  • Home
  • Myanmar
  • Yangon
09788677336
08/12/2019
၃၁ ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော်စာတော်ပြန်ပွဲတွင် ရတနာပန်းကုံးကျောင်းတိုက်၏အောင်မြင်မှုတတိယအဆင့်(သာမဏေကျော်ဘွဲ့ရ)...
14/01/2019
၃၁ ကြိမ်မြောက် သာသနာ့ဝန်ဆောင် သာမဏေကျော်
စာတော်ပြန်ပွဲတွင် ရတနာပန်းကုံးကျောင်းတိုက်၏အောင်မြင်မှု
တတိယအဆင့်(သာမဏေကျော်ဘွဲ့ရ)
*****************************
၁ ရှင်ခေမိန္ဒ
၂ ရှင်သိရိန္ဒ
ယနေ့ ၆-၁-၂၀၁၉ တနင်္ဂနွေနေ့ နံနက် (၇း၀၀)နာရီအချိန်မှစတင်ကာ ရတနာပန်းကုံးကျောင်းတိုက်ဆရာတော်နှင့်နောက်ပါ စာချ/စာသင်သံဃာတော်အပ...
06/01/2019
ယနေ့ ၆-၁-၂၀၁၉ တနင်္ဂနွေနေ့ နံနက် (၇း၀၀)နာရီအချိန်မှစတင်ကာ ရတနာပန်းကုံးကျောင်းတိုက်ဆရာတော်နှင့်နောက်ပါ စာချ/စာသင်သံဃာတော်အပါး (၂၀၀)ခန့်တို့သည် ရွှေပြည်သာမြို့နယ်အတွင်းရှိရပ်ကွက်များအတွင်းသို့ အပူဇော်ခံကြွရောက်လျက် ရှိနေပါသည်။
အပူဇော်ခံကြွရန် အသင့်ဖြစ်နေပါပြီ*************************
06/01/2019
အပူဇော်ခံကြွရန် အသင့်ဖြစ်နေပါပြီ
*************************
သံဃာ (၂၀၀)ကျော်အပူဇော်ခံကြွမည်***********************************၁၃၈၀ ခု၊ ပြာသိုလဆန်း (၁) ရက်၊၂၀၁၉ ခု ဇန်နဝါရီလ (၆) ရက်၊...
02/01/2019
သံဃာ (၂၀၀)ကျော်အပူဇော်ခံကြွမည်
***********************************
၁၃၈၀ ခု၊ ပြာသိုလဆန်း (၁) ရက်၊
၂၀၁၉ ခု ဇန်နဝါရီလ (၆) ရက်၊ တနင်္ဂနွေနေ့တွင်
ရတနာပန်းကုံးကျောင်းတိုက်မှ ဆရာတော်အမှူးပြုသော စာချ စာသင်သံဃာတော်အရှင်သူမြတ် (၂၀၀)ကျော်တို့သည်
ပစ္စည်းလေးပါးထောက်ပံ့လှူဒါန်းရာ၊ ဆွမ်းလုပ်ကျွေးရာ တကာ၊ တကာမများ ပူဇော်နိုင်ရန်အလို့ငှာ အပူဇော်ခံကြွရောက်မည်ဖြစ်ပါသည်။
ထိုနေ့နံနက် (၇)နာရီတွင် ကျောင်းမှစတင်ကြွချီမည်ဖြစ်ကာ
နေ့စဉ်ဆွမ်းခံကြွရာရပ်ကွက်များဖြစ်ကြသော
-လှော်ကားတာဆုံ
-ထ ၁၆ ရပ်ကွက်
-ကျောင်းကုန်း
ရပ်ကွက်များသို့ နံနက်ပိုင်းမှ နေ့ဆွမ်းမသုံးမီအချိန်ထိ ကြွမည်ဖြစ်ပါသည်။
နေ့ဆွမ်းကို ကျောင်းတိုက်တွင် ပြန်လည်သုံးဆောင်မည်ဖြစ်ပြီး နေ့လယ်မှညနေအထိ
-ဏ ၁၄ ရပ်ကွက်
-တ ၁၅ ရပ်ကွက်
-အောက်ဂိတ်
- စမ်းချောင်းကြီး
-စမ်းချောင်းလေး
ရပ်ကွက်များသို့ အပူဇော်ခံကြွရောက်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးကြေညာအပ်ပါသည်။
ထိုသို့အပူဇော်ခံကြွရောက်ရာတွင်လိုအပ်မည်ဖြစ်သော ရေသန့်ဗူးများ၊ သီးစုံဓာတ်ဆား၊ အမူးပြေဆေး၊ ရူဆေး၊ ဆေးပလာစတာ(Hansaplast) အစရှိသည်တို့ကိုလည်း လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
အသေးစိတ်သိရှိလိုသူများဆက်သွယ်စုံစမ်းရန်- 09423711288
Admin
ပထမ ဂုဏ်ထူးဖြင့်အောင်မြင်***************************၂၉ ကြိမ်မြောက် မော်ကျွန်းသာမဏေကျော်စာတော်ပြန်ပွဲ၌ရတနာပန်းကုံးကျောင်း...
22/12/2018
ပထမ ဂုဏ်ထူးဖြင့်အောင်မြင်
***************************
၂၉ ကြိမ်မြောက် မော်ကျွန်းသာမဏေကျော်စာတော်ပြန်ပွဲ၌
ရတနာပန်းကုံးကျောင်းတိုက်မှ ရှင်သိရိန္ဒ သည်
တတိယအဆင့်တွင် ပထမဂုဏ်ထူးဖြင့်အောင်မြင်ကာ
သာသနာလင်္ကာရအကျော်ဘွဲ့ကိုရရှိတော်မူခဲ့ပါသည်။
Admin
၂၅-၁၁-၂၀၁၈ဇလွန်ပြည်တော်ပြန်ဘုရားဖူး*****************************ရတနာပန်းကုံးကျောင်းတိုက်ရှိသံဃာတော်အပါး(၂၀၀) တို့သည် ဇလွ...
