仰光基督錫安堂青年部落格 (Yangon Christ Zion Church Youth Blog )

  • Home
  • Myanmar
  • Yangon
  • 仰光基督錫安堂青年部落格 (Yangon Christ Zion Church Youth Blog )

仰光基督錫安堂青年部落格 (Yangon Christ Zion Church Youth Blog ) 罗马书12:1“ 所以弟兄们,我以 神的慈悲劝你们,将身体献上,当作活祭?

16/07/2023

在远方克钦邦我们锡安堂青年朱新望弟兄(缅训实习主任张崑华牧师的外甥)自己写词与曲的赞美新诗!

https://www.facebook.com/100040257285446/posts/983681159650451/?mibextid=Nif5oz
09/05/2023

https://www.facebook.com/100040257285446/posts/983681159650451/?mibextid=Nif5oz

#အသင်းသူ/ #သားတို့၏ #ကျင့်ဝတ် - (၁၀)ခု
**********************************

၁။ #သမ္မာကျမ်းစာအပေါ်အုတ်မြစ်ချသောအသင်းတော်နှင့်_မီရှင်လုပ်ငန်းမှာ #တက်ကြွလှုပ်ရှားသော_အသင်းတော်၌ #အသင်းဝင်ပါ။

@ မိမိပါဝင်တဲ့အသင်းတော်မှာ ဘယ်မျိုးသြဝါဒတွေခံယူသလဲဆိုတာ ကောင်းကောင်းလေ့လာပါ။ လူမျိုးရေးနှင့်လူမှုရေးကို အဓိကထားတဲ့ အသင်းတော်မရှာပါနဲ့။ တစ်ချို့ခရစ်ယာန်က "င်္သချိုင်းရှိတဲ့ အသင်းတော်မှာပဲ ပါဝင်မယ်"
ဆိုတဲ့သူက ရှိသေးတယ်။ အမျိုးတော်လို့၊ ခင်လို့၊ လူမှုရေးကောင်းလို့၊ ခေတ်မှီလို့၊ အဆောက်အအုံကြီးကြီးရှိလို့... စသည်တို့ကိုကြည့်ပြီး
အသင်းတော်ကို မရွေးမှားမိစေနဲ့။
အသင်းတော်ဆိုတာ ဝိညာဉ်ရေးရာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဝိညာဉ်ရေးရာ လမ်းကြောင်းမှန်ကန်စွာ သွန်သင်၊ လမ်းပြ ခွန်အားပေးနိုင်မယ့် အသင်းတော်ကိုသာ ရှာဖွေရွေးခြယ် ပါဝင်ပါ။ လွဲမှားတဲ့သြဝါဒကို ခံယူဝေငှတဲ့အသင်းတော်က အနူရောဂါသည် အသင်းတော်ပဲ။ ဧဝံဂေလိတရားဟောပြောခြင်း(မီရှင်)လုပ်ငန်း၌ လှုပ်ရှားမှုမရှိတဲ့အသင်းတော်က မသာအသင်းတော်ပဲ။ ဝေးဝေးသာ ရှောင်ထားလိုက်။ တီးဝိုင်းကောင်းလို့၊ အဆိုတော်တွေရှိလို့၊ AC ရှိလို့၊ အဆောက်အအုံကောင်းလို့၊ အမျိုးတွေရှိလို့...စသည့်ရည်ရွယ်ချက်တွေကြောင့် အသင်းတော်ကို မရွေးပါနဲ့။

၂။ #ကိုယ်ပါဝင်သော_အသင်းတော်တစ်ပါး၌ #သစ္စာရှိရှိအမြဲပါဝင်ပါ။

@ဟိုအသင်းတော် ဒီအသင်းတော်မှာ တစ်ပတ်တစ်လှည့်ဆီ လုပ်အားပေးသလိုမျိုးနှင့် လျှောက်လျှောက်ဝင်မပါနဲ့။ မိမိပါဝင်တဲ့အသင်းတော်မှာ ပုံမှန်သစ္စာရှိရှိပါဝင်လှုပ်ရှားပါ။ ဟိုလိုလို ဒီလိုလို အသင်းတော်တိုင်းမှာ ပါဝင်တတ်တဲ့ ယုံကြည်သူက ကလိမ်ကကျစ်၊ ဉာဏ်နီဉာဏ်နက်သုံးတဲ့သူ မိမိအိမ်ထက် သူများအိမ်မှာ လိုက်လိုက်ထမင်းနှိုက်စားတတ်တဲ့ ကလေးနဲ့အတူတူပဲ။

