မြတ်ဗုဒ္ဓ၏တရားတော်များ

  • Home
  • Myanmar
  • Yangon
  • မြတ်ဗုဒ္ဓ၏တရားတော်များ

မြတ်ဗုဒ္ဓ၏တရားတော်များ Buddha's Dhmma

မြတ်စွာဘုရားရှင်၏ ဝိပါတ်တော် - ၁၂ ပါး******************************************၁. ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာကျင့်ရခြင...
25/11/2020

မြတ်စွာဘုရားရှင်၏ ဝိပါတ်တော် - ၁၂ ပါး
******************************************

၁. ခြောက်နှစ်ပတ်လုံး ဒုက္ကရစရိယာကျင့်ရခြင်း
~ ကဿပမြတ်စွာဘုရားအား ဤရဟန်းဦးပြည်းသည် အဘယ်မှာလျှင် ဘုရား ဖြစ်နိုင် အံ့နည်း၊ ဘုရားဆိုတာ အလွန် ရခဲပေတာ လို့ စော်ကား ခဲ့မိလို့။

၂. စိဉ္စမာဏ၏အစွပ်စွဲကိုခံရခြင်း
~ ပစ္စေကဗုဒ္ဓါအား စွပ်စွဲ ခဲ့ဘူးသောကြောင့်။

၃. သုန္ဒရီပုရပိုဇ်မ၏စွပ်စွဲမှုကိုခံရခြင်း
~ သေသောက်ကြူးသည့် ဘဝမှာ ပစ္စေကဗုဒ္ဓါကို စွပ်စွဲခဲ့လို့။

၄. ထိုမိန်းမ သေလေသောကြောင့် မင်းနှင့်တကွသော ပြည်သူတို့၏ စွပ်စွဲမှုကို ခံရခြင်း။
~ တပည့်ငါးရာ၏ ဆရာဖြစ်စဉ်က စျာန်ရ ရသေ့ကို ကာမဂုဏ်ခံစားသည့် ဒုဿီလဟု စွပ်စွဲခဲ့လို့။

၅. ဒေဝဒတ်ကျောက်ပစ်ချသည်ကိုခံရခြင်း
~ ညီအရင်းကို တောထဲလိမ်ခေါပြီး ကျောက်ခဲနှင့် ထုသတ်ခဲ့လို့။

၆. ကျောက်ချပ်ကွာ၍ ခြေမတော်၌ကြိတ်မိခံရခြင်း
~ သူငယ်ဘဝမှာ ပစ္စေကဗုဒ္ဓါကို ကျောက်ခဲနှင့် ပစ်ပေါက်ခဲ့လို့။

၇. ဇီဝကဓားဖြင့်ခွဲသည်ကိုခံရခြင်း
~ မင်းဖြစ်စဉ်က လူ(၂)ယောက်ကို သန်လျက်နဲ့ ခုတ်သတ်ခဲ့လို့။

၈. နာဠာဂီရိဆင်ဖြင့်တိုက်သည်ကိုခံရခြင်း
~ ဆင်ထိမ်းဘဝမှာ ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓါကို
ဆင်နှင့် တိုက်ခဲ့လို့။

၉. ဦးခေါင်းတော် ရံဖန်ရံခါခဲသည်ကိုခံရခြင်း
~ တံငါသည်ရဲ့ သားဘဝမှာ ငါးခေါင်းကို ထုသတ်တာ မြင်တဲ့အခါမှာ ပျော်ခဲ့မိလို့။

၁၀. တစ်ဝါတွင်းလုံးမုယောဆွမ်းကိုသာဘုန်းပေးရခြင်း
~ ဖုဿဘုရားရှင်၏ တပည့်များကို သလေးဆွမ်းနှင့် မတန်၊ မုယောဆွမ်းနှင့်သာ တန်တယ်လို့ ပြောခဲ့လို့။

၁၁. ကျောကုန်းတော်နာရခြင်း
~ လက်ဝှေ့သမား ဘဝမှာ အခြား လက်ဝှေ့သမားတွေကို ခါးချိုး သတ်ခဲ့လို့။

၁၂. ပရိနိဗ္ဗါန်ပြုခါနီး၌ ဝမ်းတော်လားရခြင်း
~ ဆေးသမားတော် ဘဝမှာ ဆေးဖိုး မပေးချင်တဲ့ သူကို ဝမ်းနှုတ်ဆေး တိုက်ခဲ့လို့။
Crd

တုတ်နဲ့ ငုတ်……………………လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည်။ ဘာကြောင့်မှန်းမသိခဲ့ပါ။ ထုးံစံအရလ...
11/06/2020

တုတ်နဲ့ ငုတ်
……………………
လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့်
ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည်။
ဘာကြောင့်မှန်းမသိခဲ့ပါ။
ထုးံစံအရလုပ်သည်ဟုသာ နားလည်ထား၏။

ဟိုတုန်းက ဆရာတော်တစ်ပါးဟောကြားသော
တရားကိုနာရင်း ဤအကြောင်းကို သိခွင့်ရခဲ့သည်။

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
နားထောင်ရင်းသဘောကျမိသည်။

ဓမ္မမိတ်ဆွေများ အကျိုးရှိနိုင်သည့်အတွက်
ဖော်ပြလိုက်ပါသည်။

တစ်ခါတုန်းက လယ်ပိုင်ရှင်သူဌေးတစ်ယောက်ဆီမှာ
အခစားလုပ်သည့် သူရင်းငှားတစ်ယေက်ရှိသည်။
နေ့စဉ်လုပ်နေသော်လည်း ကြီးပွားတိုးတက်ခြင်းမရှိ၍
စိတ်ပျက်နေလေ၏။

တစ်နေ့၌ စဉ်းစားမိ၏။
လယ်ပိုင်ရှင်ထံ လယ်တောင်းမည်။
ကိုယ်ပိုင် လယ်လုပ်ခွင့်ရလျှင် စီးပွားရေး အဆင်ပြေနိုင်သည်။

"သူဌေး … သူဌေးမှာ မျက်စိတစ်ဆုံး လက်ညိုးထိုးမလွဲ
လယ်တွေအများကြီးပါ။
ကျွန်တော့်မှာ လယ်တစ်ကွက်တောင်မရှိဘူး
လယ်တစ်ရှင်စာလောက်ပေးပါ။"
လယ်တစ်ရှင်စာဆိုတာ နွားနှစ်ကောင်နှင့်
တစ်မိုးတွင်း လုပ်ကိုင်လောက်တဲ့ မြေကိုပြောတာပါ။

သူဌေးက သူရင်းငှားကိုကြည့်ပြီး သနားသွားပါတယ်။

"မင်းလိုချင်သလောက် ငါပေးမယ်။
ရော့ ဒီမှာ ငုတ်တစ်ချောင်း …
ရော့ ဒီမှာ တုတ်တစ်ချောင်း …
ဒီကနေသွားပါ။
မင်းလိုချင်သလောက် လယ်မြေကိုရောက်ရင်
ငုတ်ကို တုတ်နဲ့ရိုက်ပြီး မှတ်ထားခဲ့။
ငုတ်အတွင်းကို မင်းပိုင်တဲ့ မြေအဖြစ် မှတ်ထားခဲ့။"
သူဌေးစကားဆုံးတော့ သူရင်းငှားခမျာ
ဘယ်လောက်ဝမ်းသာမလဲ စဉ်းစားကြည့်ပါ။

တုတ်နဲ့ငုတ်ကို ကိုင်ပြီး …
ခပ်သွက်သွက်လျှောက်သွားပါတယ်။
ပြီးတော့ နောက်ပြန် ကြည့်လိုက်ပါတယ်။
စိတ်ထဲမှာလည်း တွေးလိုက်ပါတယ်။

"နည်းသေးတယ်" ဟူ၍ ဖြစ်ပါသည်။

ငါလမ်းလျှောက်တာ နှေးလို့ဖြစ်မယ်ဆိုပြီး
မပြေးရုံတမယ် သွားပြန်ပါတယ်။
"နည်းသေးတယ်" ဟူ၍ပင် ဖြစ်ပါသည်။

***

မိမိရပြီးသား ဥစ္စာများနှင့်
နောက်ထပ်ရမည့် ပစ္စည်းဥစ္စများကို
တဏှာမျက်လုံးနှင့်ကြည့်လျှင်
အဖြေက တစ်ခုတည်း ဖြစ်ပါသည်။

"နည်းသေးတယ်"ဟူ၍ ဖြစ်ပါသည်။
ဓမ္မမိတ်ဆွေများခင်ဗျာ ……။

မိုးလင်းမှ မိုးချုပ် တကုပ်ကုပ်နဲ့ မမောနိုင်မပန်းနိုင်
ရှာဖွေနေကြခြင်းသည် တဏှာက ခိုင်းလို့ဖြစ်ပါသည်။