26/11/2018
၂၅-၁၁-၂၀၁၈ဇလွန်ပြည်တော်ပြန်ဘုရားဖူး
*****************************
ရတနာပန်းကုံးကျောင်းတိုက်ရှိသံဃာတော်အပါး(၂၀၀) တို့သည် ဇလွန် ပြည်တော်ပြန်ဘုရားသို့(၂၅-၁၁-၂၀၁၈)ရက်နေ့တွင် ဦးအောင်မျိုးအေးမိသားစု၏ ပင့်ဆောင်မှုဖြင့် ဘုရားဖူးခဲ့ကြပါသည်။
ဘုရားဖူးခရီးစဉ်အဆင်ပြေချောမွေ့အောင်မြင်အောင်ဝေယာဝစ္စကုသိုလ်ပါဝင်ဆောင်ရွက်ကျသောဗကကျော်စိုး၏ဆွေးမျိုးများအားလည်း အထူးကျေးဇူးတင်ပါသည်။
Photo credit - Aung Myo Aye fb
ဗုဒ္ဓဆင်းတုတော်တစ်ဆူ အလှူခံရရှိတော်မူခြင်း°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°(29/4/3018) တနင်္ဂနွေနေ့ သီရိလင်္ကာနိုင်ငံသိ...
29/04/2018
ဗုဒ္ဓဆင်းတုတော်တစ်ဆူ အလှူခံရရှိတော်မူခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(29/4/3018) တနင်္ဂနွေနေ့ သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူး
ကြွရောက်လာသော�မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ရွှေပြည်သာ
မြို့နယ်၊ ရတနာပန်းကုံးကျောင်းတိုက်၏ ဦးစီး ပဓာနာယက
ဆရာတော်အရှင်သူမြတ်အား သီရိလင်္ကာနိုင်ငံရောက်
တပည့် ရခိုင်ရဟန်းတော်အဖွဲ့မှ သီရိလင်္ကာ ပန်းပုလက်ရာ
သစ်ကနက်သားဖြင့်ပြုလုပ်ထားထုဆစ်ထားသော ဗုဒ္ဓရုပ်
ပွားတ်ာတစ်ဆူအား ကြည်ညိုသဒ္ဓါပွားနိုင်ရန် သဒ္ဓါကြည်ဖြူ
ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
သာဓု
သာဓု
သာဓုပါ။
သာသနာတော်နှင့်ဖိုးသူတော်လေးများ***************************ဝိနည်းဆောင်ကျောင်းတိုက်တချို့မှာ ဖိုးသူတော်လေးတွေကို မကြာခဏမြင...
29/04/2018
သာသနာတော်နှင့်ဖိုးသူတော်လေးများ
***************************
ဝိနည်းဆောင်ကျောင်းတိုက်တချို့မှာ ဖိုးသူတော်လေးတွေကို မကြာခဏမြင်ဖူးကြပါလိမ့်မယ်။ ခေါင်းကိုပြောင်အောင်တုံးထားပြီး အဖြူရောင်ဝတ်ရုံ(သင်္ကန်း)ကိုဝတ်လို့ ကျောင်းတိုက်တာဝန်တွေကို ထမ်းဆောင်နေကြတာကို မြင်တွေ့ရတာ ကြည်နူးစရာပါ။ ကိုယ့်တူအရွယ်၊ ကိုယ့်သားအရွယ်တွေဖြစ်လို့လည်း ကလေးတစ်ယောက်လို ချစ်မိပါတယ်။ ဖိုးသူတော်တွေကို ပထမဦးဆုံးသတိထားမိတာက လွန်ခဲ့တဲ့ (၁၇)နှစ်လောက်က မြဝတီကလာတဲ့ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် အရှင်ဇနကာဘိဝံသအကြောင်း ရိုက်ကူးထားတဲ့ documentary film မှာပါ။ အဲဒီကတည်းက ဖိုးသူတော်တွေအကြောင်းကို စပြီးစိတ်ဝင်စားမိခဲ့ပါတယ်။ နောက်ပိုင်းမေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ရပြီး လွန်ခဲ့တဲ့ (၈)နှစ်က ရတနာပန်းကုံးကျောင်းတိုက်နဲ့ စတင်ချိတ်ဆက်ရင်းနှီးမိချိန်မှာတော့ ဖိုးသူတော်တွေကို ပြန်တွေ့ရလို့ ပြန်ပြီးသတိထားမိခဲ့ပါတယ်။ ဒါကြောင့်ရတနာပန်းကုံးကျောင်းတိုက်က ဖိုးသူတော်လေးတွေအကြောင်း ရေးချင်စိတ်ရှိလာပါတယ်။
