန် သင်တို့တစ်ဦးချင်းစီကို ကျွန်ုပ် ဖိတ်ခေါ် ပါသည်။ သင်တို့သည် ဧဝံဂလိကျမ်းအား ဖတ်ရှုသည်နှင့်အမျှ ကျမ်းစာပါ ခရစ်တော်၏ မိတ်ဆွေ/ သက်သေခံများသည် ခရစ်တော်နှင့် ရင်းနှီးသော ဆက်ဆံရေးမှ တဆင့် ဘဝအဓိပ္ပာယ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သင်တို့ တွေ့ရှိပါလိမ့်မည်။ ကျွန်ုပ်တို့ ဘဝအတွက် အလေးနက်ဆုံးသော မေးခွန်းများကို ကျွန်ုပ်တို့ အလွန်အာရုံစူးစိုက်သည့် ကျွန်ုပ်တို့၏ လက်ကိုင်ဖုန်းအား အချိန်ကြာမြင့်စွာ သုံးစွဲနေရုံဖြင့် အဖြေရလိမ့်မည်၊ ပြေလည်သွားလိမ့်မည် မဟုတ်ပဲ ဖုန်းသုံးခြင်းကြောင့် စိတ်ပင်ပန်းခြင်း၊ နှလုံးသား အလိုမပြည့်ခြင်းများကိုသာ ခံစားရတတ်ပါသည်။ ကျွန်ုပ်တို့၏ ဘဝအဓိပ္ပါယ် ရှာဖွေရာ၌ မိမိ အတွေး ခံယူချက်များအား အများကို မမျှဝေခြင်း သို့မဟုတ် မိမိ၏ ကျဉ်းမြောင်းသော အတွေးဘောင်၌သာ ကျင်လည်နေခြင်းဖြင့် အလုပ်ဖြစ်မည် မဟုတ်ပေ။ ကျွန်ုပ်တို့ ဘဝသက်တာ၏ အကန့်အသတ်ဘောင်ကို ကျော်လွှားခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့၏ စစ်မှန်သော စိတ်ဆန္ဒအား အစဉ် သိရှိ နားလည်ပါလိမ့်မည်။
ကျွန်ုပ်တို့သည် သက်သေခံများ ဖြစ်ကြသောကြောင့် သတင်းကောင်း ဟောပြောသူများ ဖြစ်ကြသည်။
Witnesses, therefore missionaries
ချစ်လှစွာသော လူငယ်အပေါင်းတို့၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ကူညီစောင်မမှုဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ ခရစ်တော်၏ သတင်းကောင်း ဟောပြောသူများ ဖြစ်လာနိုင်သည်။ သင်တို့နှင့် ရွယ်တူ လူငယ်မောင်မယ်များသည် အကြမ်းဖက်မှုဒဏ်ခံရခြင်း၊ လူသတ်လက်နက်များအား အဓမ္မ ကိုင်ဆောင်နေရခြင်း၊ ၎င်းတို့ ချစ်မြတ်နိုးသူများနှင့် ကွဲကွာနေရခြင်း သို့မဟုတ် ရပ်ဝေး ဒေသ/ နိုင်ငံများသို့ တိမ်းရှောင်ထွက်ပြေးရခြင်း စသည့် အခြေအနေများအား ကြုံတွေ့ရင်ဆိုင်နေရပါသည်။ လူငယ်အများစုသည် ပညာသင်ကြားခွင့် မရကြသလို မရှိမဖြစ် အရေးပါသော စားသုံးကုန်ပစ္စည်းများ ချို့တဲ့ကြသည်။ လူငယ်များသည် ဘဝအဓိပ္ပာယ် ရှာဖွေရာ၌ မလုံခြုံမှုများ ခံစားရကြောင်း၊ လူ့အဖွဲ့အစည်းနှင့် လုပ်ငန်းခွင်မှ ဖိအားများဖြင့် ရုန်းကန်ရင်ဆိုင်နေရကြောင်း၊ မိသားစု ဘဝသက်တာတွင် စိန်ခေါ်မှု အခက်အခဲများ ရှိကြောင်း၊ အခွင့်အလမ်းမရှိခြင်းကဲ့သို့ ခါးသီးနာကျင်လှသော ခံစားချက်များအပြင် ပြုမိသော အပြစ်များအတွက် ဝမ်းနည်းကြောင်း သင့်ကို ဝေမျှလေ့ရှိပါသည်။ သင်သည် အခြား လူငယ်များနှင့်အတူ ရပ်တည် လျှောက်လှမ်းပြီး ဘုရားသခင်သည် ခရစ်တော်အားဖြင့် လူတိုင်းနှင့် နီးစပ်ရန် ကြိုးပမ်းနေကြောင်း ပြသနိုင်ပါသည်။ “ခရစ်တော်သည် ဘုရားရှင်၏ နီးစပ်မှု၊ ချစ်ခြင်းမေတ္တာနှင့် သိမ်မွေ့နူးညံ့စွာ ဂရုပြု စောင့် ရှောက်မှုကို ပြသနေကြောင်း” ပုပ်ဖရန်စစ်က ကြိမ်ဖန်များစွာ သွန်သင်လေ့ရှိခဲ့ပါသည်။ (ပုပ်ဖရန်စစ်၏ စာချွန်တော် Dilexit nos)
