21/02/2026
🙏"မ မေ့ နဲ့ "🙏
~~~~~~
အသက်ကြီးလာရင်
မျက်စိကမကောင်း,နားကမကောင်း
အသည်း နှလုံး ကျောက်ကပ်က မကောင်းနဲ့
နောက်ဆုံး...
ကောင်းတာ ဘာမှမရှိတော့ဘူးဆိုရင်
သွားရတော့တာပဲ...။
ဒါကြောင့် နောက်ဆုံး
ဘာမှမကောင်းတော့ဘူးဆိုရင်
စိတ်ကလေးတော့
ကောင်းအောင်ကြိုးစား...။
နောက်အသက်ကြီးလာရင်
ဟိုဟာနဲ့မတည့် ဒီဟာနဲ့မတည့်ဖြစ်လာပြီး
နောက်ဆုံး...
ဘာနဲ့မှမတည့်တော့ဘူးဆိုရင်
သွားရတော့တာပဲ...။
ဒါကြောင့်နောက်ဆုံး
ဘာနဲ့မှမတည့်တော့ဘူးဆိုရင်
တရားဓမ္မနဲ့တော့ တည့်အောင်နေ...။
နောက် အသက်ကြီးလာရင်
သွားစရာ ဘောင်ကျဥ်းလာတယ်...
နောက်ဆုံး...
ဘယ်မှမသွားနိုင်တော့ဘူးဆိုရင်
သွားရတော့တာပဲ...။
ဒါကြောင့် နောက်အသက်ကြီးလာရင်
ဘယ်မှမသွားနိုင်တော့ဘူးဆိုရင်
စိတ်ကလေးကို အကောင်းဘက်
သွားနိုင်အောင်ကြိုးစား...။
(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)🙏🙏🙏