KBC Department for Youth Works

Call Directions Website Contact the place of worship

KBC Department for Youth Works KBC Department for Youth Work page is a religious page that sharing Department's activities

20/09/2026

🏃သွားနိုင်သမျှသွားပါ။🏃

ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့်ရှိသော မိမိလူတို့နှင့်ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင်ရာအရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား၍ ကိုယ်တိုင်မသွားဘဲနေ၏။
၁ ဓမ္မရာဇဝင် ၂၃:၁၃

ကိလမြို့ကိုဒါဝိဒ်နဲ့သူ့လူတွေက ဖိလိတ္တိလူတွေလက်ကနေကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ကိလလူတွေက (သူတို့ကိုကယ်တင်တဲ့အမှုအရာကိုမှမထောက်) ဒါဝိဒ်ကိုရှောလုလက်အပ်မယ်လို့ ဒါဝိဒ်သိလိုက် (ထာဝရဘုရားမေးလျှောက်ခြင်းဖြင့်) ရပါတယ်။ ဒါဝိဒ်အနေနဲ့လည်းတစ်ကြိမ်ပြီးတစ်ကြိမ်ရှောလုထံကနေတိမ်းရှောင်နေခဲ့ရပါတယ်။ ထိုအချိန်တိုင်းလည်းဘုရားကသူ့ကိုကွယ်ကာမစခဲ့သလို လူတစ်ယောက်အနေနဲ့လည်းလုပ်သင့်လုပ်ထိုက်တာ (နေသင့်မနေသင့်၊သွားသင့်မသွားသင့်) ကိုလည်းသူလုပ်ရပါတယ်။ ဒီတစ်ကြိမ်လည်းသူမဖြစ်မနေထွက်ခွာရဦးမယ် (ဒါဟာဘဝအတွက်တိုက်ပွဲပဲ၊ ရှင်သန်ဖို့ထွက်ခွာရခြင်းဖြစ်တယ်လို့နားလည်ရပါတယ်)။ သူသွားနိုင်သမျှသွားဖို့လိုပါတယ်၊ ရှောလုကလည်းလိုက်နိုင်သမျှလိုက်နေပါတယ်။ ကျွန်တော်တို့တစ်တွေကောဘယ်လိုရှိပါသလဲ? တစ်ယောက်စီတိုင်းမှာတော့ကိုယ်စီကိုယ်ရင်ဆိုင်ကြုံတွေ့ရမဲ့အရာတွေကမနည်းမနောရှိကြမှာပါပဲ။ ဒီအတွက်သွားဖို့ (ရှင်ဖို့အတွက်ထွက်ခွာရန်) လိုအပ်လာပြီဆိုရင် သွားနိုင်ရာအရပ်ရပ်ကိုသွားနိုင်သလောက်သွားပါ။ ဘုရားသခင်ကလည်းအမြဲမစနေမှာပါ။

• ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၂၀.၉.၂၀၂၆ (Sunday)

19/09/2026

🤝မိတ်ဆွေစစ်🤝

ရှောလု၏သားယောနသန်သည် ထ၍ ဒါဝိဒ်ရှိရာတောအုပ်သို့ သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှာ ထောက်မလျက်၊
၁ ဓမ္မရာဇဝင် ၂၃:၁၆
မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊
၁ ဓမ္မရာဇဝင် ၂၃:၇