မိုးချုပ်လို့ စာရင်းသိမ်းပြီး "နည်းသေးတယ်"
ထပ်ရှာဦးမယ် တွေးခြင်းသည် တဏှာ၏ သတ္တိဖြစ်ပါသည်။

ဘုရားမသွားနိုင် ကျောင်းမတက်နိုင်အောင်
ခိုင်းနေတာ တဏှာပင်ဖြစ်သည်။
တရားမနာနိုင်အောင်
ခုနှစ်ရက်မျှ တရားအားမထုတ်နိုင်အောင်
တရားအတွက် အချိန်မပေးနိုင်အောင်
ခိုင်းနေတာ တဏှာဖြစ်၏။

ရက်ကြီးအခါကြီးမှာ အများသူငါ ကုသိုလ်တွေပြုလို့……။
ဒါတွေကို မြင်သော်လည်း …
ဒီရက်က စျေးရောင်းလို့ ပိုကောင်းတယ်ဆိုပြီး
ဘုရားကျောင်းကန် မျက်နှာလွှဲတာ တဏှာကြောင့်ဖြစ်သည်။

***

သူရင်းငှားက နည်းသေးတယ်အတွေးနဲ့
ငုတ်နဲ့ တုတ်ကိုမြေမှာချ
ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး
တုတ်နဲ့ ငုတ်ကိုကိုင်ပြီး ပြေးပါတော့တယ်။

များများရဖို့ မြန်မြန်ပြေးနေခြင်းပါ။

ပြေးရင်းပြေးရင်း အမောဆို့ပြီး
လယ်ကွက်တစ်ခုထဲကို မှောက်လဲသွားပါတယ်။
ကူမည့်သူမရှိဘဲ မှောက်လဲနေတော့
ပါးစပ်ထဲ နှာခေါင်းထဲမှ ရေဝင်ပြီးသေသွားပါတယ်။

အတော်ကြာမှ လယ်ပိုင်ရှင်က _

"ဟေ့ သူရင်းငှား လယ်ယူဖို့သွားတာ
ပြန်လာတာမတွေ့သေးဘူး လာလိုက်ကြစို့" လို့

အနီးရှိ လူများခေါ်ပြီး လိုက်ကြည့်ပါတယ်။
လယ်ကွက်ထဲမှာ မှောက်လဲသေတာ တွေ့တော့
စိတ်မကောင်းစွာနဲ့ ဘေးကလူတွေကို ပြောပါတယ်။

ငါက လယ်မြေတွေကို လိုသလောက်ပေးတယ်
သူက ခြောက်ပေပဲယူသွားတယ် ပြောပြီး…
မြေမြုတ်ဖို့ ခြောက်ပေတွင်း တစ်တွင်းတူးခိုင်းပါတယ်။

တွင်းတူးနေတုန်းမှာ မှောက်ခုံကြီး သေနေတဲ့
သူရင်းငှားကို ပက်လက်လှန်လိုက်ပါတယ်။
လက်ထဲက တုတ်နဲ့ ငုတ်က ပြုတ်မထွက်ဘဲ
ကိုင်ထားမြဲ ဖြစ်နေပါတယ်။

လယ်ပိုင်ရှင်က သေသေချာချာကြည့်ပြီး
အလောင်းကို တွင်းထဲမချခင်
တုတ်နဲ့ ငုတ်ကို သူရင်းငှား လက်ထဲမှ ဖြုတ်လိုက်ပြီး
ကြိုးတစ်ချောင်းနဲ့ လက်မနှစ်ချောင်းကို
ပူးချည်လိုက်ပါတယ်။
ဘေးကလူတွေက လယ်ပိုင်ရှင်ကို
ဘာလုပ်ဖို့ချည်တာလဲလို့ မေးတော့
လယ်ပိုင်ရှင်က ပြန်မဖြေသေးဘဲ
ခြေမနှစ်ချောင်းကို ပူးပြီး ကြိုးနဲ့ချည်ပြန်ပါတယ်။

ပြီးမှ ဘေးကလူတွေကို ရှင်းပြပါတယ်။

"တုတ်နဲ့ ငုတ်ကိုင်ပြီး ညညပြေးနေမှာစိုးလို့
ခြေမနဲ့ လက်မကို ကြိုးချည်ထားတာပါလို့"

ဖြေလိုက်ပါတယ် ………။

***

မကြာခဏဆိုသလို မိမိကိုယ်ကို
ပြန်မေးသင့်တဲ့ မေးခွန်းလေး တစ်ခုရှိပါတယ်။
နင်ပြေးနေတုန်းလား ?
ငုတ်ရိုက်နေပြီလား ? ဆိုတာပါပဲ။

( ဓမ္မဒူတ အရှင်ပညာဝရ )

ထိခြင်းငါးပါးဖြင် ရှိခိုးကန်တော့ခြင်း
09/05/2020

ထိခြင်းငါးပါးဖြင် ရှိခိုးကန်တော့ခြင်း

08/05/2020
Covid 19 ကာလမှာ ရဟန်းစားရသော ဆွမ်းတနပ်။
31/03/2020

Covid 19 ကာလမှာ ရဟန်းစားရသော ဆွမ်းတနပ်။

 #တေ_ဇ_သု_နေ_မ_ဘူ_စန်_နာ_ဝိ_ဝေ           ~~~~~~~~~~~~~~~~~~~~“တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ” ဆိုတဲ့ စကားကြီးဆယ်လ...
02/03/2020

#တေ_ဇ_သု_နေ_မ_ဘူ_စန်_နာ_ဝိ_ဝေ
~~~~~~~~~~~~~~~~~~~~

“တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ” ဆိုတဲ့ စကားကြီးဆယ်လုံးကတော့ ဂေါတမဗုဒ္ဓမြတ်စွာရဲ့ ဇာတ်တော်ဆယ်ဘွဲ့ အတိုကောက်တွေကို ကျောင်းတုန်းက သင်ခဲ့ဖူးပါတယ်။ ဘာတွေလဲဆိုတာတော့ မှတ်မိသေးရဲ့လား။ ဇာတ် ဆိုတဲ့စကားဟာ ဇာတက-ဆိုတဲ့ပါဠိကနေ ဆင်းသက်လာခြင်းဖြစ်ပြီး အဖြစ်တော်လို့ အဓိပ္ပါယ်ရှိပါတယ်။ ပါဠိလို ဇာတကဆိုတာ မြန်မာလိုပြောရမယ်ဆိုရင် ဗုဒ္ဓရဲ့ ဘုရားလောင်းဘ၀အဖြစ်တော်စဉ်တွေကို ဖော်ပြဟောကြားထားတဲ့ ကျမ်းပဲ ဖြစ်ပါတယ်။ (၁) တေ = တေမိမင်းသား၊ (၂) ဇ= ဇနက မင်းသား၊ (၃) သု= သု၀ဏ္ဏသာမ၊ (၄) နေ= နေမိမင်း၊ (၅) မ= မဟောသဓာ၊ (၆) ဘူ= ဘူရိဒတ်နဂါးမင်း၊ (၇) စန်= စန္ဒကုမာရမင်းသား၊ (၈) နာ= နာရဒဗြဟ္မာ၊ (၉) ဝိ= ဝိဓူရသုခမိန်နဲ့ (၁၀) ဝေ= ဝေဿန္တရာမင်းကြီးတို့ပဲ ဖြစ်ပါတယ်။

တေမိယမင်းသား
~~~~~~~~~
တေမိယမင်းသားလေးဟာ ဘုရင်လုပ်ရမှာက ကြောက်ပြီးတော့ ဆွံ့အဟန် ဆောင်လိုက်ပါတယ်။ ခမည်းတော်ဘုရင်ကြီးကတော့ တေမိယမင်းသားလေး စကားပြောလာအောင် အမျိုးမျိုးစမ်းသပ်ခဲ့ပါသေးတယ်။ ၁၇နှစ်ရောက်တဲ့အခါမှာ ခမည်းတော်က မင်းသားကို မြေမြှုပ်သတ်ခိုင်းခဲ့ပါတယ်။ “သတ္တဝါဆိုတာ သေမင်းက အချိန်မရွေးလာတတ်တယ်မလား၊ ရွှေနန်းစည်းစိမ်ကို မလိုချင်လို့ ဆွံ့အဟန်ဆောင်ခဲ့တာပါ” ဆိုပြီး တေမိယရသေ့လေးက ဘုရင်ကြီးကို အကျယ်တ၀င့် တရားပြတဲ့အဆုံးမှာ ဘုရင်ကြီး၊ မိဖုရားကြီးနှင့်အတူ မင်းချင်းတို့လည်း ကျွတ်တန်း၀င်ပြီး ရသေ့၀တ်ကြကုန်ပါတယ်။

