24/03/2026
🌺 ရတနာစေတီဆင်များရှင်ဘုရား🌺
☘️ ရတနာစေတီဆင်များရှင်ဘုရားသည် စစ်ကိုင်းမြို့
ပန်းပဲတန်းရပ်တွင်တည်ရှိပြီး စေတီတော်၏ထူးခြား
လှသည့်အချက်မှာ ငလျင်ဒဏ်ကို လေးကြိမ်တိတိ
သင့်တော်မူခံခဲ့ရခြင်းဖြစ်ပါသည်။
☘️စေတီတော်ကြီး၏သမိုင်းကြောင်းမှာ.....
သက္ကရာဇ် ၇၉၂ ခုနှစ်တွင် ရတနာစေတီကို အင်း၀
ဘုရင်သိရီသုဓမ္မာရာဇာမင်းတရားကြီး တည်တော်မူ
ခဲ့ပါသည်။သက္ကရာဇ် ၈၄၉ ခုတွင် ငလျင်ဒဏ်သင့်
သဖြင့် ကွဲအက်သွားလေရာ ဒုတိယအကြိမ်အဖြစ်
သိရီသုဓမ္မရာဇာဓိပတိဒုတိယမင်းခေါင်နှင့်မယ်တော်
အမိတ္တသိရီတို့မှ ပြန်လည်ပြုပြင်ခဲ့ကြလေသည်။
ပြုပြင်စဉ်တွင် စေတီတံတိုင်းပတ်ပတ်လည်၌
ဆင်ရုပ်များခံ၍ ဘွဲ့တော်ကိုလည်း ပြောင်းလဲကာ
#ရတနာစေတီဆင်များရှင် ဟု ခေါ်တွင်သမုတ်ခဲ့၏။
☘️ သက္ကရာဇ် ၉၉၀ ခုတွင် သာလွန်မင်းတရားကြီး၊
သက္ကရာဇ် ၁၁၄၄ ခုတွင် ဘိုးတော်မင်းတရားတို့မှ
ရွှေထီးတော်အသစ်များ ထပ်မံတင်လှုပူဇော်တော်မူ
ခဲ့ကြပါသည်။
☘️သက္ကရာဇ် ၁၂၀၀ခုနှစ်တွင် ဒုတိယအကြိမ် ငလျင်
ဒဏ်ကြောင့်ပြိုကျခဲ့လေရာ သက္ကရာဇ် ၁၂၈၂ ခုတွင်
ရသေ့ကြီးဦးခန္တီမှ ပြန်လည်ပြုပြင်ပြီး လှိုဏ်မုခ်တခု
ကိုပါ ထပ်မံတိုးချဲ့ဆောက်ခဲ့ပြီး ကျောက်ဆင်းတု
ရုပ်ပွားတော်တဆူပင့်ဆောင်ပူဇော်ခဲ့ပါသည်။
☘️သက္ကရာဇ် ၁၃၀၈ ခုတွင် တတိယအကြိမ် ငလျင်
ဒဏ်သင့်ခံရပြန်ပြီး ထီးတော်မြေခ,ခဲ့လေရာ
သက္ကရာဇ် ၁၃၁၁ ခုတွင် မြန်မာနိူင်ငံလုံးဆိုင်ရာရဟန်း
ပျိုအဖွဲ့မှ စောင့်ရှောက်ထိန်းသိမ်းခဲ့ပြီး ၁၃၁၂ ခုတွင်
စေတီတော်ပြုပြင်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့
ကြပါသည်။
☘️သက္ကရာဇ် ၁၃၁၈ ခုတွင် စတုတ္ထအကြိမ်ငလျင်သင့်
ခံရပြီး အုတ်ပုံကြီးအဖြစ်သို့ပြိုကျပျက်စီးခဲ့သဖြင့်
၁၃၁၉ ခုနှစ်တွင် ပြန်လည်စတင်ပြုပြင်ခဲ့လေရာ
၁၃၂၃ ခုနှစ်တွင် စေတီအုတ်မြစ်ချပွဲကို (၇) ရက်
တိုင်တိုင်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
☘️ ကြည်ညိုဖွယ်ရာ၏ဓမ္မမိတ်ဆွေသူတော်ကောင်း
အပေါင်းတို့လည်း စစ်ကိုင်းမြို့ကို တခါတခေါက်
အလည်ရောက်ခဲ့ကြပါလျှင် ထူးထူးခြားခြားငလျင်
ဒဏ် လေးကြိမ်တိုင်တိုင်သင့်ခဲ့ရပါသော ပန်းပဲရပ်ရှိ
#ရတနာစေတီဆင်များရှင်ဘုရား အား ၀င်ရောက်
ဖူးမြော်ပူဇော်နိူင်ကြပါစေရန် အကျိုးမျှော်ရေးသား
တင်ပြအပ်ပါသည်ရှင့်။
🙏ဘ၀တု သဗ္ဗမင်္ဂလံ🙏
(ခပ်သိမ်းသော မင်္ဂလာ ဖြစ်ပါစေသတည်း)
🌺🌺🌺🌺🌺🌺🌺🌺🌺
Credit..foto Eleven Media