Word of Hope LHM - Myanmar

Word of Hope LHM - Myanmar မျှော်လင့်ရာ သမ္မာတရား (Word of Hope, L.H.M)

မျှော်လင့်ရာသမ္မာတရား(Word of Hope, L.H.M) ရုံးခန်း
အမှတ် 121 B တတိယထပ် (ညာဖက်ခန်း)
အလုံလမ်း၊ ကရင်ခြံရပ်ကွက်၊
အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉ - ၇၈၅ ၂၉၈၅၁၁
Email :[email protected]
Website: wohlhm.org

27/08/2026

"ခိုနားခွင့်ပေးပါဦးသခင်"
တေးရေး - စတုန်း
မူရင်းတေးသံရှင် - ချောစုခင်
Covered by Steven Stranger

သခင်ယေရှုရွေးချယ်​တော်မူခဲ့သောလမ်းကြာသပတေးနေ့၊ ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရ...
27/08/2026

သခင်ယေရှုရွေးချယ်​တော်မူခဲ့သောလမ်း
ကြာသပတေးနေ့၊ ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ ထို​အ​ခါ ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ ခေါ်၍၊ သ​ခင်၊ ကိုယ်​တော်၌ ဤ​သို့ မ​ဖြစ်​ပါ​စေ​နှင့်။ ဤ​အ​မှု​သည် ကိုယ်​တော်၌ မ​ရောက်​ရာ​ဟု အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊ ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လှည့်၍ အ​ချင်း​ရန်​သူ၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ​တိုက်​မိ၍ လဲ​စ​ရာ​အ​ကြောင်း ဖြစ်၏။ သင်​သည် ဘု​ရား​သ​ခင်၏​အ​ရာ​ကို စိတ်​မ​စွဲ​လမ်း၊ လူ​တို့၏​အ​ရာ​ကို​သာ စွဲ​လမ်း​သည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။ အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့် အ​သက်​ရှုံး၏၊ ထို​သူ​သည် အ​သက်​ကို တွေ့​လိမ့်​မည်။ လူ​သည် ဤ​စ​ကြ​ဝ​ဠာ​ကို အ​ကြွင်း​မဲ့​အ​စိုး​ရ၍ မိ​မိ​အ​သက်​ဝိ​ညာဉ် ရှုံး​လျှင်အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို အ​ဘယ်​ဥ​စ္စာ​နှင့် ရွေး​နိုင်​သ​နည်း။ လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​ နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။
(ရှင်မဿဲ ၁၆:၂၁-၂၇)
သခင်ယေရှုမှ သူ့ကို ဤမျှလောက်ပြင်းပြင်းထန်ထန် ပြန် ပြောလိမ့်မည်ဟု ​ပေတရုမျှော်လင့်ထားခဲ့မည် မဟုတ်ပါ။ ပေတရု၏အမြင်အရ သူပြော​သောစကားသည် သင့်လျော်ပြီး ကျိုးကြောင်းဆီလျော်တဲ့စကားဟု ခံယူခဲ့လိမ့်မည်။ ဘု ရားသခင်ရွေးချယ်ထား​တော်မူ​သော မေရှိယဖြစ်တော်မူသော သခင်ယေရှုအပေါ် ထိုသို့ဆိုးရွားလှသည့်အမှုများကို ဘုရားသခင်မှ ဘယ်​သောအခါမျှ ခွင့်ပြုမည်မဟုတ်ဟု ​​ပေတရုမှတ်ထင်ခဲ့သည်။
သို့​သော် သခင်ယေရှုသည် အမှန်တရားကို မြင်တော်မူခဲ့သည်။ ပေတရုမှတစ်ဆင့် စာတန် ပြောနေခဲ့သည်ကို သခင် ​ယေရှုသိတော်မူသည်။ သခင်ယေရှုကို မိမိရွေးချယ်ထား​သောလမ်းကနေ လွဲသွားစေပြီး လက်ဝါးကပ်တိုင်ကို ရှောင် လွှဲစေဖို့ စာတန်သည် သွေးဆောင်နေခဲ့သည်။ သို့​သော် ထိုကဲ့သို့ ဖြစ်နိုင်မည်မဟုတ်ပါ။
ပေတရုအကြံပြုသကဲ့သို့ သခင်ယေရှုသည် မိမိကိုယ်ကို ကယ်တင်ခဲ့မည်ဆိုပါက ကျွန်ုပ်တို့အားလုံး ကယ်တင်ခြင်းမရဘဲ အပြစ်၊ မကောင်းမှုနှင့်သေခြင်းတို့၏ ကျွန်များအဖြစ် ဆက်ရှိနေကြရမည်ဖြစ်ပြီး နောက်ဆုံး ပျက်စီးခြင်းကို ရောက်ရှိသွားကြရမည်သာ။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို အလွန်ချစ်တော်မူသည့်အတွက် ထိုသို့ဖြစ်ခွင့်မပြုနိုင်ခဲ့ပါ။
ထိုထက်မကပိုပြီး အရေးကြီးသည်က သခင်ယေရှုသည် ခမည်းတော်ဘုရားသခင်ကို အလွန်ချစ်တော်မူသည့်အ တွက် ခမည်းတော်၏စကားကို မနာခံဘဲ ကယ်တင်ခြင်းအမှု​တော်ကို ဖျက်ဆီး​တော်မူမည် မဟုတ်ပါ။ ထိုကယ်တင်ခြင်းအစီအစဉ်သည် ကမ္ဘာကြီးမတည်မီကတည်းက သဘောတူထားခဲ့​သော အစီအစဉ်ဖြစ်သည်။
