08/08/2026
နာတာဟာ ခန္ဓာမှာဖြစ်တဲ့ သဘောတရားတစ်ခုမျှပဲ
---------------------------------------------------------------------------
စိတ်က ပြင်းထန်ပြီး ခံရခက်တဲ့ အာရုံကို နာကျင်မှုလို့ နာမည်တပ်ပြီး ဆိုးတယ်လို့ အလိုအလျောက် သတ်မှတ်ပါတယ်၊ အဲ့ဒီဖြစ်စဉ်ကို လေ့လာရအောင်...
နာကျင်မှုကို မကောင်းတဲ့အာရုံအဖြစ် သတ်မှတ်ကြတယ်...
နာတယ်လို့ သတ်မှတ်လိုက်ရင် စိတ်မှာ နာတာနဲ့ ပတ်သက်ပြီး ပုံဖော်လိုက်တယ်...
ဒါကြောင့် နာလာရင် စိတ်က မကြိုက်ဘူးဆိုတဲ့ အလိုအလျောက် တုံ့ပြန်မှု ဖြစ်လာတယ်...
ဒီလို တုံ့ပြန်နေရင် နာတာဟာ သဘာဝတရားဆိုတဲ့ သဘောထားအမြင်မှန်ကို ထည့်သွင်းဖို့ လိုပါတယ်...
နာတာကို သဘာဝအဖြစ် လက်ခံလိုက်မှ သူ့ကို မတားဆီးဘဲ နာတာကို လေ့လာနိုင်ပါတယ်...
မဟုတ်ရင် နာတာကို ဆန့်ကျင် တွန်းလှန်နေတာနဲ့ အလုပ်ရှုပ်နေပြီး သူ့ကို မလေ့လာနိုင်ဘူး...
နာတာဟာ ခန္ဓာမှာဖြစ်တဲ့ သဘောတရားတစ်ခုမျှပဲ...
နာတယ်လို့ စိတ်က သတ်မှတ်တာပါ...
အမြင်မှန်ရှိရင် ဥပေက္ခာစိတ်နဲ့ ကြည့်နိုင်ပြီး အမြင်မှန် မရှိရင် ဒေါသဖြစ်နိုင်ပါတယ်...
ဒါကြောင့် စိတ်က ဘယ်လို အလုပ်လုပ်နေလဲဆိုတာ သိဖို့လိုပါတယ်...
နာတာကို စိတ်က ဘယ်လို သတ်မှတ်နေလဲ?
စိတ်က ဘယ်လို ပုံဖော်နေလဲ?
တရားအားမထုတ်သူအတွက် နာတာက တစ်စုတစ်ဝေးတည်းလို ဖြစ်နေတယ်...
တရားအားထုတ်သူ အတွက်တော့ နာတဲ့ဖြစ်စဉ်ကို အဆင့်ဆင့် တစ်ပိုင်းစီ လေ့လာပြီး သူ့အကြောင်း ပိုပြီး သိရှိလာနိုင်ပါတယ်...
နာတာရှည် နာကျင်မှု ခံစားရတဲ့သူတွေဟာ ဒီဖြစ်စဉ်ကို လေ့လာသင့်ပါတယ်...
စိတ်က နာတာပေါ်မှာ ဘယ်လို ခံစားမှုရှိလဲ?
ဘယ်လို သဘောထားရှိလဲ?
ဘယ်လို သတ်မှတ်နေလဲ?
နာတာနဲ့ ပတ်သက်ပြီး ဘာတွေ နားလည်ထားသလဲ?
နာတာကို ဒီလိုနည်းနဲ့ စုံစမ်းခြင်းအားဖြင့် ငါ နာတယ်လို့ မယူဆဘဲ နာတာကို သဘာဝတရားတစ်ခုအဖြစ် အမြင်မှန်နဲ့ ဘယ်လို နားလည်အောင် လုပ်မလဲဆိုတာကို လေ့လာနိုင်လာမယ်...
ငါ နာတာလို့ မထင်တော့ရင် သိပ်မနာတော့ဘူး...
ဒါမှမဟုတ် လုံးဝမနာတော့တာမျိုးတောင် ဖြစ်နိုင်တယ်...
ဒေါသမရှိရင် နာတာဟာလည်း သိစရာ အာရုံတစ်ခုမျှပါပဲ...
ငါ့မှာ ဖြစ်နေတာ မဟုတ်ဘဲ သဘောသက်သက်ပဲ၊ ရုပ်ဖောက်ပြန်မှု လို့ပဲ မြင်လာနိုင်မယ်...
တစ်နေကုန် အားထုတ်တဲ့အခါ ဘာကိုပဲ လေ့လာနေသည်ဖြစ်စေ ရုပ်နဲ့နာမ်မှာ ဖြစ်သမျှ ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် ဒါသဘာဝပဲ...
သဘာဝ ဖြစ်စဉ်လေးတစ်ခုပဲ ဆိုတဲ့ အမြင်မှန်ကို ထည့်ထားရပါမယ်...
ဒါဟာ အားထုတ်သူနဲ့ အားမထုတ်သူရဲ့ ကွာခြားချက်ပါပဲ...
သက်သောင့်သက်သာသိနေပါစာအုပ်မှ ဖတ်ရှုကူးယူ ပူဇော်ဖော်ပြပါသည်။
ဆရာတော်တေဇနိယ(ရွှေဥမင်)
🧘♂️ 🧘♀️ 🧘
သာဓုခေါ်တာလောက်နဲ့ မတင်းတိမ်နဲ့
https://www.facebook.com/share/p/1D1SmqLyBU/
ဝေဒနာကို မနာအောင်ရှုနည်း
https://www.facebook.com/share/p/1Tj8JXsEVR/
ဘဝ ဝဋ်ကြွေး ဆပ်နည်း
https://www.facebook.com/share/p/18g5sq6qBL/
ဝေဒနာကို ဘယ်လိုကြည့်မလဲ
https://www.facebook.com/share/p/1DUDtCEV9h/
တရားတက်တယ်ဆိုတာ
https://www.facebook.com/share/p/1Q5Wg2eNe1/
Credit:: Original Uploader
မူရင်းရေးသားသူအားလေးစားလျှက်
ပြန်လည်မျှဝေသည်။
#မည်သူမဆိုခွင့်မတောင်းဘဲကူးယူနိင်ပါသည်