ဘုရားသမိုင်း History of Buddha

ဘုရားသမိုင်း History of Buddha We will discus History of Buddha and Pagoda

14/01/2022

ရှင်သာရိပုတ္တရာ ရဲရဲတောက် လျှောက်ထားခန်း

13/01/2022

အဇာတသတ် မြတ်စွာဘုရားထံဝင်ခန်း

ဒီအချိန်မှာ ဘုရားများများ ရှိခိုးကြစမ်းပါဘယ်အချိန်ဖြစ်ဖြစ် ဘုရားများများရှိခိုးကြစမ်းပါအညာလိုပြောရရင် ဘုရား နာနာရှိခိုးက...
19/07/2021

ဒီအချိန်မှာ ဘုရားများများ ရှိခိုးကြစမ်းပါ
ဘယ်အချိန်ဖြစ်ဖြစ် ဘုရားများများရှိခိုးကြစမ်းပါ
အညာလိုပြောရရင် ဘုရား နာနာရှိခိုးကြပါ ပေါ့
များများဆိုတာ ဘယ်လောက်များများလဲ
တစ်နေကုန်သာ ရှိခိုးနေစမ်းပါ
တစ်နေကုန်ကြီး ဘယ်လိုရှိခိုးရမှာလဲ
ခများတို့ အာဋာနာဋိယသုတ်မှာ ရွတ်နေသလိုပေါ့
“ဝစသာ မနသာစေဝ,
ဝန္ဒာမေတေ တထာဂတေ၊
သယနေ အာသနေ ဌာနေ,
ဂမနေ စာပိ သဗ္ဗဒါ”
အဟံ၊ အကျွန်ုပ်သည်။ ဧတေ တထာဂတေ၊ ထိုရှင်တော်မြတ်ဘုရားတို့ကို။ သယနေ စ၊ အိပ်ရာအခါ၌လည်းကောင်း။ အာသနေ စ၊ ထိုင်ရာအခါ၌လည်းကောင်း။ ဌာနေ စ။ ရပ်ရာအခါ၌လည်းကောင်း။ ဂမနေ စာပိ၊ သွားရာအခါ၌လည်းကောင်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဝစသာ စေဝ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ စ၊ စိတ်ဖြင့်လည်းကောင်း။ ဝန္ဒာမိ၊ ရှိခိုးပါ၏ - တဲ့
အိပ်အိပ်၊ ထိုင်ထိုင်၊ ရပ်ရပ်၊ သွားသွား - ဘယ်လို ဣရိယာပုထ်နဲ့ပဲရှိရှိ အချိန်တိုင်းမှာ နှုတ်နဲ့ဖြစ်စေ စိတ်နဲ့ဖြစ်စေ ဣတိပိသော ဘဂဝါ ရွတ်ပြီး ဘုရားရှိခိုးနေလိုက်စမ်းပါ
ကိုယ်က ဘာလုပ်နေနေ ဖုန်းပွတ်နေနေ ထမင်းစားနေနေ ရေအိမ်သုံးနေနေ အလုပ်လုပ်နေနေ အခါမရွေး ဘုရားကို အမှတ်ရ ဣတိပိသော ရွတ်နေစမ်းပါ
ဂေါတမဘုရားတစ်ဆူတည်းရှိခိုးတာ အားမရဘဲ မဟာပဒါနသုတ်မှာလာတဲ့ ဝိပဿီအစရှိတဲ့ ဘုရား(၇)ဆူကို ရှိခိုးပစ်လိုက်စမ်းပါ
“နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ”ပေါ့
သတ္တန္နံ၊ ခုနစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ ဘုရားရှင်တို့အား။ နမော-နမာမိ၊ ရှိခိုးပါ၏
ဘယ်လောက်ကောင်းလိုက်သလဲ
သမ္ဗုဒ္ဓေဂါထာနဲ့ ဘုရားငါးသိန်းကျော် ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေကို ရှိခိုးပစ်လိုက်စမ်းပါ
