18/08/2026
⛪ထပ်မံမှာကြားချက်⛪
သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှာကြိုးစား၍ သတိပြုကြလော့ဟုမှာထားလျက်၊
ယောရှု ၂၂:၅
လူကြီးမိဘဆရာသမားများက သားတပည့်များကို ✓ကောင်းနိုးရာရာတွေကိုသာညွန်ကြားသတိပေးလေ့ရှိပါတယ်။✓ ဥပမာ - ဘုရားတရားမမေ့နဲ့။ - ကျန်းမာရေးဂရုစိုက်။ - သွားသတိ၊လာသတိ။ စသဖြင့်မှာကြားတတ်ပါတယ်။ မှာကြားချက်တွေကိုနာခံသူများရှိသလို မနာခံဘဲမိမိကြိုက်နှစ်သက်ရာရွေးချယ်မှုပြုပြီးလျှောက်လှမ်းနေကြတဲ့သူတွေလည်းရှိကြပါတယ်။ နာခံသူကောမနာခံသူကော မိမိတို့ရဲ့ရွေးချယ်မှုအတိုင်း အဆုံးသတ်ရလဒ်များလည်းမတူညီကြပါ။ မောရှေက ဣသရေလလူမျိုးတော်ကို ဘုရားနဲ့ပတ်သက်ပြီးမည်သို့မည်ပုံအသက်ရှင်လျှောက်လှမ်းရမယ်ဆိုတာကိုသတိပေးမှာကြားခဲ့သလို အခုယောရှုကလည်း ထိုအကြောင်းအရာတွေကို (တစ်ဖန် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့ကိုခေါ်၍၊ ငယ် ၁)ထပ်မံမှာကြားနေတာကိုတွေ့ရပါတယ် (ငယ် ၅)။ ဒါဟာ🎚️အရေးကြီးပြီး အရေးကြီးဆုံး🎚️ လည်းဖြစ်ပါတယ်။ ဒီအတွက်ယောရှုမောရှေမှာထားတာကိုသာထပ်မံမှာကြားမှုပြုခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတို့ ဒီကနေ့သင့်အတွက် မှာကြားချက်ကိုသင်သိပြီလား? သင့်ကိုဘာတွေမှာကြားထားပြီးပြီလဲ? အဲဒီအရာတွေကိုပဲ သင့်ကိုထပ်မှာကြားပြီပြီလား? ဒါဆိုရင်တော့မဖြစ်မနေလိုက်လျှောက်ရမှာကတော့ ကျွန်တော်တို့အပိုင်းပဲဖြစ်ပါတယ်။ ✝️အရေးကြီးမှာထားတာကိုပဲ ထပ်မှာတယ်ဆိုရင် အရေးမထားဘဲမနေပါနဲ့ ဘာလို့လဲဆိုတော့အဲဒါကအရေးကြီးဆုံးဖြစ်လို့ပါ။✝️
• ငါတို့သခင် ယေရှုခရစ်ကို အမှန်ချစ်သောသူအပေါင်းတို့၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။ - ဧဖက် ၆:၂၄
၁၈.၈.၂၀၂၆ ( Tuesday)