မှန်ပါသည်။ သက်သေခံခြင်းသည် အစဉ်တစိုက် လွယ်ကူလှသည်တော့ မဟုတ်ပေ။ ဧဝံဂလိကျမ်း လေးစောင်တွင် သက်သေခံပြီးနောက် ယေဇူးသခင်အား လက်ခံသူနှင့် ငြင်းဆန်သူတို့ အကြား တင်းမာမှုများကို တွေ့ရတတ်ပါသည်။ “အလင်းသည် အမိုက်မှောင်၌ ထွန်းလင်းသည်။ အမိုက်မှောင်သည် အလင်းကို မနိုင်ရာ” (ယောဟန် ၁း၅)။ တပည့်တော်ကြီးများသည် သက်သေခံရာ၌ ငြင်းပယ်မှုများအား မျက်စိရှေ့မှောက်၌ ရင်ဆိုင်ရသလို အချို့အခြေအနေများတွင် အကြမ်းဖက် သတ်ဖြတ်မှုများကိုပင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သခင်ယေဇူးသည် ဖော်ပြပါ အရှိတရားကိုလည်း မဖုံးကွယ်ထားပေ။ “သူတို့သည် ငါ့ကို ညှဉ်းဆဲလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်” (ယောဟန် ၁၅:၂၀)။ သို့သော် ထိုအခြေ အနေတွင် “သင်တို့၏ ရန်သူများကို ချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့ အဖို့ ဆုတောင်းကြလော့၊” (ရှင်မာတေဦး ၅:၄၄) ဟူသည့် အကြီးမြတ်ဆုံး ပညတ်တော် တရားကို လက်တွေ့ ကျင့်သုံးရန် အခွင့်အလမ်းတစ်ခုဖြစ်လာသည်။ ထိုအရာသည် ခရစ်ယာန်သာသနာ စတင်တည်ထောင်ချိန်မှစ၍ ဓမ္မ အာဇာနည်များ လုပ်ဆောင်ခဲ့သည့် အရာဖြစ်သည်။
ချစ်လှစွာသော လူငယ်များတို့၊ ဖော်ပြပါ အချက်များသည် အတိတ်က ဖြစ်ရပ် ဇာတ်လမ်း သက်သက် မဟုတ်ပါ။ ယနေ့တိုင် ကမ္ဘာတစ်ဝှမ်းရှိ နေရာများစွာတွင် ခရစ်ယာန်များနှင့် စိတ်ကောင်း နှလုံးကောင်းရှိသူများသည် နှိပ်စက်ညှဉ်းပန်းမှု၊ ဖြားယောင်းလှည့်စားမှုနှင့် အကြမ်းဖက်မှုများကို ဆက်လက် ခံစားနေရဆဲ ဖြစ်သည်။ ဤသို့ နာကျင်ဖွယ်ရာ အတွေ့အကြုံသည် သင့်ကိုလည်း သက်ရောက်နိုင်သလို သင့်အပေါ် ကျူးလွန်သည့် လူပုဂ္ဂိုလ်များအပေါ် ၎င်းတို့ ပြုမူသည့်အလား ဒေါသတကြီးဖြင့် လက်တုံ့ပြန် လိုသည့် စိတ်များ တဖွားဖွား ရှိနေတတ်ပါသည်။
သို့သော် “မကောင်းမှုအား မကောင်းမှုဖြင့် မကျော်လွှားရာ၊ မကောင်းမှုကို ကောင်းမြတ်ခြင်းဖြင့် ကျော်လွှားပါ။” ဟူသည့် စိန့်ပေါလ်၏ အဖိုးတန်လှသော အကြံပြုချက်ကို ပြန်လည် အမှတ်ရကြပါစို့။ (ရောမ ၁၂:၂၁)။
ငြိမ်းချမ်းခြင်းကို ဆောင်ကြဉ်းပေးသည့် ညီအစ်ကို မောင်နှမ စိတ်ဓာတ်
Fraternity as a bond of peace