သခင်ယေရှုသည် အမှန်တရားကို ထိုမျှလောက်ရှင်းလင်းစွာ မြင်တော်မူခဲ့သည်ကို ကျွန်ုပ် ဝမ်းမြောက်မိသည်။ သခင်ယေရှုသည် ဆင်းရဲဒုက္ခခံဖို့၊ အသေခံဖို့နဲ့ သေခြင်းမှ ထ မြောက်ဖို့ရန် မရွေးချယ်ခဲ့ပါက ယခုအချိန်တွင် ကျွန်ုပ် အ ဘယ်သို့ဖြစ်နေမည်နည်း။ မိတ်​ဆွေသည်လည်း အဘယ်သို့ ဖြစ်နေလိမ့်မည်နည်း။
သခင်ယေရှုသည် ကျွန်ုပ်တို့ကို ချစ်တော်မူသည့်အတွက် မိမိရွေးချယ်ထား​သောလမ်းကို မစွန့်ဘဲ ဆက်လျှောက်တော်မူခဲ့သည်။ ကျွန်ုပ်တို့အားလုံး ထာဝရအသက်ရရှိစေဖို့အတွက် မိမိအသက်ကို လိုလိုလားလား ပေးအပ်​တော်မူခဲ့သည်။ သ ခင်ယေရှုကို ယုံကြည်သူတိုင်း ရရှိထားအရာမှာ ထာဝရအ သက်၊ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဘုရားသခင်၏ငြိမ်သက်ခြင်းနှင့် ဘုရားသခင်၏မိသားစုအဖြစ် အမြဲနေရာတစ်ခု ရရှိခြင်းတို့ပင် ဖြစ်သည်။
ထိုအရာများထက်မက သခင်ယေရှုသည် ကျွန်ုပ်တို့ကို မိမိ ၏အမှုတော်ထဲတွင် နေရာတစ်ခု ပေးအပ်ခြင်းအားဖြင့် ဂုဏ်ပြုတော်မူသည်။ ဘုရားသခင်ပိုင်သသူများဖြစ်ကြ​သောကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ လူတို့ကို ဧဝံဂေလိသတင်း ကောင်း ကြားသိစေရန် အရေးကြီး​သောအခန်းကဏ္ဍ၌ ပါ ဝင်နေကြသည်။ ဤသို့ဖြင့် လူများစွာသည် သခင်ယေရှုကို မိမိတို့၏ ကယ်တင်ရှင်အဖြစ် ယုံကြည်နိုင်ကြမည်ဖြစ် သည်။
ဤအတွက် ကျွန်ုပ်တို့ အဘယ်အရာကိုပေးဆပ်ရမည်နည်း။ ဟုတ်ပါသည်။ ပေးဆပ်ရမည်သာဖြစ်သည်။ ​ပေး ဆပ်ရ​သောအဖိုးအခသည် သခင်ယေရှုပေးဆပ်ခဲ့​သောအဖိုးအခနှင့် ဆင်တူပါလိမ့်မည်။ ကျွန်ုပ်တို့သည် လက်ဝါး ကပ်တိုင်ပေါ် ၌ချိတ်ဆွဲခံရမည် မဟုတ်​သော်လည်း ဆင်းရဲဒုက္ခတစ်မျိုးမျိုးကို ခံရမည်မှာ သေချာသည်။ အဘယ် ကြောင့်ဆို​သော် ဤလောက၏ သဘောသဘာဝမှာ ဤသို့ပင်ဖြစ်သည်။
ဤသို့ပေးဆပ်ရခြင်းသည်အလွန်တန်ဖိုးရှိသည်။ နောက်ဆုံးမှာ ကျွန်ုပ်တို့သည် မိမိတို့ ကယ်တင်ရှင်၏မျက်နှာတော်ကို ကိုယ်တိုင်မြင်ရမည်ဖြစ်ပြီး၊ ဘုရားသခင်မှ “ကောင်းစွာလုပ်ခဲ့ပြီ” ဟု ​ပြော​သောစကားသံကို ကြားရမည်။ ထိုထက်ပိုပြီး အဘယ်အရာကို တောင်းဆိုနိုင်မည်နည်း။
ဆုတောင်းချက်။ ။“အို သခင်၊ လမ်းခရီးတစ်​လျှောက်ခက်ခဲပြီး ကြောက်စရာကောင်း​သောအချိန်မှာပင် ကိုယ်တော်၏ နောက်​တော်သို့သာ လိုက်နိုင်ရန် အကျွန်ုပ်ကို ကူညီတော်မူပါ။ အာမင်။”
ဤ Daily Devotion ကို Dr. Kari Vo မှရေးသားထား သည်။
သုံးသပ်ရန် မေးခွန်းများ
၁။ သခင်ယေရှုအတွက် တစ်စုံတစ်ခုကို လုပ်ဆောင်​နေခဲ့ စဥ် မည်သည့်အချိန်ကာလ၌ ကြောက်ရွံ့ရခြင်း သို့မဟုတ် စိတ်လှုပ်ရှားစိုးရိမ်ရခြင်း ​တွေ့ကြုံခံစားခဲ့ရသနည်း။
၂။ ယခု ပြန်စဉ်းစားသည့်အခါ ထိုအချိန်ကာလအတွက် နောင်တရပါသလား။ သို့မဟုတ် ဝမ်းမြောက်မိပါသလား။
၃။ သခင်ယေရှုကို မျက်နှာချင်းဆိုင် တွေ့ရမည့်နေ့ကို မျှော်လင့်နေပါသလား။ အဘယ်ကြောင့်နည်း၊ သို့မဟုတ် အဘယ်ကြောင့် မမျှော်လင့်ရသနည်း။

26/08/2026

"ဝိညာဉ်ခွန်အားပြည့်စေဖို့ နှုတ်ကပတ်တော်ဆင်ခြင်စို့"

26/08/2026

"အထက်မှအသံတော်"
ဝေမျှသူ - ဆရာသောမတ်စ်မြသွင်

26/08/2026

🎙️ Song For You 🎙️ Season 4 • Episode - 34 မိတ်ဆွေများအားလုံးကို မင်္ဂလာပါလို့

လက်တွေ့လုပ်​ဆောင်ကြပါစို့။ ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကျမ်းချက်။ ။ သင်​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အ​ဖို...
26/08/2026

