Sikh Temple, Yangon, Myanmar

Sikh Temple, Yangon, Myanmar Sikh temple in yangon city.

15/10/2023
15/10/2023
01/03/2023

ဆရာဦးဆန်းထွန်းဟု ဆိုလိုက်လျှင် ဆန်းထွန်း(မန်းတက္ကသိုလ်)ဟု ပြောမှ ပို၍ပြည့်စုံလိမ့်မည်။ သိသလောက်ဟု ဆိုထား....

26/02/2023
23/02/2023

ဆရာကြီးတင်မိုး ၁၉၅၇ ခု
တက္ကသိုလ်ဝင် စာမေးပွဲမှာ
"မြန်မာစာဂုဏ်ထူး"ဆွတ်ခူးနိုင်ခဲ့တဲ့ စာစီစာကုံးပါတဲ့။

ဆောင်းနှောင်းရာသီ

နှင်းမှုန်များ ပြန့်ကျဲလျက်ရှိသော ဆောင်းရာသီ၏ စခန်းသိမ်းချိန်သို့ နီးကပ်လျက်ရှိပေပြီ။နတ်တော်လမှာကဲ့သို့လည်းတိမ်ရိပ်တိမ်ခိုးများကို ရှုမြင်ခွင့်မရ။ပြာသိုလကဲ့သို့လည်း တလင်းဖျက်မိုးကတဖြောက်ဖြောက်မကျလှာတော့ချေ။ဤအချိန်မှာကား တပို့တွဲ၊တပေါင်းဟု ဆိုအပ်သောဆောင်းနှောင်းရာသီဖြစ်ပေသည်။

ယခုသော်တမူ တပေါင်းလရာသီသို့ပင် ရောက်ရှိလာချေပြီ။

စာမေးပွဲခန်းမမှ အပြင်သို့မျှော်ကြည့်သည်ရှိသော် မြူမှုန်မင်းလွင်များဝေနေသော ကောင်းကင်ပြင်ကို မြင်ရ၏။

သစ်ပင်ပန်းမန်များကား လေရူးက ကလူကျီစယ်သဖြင့် ကနွဲ့ကလျ ယိမ်းကနေကြရှာ၏။

ဆောင်းနှောင်းလဖြစ်၍ နှင်းမြူများကား မကွဲတကွဲ မစဲတစဲရှိသေး၏။သို့ဖြင့် သဘာဝပန်းချီဆရာသည် မြူမှုန်ကြွ၍မှိုင်းပျညိုမှောင်နေသော ဆောင်းနှောင်းပန်းချီကားကို ဆေးခြယ်မှုန်းလျက် ရှိပေသည်။

"ပြာပြာညိုရောင်၊မှိုင်းတလဲ့လဲ့
အာကာပြင်ဘောင်
သိုင်းတချဲ့ချဲ့"
ဟူဘိ၏သို့ ပြာလဲ့ မှုန်မှင်သော
မိုးအဇဋာသည် နောက်ခံကားကြီးသဖွယ် တည်လျက်ရှိလေသည်။ထိုအချိန်တွင်ပင်..:

"လေခမြေသက်၊ဈာန်ဝိတက်သို့
သစ်ရွက်ရော်ရီ၊ဣန္ဒနီဝယ်
သိင်္ဂီတစ်ဝက်၊ဖက်၍ဆေးစုံ
ခြယ်သောပုံသို့
ရဂုံမြိုင်တွင်း၊
တောလုံးလင်းသား"
ဟူသော ရှင်ဥတ္တမကျော်၏
တောလားရတုကဲ့သို့ပင်
ကြွေဝဲ၍ ကျလှာသော ရွှေရွက်ဝါ ကလေးတို့ကား တချာလည်လည်နှင့် သနားဖွယ်သာပင်။

ယင်းသို့ ရွက်ရွေဝါက သက်မြေမှာကျလျှင် ဥဩငှက်ငယ်ကလည်း သနားဖွယ်ရာ တေးတျာကျူးရင့်လျက်ရှိပေမည်။ဥဩငှက်ငယ်၏ တေးသံသာကား..

