ဓမ္မမိတ်ဆွေများဆုံဆည်းရာ

  • Home
  • Myanmar
  • Yangon
  • ဓမ္မမိတ်ဆွေများဆုံဆည်းရာ

ဓမ္မမိတ်ဆွေများဆုံဆည်းရာ တရားဓမ္မနှင့်မွေ့လျော်ပါ

သတိပေးတာပါ ရေနွေးပွက်ပွက်ဆူတာက၁၀၀°စင်တီဂရိတ်..။ကားသချိုင်္င်းတွေမှာသံရည်ကျိုတဲ့အပူချိန်က၂၈၀၀°စင်တီဂရိတ်..။အဝီစိငရဲ အပူချ...
07/11/2024

သတိပေးတာပါ
ရေနွေးပွက်ပွက်ဆူတာက
၁၀၀°စင်တီဂရိတ်..။

ကားသချိုင်္င်းတွေမှာ
သံရည်ကျိုတဲ့အပူချိန်က
၂၈၀၀°စင်တီဂရိတ်..။

အဝီစိငရဲ အပူချိန်က
သိပ္ပံပညာရှင်တွေ ခန့်မှန်းတာ
၃၅၀,၀၀၀°စင်တီဂရိတ်..။

၁၃ မိုင် လောက်ရှိတဲ့ ကျောက်တောင်ကို
ငရဲမီးမုန်ညင်းစေ့လောက်နဲ့ ပေါက်ရင်တောင်၊

ကျောက်တောင်ကြီးဟာ
ပျောက်ကွယ်သွားတယ်ဆိုတော့ စဉ်းစားကြည့်ပါ

လူ့သက်တမ်း
၁၀၀နှစ် = နတ်ပြည် ၁ရက်..

နတ်သက်တမ်း
၁၀၀နှစ် = ငရဲ ၁ရက်..

ငရဲသက်တမ်း
ငရဲ ၁ရက် = လူနှစ်နဲ့ ၃၆သန်း..

ငရဲသား တစ် ယောက်က
အနည်းဆုံးငရဲသက်
သိန်းသန်းချီပြီးခံရမှာ..

ဒါဆို အခုမကောင်းတာမလုပ်ဘူး ဆိုရင်
လွတ်မှာလားဆိုတော့ မလွတ်ဘူး..၊

သံသရာမှာ ကျင်လည်ခဲ့တုန်းက
လုပ်ခဲ့တဲ့အကုသိုလ်တွေက
လူတိုင်း လူတိုင်းမှာ အသင်္ချေအနန္တ..။

ဒီဘဝမှာ ကောင်းတာလုပ်လို့
သုဂတိဘုံရောက်လည်း ခဏပဲ..

ဘုရားရှင်က
အပါယ်ဘုံဟာ
ကိုယ်ပိုင်အိမ်လို့ ဟောထားတာ
တစ်နေ့ကျရင် ငရဲပြန်ကျမှာပဲ
ဒီဘ၀ကလွတ်ဖို့ကလည်း
ဒါန သီလ သမထ ဘယ်လောက်ပဲ
ကျင့်ကျင့်၊

ဝိပဿနာတရားမပါပဲ
မလွတ်မြောက်နိုင်ဘူး..

နတ်ပြည် ဗြဟ္မာပြည်ရောက်လည်း
အလကားပဲ ပြီးရင်ငရဲပြန်ကျမယ်..

အပြီးလွတ်ဖို့က သောတာပန်ဖြစ်မှ
အပြီးလွတ်မှာ..
ဝိပဿနာတရားအားထုတ်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ စဉ်းစားကြည့်ပါ

ဒါကြောင့် ဘုရားရှင်က
ဆရာကောင်းရှာရန်(၅၂၈)ကြိမ်

ဝိပဿနာတရားအားထုတ်ဖို့
၁၇၉၂-ကြိမ် ဟောပြီး။

ဒုလ်လဘတရားကို
၁၆,၄၂၅-ကြိမ် ဟောတော်မူခဲ့တာဖြစ်တယ်။

မိတ်ဆွေတို့ မယုံကြည်လို့
ဝိပဿနာတရားတွေ အားမထုတ်ဘူးဆိုရင်တော့၊

ငရဲအပူချိန် ၃သိန်းခွဲဒီဂရီစင်တီဂရိတ်က
အဝီစိကနေ စောင့်ကြိုနေတယ်

ခြောက်တရားမပါ
မြှောက်တရားမရှိ
သတိပေးရုံသက်သက်ပါ..