ဓဇဂ္ဂသုတ်မှာလေ ဣတိပိသော ဘဂဝါ အရဟံ အစချီတဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြု ရွတ်ဖတ်ခြင်းရဲ့ အကျိုးကို ပြထားတာ ရတယ်မို့လား
“ဘယံ ဝါ ဆမ္ဘိတတ္တံ ဝါ,
လောမဟံသော န ဟေဿတိ”တဲ့
ဘယံ ဝါ၊ ကြောက်လန့်ခြင်းလည်းကောင်း။ ဆမ္ဘိတတ္တံ ဝါ၊ ကိုယ်တုန်လှုပ်ခြင်းလည်းကောင်း။ လောမဟံသော ဝါ၊ ကြက်သီးထခြင်းလည်းကောင်း။ န ဟေဿတိ၊ ဖြစ်လိမ့်မည် မဟုတ်
ကြောက်နေသလား
ဘုရားရှိခိုးလိုက်ပါ
တုန်လှုပ်ခြောက်ခြားနေသလား
ဘုရားရှိခိုးလိုက်ပါ
ကြက်သီးတဖြန်းဖြန်းထနေသလား
ဘုရားရှိခိုးလိုက်ပါ
အနုဿရေထ သမ္ဗုဒ္ဓံ ဘယံ တုမှာက နော သိယာ - မြတ်စွာဘုရားကို အဖန်တလဲလဲ အောက်မေ့လေ့ရှိသော သင်တို့အား ဘေးဘယာ အန္တရာယ် ကြောက်ရွံခြင်းသည် ဖြစ်နိုင်ဖွယ်အကြောင်းမရှိပါ
ဣတိပိသော ရွတ်ရင် ဘာလို့ ကြောက်စရာမရှိတာလဲ
မြတ်စွာဘုရားဟာ
ဝီတရာဂ - ကပ်ငြိခြင်းရာဂ ကင်းတော်မူလို့ပါ
ဝီတဒေါသ - ပြစ်မှားခြင်းဒေါသ ကင်းတော်မူလို့ပါ
ဝီတမောဟ - တွေဝေခြင်းမောဟ ကင်းတော်မူလို့ပါ
ဒါ့အပြင်
အဘီရု - မကြောက်ရွံ့တတ်ပါ
အဆမ္ဘီ - တုန်လှုပ်ခြင်းမရှိပါ
အနုတြာသီ - ထိတ်လန့်လေ့မရှိပါ
အပလာယီ - ပြေးလွှားလေ့မရှိလို့ပါ
ဘုရားရှိခိုးတယ် ဣတိပိသောရွတ်တယ် သမ္ဗုဒ္ဓေရွတ်တယ် ဗုဒ္ဓသရဏံဂစ္ဆာမိရွတ်တယ်ဆိုတာ
၃၈ပါး သို့မဟုတ် ၄၀သော ကမ္မဋ္ဌာန်းတွေထဲမှာ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဗျ
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဟာ အင်မတန်ထူးဆန်းတယ်
သမထကမ္မဋ္ဌာန်းဖြစ်ပြီး ဈာန်မရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ရစေတယ်
ဘာဝနာအလုပ်မှန်သမျှထဲမှာ နံပါတ်(၁) ထိပ်ဆုံး ထိပ်တန်း အမြတ်ဆုံး ကမ္မဋ္ဌာန်းပဲ
ပဒုမုတ္တရမြတ်စွာဘုရားက သုဘူတိမထေရ်လောင်းကို မိန့်တော်မူတဲ့ ဂါထာလေး နှစ်ပုဒ်ရှိတယ်
ဘာဝေဟိ ဗုဒ္ဓါနုဿတိံ, ဘာဝနာနမနုတ္တရံ၊
ဣမံ သတိံ ဘာဝယိတွာ, ပူရယိဿသိ မာနသံ။
