30/05/2026
မယ်တော်၏ လ မေလတွင်
အမျိုးသမီးအသင်းမှ ညီအမများအိမ်များသို့ သွားရောက်၍ စိတ်ပုတီးစိတ် ဆုတောင်း ခြင်းကို
အေကြာင်းအမျိုးမျိုးေကြာင့် မသွားဖြစ်ခဲ့သော်လည်း မင်းပညာရှိသုံးပါးဘုရားကျောင်းတွင် စုပေါင်း ပုတီးစိတ်ခြင်းကို ယနေ့ နံနက် က ပြုလုပ်ခဲ့ကြပါသည်။ 🙏
စိတ်ပုတီး၏ နက်နဲဖွယ်ရာ အချက်များကို ထောက်ရှူပြီး စိတ်ပုတီး တစ်ကုံးစီအတွက် ရည်ရွယ်ချက်များ ထားရှိကာ စိတ်ပုတီး လေးကုံးစိတ်ခဲ့ကြပါသည်။
အသင်းမှ ညီအမများနှင့် မိသားစု၀င်များ ၁၄ ဦး ပါ၀င် ခဲ့ကြပါသည်။ 🌹🌺