22/03/2025
ထိုင်းနိုင်ငံ၏ အလှဆုံးသော Forest Bathing အတွေ့အကြုံများထဲမှ တစ်ခုကတော့ လွယ်လွယ်ကူကူ သွားရောက်နိုင်သော နေရာလည်းဖြစ်တဲ့ ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဒွိုင်းအင်သာနု (Doi Inthanon) ထိပ်မှာ တည်ရှိတဲ့ အန်ကာ သဘာဝလမ်းကြောင်း (Ang Ka Nature Trail) ပဲဖြစ်ပါတယ်။ ဒီ အန်ကာ ဘဘာဝလမ်းကြောင်းကတော့ နှစ်ပေါင်း ၄,၃၀၀ သက်တမ်းကြာပီဖြစ်တဲ့ အပူပိုင်းသစ်ပင်ပန်းမန်တွေပေါများစွာ ပေါက်ဖွားနေတဲ့ Cloud Forest တစ်ခုထဲမှာ တည်ရှိပါတယ်🏞️🏞️🏞️
သစ်သားဖြင့် တည်ဆောက်ထားသည့် စက်ဝိုင်းပုံသဏ္ဌာန် လမ်းကြောင်းပေါ်ကို ခြေလှမ်းချလိုက်တာနဲ့ ရှေးဟောင်းကမ္ဘာတစ်ခုထဲကို တိုက်ရိုက်ရောက်ရှိသွားသကဲ့သို့ ခံစားရနိုင်ပါတယ်။ သဘောကျစရာကောင်းတာက The Lord of the Rings ဇာတ်ကားထဲကလိုတောထဲက သစ်ပင်တွေ အသက်ဝင်လာနိုင်မယ့် ခံစားမှုကို ပေးနိုင်တာမျိုး😍😍😍
ဒီ 45 မိနစ်လောက်လျှောက်ရတဲ့ လမ်းလေးကတော့ မနက်စောစော သွားတာ အသင့်တော်ဆုံးဖြစ်ပြီးတော့ မနက်အရုဏ်မြူတွေ၊ Sunrise ဖြစ်လာတဲ့အခါ နေရောင်လေးတွေ သစ်တောထဲကို ဝင်လာတဲ့အခိုက်အတန့်ကို ခံစားနိုင်မယ်။ တောက ပူနွေးစိုစွတ်တဲ့ရာသီဥတု ဖြစ်ပြီး ငှက်သံလေးတွေ ပိုးမွှားသံ နဲ့ ရေစီးသံလေးတွေကို အမြဲကြားနေရတော့ အတော်လေး စိတ်ကိုသက်သောင့်သက်သာ ဖြစ်စေတယ်🥰🥰🥰
သဘာဝပတ်ဝန်းကျင်ထဲမှာ နူးညံ့တဲ့အလင်းရောင်လေးကို ခံယူပြီး သဘာဝရဲ့ တေးဆိုသံလေးတွေကို ခံစားရင်း သဘာဝရဲ့ အလှအပကို ကင်မရာလေးနဲ့ ဖမ်းယူထားလိုက်ရင်တော့ဖြင့် တစ်သက်တာ ပြောစမှတ်ဖြစ်နေမှာ အသေအချာပဲ😍😍😍
မင်မင်တို့ Right Fortune Travel & Tour က သွားချင်တဲ့နေရာလေးတွေအပေါ်မူတည်ပြီး customized tour တွေလဲ ဖန်တီးပေးတာမို့ သွားချင်တဲ့နေရာကို မှတ်ထားပြီး Viber ဖုန်းနံပါတ် ☎️ 095135710 နဲ့ ☎️ 09254386589 တို့ကို ဆက်သွယ်လိုက်ရုံပါပဲနော်😘😘😘
#စိတ်ချမ်းသာစွာခရီးထွက်ပါ