သခင်ယေရှုကကျွန်တော်တို့အားလုံးအတွက်ကြင်နာတော်မူသောမိတ်ဆွေစစ်ဖြစ်ပါတယ်။ ထို့အတူလောကမှာကျွန်တော်တို့အသက်ရှင်လျှောက်လှမ်းသွားလာစဉ်အခါမိတ်ဆွေစစ်မိတ်ဆွေမှန်ကိုလိုအပ်ပါတယ်။ ထို့အတူကျွန်တော်တို့ကိုယ်တိုင်လည်းအခြားသောသူများအတွက်မိတ်ဆွေစစ်မိတ်ဆွေမှန်ဖြစ်ဖို့လိုအပ်ပါတယ်။ မိတ်ဆွေစစ်ကလည်း အနစ်နာခံအသက်ကိုပင်စွန့်ဖို့ရန်ဝန်မလေးဟုထင်မြင်ယူဆပါသည်။ မြန်မာစကားတစ်ခု 😊မုဒိတာပွားခြင်း😊 ဆိုတာ တစ်ပါးသူ၏တိုးတက်ကြီးပွားကောင်းစားခြင်းအားလိုလိုလားလားရှိခြင်း၊ ဝမ်းမြောက်ဝမ်းသာပေးခြင်းသည် မုဒိတာပွားခြင်းဖြစ်ပါသည်။ ထို့အတူယောနသန်အနေနှင့်အမှန်တစ်ကယ်ပင်မိတ်ဆွေစစ်မိတ်ဆွေကောင်းပီသပါသည်။ ရှင်ဘုရင်၏သားဖြစ်သောကြောင့် ရှင်ဘုရင်ဖြစ်ခွင့်သူ့တွင်ရှိပါသည်။ သို့သော်သူသည်ထိုအရာကိုမမက်မောပါ။ ဘုရား၏ပြင်ဆင်ခန့်အပ်ခြင်းကိုလည်းနာခံလက်ခံသည့်အပြင် မိတ်ဆွေဖြစ်သောဒါဝိဒ်အားလည်းစိတ်ရင်းဖြင့်အားပေးမှုပြုပါတယ်။ လောကမှာထိုကဲ့သို့မိတ်ဆွေစစ်ကျွန်တော်တို့လိုအပ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်သည်လည်း မိတ်ဆွေစစ်မိတ်ဆွေကောင်းဖြစ်ဖို့လည်းလိုပါတယ်။

မိတ်ဆွေစစ်သခင်ယေရှုကိုရရှိထားခြင်းအတွက်ဘုရားသခင်ကိုကျေးဇူးတင်ပါ။ လောကမှာမိတ်ဆွေစစ်များဘုရားသခင်ပြင်ဆင်ပေးခြင်းအတွက်လည်းကျေးဇူးတင်ပါ။ ထို့အတူသင်သည်လည်း အခြားသောသူများအတွက် မိတ်ဆွေစစ်မိတ်ဆွေကောင်းဖြစ်ပါစေ။

• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၁၉.၉.၂၀၂၆ (Saturday)

18/09/2026

🤔ကိုယ်နှင့်အမျှချစ်တဲ့သူကအနစ်နာခံတယ်။🤔

ထိုသို့လျှောက်ပြီးသည်နောက်၊ ရှောလု၏သား ယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။ ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကိုသိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တစ်ဖန် သွားနေရသောအခွင့်ကို ပေးတော်မမူ။ ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိတ်သဟာယဖွဲ့ပြီးလျှင်၊ မိမိဝတ်သောဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ဓား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အားပေးလေ၏။
၁ ဓမ္မရာဇဝင် ၁၈:၁-၄