ဘာဝနာနံ၊ ဘာဝနာတကာတို့တွင်။ အနုတ္တရံ၊ အတုမရှိအမြတ်ဆုံးဖြစ်တော်မူသော။ ဗုဒ္ဓါနုဿတိံ၊ မြတ်စွာဘုရား၌ အဖန်တလဲလဲအောက်မေ့တတ်သော ဗုဒ္ဓါနုဿတိဘာဝနာကို။ ဘာဝေဟိ၊ ပွါးလေလော့။ ဣမံ သတိံ၊ ဤသို့ ဘုရား၌အောက်မေ့သတိရမှု ဗုဒ္ဓါနုဿတိကို။ ဘာဝယိတွာ၊ ပွါးစေပြီး၍ (ဝါ) ပွါးပြီးသည့်နောက်။ မာနသံ၊ စိတ်နှလုံး၏အလိုကို။ ပူရယိဿတိ၊​ပြည့်စုံစေလတ္တံ့။ (ဝါ) မာနသံ ပူရယိဿတိ၊ ကြံစည်တိုင်း ထမြောက်အောင်မြင်ပေလတ္တံ့။
ဘဝါဘဝေ သံသရန္တော, မဟာဘောဂံ လဘိဿသိ၊
ဘောဂေ တေ ဦနတာ နတ္ထိ, ဗုဒ္ဓါနုဿတိယာ ဖလံ။
ဘဝါဘဝေ၊ ဘဝကြီးငယ်၌။ သံသရန္တော၊ ကျင်လည်ရသည်ရှိသော်။ မဟာဘောဂံ၊ ကြီးမြတ်သောစည်းစိမ်ကို။ လဘိဿတိ၊ ရလတ္တံ့။ တေ၊ သင့်အား။ ဘောဂေ၊ စည်းစိမ်ဥစ္စာအရာ၌။ ဦနတာ၊ ယုတ်လျော့ခြင်းသည်။ နတ္ထိ၊ မရှိပေ။ ဣဒံ ဖလံ၊ ဤအကျိုးသည်ကား။ ဗုဒ္ဓါနုဿတိယာ၊ ဗုဒ္ဓါနုဿတိဘာဝနာ သမထကမ္မဋ္ဌာန်း၏။ ဖလံ၊ အကျိုးပေတည်း။
ဘုရားရှိခိုး ဣတိပိသော ရွတ်ရင် ကြောက်ရွံ့ခြင်း ကင်းရုံသာ မကဘူး အဲ့ဒီ ဗုဒ္ဓါနုဿတိဘာဝနာက အကျိုးပေးလိုက်တာ နိဗ္ဗာန်အထိပဲ နိဗ္ဗာန်နေပါဦး လောကီအကျိုးပဲ လိုချင်ပါတယ်ဆိုရင်တောင်
ဒီဘဝတင် အလိုရှိတိုင်း ကြံစည်တိုင်း တောင့်တတိုင်း ပြည့်စုံတယ်
သံသရာမှာလည်း မယုတ်လျော့တဲ့ စည်းစိမ်ကို ရရှိပါတယ်တဲ့
ဒါကြောင့် ဒီအချိန်မှာ ဘုရားများများ ရှိခိုးကြစမ်းပါ
ဘယ်အချိန်ဖြစ်ဖြစ် ဘုရားများများ ရှိခိုးကြစမ်းပါ
ဒေါက်တာအရှင်ခေမိဿရ
#အဘယာရာမ - #ရွှေကျွန်းမြေ

video တွေပြန်တင်ပေးသွားပါတော့မယ် ခင်ဗျာ။သတ္တဝါတွေအားလုံး ကျန်းမာချမ်းသာကြပါစေ?   #ဘုရားသမိုင်း
28/06/2021

video တွေပြန်တင်ပေးသွားပါတော့မယ် ခင်ဗျာ။
သတ္တဝါတွေအားလုံး ကျန်းမာချမ်းသာကြပါစေ?
#ဘုရားသမိုင်း

28/06/2021

ဒေဝဒတ် သံဃာသင်းခွဲခန်း

#ဘုရားသမိုင်း

20/01/2021

မဟာဗုဒ္ဓဝင် အပိုင်း ၂၃
သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေ။
#မဟာဗုဒ္ဓဝင်
#ဘုရားသမိုင်း

07/01/2021

မသာသာလပုဏ္ဏားကြီးအား ဂါထာသင်ကြားပေးခန်း
မဟာဗုဒ္ဓဝင် အပိုင်း ၂၂
သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာတော်မူကြပါစေ။
#မဟာဗုဒ္ဓဝင်
#ဘုရားသမိုင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဘုရားသမိုင္း History of Buddha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share