"လည်ပြန်တစ်နှစ်၊
ဆန်းမည့်ခေတ်ဝယ်၊
မြူညစ်မတင်၊ဘယာစင်၍၊
ကြည်ရွှင်စေသော၊
ရည်ရွယ်ပြောသို့"ရှိတော့သည်သာ။

ကျွန်တော်၏ နားသောတတွင်မူကား ဥဩငှက်ငယ်သည် အောင်တေးကို လာရောက်ကျူးရင့် နေရရှာလေသည်ဟု ထင်မှတ်ပါသည်။

တောတစ်လျှောက်တွင်ကားနီရဲသောအင်ကြင်းပန်းများကတောအား အလင်္ကါတန်ဆာဆင်ထားဟန်ရှိသည်။

"ရှစ်ခွင်တိုင်း၊
မှုန်မှိုင်းတဲ့ပတ်လည်၊
သဇင်ကြွင်းငယ်နှင့်
အင်ကြင်းသန္တာညွှန့်ငယ်တို့
ဖူးကွန့်ကိုက်စည်"

ဟူသောဦးကြင်ဥ၏ မိန်ရာသီဘွဲ့သည် ယခုကျွန်တော်မြင်ရသောဆောင်းနှောင်းရှုခင်းကို ထပ်မံဖြည့်စွက်နေသည့်အလား ရှိတော့သည်။

သစ်ရွက်များ ညောင်းကျကြွေလျောသဖြင့် ၎င်းနေရာတွင် ပုရစ်ဖူးတံကလေးများ အစားထိုးလှာသည်။စိမ်းမြမြ ကြည်လဲ့လဲ့နှင့် ရှုမဝနိုင်အောင်ရှိသော တောအုပ်ညိုကိုမြင်ရသောအခါ...

" ဝနပ္ပဂုမ္ဗေ ယထဖုဿီတဂ္ဂေ
ဂိမှာန မာသေ ပထမသ္မိံ ဂိမှေ"
ဟူသော ရတနသုတ်ပါဠိတော်တစ်ပိုင်းတစ်စကို အမှတ်ရမိသေးသည်။"ပွင့်သောအဖျားရှိသော တောအုပ်သည် အသရေရှိသကဲ့သို့" ဟူသောဥပမာစကားကလေးများမှာ ဆောင်းယွန်းနှင့် နွေအကူး ဟူသော သဘာဝပန်းချီထူးကို ဉာဏ်မြူးမိရာမှ
ပေါ်ထွက်ဟောဖော်သော ဝါကျပင် ဖြစ်တန်ရာချေသည်။

လေပြေလေညင်းကလေးသည်လည်း ဆော်သွင်းတိုက်ခတ်လျက်ရှိ၏။နီမောင်းသောအညှာမှ ကြွေလှာသော သစ်ရွက်ကလေးများကို ကျွန်တော်သာ မြင်မိသည်မဟုတ်၊ ရတုတံခွန်စိုက် နတ်ရှင်နောင်လည်း
မြင်ခဲ့သည်သာဖြစ်၏။

"ဝါသည့်ရွက်လည်း၊
ပင်ထက်မထား၊
လေသို့ယား၍၊
ထွားထွားမကြန့်၊သန္တာခန့်ကို
မြညွှန်ရစ်ခွေ၊နှင်းခဲ့ပေ၍"

တစ်ဖန်တုံ၊ တပေါင်းလကား
နွေလလည်းဖြစ်၊ အသာယာဆုံးလလည်း ဖြစ်၏။သဲပုံစေတီပွဲကျင်းပသောလလည်းဖြစ်၏။
သဲသောင်ကမ်းနှင့်ခြေခင်းလက်ခင်းသာယာသဖြင့်...
"သောတာပန်၊
မဟာထေရ်တို့ပင်
မဆည်နိုင် မျက်ရည်စို့"
ရသောလပင်တည်း။

ထို့ထက် ဆောင်းနှောင်းရာသီကား ကျွန်တော်တို့ စာမေးပွဲနီးကပ်သော ရာသီလည်းဖြစ်၏။ကျောင်းပိတ်လိုက်သော ချိန်ခါလည်းဖြစ်၏။
ဤရာသီ ဤအချိန်တိုင်ရောက်လျှင် ကျွန်တော့်မှာ
ဝမ်းလည်း သာရ၏။ဝမ်းနည်းကြေကွဲရခြင်းဖြစ်၏။
အကြောင်းသော်တစ်မူ တစ်နှစ်လုံးကြိုးစားခဲ့ရသော ဉာဏ်စွမ်းရည်ကို သွေးခွင့်လည်းရ၍ မိတ်သင်္ဂဟအပေါင်းနှင့်ချစ်သောကျောင်းကို ခွဲခွာရမည်လည်း ဖြစ်၍ပါတည်း။