ဇနကမင်းသား
~~~~~~~~
ဇနကမင်းသားဟာ ပင်လယ်ခရီးကို သင်္ဘောနဲ့ရွက်လွှင့်ပြီး ကူးသန်းရောင်းဝယ်ဖို့ ထွက်ခွာလာတဲ့အခါမှာ လမ်းခရီးမှာတော့ သင်္ဘောနစ်ခဲ့ပါတယ်။ သင်္ဘောသားခုနှစ်ရာ သေဆုံးခဲ့ပေမယ့် ဇနကမင်းသားဟာ မလျော့တဲ့ ဇွဲလုံ့လတွေနဲ့ ခုနှစ်ရက်ပတ်လုံး ပင်လယ်အတွင်းကို လက်ပစ်ကူးခဲ့ပါတယ်။ ဇနကမင်းသားရဲ့ဇွဲ့လုံ့လကို ချီးကျူးတဲ့အတွက် မေခလာနတ်သမီးဟာ ကယ်တင်ခဲ့ပြီး ကျောက်ဖျာပေါ်မှာ တင်ထားခဲ့ပါတယ်။ ဘုရင်ကြီးနတ်ရွာစံတာနဲ့ အရိုက်အရာဆက်ခံမယ့်သူ မရှိတာကြောင့် ဖုတ်သွင်းရထားဟာ ကျောက်ဖျာဘေးမှာ ဆိုက်ကပ်ခဲ့ပြီး ဇနကမင်းသားဟာ ဘုရင်ဖြစ်လာခဲ့ပါတယ်။

သုဝဏ္ဏသာမ
~~~~~~~
မျက်မမြင်မိဘနှစ်ပါးကို လုပ်ကျွေးတဲ့ သု၀ဏ္ဏသာမ ဟာ သမင်များနှင့်အတူ ရေခပ်ဆင်းလာတာကို ပီဠိယက္ခမင်းကြီး တွေ့တဲ့အခါ လူလား၊ နတ်လား မစူးစမ်းနိုင်တော့ဘဲ မြားနဲ့ ပစ်ခဲ့ပါတယ်။ပီဠိယက္ခမင်းဟာ ကျောင်းမှဒုကူလနှင့်ပါရိကာကို သားငယ်ဆီကို ခေါ်ခဲ့ပါတယ်။ ဒုကူလ နှင့် ပါရိကာနှင့် ဘုရားလောင်း သု၀ဏ္ဏသာမ၏ ခုနစ်ကြိမ်မြောက်မိခင်တော်စပ်ခဲ့ဖူးတဲ့ ဗဟုသုန္ဒရီ နတ်သမီးတို့ဟာ သစ္စာအဓိဋ္ဌာန်ပြုကြတဲ့အခါ သု၀ဏ္ဏသာမလည်း အသက်ဘေးမှ လွတ်မြောက်သလို ဒုကူလနှင့် ပါရိကာတို့ပါ မျက်စိနှစ်ကွင်း အလင်းရကြပါတယ်။ ပီဠိယက္ခမင်းကြီးလည်း သမင်သားတပ်မက်ခြင်းကို စွန့်ခွာပြီး တရားရကာ တိုင်းပြည်သို့ ပြန်တော့ပါတယ်။

နေမိမင်း
~~~~~
တစ်ခါတုန်း နေမိမင်းကြီးဟာ ဒါနကမြတ်တာလား၊ သီလက မြတ်တာလားလို့ တွေးတောမရဖြစ်တဲ့အခါ သိကြားမင်းသိရှိပြီးတော့ သီလက ဒါနထက် မြတ်ကြောင်းကို ဟောပြောခဲ့ပါတယ်။ တခြားနတ်တွေက နေမိမင်းကြီးကို ဖူးမြင်လိုတဲ့အတွက် နတ်ပြည်ကို ပင့်ဆောင်ပြသရန် သိကြားမင်းအား တောင်းပန်ကြပါတယ်။ နေမိမင်းကြီးကို ဆောင်ယူစေပြီး နတ်အများလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။ နတ်ပြည်၌ လူတို့အရေအတွက်အားဖြင့် ခုနှစ်ရက်စံပယ်ပြီးတော့ နတ်ပရိသတ်အပေါင်းတို့ကိုလည်း ဒါနသီလ အကျိုးတွေကို ဟောပြောခဲ့ပါတယ်။

မဟော်သဓာ
~~~~~~~~
နတ်ဆေးလုံးကိုင်ပြီးမွေးလာတဲ့အတွက် ဆေးလုံးကို အစွဲပြုပြီးတော့ မဟော်သဓာလို့ အမည်မှည့်ခဲ့ပါတယ်။ ၇ နှစ်အရွယ်သို့ရောက်တဲ့အခါ မဟောသဓာ သတို့သားသည် ဆန်းကြယ်တဲ့ ဇရပ်တစ်ဆောင်နဲ့ ရေကန်တစ်ခုကို သားတစ်ပြဿနာ၊ နွားခိုးမှု၊ လည်ရွဲခိုးမှု၊ ခြည်ထွေးခိုးမှု၊ သားခိုးမှု၊ မယားခိုးမှု၊ ရထားခိုးမှု စတဲ့ပြဿနာတွေကို တရားမျှတအောင် စီစဉ်ခဲ့တဲ့အတွက် မင်းကြီးလည်း မဟောသဓာရဲ့ ပညာကို ချီးကျူးပြီးတော့ နန်းတော်သို့ ခေါ်ယူကာ အကြိမ်ကြိမ် ချီးမြှောက်ပူဇော်ခဲ့ပါတယ်။ ဥာဏ်ပညာအဟုန်တွေကြောင့် မဟောသဓဟာလည်း အသက်ထက်ဆုံး ကြီးမြတ်တဲ့ စည်းစိမ်ကို ခံစားရပါတယ်။

ဘူရိဒတ်နဂါးမင်း
~~~~~~~~~~
နသာဒမုဆိုးပုဏ္ဏား သားအဖဟာ ဘူရိဒတ်နဂါး ဥပုသ်သီတင်းသုံးရာ အရပ်ကို ရောက်လာခဲ့ပါတယ်။ နေသာဒဟာ တခြား အလမ္ပာယ်ပုဏ္ဏားရဲ့ ပတ္တမြားကို လိုချင်တဲ့အတွက် ပတ္တမြားနှင့် နဂါးကို လဲလှယ်ခဲ့ပါတယ်။ အလမ္ပာယ်ပုဏ္ဏားဟာလည်း ပခြုပ်တွင်းမှ နဂါးမင်းကို ထုတ်ကာ အမျိုးမျိုးဖန်ဆင်းကပြရန် စေခိုင်းခဲ့ရုံမက ညှင်းပန်းခဲ့ပါတယ်။ နဂါးမင်းရဲ့နောင်တော်နှင့် နှမတော်တို့ကို မြင်ပြီးတော့ မျက်ရည်ယိုစီးကာ နောင်တော်နဂါးမင်းထံကို ရှေရှုသွားခဲ့ပါတယ်။ အလမ္ပာယ်ပုဏ္ဏားနဲ့ပညာချင်းယှဉ်ပြိုင်ပြီးတော့ နောင်တော်နဂါမင်းကို ပြန်လည်ရယူခဲ့ရပါတယ်။

စန္ဒကုမာရမင်းသား
~~~~~~~~~~
ခဏ္ဍဟာလပုဏ္ဏားအမတ်ကြီးဟာ စန္ဒကုမာရမင်းသားကြောင့် မိမိဂုဏ်ပျက်ရတာကို အငြိုးထားပြီးတော့ ဧကရာဇ်မင်းကြီးအား နတ်ပြည်ကို ရောက်ချင်ရင် သားသမီး၊ သူကြွယ်၊ နွား၊ မြင်းတို့ကို သတ်ပြီးတော့ လည်ချောင်းသွေးနဲ့ ယဇ်ပူဇော်ရမယ်လို့ လျှောက်ထားခဲ့ပါတယ်။ မယ်တော်ဂေါတမီမိဖုရားဟာ သစ္စာသည်ဟာ ကိုးကွယ်ရာ ရှိတော့တယ်လို့ အောက်မေ့ပြီး သစ္စာအဓိဋ္ဌာန်ပြုရာ သိကြားမင်းလည်း မနေသာဘဲ သံလှံတံကို စွဲကိုင်ကာ မင်းကြီးကို ပြစ်တင်မောင်းမဲခဲ့ပါတယ်။ မင်းကြီးလည်း မင်းသားအားလုံးကို လွှတ်ပေးပြီး အမတ်ကြီးကို ဒွန်းစဏ္ဍားအဖြစ် တိုင်းပြည်မှ နှင်ထုတ်ခဲ့ပါတယ်။

