ရှင်သာမဏေငယ်များ ထောက်ပံ့ရေးဖောင်ဒေးရှင်း

  • Home
  • Myanmar
  • Yangon
  • ရှင်သာမဏေငယ်များ ထောက်ပံ့ရေးဖောင်ဒေးရှင်း

ရှင်သာမဏေငယ်များ ထောက်ပံ့ရေးဖောင်ဒေးရှင်း ရ႑င်သာမဏေငယ်များ၏ လိုုအပ်ချက်များအား မျ႑ဝေခြင်း။ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့စေရန် ရည်သန်၍ မျိုးဆက်သစ် ရှင်သာမဏေငယ်များဘဝ ဖွံ့ဖြိုးတိုးတက်စေရန်။

15/05/2019

ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ သဘောကျလို့(Copy)ယူလာတာ

ကြောက်စရာအကောင်းဆုံးသတင်း
--------------------------------------

မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့  ကြိုးစားသူမှန်သမျှ ဘယ်အရာကို အရင်ပြင်ရမှာလည်းလို့ မေးရင် တော်တော်များများကတော့ ပညာရေး အရင်ပြင်ရ
မယ်လို့  ဖြေဆိုကြလိမ့်မယ်ထင်ပါတယ်

တိုင်းပြည်တပြည် တိုးတက်ချင်ရင် ပညာရေး
အဓိက ကျတယ် ဆိုတာကလည်း မှန်တာပါပဲ

ဒါပေမဲ့

အခု မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးတွေထဲက
တခုကတော့

ရဟန်းသံဃာ များ တနှစ်ထက်တနှစ် အဆမတန် လျှော့နည်းလာခြင်းပါပဲ

ရဟန်းသံဃာကွယ်ရင် ဘုရားသာသနာတော်
ကွယ်ပါပြီ

၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံမှာ ရဟန်းသံဃာ
၆ သိန်းရှိပါတယ်

၂၀၁၄ စစ်တမ်းအရ ရဟန်းသံဃာ ငါးသိန်းပဲ ရှိပါတော့တယ်

သုံးနှစ်အတွင်း ရဟန်းသံဃာ တစ်သိန်း လျှော့သွားတာဟာ ကြောက်စရာကောင်းလှပါတယ်

အခု လက်ရှိစစ်တမ်းအရ မြန်မာနိုင်ငံမှာ
တနှစ်ကို ခုနစ်သောင်းလောက် လျှော့နည်းသတဲ့

ဒီနုန်းအတိုင်းဆို ရဟန်းသံဃာငါးသိန်းဆိုတာ
ဘယ်လောက်ထိခံတော့မှာလည်း စဉ်းစားကြည့်ကြပါ

ဘာသာခြားတွေရဲ့ဖိအား

မိရိုးဖလာဗုဒ္ဓဘာသာအဆင့်ပဲရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့တန်ဘိုးမထားမှု့

အုပ်ချုပ်ခဲ့တဲ့ခေါင်းဆောင်တွေရဲ့ ညံ့ဖျင်းမှု့

အားလုံးပေါင်းလိုက်တော့
သာသနာကွယ်ဖို့ အကြောင်း ဖြစ်လာတာပါပဲ

ဝမ်းနည်းစရာကောင်းလှပါတယ်

FB ကိုပဲ လေ့လာကြည့်လိုက်ပါ ရဟန်းသံဃာကို
ကြည်ညိုတက်ဖို့ ရေးတာတောင်

မဘသ လား

ဝိနည်းမလိုက်နာနိုင်ရင် လူထွက်

သာသနာတော်ကိုဖျတ်စီးတာ ရဟန်းသံဃာတွေ

စတဲ့စကားလုံးတွေနဲ့ က တုန့် ပြန်တာများပါတယ်

စနစ်ဆိုးတခုကြောင့် လူတွေအသိဥာဏ်နည်းတာ
မှန်ပါတယ် ဒါပေမဲ့ ဘာသာတရားကြည်ညိုမှု့ကတော့ အသိဥာဏ်နည်းမှု့က အဓိကမကျပါဘူး