ခရစ်တော်နှင့် ရင်းနှီးဆက်ဆံဖူးသော လူငယ်များသည် ၎င်းတို့ သွားလေရာ၌ ညီအစ်ကို မောင်နှမ စိတ်ဓာတ်ဖြင့် “နွေးထွေးမှု”နှင့် “အနှစ်သာရ”ကို ယူဆောင်လာပြီး ထိုလူငယ်များနှင့် ထိတွေ့ ပြောဆို ဖူးသူတိုင်းသည် ကိုယ်ကျိုး မငှဲ့သော ရင်းနှီးမှု၊ ရိုးသားဖြူစင်သော မေတ္တာကရုဏာနှင့် စစ်မှန်သော နူးညံ့သိမ်မွေ့မှုတို့ဖြင့် ဖွဲ့စည်းထားသော နက်ရှိုင်းသော ခံစားချက် တစ်ရပ်ကို ခံစား ရရှိစေပါသည်။ ပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်များနှင့် သူစိမ်းများကို ညီအစ်ကို မောင်နှမများအဖြစ် ရှုမြင်စေသည့် အမြင် ရှုထောင့်သစ် တစ်ရပ်ကို သန့်ရှင်းသော ဝိညာဉ်တော် ဘုရားက ကျွန်ုပ်တို့ကို ပေးသနားတော်မူသည်။
ခရစ်တော်နှင့် မိတ်ဖွဲ့ခြင်းကြောင့် ကျွန်ုပ်တို့ နှလုံးသား၌ ညီအစ်ကို မောင်နှမ စိတ်ဓာတ်နှင့် ငြိမ်းချမ်းခြင်း ကို မြတ်နိုးသည့် စိတ်များကို နှိုးကြွစေကာ သူတပါးအား လစ်လျူရှုသည့် စိတ်နှင့် ဝိညာဉ်ရေးအရ ပျင်းရိ လျော့ရဲမှုကို ဖယ်ရှားပေးပြီး အမြင်ကျဉ်းခြင်းနှင့် သံသယ ပွါးများသည့် စိတ်ကို ကျော်လွှားနိုင်ရန် ပံ့ပိုးပေးပါသည်။ ၎င်းသည် ကျွန်ုပ်တို့ အကြား ရင်းနှီးမှုကို တည်ဆောက်ပေးပြီး စေတနာ့ ဝန်ထမ်းအဖြစ် ကူညီခြင်းမှ “လူသား အားလုံး၏ ဘုံအကျိုး ရရှိသည်” အထိ အတူတကွ ဆောင်ရွက်ကြရန် တိုက်တွန်းထားပါ သည်။ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ စကားလုံး အသုံးအနှုန်းဖြင့် လူအုပ်စုများအကြား သွေးကွဲစေသော သူတို့၏ နောက်သို့ မလိုက်ပါနှင့်။ ထို့အစား တန်းတူညီမျှမှု မရှိသည့် အခြေအနေအား အဆုံးသတ်ရန်နှင့် စည်းလုံးညီညွတ်မှု ပျက်ပြားနေသော၊ ဖိနှိပ်ခံနေရသော လူ့အသိုက်အဝန်းများကို ပြန်လည် ကြေအေး သင့်မြတ်စေရန် အစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ဖို့ ကြိုးစားသင့်ပါသည်။ ချစ်လှစွာသော မိတ်ဆွေ အပေါင်းတို့၊ ကျွန်ုပ်တို့ နှလုံးသားရှိ ဘုရားရှင်၏ အသံကို နားထောင်ပြီး တစ်ကိုယ်ကောင်းဆန်သည့် စိတ်များ ဖျောက်ဖျက်ကာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ ဆောင်ရွက်သူများအဖြစ် ရှင်သန်ကြပါစို့။ ကိုယ်တော်၏ ဝိညာဉ်တော်အား နှလုံးသွင်း သူများ၏ သက်သေခံချက်မှ တစ်ဆင့် ရှင်ပြန်ထမြောက်တော်မူသော ယေဇူးသခင် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်းကို ဤကမ္ဘာလောက၌ မြင်ရပါလိမ့်မည်။ (ယောဟန် ၂၀:၁၉)