နာရဒဗွဟ်မာ
~~~~~~~
ကုသိုလ်၊ အကုသိုလ်မရှိဆိုတဲ့စကားကို နားယောင်ပြီး မင်းကြီးဟာ ပြည်ထဲရေးကို အမတ်တို့ကို လွှဲအပ်ပြီး ကာမဂုဏ်စည်းစိမ်ကိုသာ ခံစားနေလေတော့ပါတယ်။ အလှူဇရပ်တို့ကိုလည်း ဖျက်စေတော့၏။ ရုဇာမင်းသမီးက နတ်ဗြဟ္မာတို့အား ကူညီစောင်မပေးရန် သစ္စာဓိဋ္ဌာန်ပြုလေတော့၏။ နာရဒဗြဟ္မာကြီးသည် အင်္ဂတိမင်းကြီးအား ဆုံးမရန် ရဟန်းအသွင်ဖြင့် မင်းကြီးမေးသမျှကို ဥပမာသာဓကများဆောင်၍ ကျေနပ်အောင်ဖြေပြီး ငရဲအကြောင်း၊ ရှေးမင်းမြတ်တို့အကြောင်းဟောကြားပြီး မင်းကြီးကို သီလဆောက်တည်စေခဲ့ပါတယ်။

ဝိဓူရသုခမိန်
~~~~~~~
ကောရဗျမင်းကြီးဟာ ဥယျာဉ်တော်ထွက် သီလစောင့်ရှောက် တရားအားထုတ်တဲ့အခါ အတိတ်ဘဝမှ မိတ်ဆွေဖြစ်ခဲ့ဘူးကြတဲ့ သိကြားမင်း၊ နဂါးမင်း၊ ဂဠုန်မင်းတို့သည်လည်း မင်းကြီး ဥယျာဉ်တော်သို့ လာရောက်တရားအားထုတ်ကြတုန်းမှာ သီလနှင့်စပ်သော အငြင်းပွားရာမှာ ပညာရှိ သုခမိန် ဝိဓူရအမတ်ကြီး၏ အဆုံးအဖြတ်မှာ ခံယူကြရပါတယ်။