ခေတ်ပညာတွေ ဘယ်လောက်ပဲ တတ်နေပေါစေ
မိမိကိုးကွယ်တဲ့ဘာသာအပေါ် ကြည်ညိုတတ်ပါမှ
တန်ဘိုးရှိမှာပါ

အခု မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ 
လုပ်တော့မယ်ဆိုရင်
ရဟန်းသံဃာတော်တွေပြန်များလာဖို့ က
နံပါတ်တစ်ဖြစ်ပါတယ် ပြီးတော့မှ ပညာရေးကို
နံပါတ်နှစ်နေရာထားပါ

ငါးသိန်းဆိုတာ တနှစ်ခုနှစ်သောင်းလျှော့ရင်
ဘယ်နှစ်နှစ်ခံမလဲ တွက်ကြည့်ကြပါ

ပညာရေးကောင်းလို့  ကမ္ဘာ့အဆင်းမီနိုင်ငံကြီး
ဖြစ်သွားပါစေ
ဗုဒ္ဓဘာသာဝင်အဖြစ် မခံယူနိုင်တော့ဘူးဆိုရင်တော့ ချမ်းသာတဲ့လူ့ ဘဝရလည်း အလကားပါပဲ
ဒါကို ဗုဒ္ဓဘာသာဝင်တွေသိပါတယ်

ဒါ့ကြောင့် ပညာရေးကိုဦးစားပေးပြီး ကြိုးစားရင်
အနည်းဆုံး နှစ်သုံးလေးဆယ်လောက်တော့
အချိန်ယူရပါလိမ့်မယ် အဲဒီလောက်အချိန်ပေးမှ
မြန်မာနိုင်ငံဟာ ကမ္ဘာအဆင့်မီနိုင်ငံဖြစ်မှာပါ

တနှစ်ခုနှစ်သောင်းနုန်းနဲ့ ရဟန်းသံဃာတော်တွေ
လျှော့နေရင် ငါးသိန်းဆိုတာ နောက် လေးငါး
နှစ်ဆိုရင် ကုန်ပြီ

ကဲ

နံပါတ်တစ်နေရာမှာ
ပညာရေးလား
ရဟန်းသံဃာ မလျှော့ရေးလားဆိုတာ

စဉ်းစားကြပါ

ဒီလိုရေးတဲ့အခါ
တုန့် ပြန်မှု့တွေ လာကြပါလိမ့်မယ်

ဒီလိုဖြစ်တာ အရင်အစိုးရ လုပ်ခဲ့လို့ ပါ

ဒီပို့ စ်ကို အရင်အစိုးရလက်ထက်မှာ ရေးပါလား
စတဲ့ တုန့်ပြန်မှု့တွေ လာကြပါလိမ့်မယ်

ဘာပဲဖြစ်ဖြစ်ပေါ့လေ

အခု နံပါတ်တစ်အရေးကြီးတာက

ရဟန်းသံဃာတော်များ ထပ်ပြီးမလျှော့ပေါ့အောင်
ကြိုးစားကြဖို့ ပါပဲ

တနှစ်ကို ခုနှစ်သောင်းလျှော့တယ်ဆိုတာ
ကျွန်တော့အတွက်တော့ ကြောက်စရာအကောင်းဆုံးသတင်းပါပဲ

ဗုဒ္ဓဘာသာဝင်တိုင်းမှာတာဝန်ရှိပါတယ်

လွှတ်တော်ထဲမှာ အဲဒီကိစ္စ အဆိုတင်သွင်းကြပါ

ကိုရင်သာမဏေလေးတွေကို ပျော်ရွှင်အောင်
ထားကြပါ

ရဟန်းသံဃာများကို ပစ္စည်းလေးပါးနဲ့ 
နိုင်သလောက်ထောက်ပံ့ကြပါ

ရဟန်းဆိုးတွေ ရဟန်းအတုအယောင်တွေ တွေ့ ရင် သက်ဆိုင်ရာ သံဃာ့ယကအဖွဲ တို့ တာဝန်ရှိသူတို့ ကို အကြောင်းကြားပေးကြပါ