ရတနာပန်းကုံးကျောင်းတိုက်မှာ ဖိုးသူတော် (၁၁)ပါး ရှိပါတယ်။အသက်အငယ်ဆုံးဖိုးသူတော်တွေက (၁၁)နှစ်ရှိပါပြီ။ ရခိုင်၊ ရှမ်း၊ ဗမာ စသည်ဖြင့် လူမျိုးစုံကြသလို ဖိုးသူတော်ဝတ်ဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေကလည်း စုံကြပါတယ်။ အဓိကအကြောင်းရင်းကတော့ ရှင်ကျင့်ဝတ်တွေကို နိုင်နိုင်နင်းနင်းထိန်းနိုင်ဖို့ အသက်ငယ်သေးလို့ ရှင်မဝတ်သေးဘဲ ဖိုးသူတော်အဖြစ်နဲ့ ပရိယတ္တိစာပေတွေကိုသင်ယူရင်း ကျောင်းတိုက်တာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ အထူးသဖြင့်ဝိနည်းဆောင်ကျောင်းတိုက်တွေမှာ ငွေကိုင်ဖို့နဲ့ ခရီးသွားရင်ကပ္ပိယအဖြစ် လိုက်ပါနိုင်ဖို့ ဖိုးသူတော်တွေကို ထားတတ်ကြပါတယ်။ တချို့ကျတော့လည်း မိဘကဆင်းရဲလို့ ကျောင်းမထားနိုင်ဘဲ ထမင်းစားဖို့တောင် အနိုင်နိုင်ဖြစ်နေချိန် ရွာကအသိဘုန်းကြီးတွေကနေတစ်ဆင့် ကျောင်းကိုရောက်လာပြီး ဖိုးသူတော်ဝတ်ဖြစ်ကြပါတယ်။
ဘယ်လိုအကြောင်းနဲ့ပဲဖိုးသူတော်ဝတ်ဖြစ်ဖြစ်၊ ဖိုးသူတော်တစ်ပါးဖြစ်လာရင် ကိုးပါးသီလဆောက်တည်ပြီး ကျောင်းတိုက်ရဲ့ ကိစ္စကြီးငယ်တွေမှာ ပါဝင်ဆောင်ရွက်ကြရပါတယ်။ ''ရွှေငွေမကိုင်ရဆိုတဲ့ ဇာတရူပ ရဇတ ပဋိဂ္ဂဟာဏ'' သိက္ခာပုဒ်တစ်ခုကလွဲလို့ ကျန်တဲ့သီလ (၉)ပါးကို စောင့်ထိန်းကြရပါတယ်။ (၉)ပါးသီလကို လူတွေလို ဥပုသ်နေ့တစ်ရက်တည်းဆောက်တည်နေရတာ မဟုတ်ဘဲ ဖိုးသူတော်ဝတ်နေသမျှကာလပတ်လုံး ဆောက်တည်ကြရပါတယ်။ ကိုယ့်အိမ်ကအဖိုးအဖွား၊ အဖေအမေတွေ ဥပုသ်နေမှာ ဘုန်းကြီးကျောင်းကိုသွား ဥပုသ်စောင့်ပြီးပြန်လာရင် ဥပုသ်သည်ဆိုပြီး အရင်ကထက်ပို၍ ရိုရိုသေသေဆက်ဆံကြရတာ အားလုံးသတိထားမိကြမှာပါ။ ဥပုသ်နေ့တစ်ရက်တည်းသာဆောက်တည်တဲ့ ဥပုသ်သည်တွေကိုတောင် ပုံမှန်ထက်အရိုအသေပေးရရင် အမြဲတမ်းဆောက်တည်နေတဲ့ ဖိုးသူတော်လေးတွေကို ပိုလို့အရိုအသေပြုသင့်တယ်ဆိုတာကို ထောက်ပြတာပါ။
ဒါတောင်ဥပုသ်သည်အချို့က အစာအိမ်ရောဂါရှိတာကိုအကြောင်းပြပြီး ''ဝိကာလဘောဇနာ''သိက္ခာပုဒ်ကိုဖျက်ပြီး ညစာစားကြပါသေးတယ်။ ဖိုးသူတော်လေးတွေကတော့ ဘုန်းကြီးကျောင်းမှာနေကြတာဖြစ်လို့ ဘယ်လိုအကြောင်းနဲ့မှ ညစာမစားကြပါဘူး။ အဖျော်ရည်အလှူရှင်ရှိတဲ့ နေ့တွေဆိုရင် အဖျော်ရည်သောက်ခွင့်ရပြီး အလှူရှင်မရှိတဲ့နေ့တွေဆိုရင်တော့ ဗိုက်ဆာရင် ရေပဲသောက်ကြရပါတယ်။ ဒါက အသက်(၁၁)နှစ်အရွယ်ဖိုးသူတော်လေးတွေရဲ့ သီလပါ။ ပူဇော်ထိုက်တယ်ဆိုတာကို ပြောချင်တာပါ။ ဒီဖိုးသူတော်တွေနဲ့ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ကြည့်ရင် ကိုယ်တွေအသက် (၁၁)နှစ်အရွယ်မှာ ကိုးပါးသီလ မပြောနဲ့။ ငါးပါးသီလတောင်မလုံခဲ့ဘူးလို့ အမှန်အတိုင်း ဝန်ခံပါတယ်။ ဒါကြောင့် အသက်ငယ်သော်လည်း ကိုယ်ထက်သီလရှိတဲ့ဖိုးသူတော်လေးတွေကို ကြည်ညိုလေးစားမိပါတယ်။
ရတနာပန်းကုံးကျောင်းတိုက်က ဖိုးသူတော်တွေရဲ့ လုပ်ငန်းတာဝန်တွေကတော့ -
မနက် (၄)နာရီမှာအိပ်ယာထ (ကလေးသဘာဝ တစ်ခါတစ်လေ ငါးနာရီကျော်မှ ထတာမျိုးလည်း ရှိနိုင်ပါတယ်)၊ အိပ်ယာသိမ်း၊ မျက်နှာသစ်၊ သွားတိုက်ပြီးဘုရားရှိခိုးရပါတယ်။ မနက် ၅း၃၀ ကနေ ၆း၀၀ နာရီအတွင်း အရုဏ်ဆွမ်းသုံးရပါတယ်။ ပြီးရင်ကျောင်းတိုက်ဝေယျာဝစ္စဖြစ်တဲ့ အမှိုက်ကောက်ခြင်း၊ အမှိုက်ပုံးသွန်ခြင်း၊ သစ်ပင်ရေလောင်းခြင်း စတာတွေကို ဆောင်ရွက်ကြရပြီး မနက် ၈း၀၀ နာရီမှာ ဆွမ်းခံထွက်ကြရပါတယ်။ သပိတ်ပိုက်ပြီး ဆွမ်းခံထွက်တာမျိုးမဟုတ်ဘဲ ဆွမ်းခံထွက်တဲ့ ရဟန်း၊ ကိုရင်တွေရဲ့ ဝေယျာဝစ္စကိုဆောင်ရွက်ပေးခြင်း၊ ကြေးစည်ထု၍ ဆွမ်းခံကြွလာကြောင်း အသိပေးခြင်း၊ ဆွမ်းဟင်းများကို ချိုင့်များဖြင့်သယ်ပေးခြင်း၊ ဆွမ်းခံလမ်း ပြပေးခြင်း၊ ဆွမ်းခံသံဃာတန်း ပြတ်မကျန်ရအောင် ထိန်းညှိပေးခြင်း စတာတွေကိုဆောင်ရွက်ကြပါတယ်။ ၉း၀၀ နာရီကနေ ၁၀း၀၀ နာရီအတွင်း ဆွမ်းခံပြန်ရောက်လေ့ရှိပြီး ခဏနားကာ ရေချိုးရပါတယ်။