ဝေဿန္တရာမင်းကြီး
~~~~~~~~~~~
ဒါနဝါသနာထုံလှတဲ့ ဝေဿန္တရာမင်းကြီးဟာ ဆင်ဖြူတော်ကို လှူရုံမက သားနဲ့သမီး၊ ဇနီးမယားကိုပါ ရေစက်ချလှူတဲ့ ပါရမီဟာ ဘုရားလောင်းတွေသာလုပ်နိုင်တဲ့အရာပဲဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း ဒါနပါရမီကို ဖြည့်တင်းသွားတဲ့ ဝေဿန္တရာမင်းကြီးကလည်း အတုယူဖွယ်ကောင်းလှပါတယ်။ ­­­­­­­

ကဲ . . ဒါတွေကတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်တဲ့ ဇာတ်ကြီးဆယ်ဘွဲ့ကို အကျဉ်းဖော်ပြလိုက်တာဖြစ်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။ မသိသေးတဲ့သူငယ်ချင်းတွေ လေ့လာရအောင်လည်း Share ပေးကြပါဦးခင်ဗျာ။

- ကိုးကား – ဇိနတ္ထပကာသနီကျမ်း (ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး)

- စွယ်စုံကျော်ထင်ကျမ်း ( ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး )

– ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့ (ဦးရွှေအောင်)

# Cd ~ Photo.
စာကြည့်တိုက်
📘📘📘📘📘📘📘📘📘📘📘📘📘📘

#ကောင်းကျူိးလိူရာပြည့်ကြပါစေ

"ရောဂတော" ခန္ဓာငါးပါးကို ရောဂါလို့ ရှုမြင်သုံးသပ်ခြင်း•••••••••••••••••••••••••••••ဘုန်းကြီးတို့တတွေ ကိုယ့်သန္တာန်မှာရှိ...
28/02/2020

"ရောဂတော" ခန္ဓာငါးပါးကို
ရောဂါလို့ ရှုမြင်သုံးသပ်ခြင်း
•••••••••••••••••••••••••••••

ဘုန်းကြီးတို့တတွေ ကိုယ့်သန္တာန်မှာရှိတဲ့
ခန္ဓာကိုယ်ကြီးကို ဘယ်လိုမြင်ရမှာလဲ?

ကျန်းမာတယ်လို့ မြင်ရမှာလား
ရောဂါကြီးလို့ မြင်ရမှာလားဆိုတာ
ကြည့်ခိုင်းတာနော်။

ခန္ဓာကိုယ်ကြီးက တကယ်ကျန်းမာနေတာလား
သို့မဟုတ် တကယ် ရောဂါတွေနဲ့လားလို့ဆိုရင်
လောကမှာ ရောဂါမရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ရှိမှမရှိတာ။

ရောဂါဆိုတာ ဘာကိုခေါ်တာတုန်းဆိုတော့
နာတာ, ကျင်တာ, ကိုက်တာ, ခဲတာတွေက
ရောဂါပဲ။ အခုခေတ် ပြောနေတဲ့ ရောဂါ
အမျိုးမျိုးတင် မဟုတ်ဘူး။

ခန္ဓာကိုယ်ကြီးရဲ့ သဘာဝကိုက နာတတ်တယ်။
ကျင်တတ်တယ်။ ကိုက်တတ်တယ်။ ခဲတတ်တယ်။
ညောင်းတတ်တယ်။

ခန္ဓာကိုယ်ကြီး တစ်ခုလုံး ဘယ်နေရာပဲဖြစ်ဖြစ်
နာလိုက်, အောင့်လိုက် ဒီလိုဖြစ်နေတဲ့အပြင်
ရှေးတုန်းက အပြော (၉၆)ပါး ရောဂါဝေဒနာ။

ဒီကနေ့ခေတ်မှာ အလွန်များပြားလှတဲ့
ရောဂါဝေဒနာ ဆိုတာတွေလည်း ဘယ်မှာဖြစ်
တာလဲလို့ စဉ်းစားကြည့်ရင် ဒီခန္ဓာကိုယ်ကြီးမှာပဲ
ဖြစ်တာ။

ရုပ်မှာ ရောဂါတွေ ဖြစ်သလို၊ စိတ်မှာ
ဖြစ်တာတွေကလည်း အများကြီးပဲ။

လောကလူတွေက ရောဂါလို့ဆိုတာ
ရုပ်ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောဂါလောက်ပဲ
ပြောကြတယ်။

စိတ်မှာဖြစ်တဲ့ ရောဂါတွေက
နေ့စဉ်နဲ့အမျှ အများကြီး။

ရုပ်မှာဖြစ်တဲ့ ရောဂါတွေကျတော့
ခုခေတ်မှာ ကြောက်ခမန်းလိလိ AIDS တဲ့။

နောက်ပြီး ကင်ဆာရောဂါ၊ အသည်းရောဂါ
ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ
ဆီးချိုရောဂါ စသည်ဖြင့် ရောဂါတွေ အများကြီးပဲ။

အဲဒါတွေက ဘယ်မှာဖြစ်တာတုန်း။
ဘယ်မှာ ပေါ်တာတုန်းဆိုတော့ ခန္ဓာမှာပဲပေါ့။

ရုပ်ခန္ဓာကိုယ်ကြီးမှာပဲ ဖြစ်ပေါ်နေတာ
ဆိုတော့ ရုပ်ခန္ဓာကိုယ်ကြီးကိုက
ရောဂါကြီးပဲလို့ မြင်တတ်ဖို့ လိုတယ်ပေါ့။

ကိုယ်ရထားတဲ့ ခန္ဓာငါးပါးဟာ
ရောဂါကြီး ရထားတာပေါ့။

ဒါဖြင့် စိတ်မှာရော ရောဂါမရှိဘူးလား
ဆိုတော့ ရှိတာပေါ့။

အလိုမကျရင် ဒေါသဖြစ်တယ်။
အလိုကျရင် လောဘဖြစ်တယ်၊
အမှန်မသိတဲ့ မောဟတွေဖြစ်တယ်။

တစ်ဦးတစ်ယောက် ကိုယ့်ထက်
သာသွားရင် မနာလိုဖြစ်တယ်။

ငါလုပ်နိုင်တယ်ဆိုတဲ့ မာနတွေဖြစ်တယ်။
မိမိကြီးပွားသလို သူတစ်ပါး မကြီးပွား
စေချင်ဘူးဆိုတဲ့ မစ္ဆရိယတွေ ဖြစ်တယ်။

ဒါတွေဟာ စိတ်ရဲ့
ရောဂါတွေပဲလို့ ဆိုလိုတယ်။

ဒီထက် ရောဂါကြီးလာရင်တော့
စိတ်အထူးကုဆေးရုံ သွားရမှာနော်။

အဲဒီတော့ ခန္ဓာကိုယ်ကို ကြည့်လိုက်ရင်
ရောဂါ၊ စိတ်ကို ကြည့်လိုက်ရင်လည်း
ရောဂါဆိုတော့ ...

ခန္ဓာငါးပါးကြီးကို ဝိပဿနာအမြင်နဲ့
ဘယ်လိုရှုရမလဲဆိုတော့

“ဪ... ခန္ဓာကိုယ်ကြီးက အမြဲတမ်း
နာကျင်နေတာ ဖြစ်သောကြောင့် တကယ့်
ရောဂါကြီးပါလား” လို့ ရှုမြင်ဖို့ လိုအပ်တယ်ပေါ့။

အဲဒီတော့ ရောဂါဆိုတဲ့သဘောကို
ထင်ရှားအောင် ဘယ်လိုနှလုံးသွင်း
ရမလဲ စဉ်းစားကြည့်။

ခန္ဓာကိုယ်ကြီးက ရောဂါဆိုတော့
ရောဂါလို့ မြင်အောင်ကြည့်။

ရောဂါ ဖြစ်လာပြီ ဆိုရင် ဘာလုပ်မလဲ?
မတည့်တာတွေ ရှောင်ရတယ်၊ ဆေးမှန်မှန်
သောက်ရတယ်၊ အနေအထိုင် ဆင်ခြင်ရတယ်။

ရောဂါဖြစ်လာတဲ့ ပုဂ္ဂိုလ်ဟာ
ဒီအတိုင်းပဲ နေရတယ်။

ကျန်းမာပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့
ခန္ဓာကိုယ်ကြီးပဲ ကြည့်လိုက်ဦး။

သူ့အတွက်ဘာတွေ လုပ်နေရတုန်းလို့ မေးရင်
စားစရာတွေ၊ ဝတ်စရာတွေ၊ နေစရာတွေနဲ့
ပံ့ပိုးပြီး ကျန်းမာအောင် လုပ်နေရတာပဲ။

ကဲ မစားဘဲနဲ့ နေကြည့်ပါလား။
မဝတ်ဘဲ နေကြည့်ပါလား။

ရာသီဥတုအေးနေပြီ အနွေးထည် မခြုံဘဲနဲ့
နေကြည့်ပါလား။ ရာသီဥတု ပူနေပြီး အဝတ်နဲ့
အကာအကွယ်မလုပ်ဘဲ နေကြည့်ပါလား။
မရဘူးနော်။

အဲဒီတော့ ခန္ဓာကိုယ်ကြီးဆိုတာ စားစရာ၊
ဝတ်စရာ နေစရာ၊ မကျန်းမာရင် ဆေးဝါး
ဆိုတာတွေနဲ့ အမြဲတမ်း ထိန်းမနေရပေဘူးလား။

ထိန်းနေရတာပဲလေ။

အေးပြီဆိုရင် နွေးတဲ့အဝတ်လေး
ဝတ်ပေးရတယ်၊

ပူလာပြီဆိုရင် ယပ်လေလေး
ခတ်ပြီး နေရတယ်ပေါ့။

ပူလာရင် အေးအောင် လုပ်ရတယ်။
အေးနေရင်လည်း နွေးအောင်လုပ်ရတယ်။

ဆာရင်လည်း စားပေးရတယ်။ အစား
လွန်သွားပြန်တော့လည်း အစာကြေဆေး
သောက်ရပြန်တယ်။

အဲဒီလို ခန္ဓာကိုယ်ကြီးကို နေ့စဉ်နဲ့အမျှ
မျှမျှတတဖြစ်အောင် ကြိုးစားအားထုတ်
နကွေရတာ။

ဒါကြောင့် ရောဂါကြီးနဲ့ အလားသဏ္ဌာန်
တူနေလို့ “ရောဂါ”လို့ မြင်ရမယ်။

အဲဒီလို ရှုမြင်မှ ခန္ဓာငါးပါးအပေါ်မှာ
တွယ်တာမှုတွေ လျှော့ချနိုင်မှာ။

ဘုန်းကြီးတို့တတွေ သံသရာက ပါလာတဲ့
ခန္ဓာပေါ်မှာ တွယ်တာမှုဟာ အလွန်ကြီးမားပြီး
အလွန်ကို စွဲနေတယ်။

လောကမှာ စွဲတဲ့ဆေးရောင် ဆိုးထားရင်
အတော်နဲ့ချွတ်လို့ရမှာ မဟုတ်သလိုပဲ ။

လူတွေရဲ့ စိတ်ထဲမှာ စွဲလန်းနေတဲ့ အစွဲ
တရားဟာ ချွတ်ဖို့ဆိုတာ အင်မတန်မှ
ခဲယဉ်းတယ်။

ဒီဘဝမှာတင် လူတိုင်း လူတိုင်းဟာ
မိမိတို့ရထားတဲ့ ခန္ဓာကိုယ်ကြီးကို
မလှလှရေး, မဝဝရေး နေ့စဉ်နဲ့အမျှ
ထိန်းသိမ်းပြီးတော့ ပြုပြင်ပေးနေရတာပဲ။

မနက်မိုးလင်းတာနဲ့ Toilet အိမ်သာဝင်ရ၊
မျက်နှာသစ်ကြရ၊ သွားတိုက်ရ၊ ဝမ်းဖြည့်ကြ
ရတာပေါ့။

အဲဒါတွေ မလုပ်ဘဲနေကြည့်ရင်
ခန္ဓာကိုယ်ကြီးရဲ့ အနေအထား
ဘယ်လိုဖြစ်သွားမလဲ စဉ်းစားကြည့်ပေါ့။

ဒါကြောင့် အထောက်အကူတွေနဲ့ မျှတအောင်
အသက်ရှည်အောင် ထိန်းကျောင်းပေးနေရတာ
ဖြစ်တယ်တဲ့။

ရောဂါရှိတဲ့ ပုဂ္ဂိုလ်သည် ဆေးသောက်နေ
ရသလိုပဲ။ ခန္ဓာရရှိတဲ့ ပုဂ္ဂိုလ်သည် အမြဲတမ်း
မှီဝဲနေကြရတယ်။

ဘာတွေ မှီဝဲရတာတုန်းဆိုရင် စားစရာတို့၊
ဝတ်စရာတို့၊ နေစရာတို့ပေါ့။