ဆရာ ဒကာ တက်ညီလက်ညီကြိုးစား
ကြဖို့ ရန် ဆန္ဒပြုပါ၏

- - - - - - - - - - - - - - -

ဗုဒ္ဓဘာသာဝင်တိုင်း share ကြပါရန်

ဦးမြင့်ခိုင်

28/02/2019

"ရှင်ပြုနားသအလှူအတွက် အဖြုန်းစာရင်း"

ဆိုင်း ၃၅-သိန်း
ဘိသိက် ၁၀- သိန်း
မဏ္ဍပ်စင် ၁၀-သိန်း
မြင်းငှားခ ၄-သိန်း (တစ်ကောင် ၂-သောင်း/အကောင် ၂၀ စာ)
မိတ်ကပ်ဖိုး ၁-သိန်း(နာမည်ကြီးဆို ၁၀-သိန်းထိဈေးပေါက်)
ဓာတ်ပုံဗီဒီယို ၂-သိန်း
ရှင်လောင်းလှည့် ၅-သိန်း
ဝတ်စုံ ၃-သိန်း
အရက်ဖိုး ၁-သိန်း
စည်တော်ကြီး ၃-သိန်း
ထွေလီကာလီ ၁-သိန်း
---------
စုစုပေါင်း ၇၅- သိန်း

ရှင်ပြုနားသအလှူအတွက်အသုံးစာရင်း

ဘုန်းကြီးလှူရံ ၁-သိန်း (အပါး ၂၀/ တစ်ပါး ၅၀၀၀ )
ဧည့်ခံကျွေးမွေး ၅-သိန်း
---------
စုစုပေါင်း ၆-သိန်း

ရှင်ပြုပွဲအတွက်အနှစ်သာရက
၁။ ဦးခေါင်းရိတ် (သုံးမရတဲ့ကော်ဓားတွေအစား ဂျုတ်နဲ့ဘလိတ်ဓား အစားထိုးသင့်)
၂။ သင်္ကန်းဝတ် (ဖွားဖက်တော်အတိုင်းသားမြင်နေရတဲ့ ပိတ်ကြဲသင်္ကန်းမဖြစ်သင့်)
၃။ သရဏဂုံသုံးပါးဆောက်တည် (သရဏဂုံကို ပီပီသသမဆိုတတ်သေးရင် ရှင်ပြုမပေးသင့်၊ နို့တောင်မပြတ်သေးတဲ့ကလေးကို ရှင်ပြုမပေးသင့်၊
သင်္ကန်းဝတ်နဲ့နို့စို့တာ ကြည့်မကောင်း😁)

ရှင်ပြုနားသအလှူတော်အတွက်အမှန်တကယ်လိုအပ်တာက
သင်္ကန်း ၂-သောင်း
သပိတ် ၈-ထောင်
ဂျုတ်/ဓား ၄-ထောင်
ခါးပန်းကြိုး ၁-ထောင်
ဆွမ်း ၅-ထောင်(တစ်အုပ်စာ)
ဘောဇဉ် ၂-ထောင်
---------------
စုစုပေါင်း ၄-သောင်း (တောရပ်ဒေသက သာမန်လက်လုပ်လက်စားရဲ့
တစ်နေ့စာလုပ်အားခက ၅-ထောင်၊ ၈-ရက်စုလိုက်တာနဲ့ ရှင်ပြုလို့ရပြီ)

ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲရဲ့ရလာဒ်
ရှင်အပါး ၂၀-မှာ တစ်ပါးမျှ သာသနာအတွက်မကျန်
ကူငွေ လှူငွေမကိုက်တော့ အကြွေးတင်၊
အနှစ်ရတာက ၅-ကျပ်သား၊ အကာတွေရသွားတာက ၅-ပိဿာ

ရသေ့စိတ်ဖြေ
မြန်မာပြည်မှာ ရှင်ပြုပွဲတစ်ရာရှိလို့ သာသနာအတွက်
ရှင်ဆယ်ပါးကျန်ရင် ကျေနပ်ပြီ.....

ဒါပါပဲ၊ မြန်မာပြည်က ရှင်ပြုနားသအလှူဆိုတာ...........