လက်တွေ့လုပ်​ဆောင်ကြပါစို့။
ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။ သင်​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​အ​ဖို့ မေ​တ္တာ​ပို့​ကြ​လော့။ ကျိန်​ဆဲ​ခြင်း​ကို​မ​ပြု၊ မေ​တ္တာ​ပို့​ခြင်း​ကို​သာ ပြု​ကြ​လော့။ သင်​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း လူ​အ​ပေါင်း​တို့​ နှင့် အ​သင့်​အ​တင့်​နေ​ကြ​လော့။ ချစ်​သူ​တို့၊ သူ​တစ်​ပါး​သည် သင်​တို့​ကို ပြစ်​မှား​လျှင်၊ ကိုယ်​တိုင်အ​ပြစ်​ပြန်၍မ​တုံ့​ကြ​နှင့်။ အ​မျက်​တော်​ကို အ​ခွင့်​ပေး​ကြ​လော့။ ကျမ်း​စာ​လာ​သည်​ကား၊ ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ထို​ကြောင့် သင်၏​ရန်​သူ​သည် မွတ်​သိပ်​လျှင် လုပ်​ကျွေး​လော့။ ရေ​ငတ်​လျှင် သောက်​စ​ရာ​ဖို့​ပေး​လော့။ ထို​သို့​ပြု​လျှင် သူ၏​ခေါင်း​ပေါ်၌ မီး​ခဲ​ကို​ပုံ​ထား​လိမ့်​မည်။ အ​ဆိုး​အား​ဖြင့် အ​ရှုံး​မ​ခံ​နှင့် အ​ကောင်း​အား​ဖြင့် အ​ဆိုး​ကို​နိုင်​လော့။(ရောမ ၁၂:၁၄၊ ၁၈–၂၁)
ဤကျမ်းပိုဒ်ကို ဖတ်သည့်အခါ တစ်ချိန်က ကျွန်​မတို့အ သင်းတော်တွင် ဖြစ်ပွားခဲ့​သောပဋိပက္ခတစ်ခုကို သတိရမိ သည်။ ခေါင်းဆောင်အချို့သည် ထိုပြဿနာနှင့်ပတ်သက်ပြီး မည်သို့လုပ်​ဆောင်သင့်​ကြောင်းကို ဆွေးနွေးနေကြသည်။ အသင်းသားတစ်ယောက်မှ ပြဿနာဖြစ်အောင်လုပ်နေသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်သည်ဟု အ ကြံပြုခဲ့သည်။
ကျွန်မနှင့် ကျွန်မ၏ခင်ပွန်းတို့အတွက် ထိုအကြံပြုချက် သည်မမှန်ဟု ခံစားရသည်။ ထို့ကြောင့် ထိုအသင်းသားများနှင့်ငြိမ်းချမ်း​သောနည်းလမ်းဖြင့် ဖြေရှင်းဖို့ရန်သာ သာ၍ အကြံပြုခဲ့ကြသည်။ “အဲဒါကတော့ သမ္မာကျမ်းစာအတွက် ကောင်းပါတယ်။ ဒါပေမယ့် ဒီနေရာက တကယ့်လောကကြီးပဲ။ ကျွန်တော်တို့က လက်တွေ့ကျဖို့လိုတယ်” ဟု ပြန်၍အ ပြောခံခဲ့ရသည်။ ကျွန်မ အလွန်အံ့ဩပြီး စိတ်မကောင်းဖြစ်မိသည်။
အဘယ်ကြောင့်ဆို​သော် ဤကျမ်းပိုဒ်တွင် သန့်ရှင်းသောဝိ ညာဉ်တော် ပြောနေ​သောအရာသည် တကယ်လက်တွေ့ကျ သည်။ လက်တွေ့အကျဆုံးအရာတစ်ခု ဖြစ်သည်။ အကြမ်း ဖက်မှုကို အကြမ်းဖက်မှုဖြင့်ပြန်တုံ့ပြန်ခြင်းသည် ပဋိပက္ခကို ပိုရှည်စေ​ကြောင်းကို ကျွန်မတို့အားလုံး သိကြသည်။ တစ်စုံတစ်ယောက် ထိခိုက်ခံရတိုင်း ထိုသူမှ လက်စားချေပါက အခြားတစ်ယောက်ကို ထိခိုက်စေမြဲဖြစ်အည်။ ဤသို့ဖြင့် ပဋိပက္ခသည် ထိန်းမနိုင်သိမ်းမရသည်အထိ ပိုမိုကြီးထွားလာသည်။
ဤသို့ အငြိုးအတေးဖြင့် လက်စားချေမှုများ ဆက်တိုက်ဖြစ်နေသည့်သံသရာ စက်ဝိုင်းကို ဖြတ်တောက်နိုင်​သောတစ်ခုတည်းသောနည်းလမ်းမှာ ရှင်ပေါလု၏အကြံဉာဏ်ကို လိုက်နာခြင်း ဖြစ်သည်။ ကိုယ်တိုင် လက်စားမချေဘဲ ထိုကိစ္စကို ဘုရားသခင်ထံ အပ်နှံလိုက်ပါ။ တစ်ချိန်တည်းမှာပင် မိမိ၏ရန်သူများအ​ပေါ် ကောင်းမှုပြုနိုင်​သောအခွင့် အ ရေး ရှိသမျှ ကောင်းမှုပြုပါ။ ထိုသို့လုပ်​ဆောင်ပါက သူတို့အနေဖြင့် အဘယ်သို့တုံ့ပြန်ရမည်ကို မသိပဲ အံ့ဩသွားတတ်ကြသည်။
သို့​သော် ဤနည်းလမ်းသည် အမှန်အလုပ်ဖြစ်မည်လား။
“အလုပ်ဖြစ်တယ်” ဟူ​သောစကားကို မည်သို့အဓိပ္ပါယ်ဖွင့်သနည်းဟူ​သောအချက်​ပေါ်မူတည်သည်။ မိမိကောင်းမှုပြုလိုက်​သောကြောင့် မိမိ၏ရန်သူများသည် မိမိကို ထပ်မံအန္တရာယ်ပြုဖို့ ကြိုးစားရာက ရပ်သွားချင်မှ ရပ်ပါလိမ့် မည်။ စင်စစ် မိတ်​ဆွေမှ တစ်စုံတစ်ရာ မကောင်းကြံနေ သည်ဟူ၍ပင် သူတို့ထင်ပြီး မိတ်​ဆွေကို ပို၍ထိခိုက်အောင် ကြိုးစားလာနိုင်သည်။
သို့ရာတွင် မိတ်​ဆွေ၏ကောင်းမှုပြုခြင်းသည် သူတို့ကို သေချာပေါက် စဉ်းစားစေပါလိမ့်မည်။ တစ်ခါတရံ ထိုအထဲမှ ဧဝံဂေလိတရား၏မျိုးစေ့သည် သူတို့၏နှလုံးသားထဲ ကျရောက်သွားနိုင်သည်။ နှစ်ပေါင်းများစွာကြာပြီးမှ ထိုမျိုးစေ့သည် အသီးပွင့်လာတာကိုပင် မြင်ရနိုင်သည်။
နောက်ဆုံး သူတို့သည် သတ္တိရှိလာပြီး “မင်း ငါ့ကို ထိခိုက်အောင်လုပ်နိုင်တဲ့အခွင့်အရေး ရှိခဲ့ရဲ့သားနဲ့ ဘာကြောင့် ငါ့ကို မထိခိုက်​စေခဲ့သလဲ” ဟူ၍ မေးလာလိမ့်မည်။ ထိုအချိန်တွင် ကျွန်မတို့မှ သခင်ယေရှုအကြောင်း သူတို့ကို ပြောပြနိုင်သည်။
အဘယ်ကြောင့်ဆို​သော် သခင်ယေရှုသည် ဦးစွာ ထိုသို့သက်ရှင်ပြခဲ့သည် မဟုတ်ပါလား။
လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်။ ဘုရားသခင်၏ မေတ္တာဖြင့် ကျေးဇူးပြုခြင်းကို ခံစားရပါလျက်နှင့် မိမိ၏သဘောအတိုင်း လမ်းလွဲသွားခဲ့ကြသည်။ သို့​သော် ဘုရားသခင်မှ ကျွန်မတို့ကို ကိုယ့်ကိုယ်ကိုယ် ဖျက် ဆီးပစ်ဖို့ ပစ်ထားခဲ့ခြင်း မရှိပါ။ ဘုရားသခင်သည် ကျွန်မတို့ကို ရှာဖွေဖို့ ကြွလာ​တော်မူခဲ့သည်။
ဘုရားသခင်သည် ကျွန်မတို့၏ကယ်တင်ရှင်ဖြစ်လာဖို့ရန် သူငယ်​တော်အဖြစ် ဤလောကထဲတွင် မွေးဖွားလာခဲ့သည်။ လူတို့မှ ဘုရားသခင်အပေါ်ထားရှိ​သော ရန်လိုမုန်းတီးမှုကို ဘုရားသခင်အပေါ် ပြုခဲ့သမျှ ကြောက်မက်ဖွယ်ရာအမှုများဖြင့် ဖော်ပြခွင့်ပေးခဲ့သည်။ သစ္စာဖောက်ခြင်း၊ ရိုက်နှက်ခြင်း၊ လှောင်ပြောင်ခြင်းမှတဆင့် ကားတိုင်ပေါ် အသေခံ​တော်မူသည်အထိ ဖြစ်သည်။ သို့​သော် သခင်​ယေရှုသည် ထိုမကောင်းမှုအားလုံးကို ကားတိုင်ပေါ်တွင် ဖျက်ဆီးအောင် မြင်​တော်မူခဲ့သည်။

