07/08/2026
သိရမှာက
ချမ်းသာတဲ့ တရားဟောဆရာတွေ
ချမ်းသာခြင်းအကြောင်းပြောတဲ့သူတွေ မရှိလို့
သာသနာက ဘာမှ မဖြစ်သွားပါဘူး။
ဧဝံဂေလိဆရာတွေ မရှိရင်တော့ သာသနာပျက်
ပါလိမ့်မယ်။
စစ်မှန်တဲ့သင်းအုပ်ဆရာတွေ မရှိရင်တော့
အသင်းတော် ပျက်ပါလိမ့်မယ်။
သာသနာမှာ
အရမ်းချမ်းသာတဲ့ တရားဟောဆရာတွေ
ရှိသလို
ငွေကြေးချို့တဲ့ တဲ့ ဧဝံဂေလိဆရာတွေ ရှိတယ်၊ ငွေကြေး မပြည့်စုံတဲ့ သင်းအုပ်ဆရာတွေ ရှိတယ်။
တချို့တွေက
ငွေကြေးအတွက် အမှုတော်ဆောင်တာဖြစ်ပြီး
တချို့တွေကတော့ ပျောက်ဆုံးဝိညာဉ်အတွက်၊
အသင်းတော်အတွက် နိုင်ငံတော်အတွက်
အမှုတော်ဆောင်တာ ဖြစ်တယ်။
#ရဲကျော်သူ
—————————
တိုင်းပြည် တပြည်မှာ ဝင်ငွေများသူ
ဝင်ငွေ နည်းသူတွေ ရှိတယ်။
နိုင်ငံတခုရဲ့ အနိမ့် အမြင့်ဟာ ငွေကြေးကြောင့်
ခြားနားသွားတာ မဟုတ်ဘဲ
ပညာကြောင့် ခြားနားသွားတာ ဖြစ်တယ်။
ပြည့်တန်ဆာတစ်ယောက်ရဲ့ ဝင်ငွေဟာ
ကျောင်းဆရာမ တစ်ယောက်ရဲ့ ဝင်ငွေထက်
အဆမတန် များနိုင်တယ်။
သိရမှာက
ပြည့်တန်ဆာကြောင့် တိုင်းပြည်တိုးတက်တယ်ဆိုတာ မရှိပါဘူး။
ပညာသင်ပေးတဲ့ ဆရာ ဆရာမတွေ မရှိရင်တော့
ပြည့်တန်ဆာ နိုင်ငံ ဖြစ်သွားမှာပါ။
ပြည့်တန်ဆာ ဆိုတာ
ငွေကြေးအတွက် အလုပ် လုပ်တာဖြစ်ပြီး
ကျောင်းဆရာ ဆရာမဆိုတာ
နိုင်ငံအတွက် အလုပ် လုပ်တာဖြစ်တယ်။
သာသနာမှာ
အရမ်းချမ်းသာတဲ့ တရားဟောဆရာတွေ ရှိသလို ငွေကြေးချို့တဲ့ တဲ့ ဧဝံဂေလိဆရာတွေ ရှိတယ်၊ ငွေကြေး မပြည့်စုံတဲ့ သင်းအုပ်ဆရာတွေ ရှိတယ်။
တချို့တွေက
ငွေကြေးအတွက် အမှုတော်ဆောင်တာဖြစ်ပြီး
တချို့တွေကတော့ ပျောက်ဆုံးဝိညာဉ်အတွက်၊
အသင်းတော်အတွက် နိုင်ငံတော်အတွက်
အမှုတော်ဆောင်တာ ဖြစ်ပါတယ်။
သိရမှာက ချမ်းသာတဲ့ တရားဟောဆရာတွေ
ချမ်းသာခြင်းအကြောင်းပြောတဲ့သူတွေ မရှိလို့
သာသနာက ဘာမှ မဖြစ်သွားပါဘူး။
ဧဝံဂေလိဆရာတွေ မရှိရင်တော့ သာသနာပျက်
ပါလိမ့်မယ်။
စစ်မှန်တဲ့သင်းအုပ်ဆရာတွေ မရှိရင်တော့
အသင်းတော် ပျက်ပါလိမ့်မယ်။
ပြည့်တန်ဆာ ဝင်ငွေကောင်းလို့ ကျောင်းဆရာမထက် သာတယ်လို့တွေးပြီ ဆိုကတည်းက
ပညာမဲ့ခြင်းရဲ့ လက္ခဏာ ပြည့်တန်ဆာသာသာပါပဲ။
ဟိုဆရာက ချမ်းသာလို့ ဧဝံဂေလိဆရာတွေထက်
ဘိသိတ်ရှိတယ်တွေးကတည်းက
အတွေးအခေါ်က လမ်းဘေးသာသာပါပဲ။
ငွေကြေး ဘယ်လောက်ကြွယ်ဝသလဲ ဆိုတာထက်
တိုင်းပြည်အတွက် ဘယ်လောက် အကျိုးပြုသလဲ
ကြည့်ရမှာ ဖြစ်သလို
အမှုတော်ဆောင်တစ်ယောက် ဘယ်လောက်ချမ်းသာသလဲ ဆိုတာထက်
သာသနာအတွက် ပျောက်ဆုံးဝိညာဉ်တွေအတွက်
အသင်းတော်အတွက် ဘယ်လောက် အကျိုးပြုသလဲဆိုတာ ဆင်ခြင်ရပါမယ်။
တိုင်းပြည်မှာ ပြည့်တန်ဆာဆိုတာ မရှိလို့ရတယ်။
ဆရာ ဆရာမတွေ ဆရာဝန် သူနာပြုတွေဆိုတာ မရှိလို့ မရ။
သာသနာမှာ စင်ပေါ်မှာ အော်နေတဲ့ တရားဟောဆရာတွေ မရှိလို့ ရတယ်။
ဧဝံဂေလိ ဆရာတွေ၊ စစ်မှန်တဲ့ သင်းအုပ်ဆရာတွေ
မရှိလို့ မရပါဘူး။
ပြည့်တန်ဆာ ဝင်ငွေ ဘယ်လောက်ကောင်းကောင်း တိုင်းပြည် ဂုဏ် မရှိသလို
တရားဟောဆရာ တစ်ယောက်ရဲ့ ဝင်ငွေဟာ
သာသနာရဲ့ ဂုဏ် အသင်းတော်ရဲ့ ဂုဏ် မဟုတ်ပါ။
ပျောက်ဆုံးဝိညာဉ်များကို ရှာသော ဧဝံဂေလိဆရာ
အသင်းတော်ကို ပြုစုတတ်သော သင်းအုပ်ဆရာများကသာ သာသနာနဲ့အသင်းတော်ကို တိုးတက်စေမှာဖြစ်တယ်ဆိုတာကို သိစေခြင်တာ ရင်ထဲက ဆန္ဒပါ။
အယောက်ဆီတိုင်း ဆင်ခြင်လျှက် ပြင်ဆင်ကြဘို့ပါ။
နားရှိသောသူမည်သည်ကား ကြားပါစေ။
နာမတော်မြတ်၌
#ရဲကျော်သူ
29Aug2025
07:40 am