‌ရေချိုးပြီးလို့ နေ့လယ် ၁၁း၀၀ နာရီမှာ သံဃာတန်းနဲ့လိုက်လို့ ဆွမ်းစားဆောင်ကိုကြွပြီး ဆွမ်းဘုန်းပေးကြရပါတယ်။ ဆွမ်းစားပြီးကိုယ့်ပန်းကန်ကို ကိုယ်ဆေးကြရပါတယ်။ တချို့ ဖိုးသူတော်တွေဆိုရင် ကိုယ့်ဆရာသမားရဟန်းတွေရဲ့သပိတ်တွေကိုပါ ယူပြီးဆေးပေးပြီး ဝေယျာဝစ္စကုသိုလ်ယူတာမြင်ရတော့ ကြည်ညိုလေးစားမိပါတယ်။
‌နေ့လယ် ၁၂း၀၀ နာရီကနေ ၁း၀၀ နာရီအထိ ခဏတာအိပ်စက်အနားယူကြရပါတယ်။ ဖိုးသူတော်တချို့ကတော့ ဒီအချိန်ကိုအမိအရယူပြီး ဆော့ကစားကြပါတယ်။ သူတို့အတွက်က ဒီအချိန်ပဲ လွတ်လွတ်လပ်လပ်ဆော့ခွင့်ရှိတာဆိုတော့ သင်္ကန်းလှန်းရုံထဲမှာ သွားဆော့ကြပါတယ်။
‌နေ့လယ် ၁း၀၀ နာရီကနေ ညနေ ၄း၀၀ နာရီအထိ မိမိတို့အတန်းအလိုက် စာဝါတွေတက်ကြရပါတယ်။ ဖိုးသူတော်အများစုလိုက်ရတဲ့စာဝါတွေကတော့ ရုပ်ပုံရှင်ကျင့်ဝတ်နဲ့ သဒ္ဒါအကျဉ်းတို့ ဖြစ်ကြပါတယ်။ ရုပ်ပုံရှင်ကျင့်ဝတ်ပါ လိင် ၁၀ ပါး၊ ဒဏ် ၁၀ ပါး၊ သေခိယ ၇၅ ပါးတို့ကို သင်ပြီးရင် သင်ပြီးသလောက် လက်တွေ့ကျင့်ကြံနေထိုင်ကြရပါတယ်။ ညနေ ၄ နာရီနောက်ပိုင်း ကျောင်းတိုက်ဝေယျာဝစ္စတွေဖြစ်တဲ့ သစ်ပင်ရေလောင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ စတာတွေကိုလုပ်ပြီး ရေချိုးကြပါတယ်။ ညနေ ၆း၁၅ နာရီမှာ ဘုရားရှိခိုးကြပါတယ်။ ဘုရားရှိခိုးပြီးချိန်မှာ တစ်ရက်တာအလှူရခဲ့တဲ့ ပိုက်ဆံတွေကို သံဃာတော်တွေနဲ့ အပ်စပ်အောင် ကပ္ပိယလျှောက်ပြီး လုံခြုံရာနေရာမှာသိမ်းထားရပါတယ်။ ည ၈း၀၀ နာရီနောက်ပိုင်းက ကိုယ်ပိုင်အားလပ်ချိန်တွေဖြစ်ပြီး ဖိုးသူတော်တချို့ကတော့ စာကြည့်တိုက်သွားပြီး စာဖတ်ကြပါတယ်။ ည ၉း၃၀-၁၀း၀၀ နာရီလောက်မှာ အိပ်စက်အနားယူကြပြီး တစ်ရက်တာလုပ်ငန်းတာဝန်တွေကို ပြီးဆုံးစေပါတယ်။ ဒါက ဖိုးသူတော်တစ်ပါးရဲ့ နိစ္စဒူဝတာဝန်အချိန်စာရင်းပါ။
‌ဖိုးသူတော်လေးတွေရဲ့တာဝန်တွေကို သိရတော့ ကိုယ့်ရဲ့ငယ်ဘဝ ဖိုးသူတော်တို့လိုအသက်အရွယ်မှာ ဘာတွေလုပ်ခဲ့မိသလဲ ပြန်သုံးသပ်ကြည့်မိတယ်။ မနက် ၄း၀၀ နာရီ- မထခဲ့ပါ။ အိမ်ရဲ့ဝေယျာဝစ္စလည်း မလုပ်ခဲ့ပါ။ နေ့တိုင်းလည်းဘုရားမရှိခိုးခဲ့ပါ။ မိဘတွေက သတိပေးမှ ရှိခိုးပါတယ်။ နေပူထဲမှာဆော့ကစားမိရင်လည်း မိဘတွေက အပူရှပ်ပြီးဖျားမှာစိုးလို့ တားကြပါတယ်။ ဆံပင်မပါတဲ့ဖိုးသူတော်လေးတွေ နေပူမရှောင် မိုးရွာမရှောင် ဆွမ်းခံထွက်နေကြတာကို မြင်ရတော့ သနားပြီး စိတ်မကောင်းဖြစ်ရသလို တစ်ချိန်တည်းမှာလည်း ကြည်ညိုလေးစားတဲ့စိတ်လည်း ဖြစ်ရပါတယ်။
‌ကိုယ်တွေသူတို့အရွယ်တုန်းက နေမကောင်းဖြစ်ခဲ့ရင် မိဘတွေကချီပြီး ဆေးခန်းပြေးပြခဲ့တာ၊ အစားအသောက်ကိုလည်း မစား စားချင်အောင်ချော့မော့ပြီးကျွေးတာ၊ အပြုအစုခံရတာတွေကို အမှတ်ရနေပါသေးတယ်။ ဒီဖိုးသူတော်လေးတွေနေမကောင်းဖြစ်ခဲ့ယင်တော့ သီတင်းသုံးဖော်ကိုရင် ဦးဇင်းတွေရဲ့ အပြုစုကိုသာခံကြရပါတယ်။ သူတို့ရဲ့မိဘဆိုတာက မိုင်ပေါင်းများစွာဝေးတဲ့တစ်နေရာမှာ ရှိနေကြတာဖြစ်တဲ့အတွက် မိဘကိုတမ်းတလည်း မရနိုင်ဘူးဆို သဘောပေါက်ပုံရလို့ တမ်းတပုံလည်းမရပါ။ ဖိုးသူတော်တစ်ပါးက ရွာပြန်မယ်ဆိုတော့ ကျွန်တော်က အမှတ်တမဲ့ပြောလိုက်မိတယ်။ ''ဘာဖြစ်လို့ပြန်မှာလဲ ဖိုးသူတော်။ ကျောင်းမှာပဲနေပေါ့။ ကျောင်းမှာနေမှ စာတတ်မှာ'' လို့။ ဖိုးသူတော်ပြန်ပြောတာကို ကြားရတော့ စိတ်မကောင်းဖြစ်ခဲ့ရပြီး ငါပြောတာမှားသွားပါလားဆိုတဲ့အသိ ချက်ချင်းဝင်လာပါတယ်။ ဖိုးသူတော်လေးပြန်ဖြေတာက ''တစ်ခါတစ်လေ ညဘက်မှာ အမေ့ကိုသတိရလို့ ငိုမိတယ်'' တဲ့။ (ဒီဖိုးသူတော်မှာ အဖေမရှိတော့ပါဘူး)