၃။ #အခြားအသင်းတော်ကို_လေးစားကြည်ညိုပါ။

@ ကိုယ့်အသင်းတ်ာပဲ ကောင်းကင်သွားမယ်လိုလို၊ အမှန်ဆုံးလိုလို လျှောက်ပြောမနေနဲ့။ သူများအသင်းတော်ရဲ့ မကောင်းကြောင်း၊ အားနည်းချက်တွေ လိုက်ပြောစရာမလိုဘူး။ သူများအသင်းသူအသင်းသားတွေလည်း မမြူ
ဆွယ်နဲ့။ သူပါဝင်တဲ့အသင်းတော်မှာ သစ္စာရှိရှိပါဝင်နိုင်အောင် တိုက်တွန်းပါ။ အသင်းတော်က လူဦးရေ တိုးပွားစေချင်ရင် မယုံကြည်သူတွေဆီမှာ ဧဝံဂေလိတရား များများသာပြောကြပါ။ ကယ်တင်ခြင်း သင်တန်းအကြိမ်ကြိမ်လုပ်ကြပါ။ ပါတီဆွယ်သလိုမျိုးနဲ့ သူများအသင်းသူ/သားတွေကို မမြူဆွယ်ပါနဲ့။

၄။ #မိမိပါဝင်သောအသင်းတော်မှာ_ဧည့်သည်လိုမနေနဲ့။

@ အသင်းတော်ဆိုတာ စားသောက်ဆိုင်လို ဆာလောင်တဲ့အချိန်မှာ စိတ်ကြိုက်စားသောက်ပြီး၊ ပိုက်ဆံရှင်းပြီးတာနဲ့ လစ်လို့ရတဲ့နေရာမျိုးမဟုတ်သလို၊ တည်းခိုခန်းလို ကိုယ်ပင်ပန်းတဲ့အခါမှာ အနားယူဖို့နေရာသက်သက်မဟုတ်ဘူးဆိုတာ မှတ်ထားပါ။ အသင်းတော်ဆိုတာ မိသားစုတစ်ခုလို စိတ်ထားပြီး၊ လိုအပ်တဲ့နေရာမှာ ပါဝင်ဖြည့်စွက်၊ တာဝန်တစ်ခုခု ဆောင်ရွက်ထမ်းဆောင်ကာ၊ ပေးဆပ်ပေးကမ်းပြီး၊ အချင်းချင်း ပြုပြင်တည်ဆောက်ရမယ့်နေရာဖြစ်ပါတယ်။ အသင်းတော်အစီအစဉ်တိုင်းဟာ ကိုယ်နဲ့လည်းဆိုင်တယ်ဆိုတဲ့ စိတ်ထားနှင့် အားတိုက်အင်တိုက် ပါဝင်လှုပ်ရှားရမယ့်နေရာမျိုး ဖြစ်ပါတယ်။

၅။ #သင်းသူ/ #သားအချင်းချင်းချစ်ခင်မြတ်နိုးစွာ_ဂရုစိုက်ပါ။

@ ဘုရားသခင် သားသမီးအချင်းချင်းဟာ ဝိညာဉ်ရေးရာမှာ ညီအစ်ကို မောင်နှမအရင်းခေါက်ခေါက်တွေဖြစ်ကြပါတယ်။ ထာဝရမိသားစုဝင်တွေလည်းဖြစ်ကြတယ်။ သင်းသူ/သားအချင်းချင်း နာမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်၊ တစ်ဦးနှင့်တစ်ဦးရဲ့ အကြောင်းအရာသမိုင်းလေးတွေ မေးမြန်းလေ့လာပါ။ ခင်ခင်မင်မင်နှုတ်ဆက်စကားပြောပါ။ အကျိုးအကြောင်းတွေ မေးမြန်းပါ။ သာရေးနာရေးမှာ မပျက်မကွက်ပါဝင်ကူညီပါ။

၆။ #မိမိအသင်းတော်ဦးဆောင်ပေးသည့်သင်းအုပ်ဆရာနှင့်သူ့မိသားစုကို #ရိုသေလေးစားပြီး၊ #ပြုစုပံ့ပိုးကူညီပါ။