မူရင်းစာစီမျှလှူသူ အရှင်ဇောတိကအား
အထူးကျေးဇူးတင်ပါသည်.ဘုရား🙏🙏🙏
ဒေါ်ဝေဝေ ဓမ္မအလှူ

09/09/2024
ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာ Level -၁၊ Level-၂၊ Level -၃ စာမေးပွဲ များ နှင့် သုတဓမ္မ BA Part 1, Part 2 စာမေးပွဲဝင်ခွ...
31/07/2024

ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာ Level -၁၊ Level-၂၊ Level -၃ စာမေးပွဲ များ နှင့် သုတဓမ္မ BA Part 1, Part 2 စာမေးပွဲဝင်ခွင့် များအတွက် ၀၁/၀၈/၂၀၂၄ ရက်နေ့မှစတင်၍ လျှောက်လွှာများတင်သွင်းနိုင်ပါမည်။
🔹🔹🔹🔹🔹🔹

Online မှလျှောက်လွှာတင်သွင်းရန် Link https://admission.universitywisdomland.edu.mm/

🔹🔹🔹🔹🔹🔹
ပညာဘူမိတက္ကသိုလ် က ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ဒုတိယ (၆)လပတ် သုတဓမ္မစာမေးပွဲများအတွက်

သုတဓမ္မ ဒီပလိုမာအတန်း Level အလိုက် လျှောက်လွှာများနှင့်

သုတဓမ္မ BAအတန်း Part 1, Part 2 လျှောက်လွှာများ

ကို အောက်ဖေါ်ပြပါ ရုံးခန်းနေရာများတွင် ၁/၀၈/၂၀၂၄ရက်နေ့မှ ၂၃/၀၈/၂၀၂၄ ရက်နေ့ နေ့ခင်း၂:၀၀ နာရီ အတွင်းလျှောက်လွှာများတင်သွင်းနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

၀၁/၀၈/၂၀၂၄ ရက်နေ့ မှစ၍ လျှောက်လွှာတင်ရန် ရုံးလိပ်စာများမှာ

၁) အမှတ် (၁၀)၊အင်းလျားရိပ်သာလမ်း၊ (၁၀)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့၊ ရန်ကုန်းတိုင်းဒေသကြီး၊ ၁၁၀၆၁၊
ရုံးခန်းဖွင့်ချိန်။ Monday To Friday (10:00 AM to 02:00PM)
Tel: +959788955566
Email:[email protected]
www.universitywisdomland.edu.mm

(၂) ဓမ္မသဟာယသာသနစင်တာ ရုံးခန်း နံနက် (၈း၀၀) နာရီမှ (၁၀:၀၀)နာရီအတွင်း၊ နေ့ခင်း (၁း၀၀) နာရီမှ (၃း၀၀) နာရီ အတွင်း၊ (အနီးစခန်းလေယာဉ်ကွင်းအနီး၊ အောင်ချမ်းသာရွာ၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး။) ပိတ်ရက်မရှိပါ။

(၃) ၀ဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက် ရုံးခန်း ရုံးခန်း (ယာယီ) နံနက်(၁၀:၀၀) နာရီမှ (၂း၀၀)နာရီအတွင်း၊
(ခွါညိုပန်းဝိုင်း၊ ဇ၀နသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။) တနင်္လာနေ့ တစ်ရက်သာ ရုံးခန်းပိတ်၍ ကျန် ရက်များအားလုံးရုံးခန်းဖွင့်သည်။