ယောနသန်နှင့်ဒါဝိဒ်တို့ရဲ့ချစ်ခြင်း‌မေတ္တာအကြောင်းကိုပြောမည်ဆိုပါက ဒီကနေ့ခေတ်မှာတော့ကြားကြားနေရတဲ့အရာတွေထဲကတစ်ခုကသူတို့ကို 🤔GAY🤔 လို့ပြောနေကြခြင်းပဲဖြစ်ပါတယ်။ အမှန်တော့ထိုကဲ့သို့မဟုတ်ကြောင်း ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်။ သခင်ယေရှုမိန့်မှာခဲ့သလို ဘုရားကိုချစ်ပြီး၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ခြင်း စိတ်နှလုံးသားသာဖြစ်တယ်လို့ပဲယုံကြည်ပါတယ်။ ဒီကနေ့နှုတ်ကပတ်တော်အားဆင်ခြင်မိသည်မှာ ယောနသန်သည်ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်တယ်လို့ပြောပါတယ်။ ဒီနေရာမှာ သူတစ်ပါးကိုကိုယ်နှင့်အမျှချစ်တတ်ဖို့သင်ယူရသလို၊ သူတစ်ပါးကိုကိုယ်နှင့်အမျှချစ်သူရဲ့စိတ်နေသဘောထားကိုလည်းလေ့လာသင်ယူမိပါသည်။ နောက်ထပ် ၁ ဓမ္မရာဇဝင် ၁၉:၁-၂, ၂၃:၁၇ ကျမ်းချက်တွေမှာလည်း ယောနသန်ရဲ့စိတ်နေသဘောထားကိုအထူးသဖြင့်ထပ်မံတွေ့ရှိရမှာဖြစ်ပါတယ်။ သူတစ်ပါးကိုကိုယ်နှင့်အမျှချစ်သူကသူတစ်ပါးအကျိုးကိုမငြူစူတတ်ပါ။ သူတစ်ပါးကိုလဲပြိုစေမဲ့အရာတွေကိုလည်းမလုပ်ဆောင်ပါ။ ‌အကောက်မကြံပါ။ 🥰[ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့် စပ်ဆိုင်သော သူ၏အကျိုးကို မဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။ ရောမ 13:10]🥰 ယောနသန်အနေနဲ့ကိုယ်နှင့်အမျှချစ်သောကြောင့် လုံးဝစွန့်လွတ်အနစ်နာခံခြင်းအားတွေ့ရပါတယ်။ မှန်ကန်စွာအသက်ရှင်သူဖြစ်သောကြောင့်ဒါဝိဒ်နဲ့ပတ်သက်တဲ့အခါ ဖခင်နဲ့အတိုက်အခံပြုရသည်အထိသာမက ဖခင်ရဲ့မျက်မုန်းကြိုးဒေါသနဲ့သူ့အားသေစေနိုင်သည့်အရာကိုပင်ရင်ဆိုင်ခဲ့ရပါသည်။ အနေအထားအရ သူသာလျှင်နောင်တက်မည့်ဘုရင်လည်းဖြစ်ပါသည်။ သို့သော် ယောနသန်မှာထိုစိတ်များမရှိပါ။ ✔️[ရှောလု၏သားယောနသန်သည် ထ၍ ဒါဝိဒ်ရှိရာတောအုပ်သို့ သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှာ ထောက်မလျက်၊ မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊
၁ ဓမ္မရာဇဝင် ၂၃:၁၆-၁၇]✔️

အမှန်တစ်ကယ်ကိုယ်နှင့်အမျှချစ်ပါကအနစ်နာခံနိုင်ပါသည်။ အသက်ကိုယ်ပင်စွန့်နိုင်ပါသည်။ သခင်ယေရှုသည်လည်း လောကီလူသားများချစ်လွန်း၍အပယ်ငရဲ (အနိစ္စ) မှ ကောင်းကင်နိုင်ငံတော် (ထာဝရ) သို့ရောက်ရှိရန် ဘုရားဇာတိကိုစွန့်၊လူ့ဇာတိကိုခံယူ၍ထာဝရအသက်ကိုလာရောက်ပေးခဲ့ပြီလည်းဖြစ်ပါတယ်။

• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၁၈.၉.၂၀၂၆ (Friday)

