St. Joseph Catholic Church - KMD

St. Joseph Catholic Church - KMD Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from St. Joseph Catholic Church - KMD, Catholic Church, No. 132, Hanthawaddy Road, Kyimyintdaine Tsp, Yangon.

ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr.Augustine Moe Win Aung
အစီအမံဖြင့်ဓမ္မဆရာမကြီးဒေါ်တား နှင့်သာသနာဂေါပကပအဖွဲ့အစည်းများပူးပေါင်းယုံကြည်မှုဖြင့်သာသနာအားသာသနာဝန်ထမ်းများနှင့်ယုံကြည်သူများတိုင်းအတွက်
အလင်းတန်းအဖြစ်ဆောင်ရွတ်မည်

💖ယုံကြည်ခြင်းရဲ့သူရဲကောင်းတစ်ယောက်..💖ဆုတောင်းခြင်း၌အမြဲပြည့်ဝပျော်ရွှင်နေတဲ့သူ..💖အစေခံဆက်ကပ်ခြင်း၌ အမြဲတက်ကြွရွှင်လန်းနေ...
24/08/2026

💖ယုံကြည်ခြင်းရဲ့သူရဲကောင်းတစ်ယောက်..
💖ဆုတောင်းခြင်း၌အမြဲပြည့်ဝပျော်ရွှင်နေတဲ့သူ..
💖အစေခံဆက်ကပ်ခြင်း၌ အမြဲတက်ကြွရွှင်လန်းနေတဲ့ ရွှေရောင်နှလုံးသားပိုင်ရှင်…
💖နှိမ့်ချခြင်း၌စံပြနမူနာကောင်းတစ်ယောက်အဖြစ် အမြဲလေးစားတုယူနေရတဲ့ Ma Annaရေ….
🎂💐🎂The Blessed Happy Birthday to you always!🎂💐🎂

စစ်မှန်သော Catholic ဂေါပက နှင့် ဖွံ့ဖြိုးရေးအဖွဲ့ မူဝါဒ“ရာထူးယူဖို့မဟုတ်၊ အစေခံဖို့ ကိုယ်ကျိုးရှာဖို့မဟုတ်၊ ဘုရားဘုန်းတေ...
09/08/2026

စစ်မှန်သော Catholic ဂေါပက နှင့် ဖွံ့ဖြိုးရေးအဖွဲ့ မူဝါဒ

“ရာထူးယူဖို့မဟုတ်၊ အစေခံဖို့ ကိုယ်ကျိုးရှာဖို့မဟုတ်၊ ဘုရားဘုန်းတော် ထင်ရှားဖို့”

စစ်မှန်သော Catholic ဘုရားကျောင်း ဂေါပကနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဆိုသည်မှာ အာဏာပြရာထူးယူသည့် အဖွဲ့မဟုတ်ပါ။ ကျောင်းထိုင်ဘုန်းတော်ကြီး၏ လမ်းညွှန်မှုအောက်တွင် ဘုရားကျောင်းတော်၏ ဝိညာဉ်ရေးရာနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် သစ္စာရှိစွာ ပေးဆပ်စောင့်ရှောက်သော အစေခံအဖွဲ့ ဖြစ်သည်။

ဂေါပကအဖွဲ့ဝင်တိုင်း စောင့်ထိန်းရမည့် စေတနာစံ (၄) ချက်

၁။ နာခံခြင်းနှင့် စည်းလုံးခြင်း
အသင်းတော်၏ စည်းမျဉ်းဥပဒေ (Canon Law) ကို လေးစားပြီး သာသနာပိုင်ဆရာတော်ကြီး၊ ကျောင်းထိုင်ဘုန်းတော်ကြီးတို့နှင့် တသားတည်း စည်းလုံးစွာ ဆောင်ရွက်ရမည်။ မိမိသဘောအတိုင်း သီးခြားမလုပ်ရ။

၂။ အဂတိကင်းပြီး ပွင့်လင်းမြင်သာခြင်း
သာသနာ့မိသားစုဝင်များ၏ အလှူငွေနှင့် ဘုရားကျောင်း ပစ္စည်းဥစ္စာများကို ပြားစေ့မကျန် ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲရမည်။ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် ရှိရမည်။

၃။ ကိုယ်ကျိုးမဖက် အစေခံခြင်း
ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်၊ နာမည်ကျော်ကြားမှုနှင့် ဂုဏ်ပုဒ်ကို လုံးဝမရှာရ။ ခရစ်တော်၏ ခြေဆေးပေးသော စေတနာဖြင့် သာသနာ့မိသားစုကို ဦးထိပ်ထား အမှုထမ်းရမည်။

၄။ ရူပါရုံရှိပြီး လုပ်ဆောင်ချက်မှန်ခြင်း
အဆောက်အအုံ ဖွံ့ဖြိုးရေးသာမက၊ ဝိညာဉ်ရေးရာ၊ လူငယ်ပိုင်းနှင့် ကရုဏာရေးလုပ်ငန်းများ အနာဂတ်အတွက် တကယ်တိုးတက်အောင် စီမံကိန်းတကျ ရဲဝံ့စွာ ပုံဖော်
ဆောင်ရွက်ရမည်။

‼️ကျွန်ုပ်တို့၏ ပြတ်သားသော သန္နိဋ္ဌာန်

“အစစအရာရာတွင် ငါတို့ပြုလေသမျှသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေခြင်းငှာ ဖြစ်စေ။”
(၁ ကော ၁၀:၃၁)

မယ်တော်မာရီးယား၏ နာခံခြင်း၊ စိန့်ဂျိုးဇက်၏ သစ္စာရှိခြင်းတို့ဖြင့် ဘုရားကျောင်းတော်နှင့် သာသနာ့မိသားစု အကျိုးအတွက် အတ္တကင်းစွာ ဆက်ကပ်အပ်နှံထားသော အဖွဲ့ဖြစ်သည်။