(ဒီညအလှူပွဲဓမ္မသဘင်မှာ ပြောဖြစ်တဲ့စကား၊ ဟောဖြစ်တဲ့တရား)ှ

*Panna Loka*

(၃.၉.၂၀၁၇) (တနင်္ဂနွေနေ့)ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ စန္ဒကူးပရိယတ္ထိစာသင်တိုက်မှ ရှင်သာမဏေ ၅၆ ပါးအတွက် ဆေးပဒေသ...
04/09/2017

(၃.၉.၂၀၁၇) (တနင်္ဂနွေနေ့)
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ စန္ဒကူးပရိယတ္ထိစာသင်တိုက်မှ ရှင်သာမဏေ ၅၆ ပါးအတွက် ဆေးပဒေသာပင်ကုသိုလ်တော်.....။

ရှင်သာမဏေငယ်များအား ပထမအကြိမ် ထောက်ပံ့ရေးအလှူမှတ်တမ်းပုံရိပ်များ

25/08/2017

သာသနာပြုခြင်း ဆိုသည်မှာ
====================
သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင်
ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည် သာသနာပြုဖို့ရန် အလွန်စိတ်
ဝင်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြုအမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌၀တ်ဆင်ထားသော ရတနာများကို ချွတ်
ပြီး လှူတတ်ကြ၏။ သာသနာပြုလိုလျှင်၊ သာသနာပြု ပုဂ္ဂိုလ်များကို တကယ် လှူဒါန်းလိုလျှင် သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိရမည် ဖြစ်၏။

သာသနာဟူသည်-- အဆုံးအမပင် ဖြစ်၏။ မည်သူ၏ အဆုံးအမနည်းဟု ဆိုလျှင် ဗုဒ္ဓ၏အဆုံးအမပင် ဖြစ်၏။ ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး မိမိသန္တာန်မှာ ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို
ယုံကြည်ကြရ၏။ ဤသည်မှာ မိမိသန္တာန်ကို ဦးစွာသာသနာပြုခြင်း မည်၏။

မိမိသန္တာန်တွင် သာသနာသုံးရပ် တည်ပြီးလျှင် သူတစ်ပါး သန္တာန်တွင် သာသနာသုံးရပ်တည်အောင် စာသင်တိုက်များ ဖွင့်လှစ်၍ စာပေများကို ပို့ချသင်ကြားပေးခြင်း၊ ရိပ်သာများတည်ထောင်ပေး၍ တရားဓမ္မများ ဟောပြောပြသခြင်းများသည် သူတစ်ပါး သန္တာန်၌ သာသနာပြုခြင်းပင် ဖြစ်၏။

ထို့ကြောင့် တကယ်သာသနာပြုနေသူများသည် စာချဆရာတော်များ၊ တရားပြ ဆရာတော်များပင် ဖြစ်၏။ သို့သော် ဗုဒ္ဓဘာသာ အများစုကား ဘုရားတည်သော ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ ဂိုဏ်းဆရာနှင့် တောထွက် ရဟန်းတော် အချို့ကိုသာ သာသနာပြု ပုဂ္ဂိုလ်များဟု ထင်မြင်နေကြ၏။ ထင်ရခြင်း၏ အကြောင်းမှာ ဘုရားတည်သောသူများက “သာသနာပြု ” ဟူသော ဆိုင်းဘုတ်ကို ကြီးကျယ်စွာ ထောင်နေကြသောကြောင့် ဖြစ်၏။

အမှန်အားဖြင့် ဘုရားတည်ခြင်းကို သာသနာပြုခြင်းဟု မခေါ်နိုင်ပေ။ ဒါနပြုခြင်းဟုသာခေါ်ဆိုနိုင်၏။ ထိုကဲ့သို့ သာသနာပြုခြင်း၏ အဓိပ္ပါယ်ကို သေချာမသိခြင်းကြောင့် ဒကာ၊ ဒကာမများသည် ဘုရားတည်သော ဘုန်းကြီးများကိုသာ အဓိကထား လှူဒါန်းကြ၏။ စာသင်တိုက်နှင့်
တရားပြ ဆရာတော်များကို ပစ်ထားကြသောကြောင့် ထိုမြို့၊ ထိုရွာ၌ စာသင်တိုက်များနှင့်တရားပြစခန်းများ တည်တန့်ဖို့အတွက်၊ သာသနာတော် အဓွန့်ရှည်ရေးအတွက် အားလုံးသော တရားချစ်ခင် သူတော်စင်တို့သည် ၀ိုင်းဝန်းကြိုးပမ်း လှူဒါန်းကြပြီး နိဗ္ဗာန်ချမ်းသာ ရတဲ့အထိ အားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ။