ယခု ဘုရားသခင်နှင့်ပြန်လည်ငြိမ်းချမ်းလိုသူတိုင်းအတွက် လမ်းဖွင့်ပေးထား​သည်။ ထိုအရာသာမက ထိုထက်အများကြီး ပိုကောင်း​သော အခွင့်ကို​ပေးထားသည်။ ဘုရားသခင် ၏သားသမီး ဖြစ်ခွင့်ရခြင်းဖြစ်သည်။
သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်သောအခါ ကျွန်မတို့အတွက် ကောင်းကင်နိုင်ငံ၏ တံခါးကို ဖွင့်ပေး​တော်မူခဲ့သည်။ ကျွန်မတို့ကို ဆန့်ကျင်ပြီး မှတ်တမ်းတင်ထား​သော ကျွန်မတို့၏ မကောင်းမှုများ ပျောက်ကွယ်သွားပါပြီ။ ကျွန်မတို့ခွင့်ပြုမည်ဆိုပါက သခင်ယေရှုသည် ကျွန်မတို့ကို သူနှင့်အတူ အိမ်တော်သို့ ခေါ်ဆောင်သွားပါလိမ့် မည်။ ကျွန်ုပ်တို့၏အတိတ်သည် ခွင့်လွှတ်ခြင်းခံရပြီး၊ ကျွန် မတို့၏ အနာဂတ်သည် မေတ္တာနှင့် ပြည့်နှက်နေပါလိမ့်မည်။
ဆုတောင်းချက်။ ။“အို သခင်၊ ဤအခွင့်ကို ကျွန်ုပ်ကိုယ် တိုင် ရချင်ပါ၏။ သို့​သော် ကျွန်ုပ်တစ်ယောက်တည်းနဲ့ မလုပ်နိုင်ပါဘူး။ ကျွန်ုပ်အထဲ၌ ကျိန်းဝပ်​တော်မူ​သော ကိုယ် တော်ကိုယ်တိုင် လုပ်ဆောင်ပေးတော်မူပါ။ အာမင်။”
ဤ Daily Devotion ကို Dr. Kari Vo မှ ရေးသားထား သည်။
သုံးသပ်ရန် မေးခွန်းများ
၁။ မိတ်​ဆွေမှာ ရန်သူရှိပါသလား။
၂။ သူတို့အပေါ် မိတ်​ဆွေအဘယ်သို့တုံ့ပြန်နေပါသနည်း—လက်စားချေခြင်းဖြင့်၊ သို့မဟုတ် ကရုဏာဖြင့် တုံ့ပြန်​နေပါသလား။
၃။ အရာရာကို သခင်ယေရှု၏နည်းလမ်းအတိုင်း ကိုင်တွယ်ပေးဖို့ သခင်ယေရှုထံ အပ်နှံပြီး၊ မိမိ၏အထဲမှ သခင်ယေရှုကိုယ်​တော်တိုင် လုပ်ဆောင်ခွင့်ပေးလိုက်မည်ဆိုပါက အဘယ်အရာများ ဖြစ်လာနိုင်ပါသနည်း။