(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)
ပညာဘူမိတက္ကသိုလ်

University of Wisdom Land, Founder Ashin Nandamālābhivaṃsa (Burmese: အရှင် နန္ဒမာလာ ဘိဝံသ), UWL, PANNABHUMI, INSTITUTION

ပညာဘူမိတက္ကသိုလ် သုတဓမ္မ ဒီပလိုမာ Level 1,2,3 ​ဖြေမည့်သူများအတွက် ဖုန်းနှင့်ဖတ်ရန်အတွက်မေးခွန်းနှင့်အ‌ဖြေ PDF ဖိုင်မူရင်...
21/07/2024

ပညာဘူမိတက္ကသိုလ် သုတဓမ္မ ဒီပလိုမာ Level 1,2,3 ​ဖြေမည့်သူများအတွက် ဖုန်းနှင့်ဖတ်ရန်အတွက်
မေးခွန်းနှင့်အ‌ဖြေ PDF ဖိုင်
မူရင်းစာအုပ် PDF ဖိုင်
ဆရာတော်ကြီးအသံ ဖိုင်
အမေးအဖြေ အသံဖိုင်
မေးခွန်းဟောင်း PDF ဖိုင်ကိုများကို 095084894 သို့ Viber ဖြင့် Level တတ်၍ Hi ပြီးအလှူခံနိုင်ပါပြီ။

အောက်ပါလိပ်စာများတွင်လည်းလာရောက် အလှူခံနိုင်ပါသည်။🙏🙏🙏

19/07/2024

"မိဘကျေးဇူး ဆပ်နည်း ( ၆ ) ချက်''

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း

5 တရားနာ ရိပ်သာဝင်ခိုင်း၍ကျေးဇူးဆပ်နည်း

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း

တို့ပဲဖြစ်ပါတယ်.......

1 အစားအစာကျွေး၍ ကျေးဇူးဆပ်နည်း.......

မိဘအတွက်
စားဦးစားဖျား ဖယ်ထားတာ
မိဘစားချင်တာ ချက်ကျွေးတာ
မိဘစားချင်တဲ့မုန့် ဝယ်ပေးတာ စတာတွေကို
လုပ်ပေးတာတွေက
မိဘတွေ အလွန်ပဲ ၀မ်းသာပါတယ် တဲ့.....

ဒါကြောင့်
အစားအစာ ကျွေး၍
မိဘကို ကျေးဇူးဆပ်နိုင်ပါတယ်.........။

2 ဥစ္စာပေး၍ ကျေးဇူးဆပ်နည်း........

မိဘများ
စာချင်တာတွေ စားနိုင်အောင်
မရောက်ဖူးသေးတဲ့ ဘုရားတွေ ဖူးနိုင်အောင်
လှူချင်တာတွေ လှူနိုင်အောင် စတာတွေကို
လုပ်ပေးရင်
မိဘတွေက အလွန်ပဲ ဝမ်းသာပါတယ် တဲ့.......

ဒါကြောင့်
မိဘအတွက် ဥစ္စာ(ပိုက်ဆံ)ပေး၍လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.......

ပိုက်ဆံဆိုတာ မဆပ်လည်း ကုန်မှာ
ဆပ်လည်း ကုန်မှာပါနော်.....။

3 ဝေယျာ၀စ္စပြု၍ ကျေးဇူးဆပ်နည်း........

အိမ်မှုကိစ္စများနှင့်
မိဘတွေပင်ပန်းမယ့် အခြားကိစ္စတွေမှာ
ကိုယ်တိုင်၀င်ရောက်ပြီး
မိဘတွေမပင်ပန်းအောင် ပြုလုပ်ပေးခြင်း
မိဘကို နင်း နှိပ် ပေးခြင်း
ပြုစုပေးခြင်း စတဲ့
ဝေယျာဝစ္စတွေကို ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

4 ကုသိုလ်ပြု၍ ကျေးဇူးဆပ်နည်း........