ဒါကြောင့် ခန္ဓာကိုယ်ကြီးကို ရောဂါနဲ့
တူတယ်လို့ ဒီလိုရှုမြင်နိုင်အောင် ကြိုးစားပါတဲ့။

မိမိသန္တာန်မှာရှိတဲ့ ခန္ဓာငါးပါးတို့ကို
"ရောဂတော"အနာရောဂါဟူ၍ ဝိပဿနာ
ဉာဏ်ဖြင့် ရှုမြင်တဲ့ ယောဂီပုဂ္ဂိုလ်သည်

"အနုလောမိကံခန္တိ" မဂ်ဉာဏ်ကို
ပေါင်းကူးပေးနိုင်တဲ့ မဂ်စိတ်နဲ့ လျော်ကန်
သည့်အပြင် စွမ်းရည်ထက်မြက်တဲ့ ဝိပဿနာဉာဏ် "အနုလောမိက ခန္တီဉာဏ်” ကို ရရှိနိုင်၏။

အဲဒီလို ရှုပုံနဲ့ပဲ ဝိပဿနာဉာဏ်တွေ
ထိပ်ထိအောင် ရောက်နိုင်တယ်လို့
ပြောတာနော်။

ခန္ဓာကြီးကို ရောဂါလို့ ရှုနိုင်တာနဲ့ပဲ
ဝိပဿနာဉာဏ်တွေ အဆင့်ဆင့်
တက်သွားနိုင်သောကြောင့်

ဘုန်းကြီးတို့တတွေ ကိုယ့်ကိုကိုယ် တစ်နေ့
တစ်ခါ စဉ်းစားပြီးတော့ ကြည့်ရမယ်။

“ငါ ရရှိထားတဲ့ ခန္ဓာငါးပါးက ရောဂါကြီးပဲ။
တို့တတွေ နေ့စဉ်နဲ့အမျှ စားလိုက်ရ
သောက်လိုက်ရနဲ့ နေ့စဉ် ပြုပြင်ထိန်းသိမ်း
နေကြရပါလား” လို့ စဉ်းစားဆင်ခြင်ပြီး
ကြည့်ကြရမယ်။

နောက်တစ်ခု ရောဂါလို့ဆိုတဲ့နေရာမှာ
ခန္ဓာကိုယ်ကြီးကို ဘာလို့ရောဂါလို့ ပြောရ
တာတုန်းဆိုတော့ ရောဂါဟူသမျှရဲ့ အခြေခံ
ကြီးဖြစ်လို့ပဲတဲ့။

ရောဂါမှန်သမျှ ဘယ်မှာဖြစ်တာတုန်း
ဆိုရင် ခန္ဓာမှာ ဖြစ်တာ။

ရုပ်ပိုင်းဆိုင် ရောဂါတွေမှန်သမျှ
ရုပ်ခန္ဓာကိုယ်ကြီးမှာ ဖြစ်တယ်။

စိတ်ပိုင်းဆိုင်ရာ ရောဂါတွေမှန်သမျှ
စိတ်မှာ ဖြစ်တယ်။

“ကာယိက ရောဂါ” ကိုယ်မှာဖြစ်တဲ့ ရောဂါ
ဆိုတာ (၉၆)ဖြာ ရောဂါဝေဒနာအပြင်
ဒီကနေ့ ခေတ်ပေါ် ရောဂါတွေလည်း ပါတယ်။

“စေတသိက ရောဂါ” က စိတ်မှာ ဖြစ်တယ်။

အဲဒီရောဂါတွေ ဖြစ်ခြင်းရဲ့အကြောင်း၊
ဖြစ်ရမည့်နေရာ အခြေခံသည် ဘယ်သူလဲ
ဆိုရင် ဟောဒီ ခန္ဓာငါးပါးကြီးပဲ ဖြစ်တယ်တဲ့။

ဒါကြောင့် ဘုန်းကြီးတို့တတွေမှာ ရှိတဲ့
ခန္ဓာငါးပါးသည် ရောဂါပဲ။

ရောဂါဟူသမျှရဲ့ အခြေခံပဲလို့ ဒီရှုဒေါင့်
နှစ်ခုကနေပြီး ဝိပဿနာဉာဏ်ဖြင့် ရှုမယ်
ဆိုရင် ဝိပဿနာဉာဏ်တွေထဲမှာ အမြင့်ဆုံး
ဖြစ်တဲ့“အနုလောမိက ခန္တီဉာဏ်”ကိုရသွားတယ်။

အဲဒီဉာဏ် ရပြီးတဲ့အခါမှာ ခန္ဓာငါးပါး
ရှိနေသမျှ ရောဂါ ရှိနေတာပဲလို့ မြင်လာပြီ
ဆိုရင်တော့ ခန္ဓာငါးပါး မရှိတာကို သဘောကျ
လာလိမ့်မယ်။

ဒါကြောင့် ခန္ဓာငါးပါး မရှိအောင်
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့
သတိပဋ္ဌာန် ကျင့်စဉ်ကို ကျင့်ရမယ်။

မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ရမယ်။
သတိပဋ္ဌာန်ကျင့်စဉ်နဲ့ အတူတူပဲ။

မြတ်စွာဘုရားက ဟောတယ်။ နိဗ္ဗာန်ကို
ဦးတည်တဲ့ တစ်ခုတည်းသော ဝိပဿနာ
အကျင့်ဟာ ဒီမဂ္ဂင်ရှစ်ပါး အကျင့်ပဲတဲ့။

ခန္ဓာငါးပါးကို ရောဂါလို့ ရှုမြင်
သုံးသပ်နေခြင်းသည်

• ခန္ဓာပေါ်မှာ တွယ်တာတယ်ဆိုတဲ့ “တဏှာ”
• ငါဆိုတဲ့အမြင် “ဒိဋ္ဌိ” စွမ်းနိုင်တယ်
• တတ်နိုင်တယ်ဆိုတဲ့ “မာန”

ဒါတွေကို ဖယ်ရှားဖို့အတွက် ဖြစ်တယ်ပေါ့။

• တဏှာကိုလည်း ဖယ်လိုက်နိုင်ပြီ၊
• ဒိဋ္ဌိကိုလည်း ဖယ်လိုက်နိုင်ပြီ၊
• မာနကိုလည်း ဖယ်လိုက်နိုင်ပြီဆိုရင်

ဟောဒီခန္ဓာငါးပါးကြီးဟာ ကိလေသာတွေ
ကုန်သွားလို့ နောက်ထပ်တဖန် မဖြစ်နိုင်
တော့ဘူး။

မဖြစ်နိုင်ရင် ခန္ဓာငါးပါးပေါ်မှာ တွယ်တာမှု
ကင်းပြတ်လို့ ခန္ဓာငါးပါးကြီးဟာ ချုပ်ငြိမ်း
သွားမှာပဲ။

ရောဂါရှိတဲ့ ပုဂ္ဂိုလ်သည် ရောဂါကြီး
ပျောက်မှုကို လိုလားတယ်။

ရောဂါသိထားတဲ့ ပုဂ္ဂိုလ်သည်
ရောဂါပျောက်ချင်တယ်။

သွေးတိုးရောဂါရှိတဲ့ သူကလည်း
သွေးတိုးရောဂါ ပျောက်ချင်တယ်။

ဆီးချိုရောဂါရှိတဲ့ ပုဂ္ဂိုလ်ကလည်း
ဆီးချိုရောဂါ ပျောက်ချင်တယ်။

နှလုံးရောဂါရှိတဲ့ ပုဂ္ဂိုလ်ကလည်း
နှလုံးရောဂါ ပျောက်ချင်တယ်။

ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ရောဂါမှန်သမျှ
လူတိုင်းဟာ ပျောက်ချင်ကြတယ်။

ခန္ဓာငါးပါးကြီးကို ရောဂါလို့ သိလိုက်တာနဲ့
တပြိုင်နက် ခန္ဓာငါးပါးကြီး မရှိမှ ဒီရောဂါ
တွေဟာ ပျောက်မယ်ဆိုပြီး ခန္ဓာငါးပါး မရှိတာ
ကို လိုလားတဲ့သဘောတွေ ပေါ်လာနိုင်မယ်ပေါ့။

ခန္ဓာငါးပါးရှိနေတာက ရောဂါ
ခန္ဓာငါးပါး ချုပ်ငြိမ်းသွားတာက ကျန်းမာခြင်း

ခန္ဓာငါးပါး မရှိတော့မှ တကယ့်
ကျန်းမာမှုဆိုတာ ဖြစ်တယ်။

အဲဒါကို ယောဂီပုဂ္ဂိုလ်အနေနဲ့
နားလည်သဘောပေါက်သွားတဲ့အခါ

ခန္ဓာငါးပါး ချုပ်ငြိမ်းသွားမှုသည် ကျန်းမာခြင်းပဲ။
ကျန်းမာခြင်းသည် တကယ့် နိဗ္ဗာန်အစစ်ပါပဲလို့
ရှုမြင်မယ်ဆိုရင်

ခန္ဓာငါးပါးရဲ့ အပြစ်တွေကို မြင်လိုက်တာနဲ့
ခန္ဓာငါးပါးချုပ်ရာ နိဗ္ဗာန်ဟာ တကယ့်ကျန်းမာမှု
ပဲလို့ နိဗ္ဗာန်ကို အာရုံပြုနိုင်လိုက်တာနဲ့တပြိုင်နက်

"သမ္မတ္တနိယာမ"လို့ ဆိုတဲ့ လုံးဝမှန်ကန်ပြီး
ခိုင်မာတဲ့ မဂ်ဉာဏ်တစ်ခုကို ရရှိသွားနိုင်
တယ်။

သာသနာတော်နဲ့ ကြုံတွေ့လာတဲ့အခါမှာ
အခုလို အဆင့်မြင့်တဲ့ အသိဉာဏ်တွေ
ရအောင် ကြိုးစားရမယ်။

အခုလို ကြားဖူးနားဝ ရသွားတာသည်ပင်လျှင်
အဆင့်မြင့်တဲ့ အသိဥာဏ်လို့ မှတ်ထားရမယ်။

မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ
ဟောထားတယ်။

ဒီဘဝမှာ အခုလိုမြတ်စွာဘုရားဟောထားတဲ့
တရားနဲ့ပတ်သက်ပြီး အဆင့်မြင့်တဲ့ အသိဉာဏ်
တစ်ခု ရထားပြီဆိုရင်

ဒီဘဝမှာ တစ်မဂ်တစ်ဖိုလ် မရရင်
ဒုတိယဘဝ ကောင်းရာသုဂတိဖြစ်တဲ့
နတ်ဘုံကို ရောက်သွားရင် ...

ထိုနတ်ပြည်မှာရှိကြတဲ့ အရိယာနတ်သား
တွေက တရားဟောတဲ့အခါမှာ ဒီအသိ
ဉာဏ်လေးဟာ ပြန်ပေါ်လာနိုင်တယ်တဲ့။

“ဪ.. ခန္ဓာငါးပါးဆိုတာကို ရောဂါလို့
ရှုရမယ်" ဆိုတဲ့ အသိလေး ပြန်ပေါ်လာပြီးတော့

“ငါ လူ့ပြည်တုန်းက ဝိပဿနာရှုဖွယ်
တောလေးဆယ် ဒါကြားခဲ့ဖူးပါတယ်”
လို့ စဉ်းစားတာက နှေးနေဦးမယ်တဲ့။

ခန္ဓာငါးပါးကို ရောဂါကြီးပဲဆိုတဲ့ အသိကို
ချက်ချင်းကြီး သိသွားပြီးတော့ ခန္ဓာငါးပါးလုံး
ချုပ်ငြိမ်းသွားတာမှ ရောဂါပျောက်တဲ့ နိဗ္ဗာန်ပဲ”
လို့ မြင်လိုက်တာနဲ့ မဂ်ဖိုလ်ကိုရသွားနိုင်တယ်တဲ့။

ဒါကြောင့် ကိုယ့်သန္တာန်မှာဖြစ်တဲ့
အသိဉာဏ်လေးတစ်ခုကို တန်ဖိုး
ထားတတ်ဖို့ လိုအပ်တယ်ပေါ့။

တန်ဖိုးမထားရင် ဒီအသိက "အလကား
အသိပဲ"လို့ ထင်ကောင်း ထင်လိမ့်မယ်။

မဟုတ်ဘူးနော်။ ဒီအသိက သံသရာမှာ
အကျိုးအရှိဆုံး အသိဖြစ်တယ်လို့ မှတ်ဖို့
လိုအပ်တယ်။

အေး ဒါကြောင့်မို့ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ
ခန္ဓာငါးပါးတို့ရဲ့ အပြီးသတ် ချုပ်ငြိမ်းမှုဟာ
တကယ့် ရောဂါကင်းသွားတဲ့ အခြေအနေပဲ။

အဲဒီ တကယ့် ရောဂါကင်းသွားတဲ့
အခြေအနေဟာ "နိဗ္ဗာန်ပဲ"လို့ ရှုမြင်
နိုင်တဲ့ ယောဂီပုဂ္ဂိုလ်သည်...

"သမ္မတ္တနိယာမံ"
လုံးဝမှန်ကန်တဲ့ မဂ္ဂနိယာမတရားသို့

"သြက္ကမတိ" ဝင်ရောက်သွားနိုင်၏လို့
ဆိုထားတာဖြစ်တယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

"ဝိပဿနာရှုဖွယ် တောလေးဆယ်"
စာအုပ်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။
Credit #စာရိုက်ပူဇော်သူ
Credit #ဓာတ်ပုံ