25/08/2026

"မျှော်လင့်စရာလူငယ့်ကမ္ဘာ" Title: ဝိညာဉ်အသီးနဲ့ဘဝခရီး Host: ဆရာခ�

ကျော်လွန်သွားခြင်းအင်္ဂါနေ့၊ ဩဂုတ်လ ၂၅ ရက်၊၂၀၂၆ ခုနှစ်။ကျမ်းချက်။ ။အို ထာဝရဘုရား၊ ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်ကိုအေ...
25/08/2026

ကျော်လွန်သွားခြင်း
အင်္ဂါနေ့၊ ဩဂုတ်လ ၂၅ ရက်၊၂၀၂၆ ခုနှစ်။
ကျမ်းချက်။ ။အို ထာဝရဘုရား၊ ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်ကိုအောက်မေ့လျက် အကြည့်အရှုကြွလာ၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့ကို တရားသဖြင့် ပေးတော်မူပါ။ သူတို့ကိုသည်းခံ၍၊ အကျွန်ုပ်ကို သုတ်သင်ပယ်ရှင်းတော် မမူပါနှင့်။ အကျွန်ုပ်သည် ကိုယ် တော်အတွက် ကဲ့ရဲ့ခြင်းခံရကြောင်းကို အောက် မေ့တော်မူပါ။ အကျွန်ုပ်ခံရသောဝေဒနာသည် အဘယ်ကြောင့် မြဲပါသနည်း။ မပျောက်လို၊ မပျောက်နိုင်သောအနာကို အဘယ်ကြောင့် ခံရပါသနည်း။ အကယ်စင်စစ် ကိုယ်တော်သည်ပျောက်တတ်၍၊ လှည့်စားသောရေကဲ့သို့ အ ကျွန်ုပ်၌ ဖြစ်တော်မူပါပြီတကား။ ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ပြန်လာလျှင်၊ သင့်ကိုငါဆောင်ခဲ့၍၊ သင်သည် ငါ၏အမှုကို ထမ်းရလိမ့်မည်။ သင်သည် မြတ်သောအရာနှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင်၊ ငါ့နှုတ်ကဲ့သို့ ဖြစ်ရလိမ့်မည်။ သူတို့သည် သင့်ထံသို့ ပြန်လာကြလိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်၍မသွားရ။ငါသည်လည်း သင့်ကို ဤလူမျိုးတစ်ဖက်၌ ခိုင် ခံ့သောကြေးဝါမြို့ရိုး ဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နုတ်ယူကယ်တင်ခြင်းငှာ သင့်ဘက်၌နေမည်။ လူဆိုးလက်မှ သင့်ကိုငါနုတ်၍၊ ကြောက်မက်ဖွယ်သော သူတို့လက်မှ ရွေးယူမည်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။ (ယေရမိ ၁၅:၁၅၊ ၁၈– ၂၁)

သနားစရာ‌ကောင်းလှသောယေရမိ။များစွာနာ ကျင် ခံစားခဲ့ရသူဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားကို ပြောရသည့်အတွက် သူ၏ စကားကို နားထောင်‌သောလူတို့မှ သူ့ကို မုန်းကြသည်။ သူတို့အမှားအတွက် ကြောက်မက်ဖွယ် သော ဘုရားသခင်၏ တရားစီရင်ခြင်း ရောက် လာမည်အကြောင်းကို အမြဲပြောနေသည့် အ တွက် ယေရမိကို စိတ်ပျက်စရာကောင်းသူတစ်ယောက်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ‌
ယေရမိကို ဖမ်းဆီးကြသည်၊ နှိပ်စက်ကြသည်၊ အသက်အန္တရာယ်နှင့်ပင် ကြုံတွေ့ရသည်။

ယေရမိမှ ဘုရားသခင်ထံ တိုင်တန်းခြင်းက သဘာဝကျသည်။ သူ၏ဘဝအခြေအနေတွင် ကိုယ်တိုင်ကြုံတွေ့ရမည်ဆိုပါက ကျွန်ုပ်လည်း တိုင်တန်းမိမည်သာဖြစ်သည်။ ဘုရားသခင်ထံ တိုင်တန်းသည်က မှန်ကန်သောအရာ မဟုတ်ပါလား။ ဘုရားသခင်သည် အကြွင်းမဲ့ နားလည်ပေး‌တော်မူသည်။ အံ့ဩမည် မဟုတ်သလို စိတ်ဆိုးမည်လည်း မဟုတ်ပါ။ ဘုရားသခင်သည် အလွန်သည်းခံတော်မူသည်။ သို့သော် ယေရမိမှ နောက်ဆုံး အတိုင်းအတာကျော်လွန် သွားတဲ့အချိန်အထိ ခံစားခဲ့ရသူဖြစ်သည်။