ချစ်ခင်ရပါသော လူငယ်အပေါင်းတို့၊ ကမ္ဘာလောက၏ ဆင်းရဲဒုက္ခနှင့် မျှော်လင့်ချက်များ အကြားတွင် ယေဇူးသခင်ကို အာရုံစိုက်ကြပါစို့။ ကိုယ်တော်သည် လက်ဝါးကားတိုင်ပေါ်တွင် အသက်စွန့်တော်မူစဉ် အမိမယ်တော် ကညာစင် မာရီးယားကို တပည့်တော်ကြီး ယောဟန်ထံ မိခင်အဖြစ် အပ်နှံခဲ့ပြီး တပည့်တော်ကြီး ယောဟန်အား အမိမယ်တော်၏ သားအဖြစ် အပ်နှံခဲ့သည်။ ထိုမေတ္တာတရား၏ အကြီးမားဆုံး လက်ဆောင်သည် နောက်လိုက် တပည့်တော်တိုင်းအတွက်၊ ကျွန်ုပ်တို့ တစ်ဦးစီအတွက် ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာနှင့် နားလည်မှုအပြည့်ရှိသော အမိမယ်တော် မာရီးယားနှင့် မွန်မြတ်စွာပေါင်းစည်းမှုကို လက်ခံကြိုဆိုကြဖို့ သင်တို့ကို ကျွန်ုပ် ဖိတ်ခေါ်ပါသည်။ အထူးသဖြင့် စိတ်ပုတီးစိပ် ဆုတောင်းကြဖို့ လူငယ်များအား ကျွန်ုပ် ဖိတ်ခေါ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ သားသမီးများအနေဖြင့် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းနှင့် အားပေးထောက်ပံ့မှုကို အစဉ်ထာဝရ ခံစားနေရသောကြောင့် ကျွန်ုပ်တို့ ဘဝ အခြေအနေတိုင်းတွင် မည်သည့်အခါမျှ အထီးမကျန်ရတော့ပေ။
ဤအချက်ကို ဝမ်းမြောက်ဝမ်းသာစွာ သက်သေခံကြလော့။
ရဟန်းမင်းကြီး လီယို ၁၄ (LEO PP. XIV)
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၇ ရက်၊ သန့်ရှင်းသော စိပ်ပုတီးသခင်မ၊ ကညာစင် မယ်တော်မာရီးယာပွဲနေ့ကြီး အထိမ်းအမှတ်တွင် ဗာတီကန်မှ ရေးသားထုတ်ပြန်သည်။
✒️ ဘာသာပြန်ဆိုသူ - Jangma Mung Song
ချစ်ခင်ရပါသော လူငယ်များခင်ဗျာ ..အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း WORLD YOUTH DAY SEOUL 2027 Local Organizing Committee ကနေ ...
29/09/2025
ချစ်ခင်ရပါသော လူငယ်များခင်ဗျာ ..
အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း WORLD YOUTH DAY SEOUL 2027 Local Organizing Committee ကနေ World Youth Day - Theme Song Contest ကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က တရားဝင် Page မှသော်လည်ကောင်း ၊ သက်ဆိုင်ရာ နိုင်ငံတိုင်းရှိ Youth Commission, Organization များသို့ Official Email ဖြင့်လည်းကောင်း အသိပေး ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ် ..
ထို့အတွက် မြန်မာနိုင်ငံအတွင်းမှာရှိနေကြတဲ့ ကက်သလစ်လူငယ်များထဲမှ ဂီတမျိုးစေ့ ပါရမီထက်သန်သူများ၊ ကမ္ဘာ့လူငယ်များ‌နေ့တွင် မိမိတို့ရဲ့ အနုပညာစွမ်းရည်များဖြင့် ပါဝင်ရန်ဆန္ဒရှိသူများအားလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အားပေး, ဖိတ်ခေါ်, ဆန္ဒပြုလိုပါတယ် ..