{ မေတ္တာရှင်- ရွှေပြည်သာ၏ မေတ္တာဖြင့်စီးပွါးရှာခြင်းမှ ကောက်နုတ်ရေးသားပူဇော်ပါသည်}

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

LIKEလုပ်၍သာဓုခေါ်ကုသိုလ်ယူပါ။
https://damanady1.blogspot.com

25/08/2017

သာသနာပြုခြင်း ဆိုသည်မှာ
====================
သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင်ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည် သာသနာပြုဖို့ရန် အလွန်စိတ်ဝင်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြုအမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌၀တ်ဆင်ထားသော ရတနာများကို ချွတ်ပြီး လှူတတ်ကြ၏။ သာသနာပြုလိုလျှင်၊ သာသနာပြု ပုဂ္ဂိုလ်များကို တကယ် လှူဒါန်းလိုလျှင် သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိရမည် ဖြစ်၏။

သာသနာဟူသည်-- အဆုံးအမပင် ဖြစ်၏။ မည်သူ၏ အဆုံးအမနည်းဟု ဆိုလျှင် ဗုဒ္ဓ၏အဆုံးအမပင် ဖြစ်၏။ ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး မိမိသန္တာန်မှာ ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်ကြရ၏။ ဤသည်မှာ မိမိသန္တာန်ကို ဦးစွာသာသနာပြုခြင်း မည်၏။

မိမိသန္တာန်တွင် သာသနာသုံးရပ် တည်ပြီးလျှင် သူတစ်ပါး သန္တာန်တွင် သာသနာသုံးရပ် တည်အောင် စာသင်တိုက်များ ဖွင့်လှစ်၍ စာပေများကို ပို့ချသင်ကြားပေးခြင်း၊ ရိပ်သာများ တည်ထောင်ပေး၍ တရားဓမ္မများ ဟောပြောပြသခြင်းများသည် သူတစ်ပါး သန္တာန်၌ သာသနာပြုခြင်းပင် ဖြစ်၏။

ထို့ကြောင့် တကယ်သာသနာပြုနေသူများသည် စာချဆရာတော်များ၊ တရားပြဆရာတော်များပင် ဖြစ်၏။ သို့သော် ဗုဒ္ဓဘာသာ အများစုကား ဘုရားတည်သော ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ ဂိုဏ်းဆရာနှင့် တောထွက် ရဟန်းတော် အချို့ကိုသာ သာသနာပြု ပုဂ္ဂိုလ်များဟု ထင်မြင်နေကြ၏။ ထင်ရခြင်း၏ အကြောင်းမှာ ဘုရားတည်သောသူများက “သာသနာပြု ” ဟူသော ဆိုင်းဘုတ်ကို ကြီးကျယ်စွာ ထောင်နေကြသောကြောင့် ဖြစ်၏။

အမှန်အားဖြင့် ဘုရားတည်ခြင်းကို သာသနာပြုခြင်းဟု မခေါ်နိုင်ပေ။ ဒါနပြုခြင်းဟုသာခေါ်ဆိုနိုင်၏။ ထိုကဲ့သို့ သာသနာပြုခြင်း၏ အဓိပ္ပါယ်ကို သေချာမသိခြင်းကြောင့် ဒကာ၊ ဒကာမများသည် ဘုရားတည်သော ဘုန်းကြီးများကိုသာ အဓိကထား လှူဒါန်းကြ၏။ စာသင်တိုက်နှင့် တရားပြ ဆရာတော်များကို ပစ်ထားကြသောကြောင့် ထိုမြို့၊ ထိုရွာ၌ စာသင်တိုက်များနှင့်တရားပြစခန်းများ တည်တန့်ဖို့အတွက်၊ သာသနာတော် အဓွန့်ရှည်ရေးအတွက် အားလုံးသော တရားချစ်ခင် သူတော်စင်တို့သည် ၀ိုင်းဝန်းကြိုးပမ်း လှူဒါန်းကြပြီး နိဗ္ဗာန်ချမ်းသာ ရတဲ့အထိ အားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ။