17/09/2026

💪စိတ်ပျက်စရာနှင့်ကြောက်ရွံ့စရာကြုံလာရတဲ့အခါ။💪

ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။
၁ ဓမ္မရာဇဝင် ၁၇:၁၁

စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်းဆိုတာ ကျွန်တော်တို့နဲ့မစိမ်းတဲ့ စကားလုံးတွေဖြစ်သလို တစ်ချို့အတွက်ဆို လက်တွေ့ဘဝမှာ လက်တွေ့ရင်ဆိုင်နေကြရပါတယ်။ တစ်ချို့ကတော့အဲဒီအခြေအနေတွေမှာကျရှုံးသွားကြသလို၊ တစ်ချို့ကတော့အောင်မြင်ကြပါတယ်။ ဒီကနေ့ကျွန်တော်တို့ကို စိတ်ပျက်စေမဲ့အခြေအနေ၊ ကြောက်ရွံ့စေမဲ့အခြေအနေတွေရှိပါသလား? ထိုအခြေအနေတွေရှိလာတဲ့အခါ ကျွန်တော်တို့ဘယ်လိုရင်ဆိုင်ကျော်လွှားကြပါသလဲ? ရှောလုနှင့် ဣသရေလလူအပေါင်းတို့ကတော့ သူတို့ကြားရုံ (ဂေါလျတ်၏ကြွေးကြော်ချိန်းခြောက်သံ) သာရှိပါသေးတယ် စိတ်ပျက်ပြီး၊အလွန်ကြောက်ရွံ့ကြပါတယ်။ သခင်ယေရှုကိုလက်ခံယုံကြည်တဲ့ကျွန်တော်တို့အနေနဲ့ကော စိတ်ပျက်စရာနဲ့ကြောက်ရွံ့စရာအခြေအနေတွေကိုရင်ဆိုင်ရတဲ့အခါ စိတ်ပျက်ပါသလား? ကြောက်ရွံ့ပါသလား? ရင်ဆိုင်ဖြေရှင်းတဲ့ပုံစံတော့တစ်ဦးနဲ့တစ်ဦးမတူညီကြပါ။ ညီအစ်ကိုမောင်နှမတို့ 💪စိတ်ပျက်စရာနှင့်ကြောက်ရွံ့စရာကြုံလာရတဲ့အခါ။ အားတင်းပါ၊အားယူပါ၊ရဲရင့်ပါ (ယောရှု ၁:၅,၈-၉)။💪 ဧမာနွေလအတူရှိတဲ့သခင်ကလည်းအားပေးနေပါတယ်၊ဖိတ်ခေါ်နေပါတယ်။
• သခင်ယေရှုကမစိုးရိမ်ဖို့ပြောပါတယ်။
• သခင်ယေရှုကသူ့ထံလာဖို့ပြောပါတယ်။
• ဒါကြောင့်ကျွန်တော်တို့အနေနဲ့သခင်ပြောတဲ့အတိုင်း သခင့်ထံလာပြီး၊သခင့်ထံမှာငြိမ်ဝပ်စွာနေပြီး သခင်နဲ့အတူအောင်မြင်ဖို့ပဲဖြစ်ပါတယ် (ယောဟန် ၁၆:၃၃, မဿဲ ၆:၃၄)

• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၁၇.၉.၂၀၂၆ ( Thursday)

16/09/2026

✓မုဒိတာပွားပါ။။✓

ဒါဝိဒ်သည် ဖိလိတ္တိလူကိုသတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်းကြီးကို ခရီးဦးကြိုပြုအံ့သောငှာ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သာအစရှိသည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊ ရှောလု အထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။ ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာပေးကြပြီ။ နိုင်ငံတော်မှတစ်ပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။ ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက်နေ၏။
၁ ဓမ္မရာဇဝင် ၁၈:၆-၉

ကိုယ်နဲ့စပ်ဆိုင်သူ ကောင်းစားရင်၊ အောင်မြင်ရင် ကိုယ်ကောသူနဲ့အတူ ဝမ်းမြောက်ပါသလား? ဒါကို 😊မုဒိတာပွား😊 တယ်လို့ခေါ်တယ်။ ကိုယ်ကတော့ဘာမှမဟုတ် (မိမိကိုယ်ကိုနှိမ့်ချစွာရှင်သန်ခြင်း) သူများကောင်းစားတဲ့အခါ သူနဲ့အတူတူတစ်သဘောတည်းရှိနေခြင်းက 😊မုဒိတာပွားခြင်း😊 ဖြစ်တယ် (ဖိလိပ္ပိ ၂:၂-၅ ကိုဖတ်ပါ)။ ညီအစ်ကိုမောင်နှမတို့မှာ အဲလိုစိတ်ထားမျိုးရှိပါသလား? အဲဒီအရာနဲ့ဆန့်ကျင်ဖက်အနေနဲ့ 🤔မုဒိတာမပွားဘူးဆိုရင် ပွားစရာတစ်ခုက မနာလိုဝန်တိုခြင်း🤔 ပဲဖြစ်လိမ့်မယ်။ ရှောလုမင်းကြီးက အဲဒီလိုမျိုးစိတ်ရှိပြီး အဲဒီစိတ်နဲ့ပဲ ဘဝကချွတ်ခြုံကြပြီး ဘဝပျက်ခဲ့ရတယ်။ သူ့ရဲ့သား ယောနသန်ကြတော့လည်း လုံးဝ 🥰စိတ်သဘောထားပြည့်ဝလွန်းပါတယ်။🥰 ယောနသန်ကဖအေတူသားမဟုတ်ပါ။ ဒါကြောင့် ဒီအဖေအချိုးအတိုင်း ဒီသားလည်းဒီပုံအတိုင်းဖြစ်မယ်လို့ တထစ်ချမမှတ်ယူသင့်ပါ။ အမှန်ဆိုရှောလုဘုရင်အနေနဲ့ ဒါဝိဒ်ကိုအသိအမှတ်ပြု၊ ချီးမြှောက်ခြင်းပြု၊ သူ့အားဖြင့်ဂုဏ်ယူခြင်းမျိုးကို ပိုပြီးလိုလားသင့်ပါတယ်။ သို့ပေမဲ့ 🤔မုဒိတာမပွား မနာလိုစိတ် အပုန်းစိတ်ပွားခြင်းဖြင့် ဘဝကိုအမုန်းတရားနဲ့ဖြတ်သန်းရှင်သန်ခဲ့ရတာကို စိတ်မကောင်းစွာနဲ့တွေ့ရပါတယ်။🤔