ယေရမိမှ ဘုရားသခင်အား ပြန်လည်တိုက်ခိုက်ပြောဆိုသည့်အခါ အတိုင်းအတာကျော်လွန် သွားသည်။ သူသည် ထာဝရဘုရားကို—
“ကိုယ်တော်သည် အကျွန်ုပ်အတွက် လှည့်စားသောချောင်း၊ ရေမတည်သောချောင်းကဲ့သို့ ဖြစ်တော်မူမည်လော”ဟု ပြောခဲ့သည်။ ယေရမိဒေါသထွက်နေသည်။ သူ၏ဒေါသဖြင့် ဘုရား သခင်၏သစ္စာရှိခြင်းကို သံသယဝင်ခြင်းအား ဖြင့် ဖော်ပြခဲ့သည်။ သို့သော် ဘုရားသခင်၏ သစ္စာရှိခြင်းကို သူသည် နေ့စဉ်နေ့တိုင်း တွေ့ ကြုံခဲ့ပြီးဖြစ်သည်။
ဘုရားသခင်မှ ထိုသို့ပြောဆိုမှုကို လက်မခံပါ။ စော်ကားခံရ၍မဟုတ်။ ယေရမိ၏ယုံကြည်ခြင်းသည် အန္တရာယ်ကျရောက်နေသည့်အ တွက် ဖြစ်သည်။ မမှန်ကန်သော အရာများကို အပျော်သဘောဖြင့် စမ်းသပ်ကစားပါက အန္တ ရာယ်ရှိ‌ကြောင်းကို ကျွန်ုပ်တို့သိထားပြီးဖြစ်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် ယေရမိကို တင်းတင်းကျပ်ကျပ် ပြန်လည်တည့်မတ်ပေးတော်မူသည်။ အဘယ်ကြောင့်ဆိုသော်
ယေရမိကို ချစ်တော်မူပြီး မဆုံးရှုံးလိုသည့်အ တွက် ဖြစ်တော်မူသည်။
ဘုရားသခင်မှ—
“သင်သည် ပြန်လှည့်လာလျှင် ငါသည် သင့်ကို ပြန်လည်တည်ဆောက်မည်… အဖိုးတန်သောအရာကို ပြော၍ အချည်းနှီးသောအရာကို မပြောလျှင် သင်သည် ငါ၏နှုတ်ကဲ့သို့ ဖြစ်လိမ့် မည်”ဟု မိန့်တော်မူသည်။

ကျွန်ုပ်တို့သည်လည်း အတိုင်းအတာကျော်လွန် သွားပြီး မိမိတို့၏ယုံကြည်ခြင်းကို အန္တရာယ်ဖြစ်စေကြောင်းကို ဘုရားသခင်မြင်တော်မူသောအခါ ဘုရားသခင်၏တုံ့ပြန်ပုံသည် အ တူတူပင် ဖြစ်သည်။ ကျွန်ုပ်တို့ကို အန္တရာယ်ထဲမှ ပြန်၍ဆွဲခေါ်ဖို့ ကိုယ်တော်တိုင်ကြိုးစားတော်မူသည်။ အဘယ်ကြောင့်ဆို‌သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူပြီး မဆုံးရှုံးလို သည့်အတွက် ဖြစ်သည်။ ယေရှုခရစ်၏ ဆင်းရဲဒုက္ခခံယူခြင်း၊ အသေခံခြင်းနှင့် ရှင်ပြန်ထ မြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို မိမိ၏သား သမီးများအဖြစ် ပြုလုပ်ရန် ကိုယ်တော်တိုင် ကြွ လာတော်မူခဲ့သည်။ ကျွန်ုပ်တို့ကို ဤမျှလောက်တန်ဖိုးထားတော်မူသည့်အတွက် ယခုအချိန်၌ လည်း ကျွန်ုပ်တို့ကို လွယ်လွယ်ဖြင့် လက်လွှတ်တော်မူမည် မဟုတ်ပါ။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်တည်းဟူ‌သောကျွန်ုပ်တို့၏အဖထံ အချိန်မရွေး ပြန်လှည့်ပြီး—
“အကျွန်ုပ်အမှားရှိပါပြီ။ အကျွန်ုပ်ကို ပြန်ခေါ်ဆောင်တော်မူပါ”ဟု ပြောပြနိုင်သည်။ ဘုရား သခင်မှ ကျွန်ုပ်တို့ကို ပြန်လည်၍ခေါ်ဆောင်တော်မူပါလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့သိရှိထားသော ဘုရား သခင်၏သဘောသဘာဝမှာ အမျက်ထွက်ရန် နှေးတော်မူပြီး၊ ခွင့်လွှတ်ရန် လျင်မြန်တော်မူကာ၊ ကျွန်ုပ်တို့ကို ကာကွယ်စောင့်ရှောက်ရန် အမြဲကြည့်ရှုတော်မူသော ဘုရားသခင် ဖြစ်တော်မူသည်။ ဘုရားသခင်မှ ကျွန်ုပ်တို့ကို ထာဝရ အ တူရှိစေလိုတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသည့်အတွက် ဖြစ်သည်။

ဘုရားသခင်မှ ကျွန်ုပ်တို့ကို ပြန်လည်လက်ခံရန် ငြင်းပယ်ရလောက်အောင် ကြီးမားသောအပြစ် ဟူ၍ မရှိပါ။ ယေရှုခရစ်၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ဖုံးလွှမ်းပေးတော်မူသည်။ ခရစ် ယာန်ဖြစ်လာပြီးနောက် ကျွန်ုပ်တို့ကျူးလွန်မိ
သောအပြစ်များပင် ပါဝင်ပါသည်။
ဆုတောင်းချက်။ ။“အို ထာဝရဘုရား၊ အကျွန်ုပ်အန္တရာယ်ထဲ ရောက်နေသည့်အခါ အကျွန်ုပ်ကို အန္တရာယ်ထဲမှ ဆွဲထုတ်ပေးတော်မူပါ။ အ ကျွန်ုပ်ကို ဘေးကင်းစွာဖြင့် ကိုယ်တော်ထံသို့ ပြန်လည်ခေါ်ဆောင်ပေးတော်မူပါ။ အာမင်။
သုံးသပ်ရန် မေးခွန်းများ
၁။ မိမိချစ်ခင်ရသူတစ်ဦးမှ မိမိကိုယ်ကို အန္တ ရာယ်ဖြစ်စေမည့်အရာတစ်ခုခုကို လုပ်နေသည်ကို မြင်ဖူးပါသလား။
၂။ ထိုအခြေအနေတွင် မိတ်ဆွေအဘယ်အရာကိုလုပ်ခဲ့ပါသနည်း။ အဘယ်ကြောင့် ထိုသို့လုပ်‌
ဆောင်ခဲ့သနည်း။
၃။ ထိုအတွေ့အကြုံမှ ဘုရားသခင်သည် မိတ် ဆွေအပေါ် မည်သို့သောစိတ်ထားရှိတော်မူကြောင်းကိုပြောပြပေးပါသနည်း။