{ မေတ္တာရှင်- ရွှေပြည်သာ၏ မေတ္တာဖြင့်စီးပွါးရှာခြင်းမှ ကောက်နုတ်ရေးသားပူဇော်ပါသည်}

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

LIKEလုပ်၍သာဓုခေါ်ကုသိုလ်ယူပါ။
https://damanady1.blogspot.com

သာမဏေငယ်လေးများ အထောက်အပံ့အဖြစ် လှူဒါန်းပေးပါသော အလှူရှင်ကိုဟန်ထွန်းအား အထူးကျေးဇူးတင်ပါတယ်။သာဓုသာဓုသာဓုပါနိဗ္ဗာန်အတွက် အထေ...
07/08/2017

သာမဏေငယ်လေးများ အထောက်အပံ့အဖြစ် လှူဒါန်းပေးပါသော အလှူရှင်ကိုဟန်ထွန်းအား အထူးကျေးဇူးတင်ပါတယ်။
သာဓု
သာဓု
သာဓုပါ
နိဗ္ဗာန်အတွက် အထောက်အပံ့ ဖြစ်ပါစေ....

အလှူရှင်မိသားစုနှင့်တကွ အကျိုးတော်ဆောင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ....
07/08/2017

အလှူရှင်မိသားစုနှင့်တကွ အကျိုးတော်ဆောင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ....

ရှင်သာမဏေငယ်များ ထောက်ပံ့ရေးအတွက် ပဒေသာပင်အဖြစ် မတည်အလှူရှင်ဖြစ်သော အလှူရှင် -မအေးအေးလွင်လိုအင်ဆန္ဒများ ပြည့်စုံပြီး ဘဝမှ...
14/07/2017

ရှင်သာမဏေငယ်များ ထောက်ပံ့ရေးအတွက် ပဒေသာပင်အဖြစ် မတည်အလှူရှင်ဖြစ်သော အလှူရှင် -

မအေးအေးလွင်

လိုအင်ဆန္ဒများ ပြည့်စုံပြီး ဘဝမှာ မတောင့်မတ မကြောင့်မကြ နေထိုင်သွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

အလှူရှင်များမှလည်း အောက်ပါဘဏ်အကောင့်သို့ ဆက်သွယ်လှူဒါန်းနိုင်ပြီဖြစ်ပါကြောင်း မြန်မာနိုင်ငံရှိ ရှင်သာမဏေငယ်များကိုယ်စား လေးစားစွာ နိုးဆော်အပ်ပါသည်။

Thuya Naing Win - 09420106742
AYA Bank
0048 2010 1008 4163

အကြံပေးတင်ပြသူ = မင်းဗေဒါ (ပွင့်ဖြူ)
12/07/2017

အကြံပေးတင်ပြသူ = မင်းဗေဒါ (ပွင့်ဖြူ)

ရေးသူ = မင်းဗေဒါ(ပွင့်ဖြူ)
11/07/2017

ရေးသူ = မင်းဗေဒါ(ပွင့်ဖြူ)

အလှူရှင်များ၏ မတည်လှူဒါန်းငွေများအတွက် ယခုကဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာများလည်း အမှတ်တရ ပေးအပ်သွားပါမည်။
10/07/2017

အလှူရှင်များ၏ မတည်လှူဒါန်းငွေများအတွက် ယခုကဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာများလည်း အမှတ်တရ ပေးအပ်သွားပါမည်။

ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့နိုင်စေရန်အတွက် ဝိုင်းဝန်းကူညီ လှုဒါန်းကြပါစို့....။
10/07/2017

ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့နိုင်စေရန်အတွက် ဝိုင်းဝန်းကူညီ လှုဒါန်းကြပါစို့....။

Address

Ngu War Street
Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09420106742

Alerts

Be the first to know and let us send you an email when ရှင်သာမဏေငယ်များ ထောက်ပံ့ရေးဖောင်ဒေးရှင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ရှင်သာမဏေငယ်များ ထောက်ပံ့ရေးဖောင်ဒေးရှင်း:

Share