သိုတစ်မူ၊ကျွန်တော်သည် ဤဆောင်းနှောင်းရာသီကဲ့သို့ သံသရာစက်ရဟတ်သည်လည်းမကြာမကြာ ပြန်၍ လည်မြဲပင် ဖြစ်တတ်သည်ကို သတိပြုမိပါ၏။သတိပြုလျက်နှင့်ပင် အသိမှားချေရာ၏။ကျွန်တော်ကား ဆောင်းနှောင်းရာသီမှ ဆင့်ပွား၍ တရားသက်ဝင် ဉာဏ်စက် ရွှင်ချေပြီ။သံသရာစက်ရဟတ် မျက်ခြည်မပြတ် ရှုမိချေပြီတည်း။ ။

ရေးနိုင်သည့် ခေါင်းစဉ်များ

တပေါင်းသာခေါင်လများနောင်။
ခါနွေဆန်း လွမ်းမပြေ။

ညှာရွှေရွက်ကျင်၊နွေသဘင်

လွမ်းဖွယ့်ရာသီ။

မှိန်ပြေပြေ ဂိမှေဆန်းပြန်တော့ ။

crid:ဝဇိရ

09/12/2022

သင်ဟာ IT ဘာသာရပ်ကိုစိတ်ဝင်စားသူတစ်ယောက်လား ❓ သင့် career အတွက် IT ကိုရွေးချယ်ဖို့ဆုံးဖြတ်နေတဲ့သူတစ်ယောက်လား ❔
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
နည်းပညာကိုအမှီပြုရင်း အလျှင်မြန်ဆုံးတိုးတက်ပြောင်းလဲနေတဲ့ ၂၁ ရာစုမှာ အက္ခရာကျလာတဲ့ IT ဘာသာရပ်ဟာ ပြိုင်ဆိုင်မူ့ပြင်းထန်လာရုံသာမက အလုပ်ကိုင်အခွင့်အလမ်းများစွာလဲဖန်တီးပေးလာနိုင်ခဲ့ပါတယ်။

IT ဘာသာရပ်ကိုအများဆုံးရွေးချယ်လာကြတဲ့အကြောင်းအရင်းများမှာ :

✅ Career များစွာရွေးချယ်နိုင်ခြင်း

✅ Career တိုးတက်မူ့မြန်ဆန်ခြင်း

✅ အလုပ်ကိုင်အခွင့်အလမ်းများကောင်းမွန်ခြင်း

✅ သင်ကြားခဲ့ရသမျှ လက်တွေ့အသုံးချနိုင်ခြင်း

✅ Pay-rate ကောင်းမွန်ခြင်း

စသည့်အချက်များကြောင့် လူငယ်များပိုမိုစိတ်ဝင်စားရွေးချယ်လာကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ TMC Academy, Singapore ကပေးအပ်တဲ့ Higher Diploma In Infocomm Technology ကို British University College တွင်သင်ကြားနေပြီး နောက်ဆုံးနှစ်ကို UK သို့မဟုတ် Singapore မှာတိုက်ရိုက်ရွေးချယ်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။

IT Pathway များနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလို၍ဖြစ်စေ British University College ၏ IT Programme များနှင့်ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်၍မေးမြန်းနိုင်သလို BUC ၏ campus များသို့ကိုယ်တိုင်ကိုယ်ကျလာရောက်မေးမြန်းနိုင်ပါတယ်။

☎️ Phone - 09426265550, 09426265551, 09426265552

📍Address:
Campus 1-S25၊ ဦးချစ်မောင်အိမ်ရာ၊ ဦးချစ်မောင်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

Campus 2- အမှတ်(၁၂၄) ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ် (Feel စားသောက်ဆိုင်အနီး)

30/11/2022
30/11/2022

Address

256 Thein Phyu Road
Yangon
11161

Opening Hours

Monday 05:30 - 07:00
17:30 - 18:30
Tuesday 05:30 - 07:00
17:30 - 18:30
Wednesday 05:30 - 07:00
17:30 - 18:30
Thursday 05:30 - 07:00
17:30 - 18:30
Friday 05:30 - 07:00
17:30 - 17:00
Saturday 05:30 - 07:00
17:30 - 18:30
Sunday 05:30 - 18:30

Telephone

01294271

Website

Alerts

Be the first to know and let us send you an email when Sikh Temple, Yangon, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category