ကောင်းလိုက်တာ..ဒါမျိုးမှမဖတ်ရင်=====================" ဘာသာရေးမှိုင်းကို ကျော်လွန်နိုင်စေသော-"ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်း...
08/12/2019

ကောင်းလိုက်တာ..ဒါမျိုးမှမဖတ်ရင်
=====================
" ဘာသာရေးမှိုင်းကို ကျော်လွန်နိုင်စေသော-
"ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော် "
-----------------------------------
“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော “ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်” ကို ရဲဝံ့ပြတ်သားစွာ ဟောကြား ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြား သော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင်လမ်း ညွှန်ချက် ” တရားတို့ပင် ဖြစ်သည်။

ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ " ဖြစ်ပါသည်။ ဘာသာရေး ထုံးတမ်းစဉ်လာကြားတွင် တွေဝေ ငေးမောနေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင် အောင် လမ်းဖွင့်ပေး လိုက်သော ကြည်လင်ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ” လည်းဖြစ်ပေသည်။

°°°

ဗုဒ္ဓ၏ ထို မိန့်ဆိုချက်မှာ...

“ အို… ကာလာမလူမျိုး အမျိုးကောင်းသားတို့… သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။

( ၁ ) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ်လာခဲ့တာပဲ
လို့ "ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။

( ၂ ) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ" ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။

( ၃ ) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည်ကျော်ကြားရုံ” နဲ့
မစုံစမ်း မဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။

( ၄ ) “ ရှေးဟောင်းစာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။

( ၅ ) မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။

( ၆ ) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ” တွေ၊
အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်
ပါနဲ့ဦး။

( ၇ ) မိမိဘာသာ“ တွေးခေါ်ကြံစည်ဆင်ခြင်ပြီး ” ဟုတ်လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲ
မှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။

( ၈ ) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစား တွေးတောထားတာတွေနဲ့ “တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။

( ၉ ) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း မဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။

( ၁၀ ) ငါတို့ ရင်းနှီးကျွမ်း၀င်ချစ်ခင်တဲ့ "ငါတို့ဆရာသမား” ပြောကြားတဲ့ စကားပဲ ဆိုပြီတော့
လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။

“ ကာလာမ လူမျိုးတို့...
သင်၏ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား...အကျိုးမဲ့အပြစ်ကိုသာ ဖြစ်စေသောတရားတို့တည်း။
ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း
မဟုတ်သောတရားတို့ပေတည်း... ဟု
ရှောင်ရှားပယ်စွန့်သင့်သည်တို့ကို စွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန်တကယ်
ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ...
ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။

“ ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်...
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ ကျရောက်စေရမည် "

ဟု ခြိမ်းခြောက်ဟောပြော၍
လူစုနေချိန်တွင်…

“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။
ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ …

သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့
သဘာ၀ကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ " ဟု
ဟောကြားရဲခြင်းသည်။

ဓမ္မ၏မြင့်မြတ်မှန်ကန်သော ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒမျိုးစုံတို့
အတွက် “ အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။

°°°

ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်
“ဓမ္မရသ စာစုများ” အမှတ်( ၂ )၊( စာ-၁၄ ) '

ဓမ္မစာပေများ နှင့် ဗဟုသုတများ တိုးပွားရ
ာကောင်းလိုက်တာ..ဒါမျိုးမှမဖတ်ရင်
=====================
" ဘာသာရေးမှိုင်းကို ကျော်လွန်နိုင်စေသော-
"ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော် "
-----------------------------------
“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော “ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်” ကို ရဲဝံ့ပြတ်သားစွာ ဟောကြား ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြား သော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင်လမ်း ညွှန်ချက် ” တရားတို့ပင် ဖြစ်သည်။

ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ " ဖြစ်ပါသည်။ ဘာသာရေး ထုံးတမ်းစဉ်လာကြားတွင် တွေဝေ ငေးမောနေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင် အောင် လမ်းဖွင့်ပေး လိုက်သော ကြည်လင်ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ” လည်းဖြစ်ပေသည်။

°°°

ဗုဒ္ဓ၏ ထို မိန့်ဆိုချက်မှာ...

“ အို… ကာလာမလူမျိုး အမျိုးကောင်းသားတို့… သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။

( ၁ ) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ်လာခဲ့တာပဲ
လို့ "ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။

( ၂ ) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ" ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။

( ၃ ) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည်ကျော်ကြားရုံ” နဲ့
မစုံစမ်း မဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။

( ၄ ) “ ရှေးဟောင်းစာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။

( ၅ ) မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။

( ၆ ) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ” တွေ၊
အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်
ပါနဲ့ဦး။

( ၇ ) မိမိဘာသာ“ တွေးခေါ်ကြံစည်ဆင်ခြင်ပြီး ” ဟုတ်လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲ
မှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။

( ၈ ) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစား တွေးတောထားတာတွေနဲ့ “တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။