“ဘုရားသခင်၏သစ္စာ​တော်”တနင်္လာနေ့၊ ဩဂုတ်လ ၂၄ ရက်၊ တနင်္လာနေ့၂၀၂၆ ခုနှစ်၊။ကျမ်းချက်။ ။အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဖြ...
24/08/2026

“ဘုရားသခင်၏သစ္စာ​တော်”
တနင်္လာနေ့၊ ဩဂုတ်လ ၂၄ ရက်၊ တနင်္လာနေ့၂၀၂၆ ခုနှစ်၊။
ကျမ်းချက်။ ။အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​ကြောင့်၊ အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ၍၊ ရွေ့​လျော့​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​စစ်​ဆေး​စုံ​စမ်း၍၊ နှ​လုံး​ကျောက်​ကပ်​ကို ဆေး​ကြော​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် မေ​တ္တာ​ကျေး​ဇူး​တော်​ကို မျက်​မှောက်​ပြု၍၊ သ​စ္စာ​တ​ရား​တော်​နှင့်​အ​ညီ ကျင့်​ပါ၏။
(ဆာလံ ၂၆:၁–၃)
ဤဆာလံ၏စကားများကို သခင်ယေရှု ပြောနေသည်ဟု ကျွန်ုပ်တို့ အလွယ်တကူ စိတ်ကူးကြည့်နိုင်သည်။ အမှန်ပင် သခင်ယေရှုသည် “အ​ကျွန်ုပ်​သည် ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​ကြောင့်၊ အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။ ” ဟု မိန့်​တော်မူနိုင်၏။ သခင်ယေရှုသည် ကောင်းကင်ဘုံရှိ မိမိအဖကို မတိမ်းမယိမ်း ယုံကြည်ကိုးစားခဲ့ပြီး၊ မိမိရှေ့တွင် သတ်မှတ်ထားသော လမ်းမှလည်း လွဲ​တော်မမူခဲ့ပါ။
အသေခံရမည့်အချိန်နီးလာ​တော်မူသောအခါ သခင်ယေရှု ၏စိတ်နှလုံးသည် စမ်းသပ်ခြင်းကိုခံယူ​တော်မူခဲ့ရပေမည်။ သို့သော် သခင်ယေရှုမှ—
“ငါ​သည် ယ​ခု​စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၏။ အ​ဘယ်​သို့ ငါ​လျှောက်​ရ​မည်​နည်း။ ထို​အ​ချိန်​မှ​စ၍ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ၊ အ​ဘ​ဟု လျှောက်​ရ​မည်​လော။ အ​ကြောင်း​ရှိ၍​သာ ထို​အ​ချိန်​သို့​ရောက်​လာ​ပြီ” ဟု မိန့်တော်မူခဲ့သည်။ (ရှင်ယောဟန် ၁၂:၂၇)
ဂေသရှေမန်ဥယျာဉ်၌လည်း သခင်ယေရှု၏စိတ်နှလုံးသည် စမ်းသပ်ခံခဲ့ရသည်ဟု ကျွန်ုပ်တို့ တွေးနိုင်သည်။ ထိုနေရာတွင် သခင်​ယေရှုသည် ခမည်းတော်၏အလိုတော် ပြည့်စုံစေရန် ဆုတောင်းခဲ့သည်။ နှိမ့်ချစွာ ယုံကြည်ကိုးစားခြင်းဖြင့် ခမည်းတော်၏အလိုတော်ကို လက်ခံနာခံခဲ့ပြီး၊ လက်ဝါး ကပ်တိုင်ပေါ်တွင် သေသည်အထိ နာခံတော်မူခဲ့သည်။ (ဖိလိပ္ပိ ၂:၈)
သို့သော် သခင်ယေရှု၏ ဘိုးဘေးကြီးဖြစ်သော ဘုရင်ဒါဝိဒ်ရေးသားခဲ့သော ဝိညာဉ်တော်မှုတ်သွင်းသည့် ဆာလံစကားများကို ဆုတောင်းနေသည်ဟု တွေးရသည်မှာ အနည်းငယ်ပို၍ ခက်ခဲနိုင်ပါသည်။ အကြောင်းမှာသမ္မာကျမ်းစာထဲတွင် လူတိုင်းမြင်တွေ့ကြားသိနိုင်အောင်မှတ်တမ်းတင်ထားသော ဒါဝိဒ်၏အပြစ်များကို ကျွန်ုပ်တို့ သိရှိထားသောကြောင့် ဖြစ်သည်။
ဘုရင်ဒါဝိဒ်သည် အပြစ်ရှိသူဖြစ်သော်လည်း မိမိသည် ဖြောင့်မတ်ခြင်း၌ လျှောက်လှမ်းနေပြီး ဘုရားသခင်ကို မတိမ်းမယိမ်း ယုံကြည်ကိုးစားနေသည်ဟု ဆိုခဲ့သည်။ ကျွန်ုပ်တို့သည် ရိုးသားစွာစဉ်းစားလျှင် ဤစကားများဖြင့် မိမိတို့ကိုယ်တိုင် ဆုတောင်းရန်ပင် ခက်ခဲနိုင်သည်။ ဒါဝိဒ်ကဲ့သို့ပင် ကျွန်ုပ်တို့သည် နေ့စဉ် အပြစ်ပြုကြသည်။ ကျွန်ုပ်တို့၏အသက်တာတစ်လျှောက် အမြဲတမ်း ဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်ကြသည် မဟုတ်ပါ။
ထာဝရဘုရားကို မတိမ်းမယိမ်း ယုံကြည်ကိုးစားသည်ဟု ဆိုချင်ကြသော်လည်း ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် မိမိတို့မျှော်လင့်သလောက် အမြဲတမ်းခိုင်မာနေသည် မဟုတ်ပါ။ သခင်ယေရှုကဲ့သို့ ဘုရားသခင်၏အလိုတော်ကို သစ္စာရှိစွာ နာခံလျှောက်လှမ်းနိုင်ခြင်းလည်း မရှိပါ။ ထို့ကြောင့် “ဘုရားသခင်သည် ကျွန်ုပ်တို့၏နှလုံးနှင့် စိတ်ကို စမ်းသပ်တော်မူပါ” ဟု ကျွန်ုပ်တို့ အမှန်တကယ် ဆုတောင်းချင်ပါသလား။
သခင်ယေရှုသည် မပျက်မစီးသော ချစ်ခြင်းမေတ္တာနှင့် သစ္စာတော်၌ လက်ဝါးကပ်တိုင်တိုင်အောင် လျှောက်လှမ်းခဲ့သည်။ ကျွန်ုပ်တို့၏ ဖြောင့်မတ်မှုမရှိခြင်းနှင့် နှလုံးသား၊ စိတ်၊ ခန္ဓာနှင့် ဝိညာဉ်တို့၏ အပြစ်များကို မိမိအပေါ်သို့ ထမ်းယူပြီး ထိုအပြစ်များအတွက် သခင်​ယေရှုမှ အသေခံတော်မူခဲ့သည်။
သခင်ယေရှုအသေခံ​တော်မူပြီး သုံးရက်မြောက်သောနေ့တွင် ဘုရားသခင်သည် မိမိ၏သန့်ရှင်း၍ သစ္စာရှိသော သားတော်ကို အပြစ်ကင်းကြောင်း ထင်ရှားစေတော်မူခဲ့သည်။ ကျွန်ုပ်တို့၏သခင်ယေရှုသည် သေခြင်းထဲမှ ထမြောက်ပြီး နောက်တစ်ဖန် သေခြင်းမရှိတော့ပါ။ သခင်​ယေရှုသည် အသက်ရှင်စဉ်နှင့် သေခြင်း၌ စမ်းသပ်ခံရပြီး သစ္စာမှန်ကန်ကြောင်း သက်သေပြခဲ့သည်။
ဆာလံဆရာသည် အပြစ်ကင်းကြောင်း စီရင်ခံရသော် လည်း ဒါဝိဒ်၏သစ္စာရှိခြင်းကြောင့် ခွင့်လွှတ်ခြင်းရခဲ့ခြင်း မဟုတ်ပါ။ ထိုနည်းတူ ကျွန်ုပ်တို့၏ကိုယ်ပိုင် ဖြောင့်မတ်ခြင်းကြောင့်လည်း ကျွန်ုပ်တို့၏အပြစ်များ ခွင့်လွှတ်ခြင်းကို ရရှိခြင်းမဟုတ်ပါ။
သစ္စာရှိတော်မူသောသူမှာ ထာဝရဘုရားပင် ဖြစ်တော်မူသည်။ ဘုရားသခင်သည် မပျက်မစီးသော၊ မကုန်ခန်းနိုင်သော ချစ်ခြင်းမေတ္တာဖြင့် ယေရှုခရစ်၏အကျိုးတော်ကြောင့် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူသည်။
ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်ကို ယုံ ကြည်ခြင်းမှတစ်ဆင့် ကျွန်ုပ်တို့သည် အပြစ်ကင်းသူများအဖြစ် စီရင်ကြေညာခံရပါသည်။ ထို့ကြောင့် ဆာလံဆရာနှင့်အတူ ထာဝရဘုရား၏ မပျက်မစီးသော ချစ်ခြင်းမေတ္တာကို ကျေးဇူးတင်ချီးမွမ်းနိုင်ကြပါသည်—

