မက်သဒစ်ဓမ္မတက္ကသိုလ် - Methodist Theological Institute

  • Home
  • Myanmar
  • Yangon
  • မက်သဒစ်ဓမ္မတက္ကသိုလ် - Methodist Theological Institute

မက်သဒစ်ဓမ္မတက္ကသိုလ် - Methodist Theological Institute Methodist Theological Institute is the only seminary under the conference of Methodist Church in (LM)

**အမှတ်တရ ဂုဏ်ပြုခြင်း**ဆရာမကြီး ဒေါ်ကျင်သိန်း (အသက် ၈၉ နှစ်)မက်သဒစ်ဓမ္မတက္ကသိုလ် (MTI) ၏ ဒုတိယကျောင်းအုပ်ကြီးအဖြစ် (၂၀၀...
14/06/2026

**အမှတ်တရ ဂုဏ်ပြုခြင်း**

ဆရာမကြီး ဒေါ်ကျင်သိန်း (အသက် ၈၉ နှစ်)

မက်သဒစ်ဓမ္မတက္ကသိုလ် (MTI) ၏ ဒုတိယကျောင်းအုပ်ကြီးအဖြစ် (၂၀၀၁ မှ ၂၀၁၂ ထိ) တာဝန်ထမ်းဆောင်စဉ်ကာလတစ်လျှောက် ဘုရားသခင်၏ နိုင်ငံတော်အတွက် ရဲရင့်သော ခေါင်းဆောင်ကောင်းများကို ပညာပေး၊ လမ်းပြ၍ ပြုစုပျိုးထောင်ပေးခဲ့သော ဆရာမကြီး၏ ကျေးဇူးတရားများကို MTI အနေဖြင့် လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ဆရာမကြီးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် ခရစ်တော်၌ အိပ်ပျော်သွားပြီဖြစ်ပါသည်။ ဆရာမကြီး၏ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပါသည်။ ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်ခြင်းများ ဆရာမကြီး၏ မိသားစုဝင်များအပေါ်တွင် အစဉ်ရှိနေပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ပွဲWelcome to the new academic year! 🌟
14/06/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ပွဲ
Welcome to the new academic year! 🌟

၂၀၂၆-၂၀၂၇ စာသင်နှစ်သစ်မှာ အားလုံးပဲ မင်္ဂလာပါ။ ဘုရားသခင်၏ ပို့ဆောင်မှုဖြင့် ရောက်ရှိလာကြသည့် ကျောင်းသား၊ ကျောင်းသူများကိ...
08/06/2026

၂၀၂၆-၂၀၂၇ စာသင်နှစ်သစ်မှာ အားလုံးပဲ မင်္ဂလာပါ။

ဘုရားသခင်၏ ပို့ဆောင်မှုဖြင့် ရောက်ရှိလာကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကျွန်ုပ်တို့ မက်သဒစ်ဓမ္မတက္ကသိုလ်မှ နွေးထွေးစွာ ကြိုဆိုပါသည်။

ဒီတစ်နှစ်တာကာလတစ်လျှောက် အပြန်အလှန် သင်ယူခြင်း၊ အချင်းချင်း တည်ဆောက်ခြင်းတို့ဖြင့် ဘုရားသခင်၏ နိုင်ငံတော်အတွက် အတူတကွ လျှောက်လှမ်းကြပါစို့။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသားသစ်ခေါ်ယူခြင်းသခင်ဘုရားအတွက် ဆက်ကပ်အစေခံရန် ပြင်ဆင်ကြမည့် ကျောင်းသား၊ ကျောင်းသူအသစ်မ...
16/05/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသားသစ်ခေါ်ယူခြင်း

သခင်ဘုရားအတွက် ဆက်ကပ်အစေခံရန် ပြင်ဆင်ကြမည့် ကျောင်းသား၊ ကျောင်းသူအသစ်များကို မက်သဒစ်ဓမ္မတက္ကသိုလ် (MTI)မှ နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။

🎓 ဖွင့်လှစ်မည့်သင်တန်းများ
B.Th (Bachelor of Theology):Grade 12 (တက္ကသိုလ်ဝင်တန်း) အောင်မြင်ပြီးသူများ။
L.Th (Licentiate in Theology):Grade 11 အောင်မြင်ပြီးသူများ။

📝 လျှောက်ထားရန် လိုအပ်ချက်များ
ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများ ပြည့်စုံစွာ ပူးတွဲတင်ပြရပါမည် -
* တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် သို့မဟုတ် အမှတ်စာရင်း။
* မိဘ၊ ရပ်ကွက် နှင့် အသင်းတော်သင်းအုပ်ဆရာတို့၏ ထောက်ခံချက်များ။
* ဗတ္တိဇံခံပြီးကြောင်း လက်မှတ် နှင့် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ။
* ကျန်းမာရေးထောက်ခံချက် နှင့် ကိုဗစ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်။

💰 ကျောင်းစရိတ်နှင့် အစီအစဉ်များ
* တစ်နှစ်စာ ကျောင်းဝင်ကြေးနှင့် စားစရိတ်မှာ ကျပ် (၅) သိန်းဖြစ်ပြီး (၂) ကြိမ်ခွဲ၍ ပေးသွင်းနိုင်ပါသည်။
* လျှောက်ထားသူများအား အင်္ဂလိပ်စာနှင့် ကျမ်းစာဗဟုသုတ ဝင်ခွင့်စာမေးပွဲ စစ်ဆေးမည်ဖြစ်ပါသည်။

📍 လျှောက်ထားရမည့်နေရာနှင့် နောက်ဆုံးရက်
နောက်ဆုံးရက်: ၂၀၂၆ ခုနှစ်၊ မေလ (၂၀) ရက်နေ့။
လိပ်စာ: အမှတ် (၄၁)၊ သောက်တော်တွင်းရပ်ကွက်၊ သန်လျင်မြို့။
လျှောက်လွှာများကို page တွင် ရယူနိုင်ပြီး လူကိုယ်တိုင်ဖြစ်စေ၊ Messenger နှင့် Email များမှတစ်ဆင့်ဖြစ်စေ ပေးပို့နိုင်ပါသည်။

📞 ဆက်သွယ်မေးမြန်းရန်
*ကျောင်းအုပ်ကြီး:09 250004673 ([email protected])
*ဒု-ကျောင်းအုပ်: 09 9975018056 ([email protected])
*ကျောင်းသားရေးရာ:09 962928406 ([email protected])

မက်သဒစ်ဓမ္မတက္ကသိုလ် - (၂၂) ကြိမ်မြောက် ကျောင်းဆင်းပွဲ အမှတ်တရပုံရိပ်များPhoto Credit: U Sein Aung
14/05/2026

မက်သဒစ်ဓမ္မတက္ကသိုလ် - (၂၂) ကြိမ်မြောက် ကျောင်းဆင်းပွဲ အမှတ်တရပုံရိပ်များ

Photo Credit: U Sein Aung

Methodist Theological InstituteChristmas Worship Service 2025ခရစ်တော်မွေးနေ့ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်
24/12/2025

Methodist Theological Institute
Christmas Worship Service 2025
ခရစ်တော်မွေးနေ့ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်

Address

No. 41. Thouk Taw Twin Street, Thouk Taw Twin Ward, Thanlyin
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959250004673

Website

Alerts

Be the first to know and let us send you an email when မက်သဒစ်ဓမ္မတက္ကသိုလ် - Methodist Theological Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to မက်သဒစ်ဓမ္မတက္ကသိုလ် - Methodist Theological Institute:

Shortcuts

Share