@ သင်းအုပ်ဆရာအများစုက အခြားအပြင်အလုပ်အကိုင်နှင့် ဝင်ငွေလည်း မရှိတဲ့အတွက်ကြောင့် သူ့မိသားစု ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေက အသင်းသူ/သားတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ သူက ဝိညာဉ်ရေးရာအစားအစာနှင့်လိုအပ်ချက်တွေကို တာဝန်ယူဦးဆောင်ပေးသည့်နည်းတူ၊ သင်းသူ/သားတွေက ခန္ဓာပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်စွက်ပံ့ပိုးကူညီပေးပါ။ သိုးထိန်းက သိုးမွှေးရိတ်ခွင့်နှင့် နို့ရည်သောက်ခွင့်ရှိပါတယ်။ အမှုတော်ဆောင်အများစုဟာ အထီးကျန်တတ်ပါတယ်။ အဖော်ပြုပေးပြီး၊ ချီးကျူးဂုဏ်ပြုပါ။ အားပေးစကားလေး ပြောပါ။

၇။ #ပေးကမ်းလှူဒါန်းခြင်းကိုမိမိအသင်းတော်မှာ_အဓိကပါဝင်ပါ။

@ အဦးသီး ပေးကမ်းခြင်း၊ ဆယ်ဘို့တစ်ဘို့ပေးကမ်းခြင်း၊ အလှူငွေပေးကမ်းခြင်းနှင့် အခြားပေးကမ်းလှူဒါန်းတဲ့အခါမှာ မိမိသင်းဝင်ထားသော အသင်းတော်မှာ ပုံမှန်သစ္စာရှိရှိပေးကမ်းလှူဒါန်းပါ။ သင့်ရဲ့ဝိညာဉ်ရေးရာအတွက် ပြုစုပျိုးထောင်ခြင်းအမှုနှင့် နောက်ကနေ ပုံမှန်ဆုတောင်းပေးနေတာ သင့်ရဲ့မိခင်အသင်းတော်ပါပဲ။

၈။ #အသင်းတော်အစီအစဉ်နှင့်_လှုပ်ရှားမှုတွေမှာ_တက်တက်ကြွကြွပါဝင်ပါ။

@ တနင်္ဂနွေနေ့ ဝတ်ပြုခြင်းအစီအစဉ်၌ ပုံမှန်ပါဝင်ရုံမကဘဲ၊ ဗုဒ္ဓဟူးနေ့(သို့) သောကြာနေ့ဆုတောင်း အစီအစဉ်၊ စနေနေ့ညဝတ်ပြုအစီအစဉ်၊ သီချင်းတိုက်ခြင်း အစီအစဉ်၊ အသင်းတော်ထဲက သင်တန်း၊ လုပ်အားပေး၊ သာရေးနာရေး အစီအစဉ်၊ အသင်းတော် အစည်းအဝေး...စသည့် အသင်းတော်အတွင်းပုံမှန်အစီအစဉ်နှင့် အရေးပေါ်အစီအစဉ်တို့မှာ တတ်နိုင်သလောက်ပါဝင်ပါ။

၉။ #အသင်းတော်၏ #ဆုံးမပဲ့ပြင်ခြင်းကို_လက်ခံပါ။

@ ကျန်းမာ သန်စွမ်းသော အသင်းတော် (သို့) အောင်မြင်သော အသင်းတော်တိုင်း church discipline ဆိုတဲ့ ဆုံးမပဲ့ပြင်ခြင်းဆိုတာ ရှိပါတယ်။ ကိုယ့်ဝိညာဉ်ရေးရာ မမှန်ကန်တဲ့အခါမှာသော်လည်းကောင်း၊ သြဝါဒပိုင်းဆိုင်ရာမှာ လွဲချော်တဲ့အခါမှာ သင်းအုပ်ဆရာနှင့် သင်းထောက်လူကြီးတို့က သင့်ကိုဝေဖန်မယ်၊ ထောက်ပြမယ်၊ ဆုံးမစကားနှင့် သတိပေးစကားတွေ လာပြောမယ်။ အဲဒီအချိန်မှာ စိတ်ကောက်ပြီး၊ ကိုယ့်ခေါင်းဆောင်တွေက အပြစ်မမြင်ပါနဲ့။ အခြားအသင်းတော်မှာ သွားပါဝင်တာမျိုး၊ မိမိအသင်းတော်ကနေ ထွက်သွားတာမျိုး လုံးဝမလုပ်မိပါနဲ့။ မိမိပါဝင်တဲ့အသင်းတော် သြဝါဒပိုင်းဆိုင်ရာမှာ သမ္မာကျမ်းစာကနေလွဲချော် မှားယွင်းတာမှ လွဲ၍ အခြားလူမူရေးကိစ္စနှင့် ပြဿနာကြောင့် အသင်းတော်ကနေ မထွက်သွားပါနဲ့။