‌အော် သူ့ခမျှာ သူ့အမေကိုသတိရနေရှာမှာပေါ့။ ဒီအသက်ဒီအရွယ်လေးနဲ့ အမေနဲ့ခွဲပြီးနေရတဲ့ဘဝကို စာနာသနားမိပါတယ်။
‌ဖိုးသူတော်တွေလေးတွေရဲ့ကောင်းကြောင်းပဲ ရေးနေလို့ အကုန်ကောင်းနေကြတာလားဆိုတော့လည်းဘမဟုတ်ပါဘူး။ ဖိုးသူတော်လေးတွေဆိုတာ ကလေးတွေပဲ။ ကလေးသဘာဝဆိုးတာလည်း ရှိတာပေါ့။ ချစ်စရာကောင်းသောဆိုးခြင်းဆိုရင်လည်း မှားမယ်မထင်ပါ။ သူတို့ကကျောင်းတိုက်မှာအသက်အငယ်ဆုံးလေးတွေဆိုတော့ ကိုရင်တွေ၊ ဦးဇင်းတွေက သူတို့ကိုချစ်လို့ စကြနောက်ကြပါတယ်။ ဒီတော့ ကိုရင်တွေရဲ့ဗိုက်ကို လက်သီးနဲ့လိုက်ထိုးပါတယ်။ ကိုရင်တွေလမ်းလျှောက်နေရင် နောက်ကနေ သင်္ကန်းစကို ဆောင့်ဆွဲပါတယ်။ ဒါပေမယ့်လည်း ဘယ်ကိုရင်မှ သူတို့ကိုစိတ်မဆိုးပါဘူး။ ကလေးတွေဆိုတဲ့စိတ်နဲ့ပဲ ချစ်ခင်ကြပါတယ်။
‌နေ့လယ်အိပ်ချိန်တွေမှာလည်း မအိပ်ဘဲဆော့ကြပါတယ်။ တစ်ခါတုန်းက ကျောင်းတိုက်ဝေယျာဝစ္စကုသိုလ်ရှင်ကို------က ဖိုးသူတော်လေးကို ''ဖိုးသူတော် ဘာအလိုရှိပါလဲ'' လို့မေးတော့ ဖိုးသူတော်လေးက သူ့အတွက်အရေးတကြီးလိုအပ်နေတာကို ချက်ချင်းပြန်ဖြေပါတယ်။ ''သရေကွင်းနဲ့ ဂေါ်လီလုံး'' တဲ့။ ကို------ရဲ့ ပုဆိုးစကိုဆွဲထားပြီး ပြန်ပြောပုံလေးကို အခုအချိန်ထိမျက်စိထဲက မထွက်ပါ။ ပုဆိုးစဆွဲပြီး ပူဆာဖို့အဖေက သူ့အနားမှာ လတ်တလော မရှိတာကိုး။ သူလည်း ကလေးသဘာဝ သူ့အဖေပုဆိုးကိုဆွဲပြီး သူလိုချင်တာကို ပူဆာချင်မှာပဲဆိုပြီး ကရုဏာ ဖြစ်မိပါတယ်။ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
‌တစ်ခါတုန်းကလည်း ဖိုးသူတော်လေးတစ်ပါးက ဆပ်ပြာခွက်ကို ကြိုးနဲ့ဆွဲပြီး ကားမောင်းသလိုလုပ်လို့ ညဘက်ပိုင်းမှာ စာကြည့်တိုက်ဘက်ကိုဆွဲလာတာကို မှတ်မိနေပါသေးတယ်။ သူဆွမ်းခံထွက်ချိန် အရပ်ထဲက ကလေးတွေ ကားကိုကြိုးနဲ့ဆွဲပြီးကစားတာကို မြင်ခဲ့ပုံရပါတယ်။ သူလည်း အရပ်ထဲက ကလေးတွေလို ကစားချင်ရှာမှာပဲလို့ တွေးမိရင်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
‌ဘယ်လိုပဲဆိုးဆိုး၊ ဘယ်လောက်ပဲငယ်ငယ်၊ ကိုးပါးသီလကိုထိန်းလို့ ဘုရားရှိခိုးချိန်ရှိခိုး၊ ဆွမ်းခံထွက်ချိန် ဆွမ်းခံထွက်လို့ ကျောင်းတိုက်ကြီးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ ဖိုးသူတော်များအားလုံးကို လေးစားကြည်ညိုမိပါတယ်။ ဘုရားသာသနာတော်မှာ ဖိုးသူတော်တွေနဲ့ ရဟန်းသံဃာတော်တွေ လက်တွဲညီကြမယ်ဆိုရင် ဒီသာသနာတော်ကြီးဟာ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့နေဦးမယ်ဆိုတာ အလေးအနက်ယုံကြည်ကြောင်း ဖော်ပြရင်း သာသနာတော်အတွက်ပေးဆပ်နေကြတဲ့ ဖိုးသူတော်လေးများကိုရှိခိုးကန်တော့ပါတယ်ဘုရား။
‌ထွန်းလင်းကျော်
လစာမရကြသောဝန်ထမ်းများ*********************ပရိယတ္တိစာသင်တိုက်တစ်ခုမှာ ရက်ပေါင်း (၂၀)လောက်ရဟန်းဝတ်ခဲ့ပြီးပြီဆိုတော့ ဗုဒ္ဓသာသ...