မိဘတွေ ကုသိုလ်ရအောင်
တရားနာနိုင်အောင် တိုက်တွန်းခြင်း
သင်္ကန်းတွေ လှူခိုင်းခြင်း
အလှူတွေ လုပ်ခိုင်းခြင်းဖြင့်
သား သမီးများက
မိဘတွေ ကုသိုလ်ရအောင်
ဘေးနားကနေ ပြုလုပ်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်.........

5 တရားနာ,ရိပ်သာ၀င်ခိုင်း၍ ကျေးဇူးဆပ်နည်း......

မိဘတွေ
တရားနာနိုင်အောင် တိုက်တွန်းပေးခြင်း
ကူညီဖြည့်ဆည်းပေးခြင်း......

မိဘတွေ
ဘုရားအရိပ် တရားအရိပ်မှာ ပျော်မွေ့နိုင်အောင်
ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းနဲ့လည်း
ကျေးဇူးဆပ်နိုင်ပါတယ်........

မြတ်ဗုဒ္ဓ၏
အမြတ်ဆုံးကျေးဇူးအကျေဆပ်နည်းပါ.....

ဖခင်အား ရဟန္တာဖြစ်အောင်
ကျေးဇူး အကျေဆပ်....

မိခင်အား မဟာသောတာပန်ဖြစ်အောင်
ကျေးဇူး အကျေဆပ် တဲ့......

6 အမျှပေးဝေ၍ ကျေးဇူးဆပ်နည်း.........

နောက်ဆုံးကတော့......

မိဘများသက်ရှိ ထင်ရှားမရှိတဲ့အချိန်မှာ
မိဘအတွက် ရည်မှန်းပြီး
ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ
အမျှတမ်း ပေးဝေခြင်းကလည်း
မိဘအတွက် ကျေးဇူးဆပ်ရာ ရောက်ပါတယ်။

ဆက်လက်ကြိုးစားရပါဦးမည်၊
18/07/2024

ဆက်လက်ကြိုးစားရပါဦးမည်၊

စာမေးပွဲအောင်စာရင်း‌ကြော်ငြာခြင်းညာဘူမိတက္ကသိုလ် သုတဓမ္မ B.A (Part 1) စာမေးပွဲ Gazette အောင်စာရင်း ကို ၁၆/၀၇/၂၀၂၄ အင်္ဂါ...
15/07/2024

စာမေးပွဲအောင်စာရင်း‌ကြော်ငြာခြင်း

ညာဘူမိတက္ကသိုလ် သုတဓမ္မ B.A (Part 1) စာမေးပွဲ Gazette အောင်စာရင်း ကို ၁၆/၀၇/၂၀၂၄ အင်္ဂါနေ့ နံနက် ၆:၀၀ နာရီ အချိန်တွင်လည်းကောင်း၊

Level 1,2,3, အလိုက် ဒီပလိုမာ စာမေးပွဲ Gazette များ ကို ၁၈/၀၇/၂၀၂၄ ရက် ကြာသာပတေးနေ့ နံနက် ၆:၀၀ နာရီ အချိန်တွင်လည်းကောင်း

အုပ်ချုပ်ရေးနှင့် ပညာရေး အဖွဲ့ (ဗဟို) က ဂုဏ်ထူးအောင် ရိုးရိုးအောင် ပုဂ္ဂိုလ် များအဖြစ် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

တက္ကသိုလ် website တွင် တိုက်ရိုက် ဝင်ရောက်ကြည့်ရှူနိုင်ရန် https://admission.universitywisdomland.edu.mm/result ကို နှိပ်၍ မိမိ ခုံနံပါတ် (သို့) မှတ်ပုံတင် နံပါတ် ရိုက်ထည့်ပါ။

University of Wisdom Land, Founder Ashin Nandamālābhivaṃsa (Burmese: အရှင် နန္ဒမာလာ ဘိဝံသ), UWL, PANNABHUMI, INSTITUTION

Address

Yangon

Alerts

Be the first to know and let us send you an email when ဓမ္မမိတ်ဆွေများဆုံဆည်းရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ဓမ္မမိတ်ဆွေများဆုံဆည်းရာ:

Share