ကိုကံထွန်း - Ko Kan Htun

ကိုကံထွန်း - Ko Kan Htun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကိုကံထွန်း - Ko Kan Htun, Religious organisation, Tamwe, Yangon.

25/01/2026

သာဓုခေါ်တိုင်းလည်း ကုသိုလ်မရတတ်ပါ
————————————————————
ယခု ပို့စ်လေးသည် ကျန်းမာရေးမကောင်းလို့ စိတ်သွားတိုင်း ကိုယ်မပါတော့သည့် မိတ်ဆွေများရဲ့ အကျိုးအတွက် ရည်ရွယ်
ပါသည်။
ကုသိုလ်ရအောင်သာဓု ခေါ်ကြသည် ဆိုပေမယ့် နည်းလမ်းမှန်ကန်ဖို့တော့ လိုပါမယ်။
အညွှန်းမှာ ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ပါလို့ တိတိကျကျ မှာထားသော်လည်း ဗုဒ္ဓဘာသာဝင်အများစုက ပေါ့ပေါ့တန်တန်ပဲ သာဓုခေါ်ကြပါတယ်။
🙏သာဓုခေါ်ရတဲ့အကျိုးကို ခံစားချင်တယ်ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာရှိတဲ့ စိတ်လှုပ်ရှားတက်ကြွနေဖို့နဲ့ ကုသိုလ်ပြုလုပ်နေတဲ့ ပုံရိပ်တွေ ပုံဖော်ကြည့်ဖို့(အာရုံပြုထားဖို့)အဓိက လိုအပ်ပါတယ်။😌
ကျွန်တော်တို့ရဲ့ စကြဝဠာအတွင်းမှာ..
လျှပ်စစ်သံလိုက်လှိုင်းများက နေရာလပ်မကျန်အောင် အပြည့်ရှိနေပါတယ်။ဒါက
စကြဝဠာရဲ့ အခြေခံဖွဲ့စည်းပုံပါပဲ။ လှိုင်းတွေအပြည့်ရှိပြီးငြိမ်သက်နေတဲ့ စကြဝဠာအတွင်းမှာ နာမ်တရားတွေ(သို့)ပြင်းထန်တက်ကြွတဲ့ စိတ်လှုပ်ရှားမှုတွေကြောင့်၊လှိုင်းတွေဟာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီးနောက် အမှုန်ဘဝသို့ ကူးပြောင်းသွားပါတယ်။ ဒီဖြစ်စဉ်အတိုင်း ဖြစ်ပေါ်လာတဲ့ အမှုန်တွေ ထပ်မံစုဝေး လာရာမှ ကျွန်တော်တို့ မြင်နိုင်၊ထိတွေ့နိုင်သော ဒြပ်ဝတ္ထုတွေ တဆင့်ခြင်း ဖြစ်ပေါ်လာတာပါ။
တင်ပြချက်ကို သဘောမပေါက်ပါက အောက်က ဗွီဒီယိုတွေကို အကြိမ်ကြိမ်ကြည့်
ကြပါ။
အဖြေကတော့ရှင်းပါတယ်၊ဒီလောကကြီးအတွင်းမှာရှိတဲ့ အရာရာသောဒြပ်ဝတ္ထုတိုင်းရဲ့ ဖန်ဆင်းရှင်အစစ်က သတ္ထဝါတိုင်းရဲ့ စိတ်
(သို့)နာမ်တရားကြောင့်သာဖြစ်ပါတယ်။
ကျွန်တော်တို့ တဦးချင်းစီရဲ့ အတွေးတွေ၊စိတ်ကူးတွေနဲ့ လောကကြီးကို တက်ညီလက်ညီ တည်ဆောက်နေတာဖြစ်ပါတယ်။ မိမိတို့ အာရုံပြု(စိတ်ကူးပုံဖော်)လိုက်တဲ့ ပုံရိပ်တွေ၊သဏ္ဌာန်တွေ အတိုင်း လှိုင်းတွေ၊ အမှုန်တွေက တဆင့်ခြင်းစီ ပုံစံထုတ်ပြီး တည်ဆောက်ပေးနေတာပါ။
မိမိတို့ရဲ့ စိတ်ကူးတွေ၊အတွေးတွေရဲ့ ..
ဇော အရှိန် အနည်အများ၊အကြိမ်ရေ
အနည်းအများပေါ် မူတည်ပြီး မိမိတို့ကိုယ်တိုင် ခံစားရမယ့် လောကအသစ်ကို
ပြန်လည် လက်ခံရရှိကြမှာဖြစ်ပါတယ်။
ဒါကိုကောင်းစွာနားလည်သွားရင် အသက်အရွယ်အိုမင်းပြီး ကျန်းမာရေး
မကောင်းသူများ အနေဖြင့် အခြားကုသိုလ်
မလုပ်နိုင်ရင်သော်မှ မနောကံကုသိုလ် တခုတည်းဖြင့် မိမိကိုယ်ကို ဒုက္ခအပေါင်းမှ
ကယ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
အခြားဘာမှ မလုပ်နိုင်ရင်တောင်
ကောင်းကောင်းတွေးတတ်၊စိတ်ကူးယဉ်
တတ်ရင် မိမိရောက်ချင်တဲ့ သုဂတိဘုံကို
ရောက်ဖို့ လုံလောက်နေပါပြီ။
“ဗုဒ္ဓဟောခဲ့တဲ့ ယောနိသောမနသီကာရ”
ပါပဲ။
တခုသတိထားရမှာက မနသီကာရ လုပ်နေစဉ်မှာ ပါးနပ်ဖို့လည်း လိုပါမယ်။ ဥပမာ-
အတွေးထဲမှာ အလှူကြီးအတန်းကြီး လုပ်ဖို့
စိတ်ကူးယဉ်နေစဉ်မှာ ကပ်စေးမနည်းရပါဘူး၊မနာလိုဝန်တိုခြင်း၊နှမျောတွန့်တိုခြင်း မဖြစ်ရပါဘူး၊ ဖြစ်လိုက်ပြီဆိုတာနဲ့ မိမိကိုယ်တိုင် သတိမမူဘဲ ငရဲတခုကို ဖန်တီးမိသလိုဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့်လည်း ဆရာတော်ကြီးတွေက
အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေသည် ..လို့ မိန့်ကြားတာဖြစ်ပါတယ်😊
ဒါကြောင့်မို့ မိတ်ဆွေရဲ့ အတွေးအသစ်ဟာ..
-မိတ်ဆွေရဲ့ ဘဝ အသစ်
-မိတ်ဆွေရဲ့ လောကအသစ် နဲ့
-မိတ်ဆွေရဲ့ ပဋိစ္စသမုပ္ပါဒ်သာ ဖြစ်ပါတယ်ခင်ဗျာ🙏😌
နောက်တကြိမ်မှာ လောကထဲက လွတ်မြောက်ပုံ ထပ်မံတင်ဆက်ပေးပါမည်။
credit. - MM Pop Science
Knowledge junction.

ကိုကံထွန်း(ကျောက်မြောင်း)

24/01/2026

Address

Tamwe
Yangon

Telephone

+9595138078

Website

Alerts

Be the first to know and let us send you an email when ကိုကံထွန်း - Ko Kan Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share