24/04/2018
လစာမရကြသောဝန်ထမ်းများ
*********************
ပရိယတ္တိစာသင်တိုက်တစ်ခုမှာ ရက်ပေါင်း (၂၀)လောက်ရဟန်းဝတ်ခဲ့ပြီးပြီဆိုတော့ ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့နိုင်ပါစေခြင်းအကျိုးငှာ ပရိယတ္တိဝန်ကိုဆောင်နေကြတဲ့ စာချစာသင်သံဃာတော်များအပေါ် အရင်ကထက်ပိုပြီး ကြည်ညိုလာခဲ့ပါတယ်။
စာသင်တိုက်တစ်ခုမှာ ရဟန်းဝတ်ခဲ့တော့ အရမ်းလိမ္မာ၊ အရမ်းစာကြိုးစား၊ အရမ်းကြည်ညိုစရာ စာသင်သားသံဃာတွေကိုတွေ့ခဲ့ရလို့ အရင်ကထက်ပိုပြီးကြည်ညိုလာတယ်လို့ထင်လိုက်ရင်တော့ မှားပါလိမ့်မယ်။
စာသင်သားရဟန်းငယ်တွေ၊ ကိုရင်တွေဟာလည်း ပုထုဇဉ်တွေဖြစ်ကြလို့ ကိလေသာ(၁၀)ပါးနှိပ်စက်ခြင်းခံရသူတွေဖြစ်ကြတာကြောင့် အားလုံးတော်၊ အားလုံးကောင်း၊ အားလုံးကြည်ညိုစရာတော့မဟုတ်ပါဘူး။ တချို့ကစရိုက်ကြမ်းတယ်။ တချို့က နှုတ်ကြမ်းတယ်။ တချို့ကပျင်းတယ်။ အချောင်ခိုတယ်။ အလွှာအမျိုးမျိုးကလာကြတဲ့မ တစ်ရာသားတွေဆိုတော့ ပုံစံအမျိုးမျိုးရှိကြပါတယ်။
ဒါတွေကိုသိနေတာတောင် ဘာကိုကြည်ညိုတာလဲဆိုရင် သံဃာ့ဂုဏ်ကိုကြည်ညိုတာပါ။ သူတို့တွေလုပ်နေကြတဲ့ အလုပ်တွေကို ကြည်ညိုတာပါ။
သံဃာတော်တွေကို သာသနာ့ဝန်ထမ်းရှင်ရဟန်းများလို့ ရေးလေ့ရှိကြပါတယ်။ ဘယ်လိုဝန်ထမ်းတွေလဲဆိုရင် လစာမရတဲ့ဝန်ထမ်းတွေပါ။ စာသင်တိုက်တွေမှာ အနေဆင်းရဲ၊ အစားဆင်းရဲခံပြီး ဗုဒ္ဓသာသနာတော်အသက် တာရှည်ဆက်စေဖို့ အားထုတ်ကြိုးပမ်းနေကြတာ ဘယ်သံဃာမှ လစာမရကြပါဘူး။ လစာမရသော်လည်း ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့နေအောင် ထိန်းသိမ်းလာလိုက်ကြတာ အခုလာမယ့်ကဆုန်လပြည့်နေ့ဆိုရင် နှစ်ပေါင်း (၂၅၆၂)ပြည့်ပါတော့မယ်။ မိမိတစ်ပါးတည်းနိဗ္ဗာန်ရောက်ဖို့ကြိုးစားနေတာမဟုတ်ဘဲ ဘုရားရဲ့အဆုံးအမတွေဆက်လက်တည်ရှိခြင်းအားဖြင့် လောကသားတွေချမ်းသာပါစေခြင်းအကျိုးငှာ ပရိယတ္တိစာပေတွေကို လက်ဆင့်ကမ်းနေကြတာဖြစ်တဲ့အတွက် ''ပရဟိတ''လုပ်နေသူတွေဆိုရင်လည်း မမှားပါဘူး။
ဧရာမကျောင်းတိုက်ကြီးတွေမှာ သီတင်းသုံးပြီး ကားအကောင်းစားတွေစီးနေတဲ့ သံဃာဆိုတာကလည်း နာမည်ကြီးဆရာတော်တွေလောက်သာဖြစ်ပြီး သံဃာထုရဲ့ တစ်ရာခိုင်နှုန်းတောင်မရှိကြပါဘူး။ ဒါကြောင့်သံဃာအများစုကို ဒီဆရာတော်တွေနဲ့ယှဉ်ပြီး ကြည့်လို့မရပါဘူး။
သံဃာအများစုက မပြည့်စုံကြဘူးလို့ ဆိုနိုင်ပါတယ်။ အဲဒီမပြည့်စုံတဲ့အထဲမှာ စာသင်တိုက်ကသံဃာတော်တွေက ပိုပြီးဆင်းရဲကြပါတယ်။ ဒါပေမယ့်လည်း ဗုဒ္ဓသာသနာတော်အသက် တာရှည်တည်တံ့ပါစေခြင်းအကျိုးငှာ စာချစာသင်အလုပ်ခွင်ဖြင့် သာသနာပြုနေကြတာကို ကြည်ညိုမဆုံးဖြစ်ရပါတယ်။