( ၉ ) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း မဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။

( ၁၀ ) ငါတို့ ရင်းနှီးကျွမ်း၀င်ချစ်ခင်တဲ့ "ငါတို့ဆရာသမား” ပြောကြားတဲ့ စကားပဲ ဆိုပြီတော့
လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။

“ ကာလာမ လူမျိုးတို့...
သင်၏ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား...အကျိုးမဲ့အပြစ်ကိုသာ ဖြစ်စေသောတရားတို့တည်း။
ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း
မဟုတ်သောတရားတို့ပေတည်း... ဟု
ရှောင်ရှားပယ်စွန့်သင့်သည်တို့ကို စွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန်တကယ်
ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ...
ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။

“ ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်...
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ ကျရောက်စေရမည် "

ဟု ခြိမ်းခြောက်ဟောပြော၍
လူစုနေချိန်တွင်…

“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။
ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ …

သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့
သဘာ၀ကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ " ဟု
ဟောကြားရဲခြင်းသည်။

ဓမ္မ၏မြင့်မြတ်မှန်ကန်သော ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒမျိုးစုံတို့
အတွက် “ အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။

°°°

ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်
“ဓမ္မရသ စာစုများ” အမှတ်( ၂ )၊( စာ-၁၄ ) '

ဓမ္မစာပေများ နှင့် ဗဟုသုတများ တိုးပွားရာ

သူတော်ကောင်းတရား ၇-ပါး================Credit -original uploader လူတိုင်းလိုလိုပင် သူတော်ကောင်း ဖြစ်လိုကြသည်။ သူတော်ကောင်...
29/11/2019

သူတော်ကောင်းတရား ၇-ပါး
================
Credit -original uploader

လူတိုင်းလိုလိုပင် သူတော်ကောင်း
ဖြစ်လိုကြသည်။ သူတော်ကောင်းများနှင့်
ပေါင်းသင်းဆက်ဆံလိုကြသည်။
ဗုဒ္ဓမြတ်စွာဘုရားသည် သူတော်ကောင်းဖြစ်ဖို့ရာ အချက် ၇-ချက်၊ တနည်းအားဖြင့် သူတော်ကောင်းတရား ၇-ပါးကို ဟောကြားတော်မူခဲ့သည်။

သူတော်ကောင်းတရား ၇-ပါးမှာ-
(၁) ယုံကြည်ခြင်း=သဒ္ဓါ။
(၂) ကိုယ်နှုတ်စောင့်စည်းခြင်း=သီလ။
(၃) မကောင်းမှု ဒုစရိုက်ပြုမှုကို ရှက်ခြင်း=ဟိရီ။
(၄) မကောင်းမှု ဒုစရိုက်ပြုမှုကို ကြောက်ခြင်း=သြတ္တပ္ပ။
(၅) အကြားအမြင်ရှိခြင်း=သုတ။
(၆) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း=စာဂ။
(၇) ဟုတ်မှန်စွာသိခြင်း=ပညာ-တို့ ဖြစ်သည်။

ဤနရော၌
(၁) ယူံကြည်ခြင်း-ဟူသည်
ဘုရား၊ တရား၊ သံဃာကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရား၊ တရား၊ သံဃာကို ယုံကြည်မှသာ အမှန်တရားကို ခွဲခြားသိမြင်နိုင်မည်။ ဘ၀ခရီးကို လျှောက်လှမ်းရာ၌ ဆူးငြောင့်ခလုတ် ကန်သင်းတို့ကို ရှောင်ရှားနိုင်မည်။ လိုရာခရီးပန်းတိုင်ကို ကောင်းစွာရောက်ရှိနိုင်မည် ဖြစ်ပေသည်။

ထို့ပြင် ကံ ကံ၏အကျိုးကို ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် မကောင်းမှုကိုရှောင်၍ ကောင်းမှုကို ဆောင်နိုင်မည်။ မျက်မှောက်ဘ၀တွင် ကောင်းကျိုးချမ်းသာကို ရရှိ၍ တမလွန်ဘ၀တွင် ကောင်းမြတ်သော သုဂတိဘုံဘ၀များသို့ ရောက်နိုင်ပေသည်။
ဗုဒ္ဓဘုရားရှင်က သဒ္ဓါတရားသည်တူသည်ဟု အထောက်အကူကောင်းရစေသော အဖော်ကောင်းနှင့် တူသည်။ ကုသိုလ်အမျိုးမျိုးကို ရယူနိုင်သော လက်နှင့် တူသည်။
လိုရာသုံးစွဲနိုင်သော ပစ္စည်းဥစ္စာ ရတနာများနှင့် တူသည်။
အသီးအနှံကောင်းများကို ဖြစ်ထွန်းစေသော မျိုးစေ့ကောင်းများနှင့် ဟောကြားတော်မူခဲ့သည်။

(၂) ကိုယ်နှုတ် စောင့်စည်းခြင်းဟူသော သီလတရားကိုလည်း တင်ပြလိုပါသည်။
သူ့အသက်ကို မသတ်ခြင်း၊
သူ့ဥစ္စာကို မခိုးခြင်း။
သူ့တပါး သားမယား သားသမီးများကို မဖျက်ဆီးခြင်း။
လိမ်မပြောခြင်း။
အရက်သေစာ မသောက်စားခြင်း-ဟူသော ငါးပါးသီလနှင့် ရှစ်ပါးသီလ၊ ကိုးပါးသီလ စသည်တို့ ဖြစ်သည်။
သီလရှိမှ သီလစင်ကြယ်မှသာ ကျွန်ုပ်တို့သည် ကောင်းကျိုးချမ်းသာကို ရရှိနိုင်ပေမည်။ သီလသည် နိဗ္ဗာန်ရောက်ကြောင်း အခြေခံကောင်းတရပ်ဖြစ်၍ သူတော်ကောင်းတရားတပါးပင် ဖြစ်ပေသည်။

(၃) မကောင်းမှုဒုစရိုက် ပြုမှုကို ရှက်ခြင်းဟူသည်-
သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှု ဒုစရိုက်တို့ကို ပြုရန်ရှက်ခြင်းပင် ဖြစ်သည်။

(၄) မကောင်းမှု ဒုစရိုက် ပြုမှုကို ကြောက်ခြင်း-ဟူသည်
သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊ သူတပါး သားမယား၊ သားသမီးများကို ဖျက်ဆီးခြင်း၊ လိမ်ပြောခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခြင်း၊ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း စသော မကောင်းမှုဒုစရိုက် ၁၀-ပါးတို့ကို ပြုရန် ကြောက်ခြင်းပင် ဖြစ်သည်။

(၅) အကြားအမြင်ရှိခြင်း-ဟူသည်
မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော ပိဋကတ်တော်တို့ကို သင်ကြားတတ်မြောက်မှု၊ သိရှိနားလည်မှု များပင် ဖြစ်သည်။ ယင်းတို့ကို သိရှိနားလည်မှသာ နည်းလမ်းမှန်ကန်စွာ ကျင့်ကြံအားထုတ်နိုင်ကြမည် ဖြစ်သည်။ တရားနာခြင်း၊ ဗုဒ္ဓစာပေများ ဖတ်ရှုလေ့လာခြင်း စသည်တို့သည် အကြားအမြင်ရရာ ရကြောင်းတွင် ပါ၀င်သည်။

(၆) သ်ိသောဉာဏ်ပညာနှင့်
စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း-ဟူသည်
ရဟန်းသံဃာတော်များနှင့် သီလရှင် စသော သူတော်စင်တို့ကို၄င်း၊ ဆွေမျိုးမိဘ စသည်တို့ကို၄င်း ပစ္စည်းဥစ္စာ နွမ်းပါးသူတို့ကို၄င်း စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းပင် ဖြစ်သည်။

(၇) ဟုတ်မှန်စွာ သိခြင်း-ဟူသည်
ဆင်းရဲကြောင်း ဟုတ်-မဟုတ်၊ ချမ်းသာကြောင်း ဟုတ်-မဟုတ်ကို ဤဘ၀အတွက် အကျိုးရှိ-မရှိ၊ နောင်ဘ၀များအတွက် အကျိုး ရှိ-မရှိ စသည်တို့ကို သိတတ်သော ဉာဏ်ပညာပင် ဖြစ်ပေသည်။

ဤကား ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော သူတော်ကောင်းတရား ၇-ပါး ဖြစ်သည်။ သူတော်ကောင်းဥစ္စာ ၇-ပါးဟူ၍လည်း ခေါ်ကြသည်။ ဤတရား ၇-ပါးကို လိုက်နာ ကျင့်ကြံ ပွားများ အားထုတ်ခြင်းဖြင့် သူတော်ကောင်းဘ၀ကို တက်လှမ်းနိုင်မည် ဖြစ်ပေသည်။

{ မြတ်မင်္ဂလာ မှ ပြန်လည်ဖော်ပြလိုက်ပါသည် }

Address

Shwedagon Pagoda
Yangon
1050

Telephone

+959970753232

Website

Alerts

Be the first to know and let us send you an email when မြတ်ဗုဒ္ဓ၏တရားတော်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share