၁၀။ #ပြီးပြည့်စုံသောအသင်းတော်နှင့်သင်းအုပ်ဆရာဆိုတာ_လောကမှာမရှိပါ။

@ တစ်ခါတော့ မိမိပါဝင်ခဲ့တဲ့အသင်းတော်ကို ငြီးငွေ့လာတဲ့ လူကြီးတစ်ယောက်နှင့် တရားဟောဆရာ Charle H. Spurgeon တွေ့တဲ့အခါမှာ အဲ့လူကြီးက ပြောစရာနှင့် အပြစ်တင်စရာတစ်ခုမှမရှိတဲ့ စုံလင်ပြည့်ဝတဲ့ အသင်းတော်တွေ့မှပဲ အသင်းဝင်တော့မယ်တဲ့။ အဲဒါနဲ့ ဆရာက ဘယ်လိုပြောလဲဆိုတော့၊ "မိတ်ဆွေ ကိုယ်တိုင်က အဲဒီစုံလင်သော ပြီးပြည့်စုံတဲ့အသင်းတော်ကို လိုက်ရှာပြီး တကယ်လို့ သင်တွေ့ခဲ့ရင် မိတ်ဆွေက အဲဒီအသင်းတော်မှာ မပါဝင်ပါနဲ့နော်"တဲ့။ ဘာကြောင့်လည်းဆိုတော့ အဲ့စုံလင်ပြည့်ဝတဲ့အသင်းတော်မှာ သင်ပါဝင်လာရင် အဲ့အသင်းတော်က စုံလင်တော့မှာ မဟုတ်ဘူး...တဲ့။ ဆိုလိုချင်တာက ဘယ်လူသားကမှ မစုံလင်သလို၊ မပြည့်စုံတဲ့ လူသားကဦးဆောင်တဲ့ ဘယ်အသင်းတော်မှ စုံလင်ပြည့်ဝတယ်ဆိုတာ လောကမှာ မရှိပါဘူး။

ဘုရားသခင်ရှေ့လူရှေ့မှာ အသင်းသူ/သားကောင်းများဖြစ်နိုင်ဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်က ကူညီမစပါစေ။ အာမင်!

#ယေရှုခရစ်၏ #ကျွန်
#လင်းထွန်း

https://m.facebook.com/story.php?story_fbid=112683597826088&id=107806158313832&mibextid=Nif5oz

သင်းအုပ်ဆရာတို့၏ ကျင့်ဝတ်👇
https://www.facebook.com/107806158313832/posts/111474891280292/

欧翠玲傳道在锡安堂事奉很快就是三年的时光!每一种的事奉都很有挑战!
30/04/2023

欧翠玲傳道在锡安堂事奉很快就是三年的时光!每一种的事奉都很有挑战!

4月23日的主日崇拜后,青年团契的青年人们在餐厅一起喝咖啡团契!
30/04/2023

4月23日的主日崇拜后,青年团契的青年人们在餐厅一起喝咖啡团契!

30/04/2023

仰光基督锡安堂的青年人去了海外读书、做工的不少,但是神的家不断兴起,诗班练习,一代过去一代又来!

30/04/2023

仰光基督锡安堂的诗班由欧傳道在带领!

仰光基督锡安堂部分青年在小吃店聚一聚留影!
16/04/2023

仰光基督锡安堂部分青年在小吃店聚一聚留影!

Address

Kyun Taw Street, SanChaung Township
Yangon

Telephone

+951505058

Website

Alerts

Be the first to know and let us send you an email when 仰光基督錫安堂青年部落格 (Yangon Christ Zion Church Youth Blog ) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share