စာသင်တိုက်တွေကိုသွားကြည့်လိုက်ရင် အသက် (၁၂) နှစ်အရွယ်ကနေ (၂၀) ကျော် (၂၅)နှစ်အတွင်းရှိတဲ့သံဃာက အများစုပါ။ ဆယ်ကျော်သက်အရွယ်တွေပါ။ တစ်နည်းအားဖြင့် လှချင်ပချင်တဲ့အရွယ်။ ကျားဟော်မုန်း (Androgen)ထွက်လာလို့ ရာဂထကြွသောင်းကျန်းတဲ့ အရွယ်တွေပါ။ သို့သော်လည်း လူတွေအမြတ်တနိုးတန်ဖိုးထားပြီး အလှဆင်ကြတဲ့ဆံပင်ကို သူတို့ပယ်ကြတယ်။ အကြောင်အကြားအရောင်အမျိုးမျိုးရှိတဲ့အဝတ်တွေကို ဝတ်ဆင်ချင်ပေမယ့်လည်း အဖန်ရည်အရောင်တစ်မျိုးတည်းသာရှိတဲ့ သင်္ကန်းကိုသာ ဝတ်ရုံကြတယ်။ ထကြွသောင်းကျန်းနေတဲ့ ဆန္ဒရာဂတွေကိုလည်း ဝိနည်းတော်၊ သီလတော်တွေနဲ့ထိန်းကြတယ်။ ဒါတွေကိုကြည်ညိုတာပါ။
ဒီအရွယ်တွေကိုကြည့်လိုက်ရင် ကိုယ့်တူအရွယ်၊ ကိုယ့်ညီအရွယ်တွေပါ။ လူ့စကားနဲ့ပြောရရင် လူငယ်လေးတွေပါ။ ဒီလူငယ်လေးတွေ သာသနာ့ဘောင်ကိုဝင်ပြီး မိမိတို့ရဲ့ လူငယ်ဘဝလွတ်လပ်ခွင့်တွေကိုအဆုံးရှုံးခံလို့ သာသနာတော်အတွက်ပေးဆပ်နေကြတာကိုမြင်ရတော့ အင်မတန်ကိုကြည်ညိုခြင်းဖြစ်ရပါတယ်။
ကိုရင်တစ်ပါးမှာ (၁၀)ပါးသီလ၊ လိင် (၁၀)ပါး၊ ဒဏ်(၁၀)ပါး၊ သေခိယ (၇၅)ပါး၊ ခန္ဓကဝတ် (၁၄)ပါး၊ သိက္ခာပုဒ်စုစုပေါင်း (၁၁၉)ပါးကို ထိန်းရပါတယ်။ ရဟန်းမှာ အကျဉ်းအားဖြင့် (၂၂၇)သွယ်သော သိက္ခာပုဒ်တွေကို ထိန်းရပါတယ်။ ဒီသိက္ခာပုဒ်တွေကိုထိန်းရတာ သံဃာငယ်လေးတွေအတွက်တော့ ပင်ပန်းစေပါတယ်။ သို့သော်လည်း ကြိုးစားထိန်းပြီး သာသနာတော်အတွက် ပေးဆပ်နေကြတာကိုမြင်ရတော့ ကြည်ညိုပါတယ်။
နေပူမရှောင်၊ မိုးရွာမရှောင် ဆွမ်းခံကျင့်ဝတ်ကိုဖြည့်ကျင့်ရင်း သာသနာပြုနေကြတာလည်း အထူးကြည်ညိုစရာပါ။ ဆံပင်ရှိတဲ့လူတွေ နေပူထဲထွက်ရင် ထီး၊ ဦးထုပ်ဆောင်းပြီးထွက်တာတောင်မှ မသွားမဖြစ်တဲ့ကိစ္စရှိမှ ထွက်ဖြစ်ကြပါတယ်။ ဆံပင်မရှိ၊ ဦးထုပ်မဆောင်း၊ ဖိနပ်မစီးဘဲ နေပူထဲဆွမ်းခံထွက်ရတဲ့ အခက်အခဲ၊ ကျောက်စရစ်ခဲ၊ အုတ်ခဲစောင်းကိုနင်းမိလို့ ခြေထောက်နာတဲ့ဒုက္ခ၊ ကတ္တရာလမ်းပေါ်မှာ နေပူတဲ့အချိန်လမ်းလျှောက်ရလို့ အပေါ်ပူ၊ အောက်ပူဒုက္ခတွေဟာလည်း ကိုယ်တိုင်လုပ်ကြည့်မှ ပြည့်ပြည့်စုံစုံကိုယ်ချင်းစာတတ်တာပါ။ (အခုတော့ ကိုယ်ချင်းစာတတ်ခဲ့ပါပြီ။) ဒီအခက်အခဲတွေရှိသော်လည်း တစ်ရက်မပျက်၊ ပိတ်ရက်မရှိ ဆွမ်းခံကျင့်ဝတ်ကိုဖြည့်ကျင့်ရင်း သာသနာ့တာဝန်တွေကို ပျော်ပျော်ပါးပါးထမ်းဆောင်နေတာ မြင်ရတော့ ကြည်ညိုမိပါတယ်။
ကျန်းမာရေးချို့တဲ့လာခဲ့ရင်လည်း ကိုယ့်သံဃာအချင်းချင်းကလွဲလို့ ပြုစုမယ့်သူမရှိပါ။ ကိုယ်တွေကျန်းမာရေးချို့တဲ့ရင် အရင်ဆုံးသတိရတာက မိဘပါ။ မိဘရဲ့အပြုအစုကို ခံယူချင်ကြတာချည်းပါပဲ။ ဒါပေမယ့် စာသင်သားသံဃာတွေကတော့ ကိုယ့်သီတင်းသုံးဖော်အချင်းချင်းရဲ့ ပြုစုမှုကိုပဲ ခံယူကြရပါတယ်။ ကိုယ့်ရဲ့သီတင်းသုံးဖော်ဆိုတာကလည်း ကိုယ့်အနားမှာအချိန်ပြည့်နေနိုင်သူတွေမဟုတ်ကြပါဘူး။ သူတို့ရဲ့စာဝါအတန်းမရှိမှ ကိုယ့်ဆီကို ရောက်လာနိုင်သူတွေပါ။ နေမကောင်းဖြစ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ညနေဘက်အစာအာဟာရလည်း မရနိုင်ပါဘူး။ ရရင်လည်း သီလအပျက်ခံပြီး မစားကြပါဘူး။