🖤🖤ကွယ်လွန်ခြင်း(၁)နှစ်ပြည့်ပြီဖြစ်သော  ီညီဇော်၏ဝိညာဉ်အတွက် ရည်စူး၍ ကွယ်လွန်သူ၏မိသားစုမှ ကြာဇံချက်နှင့်ကော်ဖီကို မနက်စာအတ...
07/08/2026

🖤🖤ကွယ်လွန်ခြင်း(၁)နှစ်ပြည့်ပြီဖြစ်သော ီညီဇော်၏ဝိညာဉ်အတွက် ရည်စူး၍ ကွယ်လွန်သူ၏မိသားစုမှ ကြာဇံချက်နှင့်ကော်ဖီကို မနက်စာအတွက် အဟာရဒါနလှူဒါန်းခဲ့ပါသည်။🖤🖤

ကွယ်လွန်သူ ီညီဇော်၏ ဝိညာဉ်သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာ ရှိပါစေသော်။အာမင်။🙏🖤🙏

🤎🎂🤎The blessed happy birthday to you, Timothy Myat Paing!🤎🎂🤎🤎🤎မိဘကိုလုပ်ကျွေးပြုစုနေသော၊ဖြူစင်အေးချမ်းသော၊အပြစ်တင်ခွင့်တ...
05/08/2026

🤎🎂🤎The blessed happy birthday to you, Timothy Myat Paing!🤎🎂🤎

🤎🤎မိဘကိုလုပ်ကျွေးပြုစုနေသော၊ဖြူစင်အေးချမ်းသော၊အပြစ်တင်ခွင့်တစ်စုံတစ်ရာမရှိသော လက်ရှိပုံရိပ်ကောင်းလေးများဖြင့် Shining Exampleအဖြစ် ဆက်လက် တည်ရှိ၊ရှင်သန်သွားပေးပါ။🤎🤎

🤎🙏🤎ရှေ့ဆက်အသက်တာမှာလည်း ဉာဏ်ပညာနှင့်ချစ်ခြင်းတရားအတိုင်း အစဉ်အတိုင်းကြီးထွား၍ ကိုယ်ချင်းစာတရားကြီးမားသော Catholic Gentleman တစ်ယောက်အဖြစ် သာသနာတော်နဲ့မိသားစုအတွက် အားကိုးအားထားပြုစရာအဖြစ် ဘုရားရှင် သာ၍အသုံးပြုပါစေသော်။🤎🙏🤎

🌹✝️🌹Rev.Fr.Eugeneမန်းစောလှ၏ ပျံလွန်တော်မူခြင်း(၅)နှစ်ပြည့် အောက်မေ့ဖွယ်မစ္ဆားတော်မြတ်ကို ဒီကနေ့ ၀၃.၀၈.၂၀၂၆မှာ ကျင်းပပူဇေ...
03/08/2026

🌹✝️🌹Rev.Fr.Eugeneမန်းစောလှ၏ ပျံလွန်တော်မူခြင်း(၅)နှစ်ပြည့် အောက်မေ့ဖွယ်မစ္ဆားတော်မြတ်ကို ဒီကနေ့ ၀၃.၀၈.၂၀၂၆မှာ ကျင်းပပူဇော်ခဲ့ပါတယ်။ 🌹✝️🌹

🌹🙏🌹ဖူးကျိုက်မန်းစောလှ၏ဝိညာဉ် ထာဝရငြိမ်သက်ခြင်းရရှိရန်အတွက် မစ္ဆားတရားတော်မြတ်၌ ပါဝင်ဆုတောင်းပေးတော်မူခဲ့ကြသော Rev.Fr.အပါးမူကပေါ၊ Rev.Fr.Marcianသက်ကျော်၊ Rev.Fr.ပေါလူးစောကလိုထူး၊ Rev.Fr.Georgeရွှေထွန်းနှင့် ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr.Augustineစောမိုးဝင်းအောင်တို့အား အထူးကျေးဇူးတင်ရှိသလို၊ အရပ်ရပ်ကနေ လာရောက်ပါဝင်ဆုတောင်းပေးခဲ့ကြတဲ့ ဘာသာတူအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 🌹🙏🌹

Rev.Fr.Eugeneမန်းစောလှ၏ ဝိညာဉ်အတွက် ဆက်လက်ပြီး သတိရ၊ဆုတောင်းပေးကြပါရန်အတွက်လည်း တောင်းခံအပ်ပါတယ်။ 🌹🌹🌹🌹🌹

Fr.Eugene Man Saw Hla ၏ (5)နှစ်ပြည့် အောက်မေ့သတိယခြင်း မစ္ဆားတရား🙏နံနက် : ၆:၃၀နေ့ရက်: ၀၃.၀၈.၂၆လေးစားစွာဖြင့် ဖိတ်ကြားအပ်...
02/08/2026

Fr.Eugene Man Saw Hla ၏ (5)နှစ်ပြည့် အောက်မေ့သတိယခြင်း မစ္ဆားတရား🙏

နံနက် : ၆:၃၀
နေ့ရက်: ၀၃.၀၈.၂၆

လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်🙏

02/08/2026

နောက်တန်းမှချက်ပြုတ်သူများအဖွဲ့

02/08/2026

မွေးနေ့လက်ဆောင်ပေးအပ်ခြင်းအမှတ်တစ်ရ

Fr.Augustine Saw Moe Win Aung ၏ 46 နှစ်ပြည့် 🎂မွေးနေ့ အမှတ်
တစ်ရ (02.07.26)

Address

No. 132, Hanthawaddy Road, Kyimyintdaine Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when St. Joseph Catholic Church - KMD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share