World Youth Day Official page မှာ သွားရောက် ဖတ်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များကို Website Link 👇🏼 မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ..
https://wydseoul.org/en/participation/wydthemesongContest
Application Form တင်သွင်းရမည့် နောက်ဆုံးနေ့ရက်သည် ကိုရီးယားစံတော်ချိန် - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ဖြစ်ပါတယ် ..
Website အတွင်း ပါဝင်သောအကြောင်းအရာများနှင့် လျှောက်လွှာတင်ရမည့် ကိစ္စရပ်များတွင် အကူအညီပေးရန် လိုအပ်ပါက NCYC National Office အနေဖြင့် အဆင်သင့်ရှိနေပါတယ် .. 🤗
We're always here for you, guys 🙋🏼‍♂️
NCYC Team
Hello, Catholic Youths. It's NCYC MYANMAR.Long time no see you all!မင်္ဂလာ ကက်သလစ်လူငယ်အပေါင်းတို့ ..အနည်းငယ် အဆက်အသွယ် ...
02/03/2025
Hello, Catholic Youths. It's NCYC MYANMAR.
Long time no see you all!
မင်္ဂလာ ကက်သလစ်လူငယ်အပေါင်းတို့ ..
အနည်းငယ် အဆက်အသွယ် ကင်းကွာပြီးသည့်နောက်မှာ
ကျွန်တော်တို့ Information အချို့နဲ့ ပြန်လာခဲ့ပါပြီခင်ဗျာ ..
၂၀၂၅၊ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြုလုပ်ကျင်းပပြီးစီးသွားခဲ့တဲ့
Directors Meeting & Election for New Youth President မှာ ကျွန်တော်တို့ NCYC Chair Bishop Lucas ၏ရှေ့မှောက်မှာပင် National Youth Director (၂)ပါးရဲ့ Handover ကို ပြုလုပ်ခဲ့ပြီး၊
Youth President အသစ်ကိုလည်း ပြန်လည်ရွေးချယ်ပေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။
တဆက်တည်းမှာပဲ ယခင်နှစ်များက တာဝန်ယူဆက်ကပ်ခဲ့တဲ့ လူငယ်ဒါရိုက်တာနဲ့တကွလူငယ်ခေါင်းဆောင်များတို့ကိုလည်း အားလုံးနဲ့အတူတူ ဂုဏ်ပြုနှုတ်ဆက်ပေးခဲ့ကြပါတယ်ခင်ဗျာ။
Fr. Joseph Saw Er Khaw Htoo (2015 - 2025)
Ko Mexi Menu Thet Naing Oo (2018 - 2025)
Ma Veronica Ei Mon Myint Maung (2016 - 2025) တို့မှ (၁၀) နှစ်, (၆) နှစ်, (၈) နှစ် အသီးသီး တို့ တာဝန်ယူဆက်ကပ်ခဲ့ကြပါတယ်။
ဆတ်လက်ပြီးယခု ၂၀၂၅ ခုနှစ်မှ ၂၀၂၇ (၃) နှစ်တာ ကာလအတွင်းမှာတော့
Fr. John Paul Kyaw Thu Win
(National Director)
Ko Aung Kyaw Oo (Youth President)
Ko Izu Zin Min Naing (Vice President) နှင့်
Ko Casper Htet Lwin Phyoe (Secretary) စုစုပေါင်း (၄) ဦးတို့ဆက်ကပ်တာဝန်ယူသွားကြမှာဖြစ်ကြောင်းကိုလည်း အသိပေးပါရစေ။
နောက်များ မကြာမီ၌လည်း လူငယ်များနဲ့ ပြန်လည်ထိတွေ့ပြီးအလျဉ်းသင့်သလို Information နဲ့ Activities များကိုပြန်လည်
ဖော်ဆောင်သွားမှာဖြစ်တဲ့အတွက် NCYC New Team အတွက်အထူးဆုတောင်းပေးကြဖို့လည်း ဖိတ်ခေါ်ပါရစေခင်ဗျာ .. 🙏🏼
*လူငယ်များအားလုံး ဘေးရန်ကင်းကွာ ကျန်းမာကြပါစေခင်ဗျာ*
💢*** အထူးဝမ်းနည်းကြေကွဲကြောင်း***💢ပုသိမ်ဂိုဏ်းအုပ်သာသနာတော်၏ ပဲ့ကိုင်ရှင် အဖဆရာတော် John Mahn Hsane Hgyi သည် -ယနေ့ မနက်က...