“အကျွန်ုပ်သည် ကိုယ်တော်၏ သစ္စာတော်၌ လျှောက်လှမ်းပါ၏။”
ဆုတောင်းချက်။ ။သစ္စာရှိတော်မူသော ဘုရားသခင်၊ အ ကျွန်ုပ်၏အပြစ်များကို ခွင့်လွှတ်တော်မူပြီး နေ့စဉ် ကိုယ် တော်၏လမ်းတော်၌ လျှောက်လှမ်းနိုင်ရန် ဦးဆောင်တော်မူပါ။ အာမင်။
သုံးသပ်ရန် မေးခွန်းများ
၁။ မိမိ၏အသက်တာတွင် ဖြောင့်မတ်မှု (integrity) နှင့်ပတ်သက်၍ မည်သည့်အပိုင်းများကို ပိုမိုတိုးတက်ကောင်း မွန်စေလိုသနည်း။
၂။ ဒါဝိဒ်သည် “ထာဝရဘုရားကို မတိမ်းမယိမ်း ယုံကြည်ကိုးစားသည်” ဟု မည်သို့နားလည်နိုင်သနည်း။ သူသည် ထိုသို့ ရိုးသားစွာ မည်သို့ပြောနိုင်ခဲ့သနည်း။
၃။ ဘုရားသခင်ရှေ့၌ အပြစ်နှင့် အပြစ်ဒဏ်ကင်းစင်၍ ရပ်တည်နိုင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သို့ ဖြောင့်မတ်စေတော်မူသနည်း။

Address

No 121(B) Ahlone Road, Ahlone Township
Yangon

Alerts

Be the first to know and let us send you an email when Word of Hope LHM - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Word of Hope LHM - Myanmar:

Shortcuts

Share