သတိပြုဆင်ခြင်မိတာကတွေထဲကတစ်ခု‌ကတော့ဇစ်မြစ်ကိုပြန်ကြည့်တဲ့အခါ နားလည်မိတာက ဘုရားကိုမကြောက်ရွံ့သူက မကောင်းတာလုပ်ဖို့ဝန်မလေးဘူးဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်မိပါတယ်။ ရှောလုဘုရားစကားကိုနားမထောင်၊ လုပ်ချင်ရာလုပ်၊ ဘုရားသခင်လည်းသူ့ကိုပယ်ခြင်းကိုခံရခြင်းနောက်ပိုင်း အသက်တာကိုမပြင်ဆင်ဘဲ မလိုလားအပ်တာတွေတစ်ခုပြီးတစ်ခု ဆက်လက်လုပ်ဆောင်အသက်ရှင်သွားတာမျိုး ကဲ့သို့မဖြစ်ဖို့ရန်ကျွန်တော်တို့အနေနဲ့အထူးသတိပြုဖို့လိုပါတယ်။

• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၁၆.၉.၂၀၂၆ (Wednesday)

15/09/2026

🤔သူများပြောသောဒါဝိဒ်အကြောင်း🤔

ကျွန်တစ်ယောက်က၊ ကျွန်တော်တွေ့ဖူးသော ဗက်လင်မြို့သား ယေရှဲသားသည် စောင်းတီးသောအတတ်၊ ရဲရင့်ခြင်းအစွမ်းသတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု၌လည်းကောင်း၊ ပညာစကား၌လည်းကောင်း လေ့ကျက်ပါ၏။ အဆင်းလည်း လှပါ၏။ ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏ဟု လျှောက်သောကြောင့်၊
၁ ဓမ္မရာဇဝင် ၁၆:၁၈

ဒါဝိဒ်ကို ကျွန်တော်တို့ကဂေါလျတ်နဲ့တွဲသိကြပါတယ်။ သိုးကျောင်းသားလေးဒါဝိဒ်၊ လောက်လွဲလေးနဲ့ဒါဝိဒ်ကိုအသိများပါတယ်။ နောက်ပြီး သူ့မယားကိုပြစ်မှားပြီးသူ့အမျိုးသားကိုသေဆုံးသူအဖြစ်သင်ခန်းစာယူစရာအနေနဲ့ယနေ့တိုင်ပြောနေကြရပါတယ်။ ၁ ဓမ္မရာဇဝင် ၁၆:၁၈ မှာတော့ဒါဝိဒ်ရဲ့ဘဝလူငယ်ဘဝအကြောင်းအရာလေးကိုတွေ့ရပါတယ်။ သူ့ရဲ့လူငယ်ဘဝကိုဘယ်လိုသိကြသလဲဆိုတော့
• စောင်းတီးတတ်သူ (Music) 🎵
• ရဲစွမ်းသတ္တိနှင့်ပြည့်စုံသူ 💪(Brave)
• စစ်မှုရေးရာသဘောပေါက်နားလည်သူ (Political)
• အပြောအဆိုတတ်သူ (လူကဲခတ်မညံ့သူ)
• ရုပ်ရည်ချောမောသူ
• ဘုရားသခင်နဲ့သွားလာသူ (ဘုရားသူနဲ့အတူရှိသူ) စတာတွေပဲဖြစ်ပါတယ်။
ဒီ‌အကြောင်းအရာတွေက အခြားသူမှသူ့အားတွေ့မြင်သိရှိပုံဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာလည်း လူတွေကကျွန်တော်တို့ကိုဘယ်လိုမြင်၊ဘယ်လိုပြောကြပါသလဲ? ထိုအမြင်၊အပြောများဟာလည်း မိမိတို့ကိုယ်ကိုပြန်လည်သုံးသပ်ဆင်ခြင်ဖို့ဖြစ်ပြီး 🤔ကောင်းသောအရာတွေကိုဆက်လက်လုပ်ဆောင်သွားကြဖို့ဖြစ်ပြီး မကောင်းသောအရာတွေကိုတော့ထားခဲ့ချန်ခဲ့ဖို့ပဲဖြစ်ပါတယ်။🤔 သူများပြောသောဒါဝိဒ်အကြောင်းကဲ့သို့ သူများပြောသောသင့်အကြောင်းဟာလည်း အားရစရာ၊အားကျစရာဖြစ်ပါစေ။

• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၁၅.၉.၂၀၂၆ ( Tuesday)

14/09/2026

✓ဒီလောက်ဆိုတော်လောက်ပြီ။✓

တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
၁ ဓမ္မရာဇဝင် ၁၆:၁

တစ်စုံတစ်ယောက်ကြောင့် (မိမိနာကျင်ရတာ) တစ်စုံတစ်ယောက်အတွက် (မိမိပူပန်သောကများရတာ) ကျွန်တော်တို့စိတ်မသာညည်းတွားဖူးပါသလား? အဲလိုအခြေအနေကဘယ်လောက်အထိတောင်ကြာပါသလဲ? တစ်ချို့ကလည်းအချိန်ကကုစားပေးတယ်ပြောတာပေါ့ (ကာလတစ်ခုအကြာ)။ တစ်ချို့ကလည်း သေတဲ့အထိသယ်ဆောင်သွားရတာပေါ့ (တစ်သက်လုံး)။ တစ်ချို့ကလည်း အကြာကြီးပေါ့ (နှစ်ပေါင်းများစွာ)။ ✔️ဒီလောက်ဆိုတော်ပြီနော်။✔️ အနာဂတ်မှာ ဘုရားဆက်လက်ပြင်ဆင်မဲ့အရာတွေရှိတယ်။ အဲဒီအရာတွေအတွက် ကျန်ရှိနေသေးတဲ့နေ့ရက်တွေကို ဆက်လက်ကုန်လွန်သွားရအောင်။ ၁ ဓမ္မရာဇဝင် ၁၆:၁ မှာလည်းဘုရားသခင်က ရှမွေလကို စိတ်မသာမညည်းတွားခိုင်းတော့ဘဲ ရှေ့ဆက်ကိုယ်တော်ပြုမဲ့အရာတွေအတွက် ပြင်ဆင်ခိုင်းပါတယ်။

🙏သူတစ်ပါးကြောင့်ကိုယ်နာကျင်ခံစားရတာ၊ သူတစ်ပါးအတွက်ကိုယ်ပူပင်သောများရတာ၊ ကိုယ့်အတွက်သူတစ်ပါးပူပန်သောကများရတာ၊ ကိုယ့်ကြောင့်သူတစ်ပါးထိခိုက်နာကျင်ရတာ သူတစ်ပါးနာကျင်ရလို့ ကိုယ်လည်းပြန်လည်နာကျင်ရတာ🙏 စတာတွေရှိဖူးကြ၊ရှိကြမှာပါ။ ဒါတွေဟာ ဒီလောက်ဆိုတော်လောက်ပါပြီ။ ရှေ့အနာဂတ်နေ့ရက်တွေအတွက်အချိန်ကာလကိုရွေးနှုတ်ပြင်ဆင်ကြရအောင်။

• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၁၄.၉.၂၀၂၆ ( Monday)

13/09/2026

✔️မိမိအားခန့်အပ်ထားခြင်းအပေါ်ထိုက်တန်စွာကျင့်နေပါ။✔️

ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ပညတ်တို့ကိုမကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တစ်ညလုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
၁ ဓမ္မရာဇဝင် ၁၅:၁၁