22/07/2021
💢*** အထူးဝမ်းနည်းကြေကွဲကြောင်း***💢
ပုသိမ်ဂိုဏ်းအုပ်သာသနာတော်၏ ပဲ့ကိုင်ရှင်
အဖဆရာတော် John Mahn Hsane Hgyi သည် -
ယနေ့ မနက်ကပင် အဖဘုရားသခင်ရဲ့ ရင်ခွင်တော်ဝယ်ပြန်လည် အိပ်စက်ကာ လောကကြီးထဲမှ အနားယူထွက်ခွာသွားခဲ့ပါသည်။
သို့ဖြစ်ပါ၍ လူငယ်များအားလုံးကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်လူငယ်ကော်မရှင်မှလည်း အထူးပင်ဝမ်းနည်းကြေကွဲရကြောင်းနှင့် အဖအိမ်တော်သို့ ကောင်းမွန်စွာပြန်လည်အနားယူနိုင်စေရန် လူငယ်များအားလုံးလည်းအတူတကွ ဆုမွန်ကောင်းတောင်းပေးကြဖို့လည်းတွန်တွန်းနှိုးဆော်အပ်ပါသည်။
ဆရာတော်ဘုရားသည် လူငယ်များအား အထူးပင်ချစ်ခင် မြတ်နိုးတော်မူပီးတာဝန်ယူခဲ့စဉ်အချိန်အခါက လူငယ်များအတွက် ကောင်းမွန်သောအကျင့်ပုံသက်သေနှင့် အတုယူစရာစံနမူနာကောင်းများပြသကာ လမ်းပြသွန်သင်ခဲ့သော သိုးထိန်းပဲ့ကိုင်ရှင်တဦးလည်းဖြစ်ခဲ့ပါသည်။ ကျန်းမာရေးမကောင်းသည့်ကြားကပင် မိမိအလုပ်တာဝန်များမပျက်မကွက် ထမ်းဆောင်ကာ နောက်ဆုံးအချိန်ထိပင်အားသွန်ခွန်စိုက် ဘုရားသခင်ရဲ့အမှု့တော်မြတ်ကို တာဝန်ယူဆောင်ရွက်ခဲ့ပါသော အဖဆရာတော်ဘုရားထံမှ သားသမီးတို့လည်းစံနမူနာ ယူထိုက်လှပါပေသည်။
လူငယ်များအတွက်ဆို လည်းအမြဲပင်အဆင်သင့်ရှိနေတတ်ပြီး လူငယ်များနဲ့ထိတွေ့ခြင်းပင်လျှင် သူသည်လည်းနုပျိုလန်းဆန်းနေသည်ဟုအမြဲမှတ်ချက်ပေးမိန့်ကြားတော်မူလေ့ရှိသည်။
အသက်ရှိစဉ်အချိန်တွေမှာ သားသမီးများအတွက် အကောင်းဆုံး လမ်းညွှန်ခဲ့ပြီး အတုယူစရာ အကျင့်ပုံသက်သေများစွာအတွက်လည်းအထူးပင် ကျေးဇူးတင်ပါတယ် ဂါရဝပြုပါတယ် ဆရာတော်ဘုရား။
လူငယ်အပေါင်းသူတော်ကောင်းတို့ ကပ်ရောဂါဆိုးကြီး၏အခြေနေကြောင့်
အဖဆရာတော်ဘုရား၏ အဖအိန်ပြန်ခရီးသို့ လိုက်ပါမပို့ဆောင်နိုင်လျှင်တောင် အထူးဆုတောင်းပေးကြဖို့ရာတိုက်တွန်းပါရစေ။
#လူငယ်များကိုချစ်သောအဖဆရာတော်ဘုရားကြီး၏ဝိညာဉ်သည် ထာဝရဘုရားသခင်၏ အသနားတော်ခံရ၍ ထာဝရငြိမ်သက်ချမ်းသာစွာရှိပါစေသော်.....