ကျွန်တော်ရဟန်းဝတ်ခဲ့တဲ့ကျောင်းတိုက်ကသံဃာတွေ ရာသီဥတုအရမ်းပူလို့ ဖျားနာကြတော့ ညဆေးသောက်ကာနီး မုန့်စားဖို့လျှောက်ကြည့်တော့ အားလုံးကငြင်းပယ်ကြပါတယ်။ ဖျားနာနေချိန်မှာတောင် သီလအပျက်မခံဘဲ တောင့်ခံနိုင်တာကိုက ကြည်ညိုစရာပါ။ အဖျားအနာဖြစ်တိုင်းလည်း ဆေးခန်းမပြနိုင်တော့ ကျောင်းတိုက်မှာရှိတဲ့ ဆေးဝါးတွေနဲ့ပဲ ဖြစ်သလိုကုသခဲ့ရပါတယ်။ ဝမ်းလျှောလို့ သောက်စရာဓာတ်ဆားထုပ်တောင်မရှိခဲ့ပါ။
ဒီလိုဆင်းရဲဒုက္ခခံပြီး သာသနာပြုနေကြရလို့ စိတ်ညစ်နေကြတယ်လို့များ မထင်လိုက်ပါနဲ့။ ဒီအခက်အခဲတွေက စာသင်သားဘဝမှာဖြစ်နေကျအခက်အခဲဖြစ်လို့ ဘယ်စာသင်သားသံဃာကမှလည်း အရေးတယူလုပ်ပြီး မညီးညူပါဘူး။ အားလုံးပျော်ရွှင်စွာနဲ့ ရင်ဆိုင်ကြပါတယ်။ မနက် (၄)နာရီထ၊ ဆွမ်းခံချိန်ဆွမ်းခံ၊ စာဝါတက်ချိန်စာဝါတက်၊ ကျောင်းတိုက်ဝေယျာဝစ္စလုပ်ချိန်မှာ ဝိုင်းလုပ်၊ ဘုရားရှိခိုးချိန်မှာ ဘုရားရှိခိုးလို့ တစ်ရက်တာသာသနာ့တာဝန်တွေကို ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်နေကြတာကို မြင်တွေ့ခွင့်ရခဲ့လို့ အလွန်ကိုကြည်ညိုလေးစားခဲ့ရပါတယ်။ ဒါကဘာစာမှမတတ်သေးတဲ့ သံဃာတစ်ပါးရဲ့ဂုဏ်ကို ထုတ်ပြတာပါ။ ပရိယတ္တိစာပေတွေကို တတ်မြောက်လို့ မိမိတို့ရဲ့သန္တာန်မှာ ဓမ္မခန္ဓာတွေကိန်းအောင်းလာချိန်ဆိုရင်တော့ အတိုင်းထက်အလွန်ကို ကြည်ညိုစရာပါ။
ဒါတောင်စာရှည်နေလို့ ဝိနည်းဆောင်ရတဲ့အခက်အခဲ၊ ငွေမကိုင်ရလို့ ခရီးသွားချိန်၊ လိုင်းကားစီးချိန်ကြုံတွေ့ရတဲ့အခက်အခဲတွေကို မရေးတော့ပါဘူး။ ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံပါစေခြင်းအကျိုးငှာ စာချစာသင် ပရိယတ္တိဝန်ဆောင်နေကြတဲ့ သံဃာများအားလုံးကို ဤစာဖြင့် ရှိခိုးကန်တော့ပါသည်ဘုရား။
ထွန်းလင်းကျော်
သြဝါဒခံယူ""""""""""""""8-Jan-2018 တနင်္လာနေ့  ရတနာပန်းကုံးကျောင်းတိုက် တွင် သက်တော်ရှည်ဘူးလဲဆရာတော်နှင့် ရွှေဘို ဆရာတော်...
10/01/2018
သြဝါဒခံယူ
""""""""""""""
8-Jan-2018 တနင်္လာနေ့ ရတနာပန်းကုံးကျောင်းတိုက်
တွင် သက်တော်ရှည်ဘူးလဲဆရာတော်နှင့် ရွှေဘို
ဆရာတော်တို့ထံမှ ရတနာပန်းကုံးဆရာတော်နှင့် စာချ
စာသင်သံဃာတော်အပေါင်းတို့က သြဝါဒခံယူတော်မူကြ
ပါသည်။
Photo credit - Myo Myo
Address
Shwe Pyi Thar
Yangon
Telephone
09788677336
Website
Alerts
Be the first to know and let us send you an email when ရတနာပန်းကုံးကျောင်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share