မိမိအား (ယုံကြည်စိတ်ချစွာဖြင့်) ခန့်အပ်ထားတဲ့တစ်စုံတစ်ခုကိုကျွန်တော်တို့အကောင်းဆုံးလုပ်ဆောင်တဲ့အခါ၊ အထူးသဖြင့်သစ္စာရှိရှိပြီးစီးတဲ့အထိလုပ်ဆောင်တဲ့အခါ ခန့်အပ်ထားသူကျေနပ်အားရပြီး မိမိအပေါ်လည်းနောက်ထပ်အပ်နှင်းစရာများလည်းရှိလာနိုင်ပါတယ်။ အဲဒါရဲ့ဆန့်ကျင်ဘက်အနေနဲ့ အကောင်းဆုံးမလုပ်၊သစ္စာလည်းမရှိ၊ပြီးတဲ့အထိလည်းမလုပ်ရင် ခန့်အပ်ထားသူလည်း အားရကျေနပ်မှာမဟုတ်၊ နောက်ထပ်လည်းမပေးအပ်တော့ဘဲ၊ ရှိနေတဲ့အရာကိုပင်ပြန်ရုပ်သွားနိုင်ပါတယ်။ ရှောလုကိုရှင်ဘုရင်အနေနဲ့ခန့်အပ်ထားခြင်း (ရရှိထားသောအခွင့်အားအလွဲပြုခြင်းများပါတယ်) အတွက် ဘုရားသခင်နောင်တရကြောင်းတွေ့ရပါတယ်။ အဓိကကြောင်းအရာကတော့ သူဟာဘုရားရဲ့ပညတ်တို့ကိုမကျင့်၊ နောက်သို့မလိုက်၊ လမ်းလွှဲသွားသောကြောင့်ဖြစ်တယ်။ ဒီကနေ့ကျွန်တော်တို့ကိုခန့်အပ်ထားတဲ့အရာတွေမှာတစ်စိုက်မတ်မတ်ရှိနေနိုင်ဖို့အတွက် ဘုရားရဲ့ပညတ်တော်တွေကိုကျင့်ရပါမယ်၊ နောက်သို့လိုက်ရပါမယ်၊ လမ်းမလွှဲသွားဖို့ရန်လည်းသတိပြုနေရပါမယ်။ ရှောလုရဲ့လုပ်ရပ်ကဘုရားသခင်နောင်တရသလို ရှမွေလလည်းကြီးစွာဝမ်းနည်းကြေကွဲရပါတယ်။
ညီအစ်ကို မောင်နှမတို့ ကျွန်တော်တို့ကိုခန့်အပ်ထားတဲ့အရာတွေအတွက် ခန့်အပ်ထားသူမျက်နှာမပျက်ပါစေနဲ့။ သူတစ်ပါးလည်းဝမ်းနည်းကြေကွဲရခြင်းမဖြစ်ပါစေနဲ့။

• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၁၃.၉.၂၀၂၆ ( Sunday)

12/09/2026

✓ရောမနေပါနဲ့၊ ရောနေရင်ကိုယ်ပါထိခိုက်ခံရလိမ့်မယ်။✓

ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာပြောင်းကြလော့။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည်အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။
၁ ဓမ္မရာဇဝင် ၁၅:၆

၁ ဓမ္မရာဇဝင် ၁၅ ကတော့ အာမလက်လူတွေနဲ့စစ်တိုက်ခြင်းအကြောင်းဖြစ်ပြီး ဒီအခန်းမှာအများစု သိ၊ မှတ်မိနေတာကတော့ ရှင်ဘုရင်‌ရှောလုရဲ့မနာခံခြင်းအကြောင်းပဲဖြစ်ပါတယ်။ သို့သော်အခန်း ၁၅ အစပိုင်းကကေနိလူအကြောင်းကိုဖော်ပြထားပြီး ကေနိလူတွေကအာမလက်လူတွေနဲ့ရောနှောနေထိုင်လျှက်ရှိတာကိုတွေ့ရပါတယ်။ အာမလက်လူမျိုးတွေနဲ့ရောပြီး သူတို့မသေမကြေမပျက်စီးဖို့ သူတို့အားရွေ့ပြောင်းနေရာချထားဖို့ပြောဆိုထားတာပဲဖြစ်ပါတယ်။ ကေနိလူတွေအနေနဲ့ဣသရေလလူမျိုးတော်ကိုကျေးဇူးပြုခဲ့ကြလို့လည်း သူတို့ကိုပြန်လည်ထောက်ထားညှာတာ ကျေးဇူးပြုခြင်းလည်းဖြစ်ပါတယ်။ ထို့အတူဆက်လက်ဆင်ခြင်စရာက ✓ပျက်စီးခြင်းကိုဦးတည်နေတဲ့အသိုင်းအဝိုင်း၊ အနေအထား၊ အစုအရုံးတွေနဲ့ပြွန်းနှောမရှုပ်ထွေးနေဖို့ပဲဖြစ်ပါတယ်။ သို့မဟုတ်ပါက ကိုယ်ပါရောပြီးထိခိုက်နိုင်ပါတယ်။ တစ်ခါတစ်ရံနေရာပြောင်းဖို့လိုအပ်လာရင် (အပြုသဘောဆောင်) ပြောင်းကိုပြောင်းရမှာဖြစ်ပါတယ်။ မဟုတ်ရင်ကိုယ်ပါရောပြီးအတွယ်ခံရလိမ့်မယ်။ သူများကိုလည်းကျေးဇူးပြုတတ်ပါစေ။ သူများရဲ့သတိပေးပြောဆိုလာမှုတွေကိုလည်း သတိပြုလိုက်နာနိုင်ပါစေ။✓

• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၁၂.၉.၂၀၂၆ ( Saturday)

11/09/2026

✝️နာကျင်မှုကိုဖြစ်စေသောတောင်းဆိုမှု✝️

ယနေ့ ဂျုံစပါးရိတ်ရာကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း၍ မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊ ထာဝရဘုရားကိုဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့် ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။
၁ ဓမ္မရာဇဝင် ၁၂:၁၇-၁၈

အများသောအားဖြင့်မိုးမရွာဖို့၊မိုးရွာဖို့ဆုတောင်းတာဘယ်သူလဲလို့မေးရင် ပရောဖက်ကြီးဧလိယ [ယာကုပ် ၅:၁၇-၁၈၊ ဓမ္မရာဇဝင်တတိယစောင် ၁၇၊၁၈] ကိုပဲ ကျွန်တော်တို့ပိုသိကြပါတယ်။ ၁ ဓမ္မရာဇဝင် ၁၂:၁၇-၁၈ မှာတော့ရှမွေလရဲ့ဆုတောင်းခြင်းမှာ မိုးချုန်းပြီး မိုးရွာလာတယ်ဆိုတာကိုတွေ့ရပါတယ်။ အမှန်တော့ဒီအဖြစ်အပျက်‌ဟာ ဣသရေလလူတွေရဲ့တောင်းဆိုမှု (အခြားသူတွေနဲ့တူဖို့ရန်ရှင်ဘုရင်တောင်းဆိုခဲ့ခြင်း၊ဘုရားရဲ့အုပ်စိုးခြင်းကိုမခံလိုခြင်း) ဟာအပြစ်ကိုပြန်သိမြင်ဖို့သတိပေးခြင်းဖြစ်ပြီး တစ်ဖက်မှာလည်းဘုရားသခင်ကခွင့်လွတ်ပြီးနောက်ထပ်သတိပေးချက်နဲ့နောက်ထပ်အခွင့်အရေးတွေကို (ပရောဖက်ကြီးရှမွေလအားဖြင့်) ပေးခဲ့ပါတယ် (ငယ် ၁၉-၂၅)။ ကနေ့ကျွန်တော်တို့ရဲ့အသက်တာမှာလည်း
• ဘာတွေကိုတောင်းဆိုမိနေကြပါသလဲ?🤔
• ဘုရားသခင်အလိုတော်ရှိသောအရာတွေကိုတောင်းဆိုနေကြတာကောဟုတ်ရဲ့လား?🤔
• တစ်ချို့သောတောင်းဆိုမှုတွေဟာနာကျင်မှုကိုဖြစ်စေတယ်ဆိုတာသင်သိပါသလား?🤔
⛔ဒီအတွက်ကြောင့်တောင်းဆိုမှုမပြုရတော့မဟုတ်ပါဘူး။ ဒါပေမဲ့မှန်ကန်တဲ့အရာကိုသာ တောင်းဆိုမှုပြုပါ။ ဘုရားအလိုတော်ရှိတဲ့အရာလည်းဖြစ်ပါစေ။ မည်သူ့ကိုမျှထိခိုက်နာကျင်ရတဲ့ တောင်းဆိုမှုမျိုးမဖြစ်ပါစေနဲ့။⛔

• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄

၁၁.၉.၂၀၂၆ ( Friday)

Address

396, Bogyoke Aung San Road
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+951214899

Alerts

Be the first to know and let us send you an email when KBC Department for Youth Works posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to KBC Department for Youth Works:

Shortcuts

Share