ချစ်ခြင်းအားဖြင့်
🕊️
05/04/2021
အီစတာပွဲတော်နေ့မှာ မြန်မာလူငယ်တွေနဲ့အတူ ရပ်တည်မှု ပုပ်ရဟန်းမင်းကြီးပြသ
~~~~
■ ခရစ်ယာန်ဘာသာဝင်တွေအတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ "အီစတာဆန်းဒေး" အထိမ်းအမှတ် ဗာတီကမ်နန်း တော်မှာကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က - ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့ မြန်မာလူငယ်တွေနဲ့အတူ သွေးစည်းညီညွတ်ကြောင်းကို ပြသလိုက်ပါတယ်။
"ကမ္ဘာတဝန်းက လူငယ်တွေနဲ့အတူ အတူတကွရှိနေပါတယ်။ အထူးသဖြင့် ဒီအချိန်မှာ ဒီမိုကရေစီသန္ဓိဋ္ဌာန် တွေနဲ့ မုန်းတီးမှုတွေကို မေတ္တာတရားနဲ့သာ ကျော်လွှားနိုင်မယ်ဆိုတဲ့ အသိနဲ့ သူတို့အသံတွေကိုကြားအောင် ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းနေကြတဲ့ မြန်မာလူငယ်တွေနဲ့အတူ ရှိနေပါတယ်။"
ဒီနေ့ကျရောက်တဲ့ အီစတာနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ကြက်ဥလှုပ်ရှားမှု တော်လှန် ရေးကို မြန်မာနိုင်ငံတဝန်း နေရာဒေသ တော်တော်များများမှာလည်း ဆင်နွှဲခဲ့ကြတာပါ။
ယေရှုခရစ်တော်ရှင်သန်ထမြောက်သလိုပဲ မြန်မာ့ဒီမိုကရေစီဟာလည်း ဥခွံထဲကနေ ရှင်သန်ရုန်းထွက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ဒီကနေ့ အာဏာရှင်ဆန့်ကျင်တဲ့ကြက်ဥလှုပ်ရှားမှု တော်လှန်ရေးကို ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ကလည်း - ရုန်းကန်တိုက်ပွဲဝင်နေတာတွေ အောင်မြင်မှာမို့ မျှော်လင့်ချက်တွေကို မစွန့်လွှတ်ဖို့ မြန်မာပြည်သူတွေကို ဒီကနေ့ တိုက်တွန်းခဲ့ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
(Unicode)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~
ဓာတ်ပုံ - ရိုက်တာ
(Zawgyi)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူငယ်များနှစ်၏ ပိတ်ပွဲမစ္ဆားတရားတော်မြတ်ကြီးအား ရန်ကုန်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုလ် မှ ဦးဆောင်ကျင...
30/11/2020
လူငယ်များနှစ်၏ ပိတ်ပွဲမစ္ဆားတရားတော်မြတ်ကြီးအား ရန်ကုန်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုလ် မှ ဦးဆောင်ကျင်းပ ပူဇော်ပေးခဲ့ပါသည်။
အခြေနေအချိန်အခါကြောင့် လူငယ်များစွာတို့ပါဝင်ခွင့်မရခဲ့ကြပေမယ့် အဖဆရာတော်ဘုရားနှင့်အတူမစ္ဆားတရားဝင်ပါဝင်ခဲ့ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်လူငယ်ကော်မရှင်မှတာဝန်ခံဘုန်းတော်ကြီးနှင့် လူငယ်ခေါင်းဆောင်များသာသာနာအသီးသီးမှ သင်တန်းတတ်ရောက်နေသောလူငယ်များတို့သည် လူငယ်များအားလုံးအတွက် ပိတ်ပွဲမစ္ဆားတရားတော်မြတ်ကြီးအားလေးနက်စွာဖြင့်ပါဝင်ပူဇော်ခဲ့ကြပါသည်။
ချစ်ခြင်းအားဖြင့်
🕊️
💢Year of Youth 2020 Closing Remark💢 # မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များနှစ်ပိတ်သိမ်းကြောင်းကြေငြာခြင်း..ချစ်ခြင်...
30/11/2020
💢Year of Youth 2020 Closing Remark💢
# မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်များနှစ်ပိတ်သိမ်းကြောင်းကြေငြာခြင်း..
ချစ်ခြင်းအားဖြင့်
🕊️
Address
292/A, CBCM Compound, Pyay Road, Sanchaung Township
Yangon
11111
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Website
Alerts
Be the first to know and let us send you an email when National Catholic Youth Commission of Myanmar - Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Place Of Worship
Send a message to National Catholic Youth Commission of Myanmar - Burma:
Share